အခန်း(၃၂၀)

92 11 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၃)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၂၀) : တာအို အုပ်စိုးသူ အမွေအနှစ်

သူမသည် ဤကမ္ဘာတွင် မသေမျိုးချီ အမှန်တကယ် ရှိနေကြောင်း ရှာဖွေတွေ့ရှိလိုက်သော်လည်း တကယ့်အစစ်အမှန်၏ အဆင့်နိမ့်ပုံစံသာ ဖြစ်နေလေ၏။ သို့သော်လည်း ထိုပုံစံဖြင့်ပင် ဤကမ္ဘာ၏ ကျင့်ကြံသူများအား အလွန်ရှည်လျားသော သက်တမ်းကို ရရှိစေနိုင်သေးသည်။

ထိုတွေ့ရှိမှုအပြီးတွင် ဝူဟုန်က ဤကမ္ဘာအကြောင်း ပို၍စိတ်ဝင်စားလာခဲ့၏။ သူမက ထိုအဆင့်နိမ့် မသေမျိုးချီ၏ အရင်းအမြစ်ကို ရှာဖွေလိုလေသည်။ ဤလျှို့ဝှက်ချက်က သူမ ရောက်ရှိလာသည့် အကြောင်းအရင်းထက်ပင် ပို၍ ထိုက်တန်နေလောက်သည်။

သူမက တုံ့ဆိုင်းခြင်း မရှိဘဲ ဓားပျံဂိုဏ်း၏ ပိုင်နက်မှ ထွက်လာပြီး သီးသန့်နေရာတစ်ခုဆီ ပျံသန်းသွားလိုက်သည်။ ထို့နောက် မြေကမ္ဘာမသေမျိုးအဆင့်၏ အရှိန်အဝါကို လှုံ့ဆော်လိုက်၏။ မသေမျိုးကမ္ဘာကဲ့သို့ အဖြစ်အပျက်အပြီးတွင် ကပ်ဘေးမိုးကြိုးက ကောင်းကင်မှ ကျဆင်းလာလေသည်။ ထို့နောက် သူမက မသေမျိုးကမ္ဘာဆီ တက်လှမ်းသွားလေ၏။

ဝူဟုန် ရောက်ရှိပြီးနောက် ပထမဆုံး သတိပြုမိသည့်အရာမှာ သူမ၏ စွမ်းအားကို ကန့်သတ်ထားခြင်း မရှိတော့ဘဲ လှောင်အိမ်အတွင်း ရောက်ရှိနေသည့် ခံစားချက်မျိုး မခံစားရတော့ပေ။

ဝူဟုန်က အသက်ပြင်းပြင်း ရှူပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်ရှိ သူမအား မည်သည့်ဂိုဏ်းမှ ဖြစ်ကြောင်း မေးမြန်းလိုနေသည့် လူများအား လျစ်လျူရှုကာ သူတို့၏ မြင်ကွင်းမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

သူမက ကူးသန်းသွားလာပြီးသည့်နောက်တွင် အစီအရင်များဖြင့် ဝန်းရံထားသည့် ဂူ ရှေ့သို့ ပေါ်ထွက်လာလေသည်။ သူမက လက်တစ်ချက် ဝှေ့လိုက်သည့်အခါ အစီအရင်က ကျိုးပျက်သွားလေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now