အခန်း(၂၈၂)

158 21 5
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၁)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၈၂) : မြေကမ္ဘာအဆင့်

ဝမ်ဝေ့က သီးသန့်လေ့ကျင့်ရာမှ ထွက်လာသော်လည်း လင်းဖန်နှင့် တိုက်ခိုက်ဖို့အတွက် ပြန်လည်တံခါးပိတ် ကျင့်ကြံရေး ဝင်သွားခဲ့သည်။ သူက အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသော်လည်း ကိစ္စများကို အလေးအနက်ဆုံးဖြတ်ဖို့ လိုအပ်သေးသည်။ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်ရာတွင်ပင် အားမာန်အပြည့် ထုတ်သုံးသင့်သည် မဟုတ်ပါလော။

ဝမ်ဝေ့က တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံဆင့်ကို စတင်စစ်ဆေးလိုက်သည်။ ရှေးဟောင်းခန္ဓာကိုယ် သန့်စင်ကျမ်းက သူ့ခန္ဓာကိုယ်အား လေ့ကျင့်ပေးထားသောကြောင့် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ လူသားအဆင့်က သူ့အတွက် အဓိပ္ပာယ် သိပ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ထိုကျမ်းတွင် သူ့ကျင့်ကြံဆင့်ပေါ် အခွင့်ကောင်းယူ၍ သူ့ခန္ဓာကိုယ်ကို ဆက်လက်လေ့ကျင့်ရမည့် အကြောင်းကို ရှင်းပြထားသည်။

ထိုသဘောတရားများအရ လူသားခန္ဓာကိုယ်တွင် ကျန့်အင်္ဂါရပ်ငါးခုနှင့် ဖူအင်္ဂါရပ် ခြောက်ခုတို့ ပါဝင်ပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားလေသည်။ ကျန့်အင်္ဂါရပ်ငါးခုမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် သရက်ရွက်တို့ ဖြစ်ကြသည်။

ဖူအင်္ဂါရပ် ၆ခုမှာ အူသိမ်၊ အူမကြီး၊ ဆီးအိတ်၊ အစာအိမ်၊ သည်းခြေအိတ်နှင့် စန်းကျောင်းလည်း ပါဝင်သည်။

စန်းကျောင်း - အပေါ်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းများရှိ အင်္ဂါရပ်အားလုံး၏ လုပ်ဆောင်ချက်များနှင့် ဆက်စက်နေသော ယန်အင်္ဂါရပ်ကို ဆိုလိုသည်။

ထို့အပြင် ထိုအင်္ဂါရပ်များက ယင်နှင့်ယန်၊ ဓာတ်ငါးပါးညီမျှမှု သဘောတရားကို လိုက်နာကြ၏။ ကျန့်အင်္ဂါရပ်များက သဘာဝအားဖြင့် ယင်ဓာတ် ရှိပြီး ဖူအင်္ဂါရပ်များက သဘာဝအားဖြင့် ယန်ဓာတ် ရှိလေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now