အခန်း(260)

161 19 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၆၀) : အစစ်အမှန် အုပ်ချုပ်သူများ

တာအိုအခွင့်အလမ်းဂိုဏ်း၊ စမ်းသပ်ချက် တောင်ထိပ်...

တောင်ထိပ်ပေါ်တွင် ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ရွှေရောင်အလင်းကို ကိုင်ထားရင်း ရပ်နေသည်။ သူ့အပြုအမူကို စောင့်ကြည့်နေသည့် အကြည့်များစွာကို ခံစားမိသော်လည်း သူက ဂရုမစိုက်ပေ။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ထိုရွှေရောင်ကုသိုလ်ကို စုပ်ယူလိုက်၏။

ထိုအခါ သူ့ခန္ဓာကိုယ်မှ စွမ်းအားပြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါ ဖြစ်၏။ ပို၍အရေးကြီးသည်က သူ့အရှိန်အဝါက ဆက်တိုက် တိုးပွားလာသည်။ ကံကောင်းစွာဖြင့် တောင်ပေါ်ရှိ အစီအရင်များက သူ့အရှိန်အဝါကို ဂိုဏ်းရှိ တခြားတပည့်များအပေါ် သက်ရောက်မှု မရှိအောင် ကာကွယ်ပေးထားသည်။

သိပ်မကြာခင် ထိုသူတော်စင်အဆင့် ကျင့်ကြံသူရှိနေသည့် ပတ်လည်အတွင်း မိုးမြေစည်းမျဉ်းများက သူ့ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။ အတိအကျဆိုရလျှင် မီးဓာတ်စည်းမျဉ်း ဖြစ်၏။ ထိုနေရာလေးအတွင်း သူက မိုးမြေကြားရှိ မီးထိန်းချုပ်မှုနှင့် ပတ်သက်လာသည့်အခါ အကြွင်းမဲ့ ချုပ်ကိုင်သူ ဖြစ်လာသည်။ ဤသည်က သူ၏ ပိုင်နက် ဖြစ်၏။

သူ့ပိုင်နက် ထွက်ပေါ်လာပြီးသည့်နောက် ထူးထူးဆန်းဆန်း စတင်ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ ထိုအရာက ပုံသဏ္ဌာန်တစ်ခုအဖြစ် စတင် ပြောင်းလဲသွားပြီး တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာသည်။ ထိုအရာက အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဓမ္မခန္ဓာ ဖြစ်သည်။

ဓမ္မခန္ဓာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသောကြောင့် စည်းမျဉ်းများစွာက သူ့စိတ်ထဲ ဝင်ရောက်သွားကာ သူက ဉာဏ်အလင်းပွင့်အခြေအနေသို့ ကျရောက်သွားသည်။ အချိန်ကုန်လွန်သွားသည့်အခါ ဓမ္မခန္ဓာက မျက်နှာမှလွဲ၍ ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Dove le storie prendono vita. Scoprilo ora