အခန်း(၃၇၁)

66 7 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၇၁) : ပြန်လည်မွေးဖွားမှု

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဆရာ၏ ဂူထံ အခေါ်ခံလိုက်ရသည်။ သူ ဝင်သွားသည်နှင့် ထိုလူသည် ပုံမှန်ထက် လေးနက်နေကြောင်း တွေ့သွားကာ သူလည်း လေးနက်လာမိသည်။

" ဒါက မင်းအတွက်" ယဲ့လောင်က သူ့တပည့်ထံ ပုလင်းတစ်ခု ပေးရင်း ပြောလိုက်သည်။

ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အပေါ်တွင် ဇာမဏီပုံစံ ရေးဆွဲထားသည့် အနီရောင်တောက်တောက် ဆေးလုံးကို မြင်လိုက်ရသည်။ ထိုအထဲတွင် သူက အသက်ဓာတ် အမြောက်အများ ပါဝင်နေသည်ကို ခံစားမိလေ၏။

" ဇာမဏီနှလုံးသား ဆေးလုံး" ဝမ်ဝေ့က အပြုံးလေးဖြင့် ရေရွတ်လိုက်သည်။ ယခင်တွေ့ဆုံမှုအတွင်း သူက သူ့ဘေးကင်းမှုနှင့် ပတ်သက်ပြီး အရိပ်အမြွက် ပြောပြထားခဲ့သည်။ ထိုအကြောင်းအရာမှာ ဤဆေးလုံးကြောင့်သာ ဖြစ်၏။

" ဆရာ ဒီဆေးလုံးက အဖိုးတန်လွန်းမနေဘူးလား"

" မင်းဒါကို စိုးရိမ်နေစရာ မလိုဘူး။ မင်း လက်ရှိအဆင့်အတန်း၊ ပါရမီနဲ့ အနာဂတ်အရ ဂိုဏ်းက မင်းကို ပြုစုပျိုးထောင်ပေးဖို့ ဘာမဆိုလုပ်ပေးလိမ့်မယ်"

" ဂိုဏ်းရဲ့ ဆရာကို ကျေးဇူးတင်ပါတယ်။ ဒီတပည့်က အမြဲတမ်း ကျေးဇူးကို မှတ်ထားပါမယ်" ဝမ်ဝေ့က ဆေးလုံးကို သောက်ရင်း ပြန်ဖြေလိုက်သည်။ သူက ယဲ့လောင်၏ စကားများကို မယုံပေ။

သူက ယဲ့လောင်အတွက် ဆေးလုံးရရှိလာဖို့ လွယ်ကူမည် မဟုတ်ကြောင်း ခန့်မှန်းမိလေသည်။ အထူးသဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးဖြစ်၏။ သူ ဖူချိုက်ယွင်အကြောင်း သိထားပြီး စုံစမ်းထားသလောက် ထိုသူက အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

သူက ဆေးလုံးမျိုချပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အတွင်း သက်ရောက်မှု ဖြစ်မလာဘဲ သူ့နှလုံးသား၏ အခန်းတစ်ခန်းထဲ ဝင်ရောက်သွားပြီး လိုအပ်လာသည့်အခါ အသက်ဓာတ်အမြောက်အများ ထုတ်လွှတ်ဖို့အတွက် အဆင်သင့် ဖြစ်နေလေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now