အခန်း(၃၄၉)

68 12 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ

အခန်း (၃၄၉) : လွှမ်းမိုးထားသော ဖိနှိပ်မှု

လီကျွင်းက အချိန်မဖြုန်းဘဲ လက်ဟန်ပြလိုက်သည်။ သူက အားအပြည့်ဖြင့် လှံကို ပစ်လွှတ်လိုက်သည့်အခါ လေထဲတွင် အသံလှိုင်းများ ထွက်ပေါ်လာသည်။

လှံက အနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အာကာပြင်တွင် ခြစ်ရာများ ချန်ထားခဲ့ပြီး မရပ်တန့်နိုင်လောက်သည့် အလျင်ဖြင့် ထွက်သွားသည်။ အထွတ်အထိပ် နတ်ဘုရားများက ထိုအရာကို မြင်ကာ ကြောက်လန့်သွားကြသည်။

သူတို့က အပြင်လူများသည် ဤကဲ့သို့ ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု ထင်မထားပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။

အလင်းနတ်ဘုရားက ပထမဆုံး လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် စည်းမျဉ်းစွမ်းအားများ ထွက်ပေါ်လာလေသည်။ အလင်းစည်းမျဉ်းကို ထိန်းချုပ်သူ တစ်ယောက်အနေနှင့် သူ့အတွက် ရူပဗေဒ ကန့်သတ်ချက်များကို ချိုးဖောက်ဖို့အတွက် အလွန်လွယ်ကူလှသည်။

ထို့ကြောင့် သူ့အရှိန်က အလင်းနှုန်းထက်ပင် ပို၍ မြန်ဆန်နေသည်။ ဤနည်းဖြင့် သူက ရွှေရောင်အလင်းတန်းဖြင့် ပြောင်းလဲသွားကာ လှံတံနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ အလင်းစည်းမျဉ်းကို ထိန်းချုပ်သူတစ်ယောက်အနေနှင့် ကောင်းကင်က နှစ်ရောင်ကွဲထွက်သွားပြီး သွေးနီရောင်နှင့် ရွှေရောင်တို့ ဖြစ်ကြသည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အလင်းနတ်ဘုရားက မီတာအနည်းငယ် နောက်ဆုတ်လိုက်ရသော်လည်း လှံ၏ အရှိန်ကို ဟန့်တားနိုင်ခဲ့သည်။ ထို့နောက် ဘယ်နေရာကမှန်းမသိ လီကျွင်းက သူ့ရှေ့ ရုတ်ချည်းပေါ်ထွက်လာလေသည်။ ဤတစ်ကြိမ်တွင် သူက ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထား၏။

သူက ခုတ်ချလိုက်သည်။

အလင်းနတ်ဘုရားက တောင်တစ်လုံး သူ့အပေါ် ပိကျလာသလိုမျိုး ဖိအားကို လိုက်ရသည်။ ထိုတိုက်ကွက်က သူ့အား မထိခင် သူက ဖိအားကြောင့် မလှုပ်မယှက် ဖြစ်သွားလေသည်။ ထို့ကြောင့် သူက အရှိန်ကို အသုံးပြုကာ ထွက်ပြေးချင်သော်လည်း မလုပ်နိုင်တော့ပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now