အခန်း(၂၈၁)

137 17 2
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၁)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၈၁) : ဒုတိယအစီအစဉ်

ပြန်လည်မွမ်းမံသန့်စင်ရေး အခန်းအတွင်း ဝမ်ဝေ့က သူ့ရှေ့တွင် ဆယ်မီတာအရှည်ရှိသည့် ခဲဖြူရောင်ကြိုးမျှင်တစ်ချောင်း ထားကာ ထိုင်နေသည်။ သူက ဂရုတစိုက်ဖြင့် နောက်ဆုံးသင်္ကေတကို ရေးထွင်းလိုက်၏။

ထို့နောက် သူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

" နှစ်ငါးဆယ် အချိန်ယူခဲ့ရပေမဲ့ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ"

သူ့ထိန်းချုပ်မှုအောက်တွင် ကြိုးမျှင်က အခန်းတစ်ခန်းလုံး ပြည့်နှက်သွားသည်အထိ ကျယ်ပြန့်လာသည်။ ထို့နောက် မူလအရွယ်အစားသို့ ပြန်လည်ပြောင်းသွား၏။ ထို့နောက်တွင် ကြိုးတစ်မျှင်မှ ကြိုး ဆယ်ချီ၊ ရာချီ၊ ထောင်ချီအထိ တိုးပွားလာပြီး သန်းချီအထိ ရောက်ရှိသွားလေသည်။

ထို့နောက်တွင် ဝမ်ဝေ့က ကြိုးမျှင်များကို ထိန်းချုပ်ကာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလိုက်သည်။ သူက ပထမဦးဆုံး ဓား၊ လှံ၊ မျှော်နန်းဆောင်နှင့် ဆေးပြင်းမီးဖိုတို့ကိုပင် ပြောင်းလဲခဲ့သည်။

" ကြည့်ရတာ ကြိုးမျှင်ကို ရွေးချယ်လိုက်တဲ့ ရွေးချယ်ချက်က မှန်သွားပုံပဲ။ ဒါက တခြားအသုံးအဆောင်ပစ္စည်းတွေ မျိုးစုံအဖြစ် ပြောင်းလဲလို့ရတယ်။ ပြီးတော့ ပုံသဏ္ဌာန်တစ်ခုချင်းစီက စွမ်းရည်တစ်ခုချင်းစီ ပိုင်ဆိုင်နေသလို ခံစားရတယ်"

ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်း ဘာမှမမှားယွင်းကြောင်း သေချာအောင် ပြုလုပ်ပြီးနောက် သူ့ အသိစိတ်ပင်လယ်အတွင်း ထည့်သိမ်းလိုက်သည်။ ထိုပစ္စည်းက သူ့တာအိုနှင့် ဆက်နွယ်ထားသောကြောင့် ထိုနေရာတွင် ထား၍ ပြဿနာမရှိပေ။

ဝမ်ဝေ့က တစ်ခုခု သောက်လိုက်ပြီးနောက် သူ့အမွေခံသားတော် ဖြစ်လာပြီးသည့်နောက်တွင် ပေးအပ်ထားသည့် တောင်ဖြစ်သော ကံကြမ္မာလွှမ်းမိုးတောင်အား အနည်းငယ် လျှောက်ပတ်ကြည့်လိုက်သည်။ သူက သူ့အား နှုတ်ဆက်ရဲသည့် အစေခံအားလုံးကိုပင် ပြန်လည်ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက အားကောင်းသည့် သားရဲများ ပြုစုမွေးမြူထားသည့် နတ်ဆိုးခန်းမဆီ အရောက်သွားလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now