အခန်း(229)

143 21 2
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၂၉) : ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

ယခု သူ့အစီအစဉ်အားလုံး အကောင်အထည်ပေါ်လာပြီဖြစ်ရာ ဖုန်းဟွမ်က သူ့အနာဂတ် အစီအစဉ်များကို စတင်တွေးတောနေမိသည်။ တခြားကောင်းကင်ရွေးချယ်ခံများကဲ့သို့ သူလည်း အထွတ်အထိပ် ပလ္လင်တွင် ထိုင်ကာ မဟာဧကရာဇ် ဖြစ်လာမိချင်သည်။ ထို့ကြောင့် သူက စတင်စီစဉ်ထားလိုက်သည်။

အခု ငါက ဖုန်းဟွမ် ဖြစ်လာပြီဆိုတော့ နောက်ခြေလှမ်းက ငါ့အစီအစဉ်ကို စတင်ဖို့ပဲ ...

ဒါပေမဲ့ ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲထဲ ငါ့အနာဂတ် ပြိုင်ဘက်တွေကို ထည့်စဉ်းစားရဦးမယ်

ငါရဲ့ပါရမီ၊ အတွေ့အကြုံနဲ့ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ် ရပြီးရင် ခွန်အားတို့က ကောင်းကင်ရွေးချယ်ခံထဲက တချို့ပဲ ငါ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မယ် ... အနည်းဆုံးတော့ အခုပေါ့

ဒါပေမဲ့ ဟိုသုံးယောက်က ကွဲပြားတယ် ...

ဝမ်ဝေ့ကို ဖယ်ထားလိုက်ကြတာပေါ့ ... လျို့ဝှက် အထွတ်အထိပ်တာအိုငါးခုထဲက တစ်ခုကို ထိန်းချုပ်ချင်နေတဲ့ ဝရမ်းပြေးတစ်ယောက်အနေနဲ့ ကြာကြာနေရမှာ မဟုတ်ဘူး ...

ငါသာ ကြာကြာစောင့်နိုင်ရင် သူက ပြဿနာ ဖြစ်လာမှာ မဟုတ်တော့ဘူး

ပြီးတော့ ဝူဟုန် ... အဲဒီအမျိုးသမီးက ဧကရီဝူနဲ့ တူလွန်းတယ်။ သူမရဲ့ စိတ်အားထက်သန်တဲ့ သဘာဝကလွဲရင် ကျန်တာက ဧကရီဝူနဲ့ ကွက်တိပဲ ...

သူမရဲ့ လျို့ဝှက်ချက်ကလည်း ငါ့ထက်နည်းမှာ မဟုတ်ဘူး ... အဲဒါကြောင့် သူမက အရမ်းပြဿနာပေးနိုင်တဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်

နောက်ဆုံးက တိထျန်းပဲ ... သူ့ကို အရင်တုန်းက တွေ့ဖူးတယ်လို့ ခံစားမိနေပေမဲ့ ဘယ်မှာမှန်း မမှတ်မိဘူး။ သူက ပြန်လည်ဝင်စားခြင်း စွမ်းအားနှင့် မွေးဖွားလာတာဆိုတော့ ငါ အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ မကောင်းဆိုးဝါးအိုကြီးတွေထဲက တစ်ယောက် ပြန်လည်ဝင်စားတာများ ဖြစ်နေမလား ...

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now