အခန်း(217)

149 27 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၁၇) : ပျိုးထောင်ခံ မဟုတ်သော ပါဝင်ယှဉ်ပြိုင်သူများ

" ကူညီဖို့လား။ ဘယ်လိုကူညီပေးရမှာလဲ" ဝူဟုန်က မေးလိုက်သည်။

"ကိုယ်က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို သန့်စင်ဖို့ နည်းလမ်း ရှာနေတာ ဒါပေမဲ့ အတော်လေး ခက်ခဲနေတယ်။ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ကူညီပေးနိုင်လောက်တယ်" ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

" နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးလား။ အဲဒါက တာအိုစည်းမျဉ်းအဆင့်လေ ... ရှင်က သန့်စင်ချင်နေတာလား" ဝူဟုန်က နားမလည်စွာ မေးလိုက်သည်။

"တာအိုစည်းမျဉ်း ... အဲဒါဘာလဲ" ဝမ်ဝေ့က ခေါင်းရှုပ်စွာ ပြန်မေးလိုက်၏။

"ရှင့်အဖေကို မေးကြည့်"

" လျို့ဝှက်ချက်တွေ များလိုက်တာ " ဝမ်ဝေ့က သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် "အချိန်အကြာကြီး ကြာနိုင်တဲ့ သန့်စင်ဖို့ နည်းလမ်းရှာနေမဲ့အစား မင်းက မိုးကြိုးကို ကိုယ့်ခန္ဓာထဲ စည်းပိတ်ပေးလိုက်ရင် ပိုကောင်းမယ် တူတယ်။ အဲဒီအခါက စွမ်းအားနည်းနည်းပဲ ထုတ်လွှင့်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးလို့ ရပြီ "

ဝူဟုန်က ခဏကြာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် "ကျွန်မ အဲလို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှင် ဒီစွမ်းအားကို အတွင်းအင်္ဂါတွေကို လေ့ကျင့်မပြီးမချင်း ထုတ်မသုံးမိအောင် သေချာသတိထားရမယ်"

ဝမ်ဝေ့က သူမနှင့် သဘောတူလိုက်သည်။ သူ့အတွင်းအင်္ဂါများက လေ့ကျင့်နေဆဲ ဖြစ်သောကြောင့် ကျိုးပဲ့လွယ်နေသေးသည်။ ထို့ကြောင့် သူတို့က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးလိုမျိုး စွမ်းအားပြင်းပြင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုအစီအစဉ်ဆွဲပြီးနောက် ဝမ်ဝေ့နှင့် ဝူဟုန်တို့ နှစ်ယောက်လုံးက ပြိုင်ပွဲကို ဆက်မကြည့်တော့ဘဲ တိတ်တဆိတ် ထွက်သွားကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now