အခန်း(231)

158 20 0
                                    

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၃၁) : ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူအားလုံးက ထိုမှတ်တမ်းကြောင့် အတော်လေး အံ့အားသင့်သွားကြသည်။ ပြောရလျှင် အမှန်တကယ် တုန်လှုပ်အံ့ဩစရာ ကောင်းလှ၏။

ဖူချိုက်ယွီ ဆိုတာ ဘယ်သူလဲ ...

သူက မဟာဧကရာဇ်ငါးယောက် ပြုစုပျိုးထောင်ပေးခဲ့သည့် မူလဆေးလုံးတာအိုဂိုဏ်းမှ မဟာအကြီးအကဲ ဖြစ်သည်။ ထိုမဟာဧကရာဇ်များကလည်း ဆေးဝါးပညာရှင်များသာ ဖြစ်၏။

မူလဆေးလုံးတာအိုဂိုဏ်းက တောင်ပိုင်းမီးငှက်ကုန်းမြေပေါ်တွင် တည်ရှိသည့် ဆေးဝါးပညာရှင် အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည်။ ဆေးဝါးပညာရှင်ဟူသော ဂုဏ်ပုဒ်ကို လိုချင်သည့် ကျင့်ကြံသူတိုင်းက ထိုအဖွဲ့အစည်းသို့ သွားကာ စစ်ဆေးမှု ခံယူကြရသည်။

ထိုအရာများက ဒီသတင်း အုတ်အောင်သောင်းနင်း ဖြစ်သွားစေသည့် အဓိကအချက် မဟုတ်သေးပေ။ တကယ်တော့ ကမ္ဘာတစ်ဝှမ်း၌ ဖူချိုက်ယွီ၏ အဆင့်အတန်းကြောင့် ဖြစ်၏။ သူ့ကို ဒီမျိုးဆက်အတွင်း အကြီးမြတ်ဆုံး ဆေးဝါးပညာရှင်ဟု လူသိများကြသည်။ သူက သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း အထွတ်အထိပ်အဆင့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးများအထိ ဖော်စပ်နိုင်လေသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံး ဖော်စပ်မှု အောင်မြင်နှုန်းသည် အမှန်တော့ ဆိုးရွားလေ၏။

ထို့အပြင် ဖူချိုက်ယွီသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် တည်ထောင်ခဲ့သည့် မူလဆေးလုံးတာအိုဂိုဏ်း၏ တည်ထောင်သူ ဆေးလုံးဘိုးဘေး သို့မဟုတ် တန်ယွမ်ဧကရာဇ်၏ မူလဆေးလုံးမီးတောက်ကျမ်းကို ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသော ဆေးဝါးပညာရှင်လည်း ဖြစ်ပေသည်။

ထိုကျမ်းက ဆေးဝါးပညာရှင်တစ်ယောက်အား အရာအားလုံးကို သန့်စင်နိုင်ပြီး ဆေးဝါးပစ္စည်းအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးကဲမီးတောက်ကို ကျင့်ကြံစေနိုင်သည်။ ထိုကျမ်းကို ကျင့်ကြံထားသည့် ဆေးဝါးပညာရှင်က ကျောက်ခဲကိုပင် သန့်စင်ကာ ဆေးလုံးအတွက် လိုအပ်နေသည့် ပါဝင်ဆေးပစ္စည်းအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now