အခန်း(၂၄၂)

173 19 1
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၄၂) : နဉ်အာ

ဖန်းလီက တုန်လှုပ်အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည့်အခါ ဆံပင်အဖြူရောင်နှင့် လူငယ်လေးက သူ့ကို သားကောင်အလား ရက်စက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ သူ့အခန်းရှိ အစီအရင်အားလုံးက ကောင်းကောင်း အလုပ်လုပ်နေသေးကြောင်း သိလိုက်ရ၍ ထိုလူ ဘယ်လိုဝင်ရောက်လာကြောင်း စဉ်းစားနေမိသည်။

သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ့ရှေ့ ရပ်နေသူကို သတိပြုမိသွားကာ တုံ့ဆိုင်းသွားလေသည် "တ ... တိထျန်းလား"

ဒီမျိုးဆက်၏ နာမည်အကြီးဆုံး ကောင်းကင်ရွေးချယ်ခံနှစ်ယောက်က ဝမ်ဝေ့နှင့် တိထျန်းတို့ ဖြစ်ကြသည်။ နှစ်ယောက်လုံးက ထင်ရှားသည့် လက္ခဏာရပ်များ ရှိပြီး တစ်ယောက်တွင် ခဲဖြူရောင် ဆံပင် ပိုင်ဆိုင်ထားသလို တခြားတစ်ယောက်တွင် ဆံပင်အဖြူရောင် ပိုင်ဆိုင်ထားသည်။

"ဘယ်လိုလုပ် ငါ့အခန်းထဲ ရောက်လာတာလဲ" ဖန်းလီက တည်ငြိမ်ချင်ယောင်ဆောင်ကာ မေးလိုက်သည် " ဒါက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် ပိုင်နက်ပဲ။ တကယ်လို့ မင်းရဲ့ တိမိသားစုကို ကျောင်းတော်နဲ့ ပဋိပက္ ခမဖြစ်စေချင်ရင် ငါ့အခန်းထဲကနေ ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန်ထွက်သွားလိုက်ပါ။ ဒီမှာ ဘာမှမဖြစ်ခဲ့သလို နေပေးမယ်"

သို့သော်လည်း တိထျန်းက အေးစက်စက် ရက်စက်တတ်သည့် သွင်ပြင်မျိုး ရှိနေဆဲ ဖြစ်၏။ ထို့နောက် အခန်းတစ်ခုလုံးကို သတ်ဖြတ်ငွေ့များ လွှမ်းခြုံလာသောကြောင့် ဖန်းလီပင် အသက်ရှုရခက်လာသည်။

" အဲဆို အဆင့်နိမ့် ခြိမ်းခြောက်မှုတွေ သုံးနေစရာ မလိုဘူး။ မင်းအတွက် အချိန်ဆွဲနေလို့လည်း အလကားပဲ။ အခန်းထဲမှာ ဘာဖြစ်ဖြစ် တစ်ယောက်မှ သိမှာမဟုတ်ဘူး။ ယင်ဝိညာဉ်ကျမ်းကို ပေးရင် မင်းဆီမှာ အသက်ရှင်နိုင်ခြေ ရှိသေးတယ် မဟုတ်ရင်တော့ အကျိုးဆက် ခံစားရမယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now