အခန်း(၃၇၆)

69 12 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၇၆) : နောက်ဆုံးတော့ အောင်မြင်သွားပြီ

ဒုတိယဆေးလုံးက ဝမ်ဝေ့ကိုယ်တိုင် ဖော်စပ်ထားသည့် စည်းမျဉ်းထောက်ပံ့ရေး ဆေးလုံးဟုခေါ်သည့် သူတော်စင်အဆင့် ဆေးလုံး ဖြစ်ပေသည်။ အထူးသဖြင့် ဤအချိန်အခါမျိုးအတွက် ဖြစ်၏။ နာမည်အတိုင်း ထိုဆေးလုံးက သူ့အား သီးသန့်စည်းမျဉ်းတချို့အား ထိန်းချုပ်မှု ယာယီရလာအောင် ကူညီပေးပြီး ထိုဆေးလုံး၏ နောက်ဆုံးအဆင့်ကို ပြီးမြောက်စေလိမ့်မည်။

ဤဆေးလုံးကို စည်းမျဉ်းသန့်စင်ရေး ဆေးလုံးဟုလည်း ခေါ်ဆိုနိုင်လေသည်။

နမူနာအားဖြင့် သူ့ အသိစိတ်ပင်လယ်အတွင်း ဖော်စပ်နေသည့် ဆေးလုံးကို ဓာတ်ငါးပါးမျှခြေဆေးလုံးဟု ခေါ်ဆိုသည်။ ထိုဆေးလုံးက ခန္ဓာကိုယ်အတွင်း ဓာတ်ငါးပါးညီမျှမှုကြောင့် ဒဏ်ရာများကို ကုသပေးပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများကို သူတို့၏ ခန္ဓာကိုယ် လေ့ကျင့်ပေးဖို့ ကူညီပေးနိုင်သည်။

ထိုဆေးလုံး၏ သဘာဝကြောင့် ဓာတ်ငါးပါးစည်းမျဉ်းက နောက်ဆုံးသန့်စင်ဖို့အတွက် လိုအပ်လေသည်။ သို့သော်လည်း ဝမ်ဝေ့အနေဖြင့် သူ့ခန္ဓာကိုယ်အတွင်း ဓာတ်ငါးပါး မဆိုထားနှင့် စည်းမျဉ်းတစ်ခုမှ မရှိပေ။ သို့သော်လည်း စည်းမျဉ်းထောက်ပံ့ရေးဆေးလုံးတွင် ဓာတ်ငါးပါး ဆွဲဆောင်နိုင်သည့် သင်္ကေတများ ပါဝင်နေလေသည်။ ထိုသင်္ကေတများက ဆေးလုံးအတွင်းရှိ စည်းမျဉ်းများနှင့် ပေါင်းစပ်ကာ ဆေးပင်များသည် လူတစ်ယောက်အား ထိုစည်းမျဉ်းများကို စုပ်ယူခွင့်ပြုထားပြီး ယာယီအသုံးပြုနိုင်အောင် လုပ်ထားသည်။

ထိုဆေးလုံးက ထိုအရာထက် ပိုကောင်းလေသည်။ ပထမဦးစွာ သူက ဆေးလုံးဝိဇ္ဇာ စစ်ဆေးမှုအတွက် ဖန်တီးထားခြင်း ဖြစ်သော်လည်း ထိုအရာ ပြီးမြောက်သွားသည်နှင့် ထိုဆေးလုံး၏ တကယ့်အကျိုးအမြတ်ကို သဘောပေါက်လာခဲ့သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now