အခန်း(၃၀၃)

112 13 2
                                    


အခန်း (၃၀၃) : အခြေအနေ

ဂူအတွင်း ဝမ်ကျူက ဤကမ္ဘာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အရိပ်ကံကြမ္မာ အဖွဲ့ဝင်တချို့ဆီမှ ရရှိလိုက်သည်။ ကံဆိုးစွာဖြင့် ဤကမ္ဘာကို ပါလာသည့် အရိပ်တပ်ဖွဲ့ဝင်တစ်ဦးတည်းကသာ ကူးကံကြမ္မာနည်းစနစ်ကို ဖတ်ရှုနိုင်ပြီး တခြားသူများက အသုံးမပြုနိုင်ကြပေ။ ထို့ကြောင့် သူတို့ ဤတစ်ကြိမ် စုဆောင်းထားသည့် သတင်းအချက်အလက်က သိပ်မများလှပေ။

ထို့ကြောင့် ရရှိထားသော သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် ဝမ်ကျူက အဖွဲ့နှင့် နောက်အစီအစဉ်ကို ဆွေးနွေးခဲ့ကြသည်။

" ဘယ်လိုထင်လဲ" လီကျွင်းက မေးလိုက်သည်။

" ငါတို့တွေ ဒီကမ္ဘာကို လွှမ်းမိုးဖို့ အားသုံးရမယ်လို့ ယုံကြည်နေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာက အလယ်အလတ်ကမ္ဘာဆိုတာ ပြောင်းလဲမသွားဘူးလေ။ ငါတို့အဆင့်နဲ့ဆိုရင် အလွယ်လေး ဖြေရှင်းလို့ရတယ်" ထျဲ့ကန်က ပြောလိုက်သည်။

လီကျွင်းက သူ့အား တစ်ချက်သာ ကြည့်လိုက်ပြီး သူက ယခုလိုပြုမူနေသည့် အကြောင်းအရင်းကို နားလည်လေသည်။ ယခင်နှစ်ရာချီအတွင်း သူက အကူအညီများစွာ မဖြစ်သည့်အတွက် ဤတိုက်ပွဲတွင် သူ့တန်ဖိုးကို ပြသလိုနေခြင်းသာ ဖြစ်သည်။

လီကျွင်းက သူ့အား လျစ်လျူရှုကာ ဝမ်ကျူနှင့် ယန်းလီလင်းအား ကြည့်ကာ မေးလိုက်သည် " မင်းတို့ရော ဘယ်လိုထင်လဲ"

" ကျွန်မတို့ ရရှိထားတဲ့သတင်းက အတော်လေးကို နည်းလွန်းတယ်" ဝမ်ကျူက ပြောလိုက်သည်။

" အမှန်ပဲ။ ငါတို့ သိထားသလောက်က ဒီကမ္ဘာက ကောင်းကင် ဘုံဗိမာန်ကမ္ဘာလို့‌ ခေါ်ပြီးတော့ နတ်ဘုရားတွေ တည်ရှိတယ်ဆိုတာရယ် သူတို့က ကျင့်ကြံနည်းကို ဖုံးကွယ်ထားတယ်ဆိုတာကိုပဲ သိတယ်။ ဒီကမ္ဘာက လေဟာနယ်ဖြိုခွဲခြင်းအဆင့်နဲ့ အထက်ကလူတွေကို မဝင်နိုင်အောင် ဘာလို့ တားဆီးထားမှန်း ငါတို့တွေ မသိရသေးဘူး။

ပိုပြီးအရေးကြီးတာ အဲဒီနတ်ဘုရားတွေက ဘယ်လောက်အားကောင်းပြီးတော့ ဘယ်လိုနည်းလမ်းနဲ့ အသုံးပြုနိုင်တယ်ဆိုတာကို မသိရသေးဘူး။" လီကျွင်းက ပြောလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now