အခန်း(216)

169 27 6
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၁၆) : ပဋိပက္ခ

ဝမ်ဝေ့က ကျန့်ဝူရွှမ်းတစ်ယောက် ဂိုဏ်း၏ လျို့ဝှက်ချက်များကို လူအများရှေ့ ထုတ်ဖော်လိုက်သည့်အတွက် အနည်းငယ် အံ့အားသင့်မိသွားသည်။ ဂိုဏ်းအများစုက သူတို့ရှက်ရွံစရာ သို့ဟုတ် လူသိမခံချင်သည့် လျို့ဝှက်ချက်များကို ကမ္ဘာကြီးဆီမှ ဝှက်ထားကြလိမ့်မည်။ သို့သော် သူက ခဏတာတွေးလိုက်ပြီးနောက် အကြောင်းအရင်းကို မှန်းဆမိသွားသည်။

ဓားသမားအများစုက တည့်တိုးဆန်ကြသည့် အကျင့်စရိုက်မျိုး ရှိကြပြီး အပြင်လူ၏ အမြင်ကို ဂရုမစိုက်ကြပေ။ သူတို့ ဂရုစိုက်သည်ကား ဓားတာအိုနှင့် သူတို့ဂုဏ်သတင်းကိုသာ ဖြစ်၏။

တခြားဓားသမားတစ်ယောက်ထံ ရှုံးနိမ့်ခြင်းက မျက်နှာပျက်စရာဟု ယူဆနိုင်သော်လည်း ထိုလူက သူတို့လေးစားမှုနှင့် အမှန်တကယ် ထိုက်တန်နေလျှင် ကိစ္စမရှိချေ။ ဝမ်ဝေ့၏ အဖေ လုပ်ခဲ့သလိုမျိုး ဖြစ်၏။

ဝမ်ဝေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

" ဓားဝိဇ္ဇာငယ် ကျန့်ဝူရွှမ်းရဲ့ စိန်ခေါ်မှုကို လက်မခံနိုင်မှာကို စိုးမိတယ် "

ကျန့်ဝူရွှမ်းက ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ ဆက်မေးလိုက်သည် "အမွေခံသားတော် ... တကယ်လို့ မင်းဆီမှာ အိမ်ရှေ့စံ ကျီစုန့်နဲ့ အလောင်းအစား လုပ်သလိုမျိုး တောင်းဆိုချက်တွေ ရှိနေရင် ငါ့ဘက်က သဘောတူနိုင်တာထက် ပိုပါတယ် "

သို့သော်လည်း ဝမ်ဝေ့က ပြန်မဖြေခင် ခေါင်းအသာယမ်းကာ " အဲဒါက လောင်းကြေးတွေ၊ တောင်းဆိုချက်တွေကြောင့် မဟုတ်ပါဘူး။ တကယ်လို့ ငါ့ကို စိန်ခေါ်ချင်ရင် ငါ့ဘက်ကလည်း မင်းနဲ့လက်ရည်စမ်းဖို့ လိုလားပါတယ်။ ဒါပေမဲ့ မင်းက ဓားတာအိုနဲ့ စိန်ခေါ်ချင်တယ်ဆိုရင်တော့ ငါက ဓားသမား မဟုတ်တော့ မင်းပဲ စိတ်ပျက်သွားရလိမ့်မယ် "

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now