အခန်း(222)

162 21 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၂၂) : ဧကရီဝူ

ထိုအကြောင်းအရာကို ကြားလိုက်ပြီးနောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူက သူမ၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်လိုက်သော်လည်း မေးလိုက်သည် "ဘာကိုပြောချင်တာလဲ"

ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က သူ့စွမ်းအားကို ပြန်လည်အားဖြည့်ဖို့အတွက် သူတော်စင်အဆင့် ရွှေငှက်ကြီး၏ လက်ကျန် အသားကင်ကို ထုတ်လိုက်သည်။ တစ်ရက်အတွင်း သူ့ထံ ကိစ္စများစွာ ဖြစ်ပွားသွားလေသည်။

သူက ဝူဟုန်အတွက်လည်း တစ်ပန်းကန် တည်ခင်းပေးလိုက်သည်။ သို့သော် သူမက ဆာလောင်နေဟန် မပေါ်ပေ။

"ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ချိုးဖောက်တာနဲ့ ပတ်သက်ပြီး ရှင် ဘာသိထားလဲ" ဝူဟုန်က အဖြေကို တန်းမဖြေဘဲ ပြန်မေးလိုက်သည်။

" အရှင်းဆုံးပြောရရင်တော့ ကျင့်ကြံသူတစ်ယောက်က ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုပြီး သူတို့ခန္ဓာကိုယ်ထဲ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိစေဖို့အတွက် မွမ်းမံပေးရမယ်။ အဲဒါဆိုရင် သူတို့က အံ့ဖွယ်ခန္ဓာအဆင့် ရောက်ပြီ။ အဲဒီနောက် သူတို့က တူညီတဲ့ မီးတောက်ကို အသုံးပြုပြီး ဝိညာဉ်ကို ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် မွမ်းမံသန့်စင်ပေးရမယ်။ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည် ရှိစေဖို့အတွက်ပေါ့ ... "

ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူ့အနေနှင့် ပြန်အသိကပ်လာဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။

"အဲဆိုတော့ ရှင် သဘောပေါက်ပြီလား" ဝူဟုန်က မေးလိုက်သည်။

"ရှင့်ရဲ့ အားကောင်းလှတဲ့ စံပြဝိညာဉ်ကို ကံကြမ္မာကောင်း မီးတောက်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် မွမ်းမံသန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင် စံပြဝိညာဉ်အရည်အသွေးကို မစွန့်လွှတ်သရွေ့ပေါ့ "

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Där berättelser lever. Upptäck nu