Ch.32-Hiss,hiss hiss,hiss hiss?

Start from the beginning
                                    

     "ကျတဲ့ကျောင်းသားတွေအပြစ်ပေးခံရမယ်"

    ဝူရုန်သည် ဆရာ့စကားလုံးများအားလုံးကို ဂရုမစိုက်ပေ။ သူတို့၏အဆိုးဆုံးအတန်းထဲတွင် စာမေးပွဲ၌ အဆင့်ကောင်းရသူကိုမပြောနဲ့ဦး ‌အောင်မြင်သူများပင် လက်တဖက်နှင့်ရေတွက်လို့ရပေသည်။ ဆယ်ယောက်ကအဆင့်ကိုရပြီးပြီး ဘေးခန်းထက်ကျော်လွန်သွားလျှင်ကို ဆရာမှာပျော်လွန်လို့ ‌လှေကားကပင်ခုန်ချနိုင်သည်။

    ဆရာ၏စကားကိုတုန့်ပြန်သည်ြအနေဖြင့်အတန်းနောက်တွင်ချိတ်ထားသောနာရီမှအသံမြည်လာကာ ဆယ်မိနစ်အတွင်း စာရွက်များလက်ထဲရောက်လာသည်
သို့သော် ဝူရုန်၏စာမေးပွဲစာရွက်အသစ်မှာ ဗလာဖြစ်နေသေးသည်။ ဒီတခါတွင် ပြောင်စပ်စပ်မျက်နှာမရှိသော်လည်း မေးခွန်းအားလုံးမရှိပေ။ လုံးဝ‌ဗလာဖြစ်နေတဲ့ စာရွက်ကနေဘယ်လို‌အောင်အောင်ဖြေဆိုကမလဲ? တချိန်တည်းမှာပင် ဖျော့တော့သောသွေးနံ့မှာ ပြင်းသထက်ပြင်းလာသည်။

    Tick.

    Tick.

    စားပွဲခုံတွင်းမှစေးကပ်၍အနံ့ထွက်နေသောအရည်များ မြေပေါ် တစက်စက်ကျလာကာ ပြင်းထန်၍ မနှစ်မြို့ဖွယ်ရာ သွေးနံ့ကိုထိုနေရာမှရလေသည်။ ဝူရုန် ခေါင်းငုံလိုက်ကာ သူခေါင်းကို တိမ်း၍ စားပွဲခုံးအတွင်းသို့ ကြည့်လိုက်သောအခါ အနည်းငယ်တုန်ခါနေသေးသော သွေးများနှင့်အသားတပိုင်းကိုတွေ့လေသည်။ အသားပေါ်တွင် အနက်ရောင်အမွေးများရှိပြီး ထူထဲသောမိူများနှင့်တူသည်။ တွန့်လိမ်တုန်ယင်နေသောအချိန်တိုင်း ထိုအရာပေါ်ရှိအမွေးများမှာလဲ တုန်ခါ‌နေလေသည်။

    သူ့အကြည့်ကိုရုပ်သိမ်းလိုက်ကာ ဘေးဘက်ပတ်လည်ကိုကြည့်လိုက်သောအခါ ကတုံးကေနှင့်တက်တူးထိုးထားသောကောင်လေးတယောက်သည် သူ့နှင့်ဘယ်ဘက်ခုံးတွင်ထိုင်နေပြီး မလိုတမာအပြုံးမျိုးပြုံးနေကာ စာရွက်ဗလာဖြစ်နေသေးသည့်ဝူရုန်စာရွက်ကိုကြည့်လိုက်ပြီးနောက် သူမျက်နှာပေါ်မှာ မလိုမုန်းထားသည့်အပြုံများပိုဆိုးဝါးလာကာ တီတိုးရေရွက်ပြလေသည် "မင်း တော့ ပြီးသွားပြီပဲ"

    သူ့ပါးစပ်မှာလွန်စွာချဲ့ကားလွန်းသဖြင့် နီရဲကာသွေးရောင်ထနေသောလည်ချောင်းကိုပင်မြင်နေရကာ အနက်ဆုံးအပိုင်းတွင်အမည်းရောင်အရာများရှိနေကာ အသားတစ်ပိုင်းကို အမွေးများနှင့်ဖုံးလွှမ်းထားသည်နှင့်ပင်တူသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်On viuen les histories. Descobreix ara