Ch.28-Meow......Meow~

Comenzar desde el principio
                                    

    "Meow"

    သိပ္ပံနည်းကျလေ့လာမူ‌များအရ ကြောင်အများစုမှာ အစာတောင်းသည့်အခါ ကလေးကဲ့သို့ပြုမူပြီး အသံအနေထားမှာလည်းကလေးများနှင့် တူညီကာ ယင်းကပင် လူ့သဘာဝအရအလိုလိုက်လိုစိတ်ကိုအလိုအလျောက်လှုံဆော်ပေးနေပြီးညကြောင်များ၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးကာကျေနပ်စေလိုကြသည်။ အသယ်ခံထားရသောကြောင်ပေါက်မြေသို့ပြန်ချခံလိုက်ရသောအခါ ဆာလောင်မူကြောင့်ညည်းညူလာလေသည်။ သူသည် လူသား၏လက်အားတက်ကြွစွာပွတ်သပ်နေပြီး လက်နောက်ဘက်တွင် သူရနံ့ချန်ထားခဲ့ရန်ကြံစည်နေသည်။

    အ‌ကွာဝေးတစ်ခု‌တွင်နေ‌နေရန် အမိန်ပေးခံထားရသောခွေးကြီးကိုကြည့်ရင်း သူစိတ်ကူးထဲမှဗီလာအားမသိမသာဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံးတွင်သော သူအားအင်အကုန်သုံးပြီး ဗီလာထဲဝင်လာနိုင်ပြီဖြစ်သည်။ ကြောင်ပေါက်၏ မျက်လုံးများမှာ မောက်မာမူဘဝင်မြင့်မူများဖြင့်တောက်ပနေလေသည်။ သူရှေ့ခြေနှစ်ဖက်ကိုကြမ်းပြင်ပေါ်သို့ချလိုက်ကာ လည်ချောင်းမှညည်းသံတစ်ခုလုပ်လိုက်သည်။

    သူအစောက်ရှောက်ရပြီးနောက်တဆင့်မှာ နှစ်သတ်ခံရမူအတွက်ယှဉ်ပြိုင်ရန်ဖြစ်သည်။

    ခွေးကိုယှဉ်မချနိုင်ရန် နှစ်သတ်မူကိုယှဉ်မပြိုင်နိုင်ဘူးတဲ့လား? ကြည့်စမ်းပါ ဒီလူကသူ့အတွက် အစာပြင်ပေးရတော့မယ် ဘယ်သူကများဒီလိုချစ်စရာကြောင်ပေါက်လေးကိုငငြင်းဆန်နိုင်မလဲနော်။

    ဘယ်သူမှမလုပ်နိုင်ဘူး!

    ဘန်းခနဲမြည်သံနှင့်အတူ အစာပြည့်နေသောသံဇလုံတစ်ခုသူ့ရှေ့ရောက်လာသည်။ ကြောင်ပေါက်မှာနူးညံချိုသာစွာ မြောင်လိုက်ပြီး သူ၏ရူးသွပ်သည့်ဆာလောင်မူကို အကောင်းဆုံးဖိနိုပ်ရန်ကြိုးစားလိုက်ပြီးနောက် ကျက်သရေရှိသော ကြောက်လျှောက်နည်းဖြင့်လျှောက်လှမ်းလာ၍ အစာခွက်ကို ငုံ့ကြည့်လိုက်လေသည်။

    ပေါက်စီတွေ!

  ဆုတ်ဖြဲထားသောပေါက်စီများအိုးတဝက်ခန့်ရှိပြီး တချို့အစိတ်ပိုင်းများဆိုလျှင် သူ့ချန်ထားသောသွားရာများပင်ရှိနေ‌သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Donde viven las historias. Descúbrelo ahora