Ch.25-Bark?Bark Woof Woof... Woof Woof!

Începe de la început
                                    

    ဝူရုန်ဆီမလာခင်ကပင် သူ့အကြောင်းမျာူစစ်ဆေးပြီးဖြစ်ကာ သူ့တွင် ကောင်းကင်သခင်နှင့်တစ္ဆေမွေးသူဖြစ်ရန်ပါရမီမ‌ရှိကြောင်းအကဲဖြတ်မူရှိသည်ကိုသိရှိပြီးဖြစ်သည်။ သူ့ရရှိလာသောတစ္ဆေအားတတိယအဆင့်ဒုက္ခိတတစ္ဆေအဖြစ်အကဲဖြတ်ခံရသည့်အပြင် သူ့အကိုကြီးကပါ သူ့အားသေကြောင်းကြံစည်မူတွင်သံသယဝင်ခံနေရသည်။

     ဒါကအရမ်းကိုဆိုးတာပဲ။

    "အရင်ဆုံးနားလိုက်ရအောင်"

     စစ်ဆေးခန်းအပြင်ဘက်ရှိကြီးကြပ်သူမှပြောလာသည်" ရှာဖွေတဲ့အဖွဲပြန်လာရင် ဒီအကြောင်းထပ်ပြောကြမယ်"

     ဝူရုန်ယခုညတွက်ပြည်သူ့လုံခြုံရေးဗျူရိုတွင်နေထိုင်ရမည်ဖြစ်ကာ သူ့ဖုန်းကိုတော့ ခေတ္တလက်လွဲပေးထားရသည်။ လက်တွေ့တွင် ဝူရုန်အားအလွန်စိုးရိမ်နေသောဟွမ်းမောင်မှဖုန်းခေါ်လာခဲ့ပြီး ဝူရုန်ဘက်မှစ၍ရဲဌာနသို့သွားရောက်သတင်းပေးခဲ့သည်ကိုသိလိုက်ရသည်။

     "ဟုတ်ပါတယ်။ လျှို့ပေါင်ကနေစပြကျွန်တော့ဆီအရင်ဆက်သွယ်ခဲ့တာပါ။ သူကပဲရိုက်ကူး‌ရေး ကရိယာနှင့် လမ်းနံပါတ်ကရိုက်ကူးရေးတာဝန်ကိုပေးခဲ့တာပါ။ "

     လမ်းသရဲများအတွက်ရဲနှင့်တွေ့ရသည်မှာ ကြွက်ကကြောင်မြင်‌ေသာ‌ေကြာင့်ရှောင်ပုန်းချင်သော စိတ်ခံစားချက်သာရှိသည်။ ရဲဌာနသို့ပထမဆုံးရောက်ဖူးသောဟွမ်းမောင်အနေဖြင့် ဂဏာမငြိမ်ဖြစ်ကာ မသိလိုမသိဘာသာ လက်ချောင်းမှာလိမ်နေလိုက်ရင်း စီးကရက်နှင့် စိတ်ငြိမ်အောင်လုပ်နေသည်။ သို့သောလျှိုပေါင်းအကြောင်းပြောရန်အတွက်တုန့်ဆိုင်းမနေ တော့‌ပေ " အမှန်တော့ညစာစားနေတုန်းက တခုခုမှားနေတာကိုသိသွားလို့ အကိုရုန်ကကျွန်တော့ရိုက်ကူးရေးကြည့်ဖို့လိုက်လာခဲ့မယ်ပြောတာပဲ"

     ရှာ‌ဖွေရေးအဖွဲ့မှ သစ်မာသေတ္တာအပိုင်းစများအားလမ်းပေါ်တွင်တွေ့ခဲ့ပြီးပျက်ဆီးနေသောထိုသစ်သားအပိုင်းအစတို့တွင်ယင်ချီများပြည့်နေသဖြင့်ဒါကပင်ဟွမ်းမောင်စကားကိုအတည်ပြုနိုင်သည်။

    "အကိုရုန်ကအေးစက်စက်နေတက်ပေမယ့် တခုခုဆိုညီကိုတွေကိုဘာမှမပြောဘူးလေ။သူကဘယ်တော့မှကျွန်တော့တို့ရဲအသေးမွှားကိစ္စတွေမှာဝင်ပါလေ့မရှိဘူး။ သူတစ်ခုခုကိုရှာတွေ့သွားလို့သာရုတ်တရက်ဒီညကျွန်တော့နောက်လိုက်ဖို့အရင်ပြောလာတာ' ငါ့အတွက်စိတ်မပူနဲ့'သေစမ်း ငါဘာလို့ဒါကိုမတွေးမိတာလဲ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Unde poveștirile trăiesc. Descoperă acum