Ch.24-Woof Woof Woof?Woof Woof!

ابدأ من البداية
                                    

     စိတ်ဝိဉာဉ်ခွေးများသည်လွန်စွာလျင်မြန်လှကာ လိုရာခရီးသို့တခဏအတွင်းရောက်သွားသည်။ ဝူရုန်သည် ဒီနေညအပြင်ထွက်၍ သူ့စွမ်းရည်ကိုစမ်းသပ်လိုခြင်းဖြစ်သည်။ သူသည်လမ်းတလျှောက်တစ္ဆေများစွာကိုသတ်ဖြတ်ပြီးနောက်ဆုံးတွင်တော့ မြောင်ဒေါင် တစ်ခုတည်းနှင့်ပင် တစ္ဆေများအား သတ်ဖြတ်နိုင်ကြောင်းအတည်ပြုနိုင်ပြီဖြစ်သည်။ သို့သော် ယင်ချီနည်းပါးစေသဖြင့် ဝူရုန်သည် သန့်စင်သောယင်ချီ တဝက် ကိုသူ့အတွက်ချန်ထားကာ တဝက်ကို တော့ဘယ်လက်ဆီပို့၍တစ္ဆေကြီးအားကျွေးမွေးလေသည်။

     ဤတစ္ဆေများ၏အဆင့်မှာအလွန်နိမ့်ပါးသည်။

     ဝူရုန်သည် သူ့အတွက်ဖြစ်ဖြစ် တစ္ဆေကြီးအတွက်ပဲဖြစ်ဖြစ် ဤယင်ချီများသည် ရိုးရိုးရေသောက်ရသည်နှင့်ဆင်တူကာအနည်းငယ်အာဟာရပြုနိုင်ရုံသာဖြစ်၍ အများကြီးအသုံးမဝင်ကြောင်း ဝိုးတဝါးတော့ခံစားမိသည်။ အနည်းဆုံးတော့ အရင်က ကလေးတစ္ဆေ၏ အဆင့်မရောက်ခင်ထိုအရာသည် အခြေခံအစားအစာသာဖြစ်သည်။

    သို့သော်အလျင်လိုစရာမလိုပေ။

    ဝူရုန် အသက်ပြင်းပြင်းရူသွင်းပြီးနောက်သူ့မျက်ဆံနက်မှောင်သွားသည်။

    ဒီနေရာနှင့်အလောင်းတွင်းနေရာမှာ သိပ်မဝေးဘူး။

    သူသည်နူးညံ့ပျော့ပျောင်းသောတစ္ဆေချီမှထွက်လာသောယစ်မူးဖွယ်အသားနံ့ကိုရပြီးဖြစ်သည်။

    နူးညံ့ကြွတ်ဆပ်သော အသားနှပ်အိုးကဲ့သို့ လုံလောက်အောင်ကင်ထားသောအသားကင်များ။ပိုင်ရှင်မှအသားအိုးကို ဖုံးအုပ်၍ထူးကဲလှသောအနံ့များကို ပိတ်လှောင်ထားလျှင်တောင် အနံ့အာရုံအားကောင်းသောဝါရင့်အစားကောင်းကြိုက်သူများကိုတော့မတားဆီးနိုင်ပေ။ အနံ့မှာအလွန်မွှေးကြိုင်လှကာ စားဖိုမှူးမှရိုးရှင်းစွာအသားနှပ်ရုံမက လျှို့ဝှက်စွာဖြင့် ဘိန်းခွံတချို့နှင့်တခြားစွဲလမ်းစေသော အရာများပေါင်းစပ်ထားသလိုပင်။

     သူလမ်းလျှောက်နေရင်းလမ်းအဆုံးနားသို့တဖြည်းဖြည်းနီးကပ်လာပြီးနောက် သူအရှေ့တွင်ယိုယွင်းပျက်ဆီးနေသောမြက်ချုံတောတစ်ခုကိုတွေ့ရသည်။ လမ်းဘေရှိမီးတိုင်နှင်ကင်မရာများကပျက်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ စွန့်ပစ်မြေ၏ပြန့်ပြူးသောကွင်းပြင်ကိုဖြတ်ကြည့်လိုက်သောအခါ စွန့်ပစ်ထားသော တိုက်အိမ်အချို့ကိုတွေ့ရပြီး ဘာမှထပ်မရှိတော့ပေ။ သို့သော်ဝူရုန်ဘယ်မျက်လုံးမှအရောင်ပိုနက်မှောင်လာနေသည်။ သူ့တစ္ဆေမျက်လုံးမှာ အားကောင်းသောသံလိုက်ကဲ့သို့ သူ့ဘေးပတ်လည်ရှိယင်ချီများကိုလှည်းကျင်းလိုက်ကာ ယင်ချီများဖုံးလွှမ်းထားသောသဲလွန်စကို မျက်နှာပြင်ပေါ် ထွက်လာ‌ စေသည်။
    
     နိုင်လွန်ကတ္တရာလမ်းမှာ ကြီးမားသောကုန်ကားများကျက်တီးမြေပေါ်ဖြတ်သန်းနိုင်ရန်လုံလောက်အောင်ကြီးမားကာလမ်းမှာအသစ်အတိုင်းဖြစ်နေသေးပြီး အသစ်ပြန်လောင်းမှုမှာ လွန်ခဲ့သောတစ်နှစ်နှစ်နှစ်အတွင်းဖြစ်လောက်သည်။ နိုင်လွန်ကတ္တရာကြီးမှာ ခြံစည်းရိုးတွင်သံဆူးကြိုးများတပ်ဆင်ထားသော အိမ်နှင့်တူသည့်ကြီးမားသောစက်ရုံကြီးကိုဦးတည်နေသည်။ ထိုနေရာတွင်လျှပ်စစ်တုတ်တံကိုင်ဆောင်ထားသောလုံခြုံရေးအစောင့်များ ကင်းလှည့်နေသည်။ တုတ်ကိုင်ထားသော ဂန်းစတားနှစ်ယောက်သုံးယောက်မှာခြံစည်းရိုးနားထိုင်၍ ပျင်းရိစွာဆေးလိပ်သောက်နေကြသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်حيث تعيش القصص. اكتشف الآن