Ch.23-Bark , Bark Bark Bark Bark?

Start from the beginning
                                    

    သို့သော်လက်ရှိသူ၏ကြီးပြင်မူတွင်လူလုပ်ထားသော ညှင်းပန်းနိုပ်စက်မူများနှင့်ဖြစ်သည်။ ဝူရုန်သည် သူ့ကိုယ်ထည်တဝိုက်တွင် သန်မာ‌အားကောင်းသိပ်သည်းသောယင်ချီနှင့်နာကျည်းချက်များရှိကာ တကိုယ်လုံးယင်ချီနှင့်ပြည့်နေသည်ကို မြင်ရသည်။ သူ့ကိုယ်ပေါ်ရှိဒဏ်ရာပေါများလေ ညှင်းပန်းမှုပိုများပိုခံစားရလေဖြစ်သည်။ ကြည့်ရတာတောင်ထိပ်လန့်စရာကောင်းလှသည်။ မီးလောင်ရာကွဲရှရာ ပုတ်ပွနေမှုနှင့်လောက်များ။ ခွေးတစ်ကောင်မှထိုသို့ဒုက္ခများခံစားနိုင်မည်မဟုတ်ပေ။ ခွေးဝိဉာဉ်ဆိုပိုဆိုးသေးသည်။

    ဒါကအချို့သောအထူးလျှိုဝှက်နည်းလမ်းများသုံး၍ တခြားအနိုပ်စက်ခံခွေးများ၏ဝေဒနာနှင့်ညှင်းပန်းနှိပ်စက်ဒဏ်ရာများကို သူ့ဆီကူးပြောင်းထားခြင်းနှင့်ပိုတူသည်။ အဆတစ်သိန်းလောက်နီးပါးနားကျင်မှုနှင့်မကျေနပ်ချက်များသည်သာဤသို့သန်မာသောနာကျဉ်းချက်မျိုးဖန်တီးနိုင်ပေသည်။ ထိုကောင်လေးဤနေရာ၌ဆင်ခြင်တုံတရားရှိရှိနေနိုင်ရသည်အကြောင်းမှာ သူ့ရှေ့ရှိဝူရုန်ကြောင့်ပင်။ ဒုတိယအချက်မှာတော့သူသည်အခုထိသွေးကိုမထိတွေ့ရသေးသောကြောင့်ဖြစ်သည်။

    ထိုခွေးသည်လူကိုအမှန်တက်ယသတ်ဖြတ်လိုက်တာနှင့် ကြောက်စရာကောင်းသောမကောင်းဆိုးဝါးအဖြစ်လုံးဝပြောင်းသွားမည်ဖြစ်ကာ လူနှင့်တစ္ဆေမျာူကိုသတ်ဖြတ်လိမ့်မည်ဖြစ်သည်။

    ခွေးဝိဉာဉ်၏ဝိဉာဉ်ကိုယ်ထည်မှာ အနည်းငယ်တုန်ယင်နေလျက်အချိန်တိုင်းကြီးစွာသောဝေဒနာကိုခံစားနေရသည်။ ခွေး၏ခံနိုင်ရည်မှာလွန်စွာအားကောင်းကာ ခွေးရုန်ရှေ့တွင်အမြှီးယမ်းလျက်ဆောက်ကြောင့်ထိုင်နေရင်း တခြားခွေးဝိဉာဉ်များသူဆီလာရန်ညွှန်ကြာပြီးတစ်ကောင်ပြီးတစ်ကောင်နမ်းရူံလိုက်သည်။

     သိသိသာသာပငါထိုခွေးကြီးများခွေးဝိဉာဉ်များ၏ခေါင်းဆောင်ပင်ဖြစ်သည်။ဝူရုန်ကြောင့်သာ မဟုတ်လျင်သူတို့သည် သစ်သားသေတ္တာ၏ဆွဲဆောင်မူကိုခံရပြီး အဝါရောင်ဆံပင်နှင့်ကောင်လေးကိုတစစီ လုပ်ပစ်မည်ဖြစ်သည်။ သွေးစွန်း‌သွားသော‌ကြမ်းကြုတ်သည်ခွေးဝိဉာဉ်ကလံုးဝရူးသွပ်သွားကာမည်သို့သောဆိုးဝါးလွန်းသောအခြေနေနှင့်သွေးသံရဲရဲမြင်ကွင်းကို ဖော်ဆောင်မလဲဆိုတာ စိတ်ကူးကြည့်၍ပင်မရသောအကျိုးဆက်ပင်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now