Ch.9 Calamity Ghost

Start from the beginning
                                    

     "စားမယ် မင်းကိုစားပစ်မယ်!"

     အညစ်ကြေးအစုဝေးက ဝူရုန်ရင်ဘက်သို့ပြေးဆောင့်ကာအဝေးသို့တွန်းထုတ်လိုက်သည်။အမြင့်မှပြုတ်ကျ၍ ဖျော့တော့နေသော ဝူရုန်သည် ရုတ်တရက်တကိုယ်လုံးပေါ့ပါးသွား၍ အောက်ကိုငုံကြည့်လိုက်သောအခါ သူခန္ဓကိုယ်ကိုဖြတ်၍ နီရဲသောမြေပြင်နှင့် လျင်မြန်စွာနီးကပ်လာသည်ကိုတွေ့ရသည်။ ဝူရုန်သည် "သူ့"ကို သိပ်မဝေးသောနေရာ၌ မျက်လုံးမှိတ်ကာ အကြောသေသလိုပြုတ်ကျနေသည်ကိုတွေ့ရသည်။

    ဝူရုန်ဝိဉာဉ်ကမတည်ငြိမ်ပဲ တစ္ဆေလေးသည် သူ့ခန္ဓာကိုယ်မှသူ့ဝိဉာဉ်ကို ကန်ထုတ်လိုက်ခြင်းဖြစ်သည်။

    ဘုန်း!

    ကောင်းကင်တွင် မိုးကြိုးလျှပ်စစ်းများရှိနေသည်။ ကြည်လင်‌နေသောကောင်းကင်သည်ချက်ချင်းအုံ့ဆိုင်းလာပြီး မှင်ရောင်လိုနတ်မှောင်နေသည်။ နတ်မှောင်ထူထဲသောတိမ်များလေနှင်အတူရွေ့လာသည်မှာ ၀က်မည်ူများဖြစ်ကိုဖြတ်ပြေးလာသည်နှင့်တူသည်။ နတ်မှောင်နီ‌စွေးနေသောမှိန်ဖျဖျများ ကသိပ်သည်းလာသည်။ ထိုအရာသည် ဘေးဒုက္ခတစ္ဆေမွေး‌ဖွားလာခြင်းနှင့်တစ္တေဝိဉာဉ်ရှင်သန်လာခြင်း၏လက္ခဏာဖြစ်သည်။

     လေကကြမ်းလာပြီးလျှပ်စီးလက်၍မိုးကြိုးပစ်ချလာသည်။ အစောလေးကတင် မောက်မာနေသောတစ္ဆေလေးချက်ချင်းတုန်လူပ်သွားသည်။ ပင်ကိုယ်အကြောင်တရားနှင်ကြောက်လန့်မူက သူ့ကိုထိပ်လန့်တုန်ယင်စေသော်လည်း သူ့ရဲ့လောဘက သူ့ကိုရူးသွပ်သွားစေသည်။ ခဏမှသာတန့်သွားပြီး ဝူရုန်ဆက်၍ထိုးနှင်နေပြီး အနက်‌ရောင် တစ္ဆေအခဲကြီးက ဝူရုန်ကိုမြိုချရန်ပါးစပ်တခုလိုဟလိုက်သည်။
   
     သူ့မျက်လုံးထဲတွင်ဝူရုန်ကိုယ်ပေါ်ကထွင်းစာနဲ့အဆောင်တို့ရှိ၍ ပိုပြီး ဆွဲဆောင်မူရှိသောအစာနဲ့တူနေသည်။

     အန္တရယ်နဲ့ သတ်ဖြတ်မူကဝူရုန်မျက်လုံးထဲပြည့်လာပြီး သူ့တကယ်ဒေါသထွက်လာသည်။

     အား!

     စူးရှသေအော်သံနှင့်အတူ ရှေ့သို့ပြေး၀င်ချင်နေသောတစ္ဆေလေးနားရှိ အနက်ရောင်အရည်များ လေထဲလွင့်ပျယ်သွားပြီး ပိုစွမ်းအားကြီးသောအရာတခုနှင့်တိုက်မိသွာူသည်နှင့်တူသည်။ လောဘကြီးအနက်ရောင်မျက်နှာလေးကနောက်ဆုတ်သွားကာအဆုံး မရှိသောအကြောက်တရားသာကျန်ခဲ့၍ ရုန်းကန်ဖို့ပင်မဝံ့ရဲတော့ပေ _ ဝူရုန် သူ့လည်ပင်းကိုဖမ်းဆွဲလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now