Ch.8 Rebirth of the Child Ghost

Start from the beginning
                                    

' မင်းငါ့ကိုဘာလိုဘုရင်လို့ခေါ်နေတာလဲ? '
(T/N စိတ်ထဲကပြောတဲ့စကားတွေကို ' ' နဲ့ရေးပြီး အပြင်ကပြောတဲ့စကားများကို " "နဲ့ ဖေယ်ပြပါမယ်)

ဝူရုန်ထိုစကား‌ကြားသောအခါ မျက်မှောင်ကြုတ်နေသည်။ တချိန်တည်းမှာပဲ အေးစက်စက်အနံ့သက်များကိုစုတ်ယူလိုက်ရ၍ခန္ဓာကိုယ်ကအနှောင်အဖွဲ့တချို့လွတ်သွားသလိုခံစားရလိုက်သည်။ သူ့စိတ်ထဲမှမေးရန်ကြိုးစားလိုက်သည်။ ပထမအချက်အနေဖြင့် ဖမ်းဆီးချင်နေသောတစ္ဆေလေးကိုစိတ်ရူပ်ထွေးနေစေရန်နှင့် ဒုတိယကတော့ တက်နိုင်သမျှအချိန်ဆွဲနိုင်ရန်ဖြစ်သည်။

' ဘုရင်ကဘုရင်ပေါ့ '

အသေချာပဲ တစ္ဆေလေးကသူပြောတာကြားပြီးနောက်မပျော်တော့ပေ။ " ငါကခြေထောက်တချောင်းပဲ။ ဘုရင်ကြီးမင်းငါ့ကိုမေ့သွားပြီလား ? ငါကတော့သတိရသေးတယ်။ ငါကို စုတ်ဖြဲ မြိုချ ပြီး ခြေတဖက်ပဲချန်ခဲ့တာလေ ။ငါ့အထင်နောက်‌ ၆လ ရောက်ရင်ပေါ့ သိပ်တော့မမှတ်မိတော့ဘူး "

ဝူရုန် စကားလုံးတိုင်းကို နားလည်သော်လည်း အားလုံးပေါင်းလိုက်သောနားမလည်တော့ပေ။ (ဆိုလိုတာက သူစကားတွေကိုနားလည်ပေမယ့် သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကိုသဘောမပေါက်တာ ) ။ နောက်နှစ်၀က်ကြာရင် သူ့ကိုစုတ်ဖြဲ မြိုချမယ် ? ခြေတဖက်ပဲ ချန်မယ် ? ဒီကလေးမှာအနာဂါတ်မြင်နိုင်တဲ့အစွမ်းရှိတာလား ဒါမှမဟုတ် _ _

ရုတ်တရက် စိတ်ကူးယဉ်လိုတောင်မကောင်းတဲ့ ထင်မြင်ချက်တခု ဝူရုန်တွေးမိသွားသည်။

ဒီကလေးကပါပြန်လည်မ‌မွေးဖွားလာနိုင်ဘူး ။မလား။?

'စကားမစပ် ငါမမျှော်လင့်ထားဘူး '

ဝူရုန်မျက်နှာကအေးစက်သွားပြီး မျက်လုံးအကာကျွတ်သွားသည်။ ဝူရုန်မျက်လုံဖွင့်လိုက်သောအခါ ပြာနှမ်းနေသာကလေးမျက်နှာအသေးလေးနှင့် မျက်နှာချင်းဆိုင်သွားသည်။ တစ္ဆေလေးနှင့်ဝူရုန်မျက်နှာတအားကပ်နေပြီး ထက်ရှ၍နက်မှောင်သောသွားတို့ကို ထင်ရှားနေ‌သည်။ လူတယောက်နဲ့တစ္ဆေတကောင်အရမ်းနီးကပ်နေသည်။ သာမန်လူထိုမျက်ကွင်းကိုမြင်လျှင်‌ကြောက်လန့်မူကြောင့်ထုံထိုင်းသွားနိုင်ပေမယ့် ဝူရုန်ကတော့မတူ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now