တအံ့တဩဖြင့် ကျုံးဝမ်ကပြောသည်။ "ပုရောဟိတ်ကြီးက သူ့သိက္ခာသူ ထည့်မတွက်တော့ဘူးလား"

"ဆရာကဘာလို့ အဲ့အကြောင်း ဂရုစိုက်နေမလဲ။ ပြီးတော့လည်း မင်းကဆရာ့ရဲ့ နောက်ဆုံးတပည့်လေ။ ဒီကမ္ဘာက ဘယ်သူကမသိဘဲနေမှာလဲ။ ဆရာက အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခု စီစဉ်ထားခဲ့တယ်။ ကံမကောင်းတာက..." ထန်မင်က ခဏကြာအောင် စကားပြောရပ်လိုက်သည်။ "လွန်ခဲ့တဲ့နှစ်တွေ အများကြီးထဲက သူရော၊ သူ့မိသားစုရောက ဆင်းရဲတယ်။ သူက အရမ်းချမ်းသာတဲ့ မင်းသားငယ်ယွီနဲ့ မယှဉ်နိုင်ခဲ့ဘူး"

ကျုံးဝမ်မှာ ခေါင်းကိုငုံ့လျက် မရယ်ဘဲမနေနိုင်ပေ။

ထန်မင်က သက်ပြင်းချလိုက်ပြန်သည်။ "သူ့ရဲ့တခြားတပည့်က သူ့မျက်နှာကို ရွှေချောင်းနဲ့ဖြတ်ရိုက်လိုက်သလို ခံစားချက်က သူ့ကိုအဲ့နေ့မှာ အရမ်းစိတ်တိုစေခဲ့တယ်"

"ဆရာကမင်းရဲ့ရည်ရွယ်ချက်တွေကို သိနေခဲ့တယ်။ မင်းသားငယ်ယွီ မင်းကိုရွေးသွားတာကြည့်ပြီးတော့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ပြီးရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဖြစ်နေမှာကို စိုးရိမ်ခဲ့တယ်။ အဲ့တော့ သူလည်း ဝင်မပါတော့ဘူး။ နောက်ပိုင်းမှာ မင်းသားနင်ရဲ့ပြဿနာတွေ တည်ငြိမ်သွားပြီး မင်းသားနင်ရဲ့ကလေးတွေက ချန်အန်းကိုအပို့ခံလိုက်ရတယ်။ စစကတော့ ဆရာလည်း တခြားဘာမှဖြစ်မှာ မဟုတ်ဘူးလို့ တွေးခဲ့တာ။ ဘက်တိုင်းဘက်တိုင်းကလည်း သူတို့ရဲ့ရလဒ်ကို ရပြီးကြပြီ။ လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာကလည်း အဲ့လူကိုယ်တိုင်ဆီက လာတာပဲမလား။ သူ မတွေးခဲ့ဖူးတာက..."

ထန်မင်၏အကြည့်တို့က ကျုံးဝမ်ပေါ်သို့ ကျရောက်လာသည်။ သက်ပြင်းတစ်ခုက သူ့နှုတ်ခမ်းထက်မှ ထွက်ပေါ်လာသည်။ "သူမတွေးခဲ့ဖူးတာက မင်းထွက်ပြေးသွားနှင့်တာပဲ"

"ဆရာကမင်းရဲ့ရည်ရွယ်ချက်ကို သိနေလို့ မင်းထွက်ပြေးသွားတယ်လို့ ကြားတုန်းက ပိုပြီးတော့တောင်... မင်းကိုသနားခဲ့တယ်" ထန်မင်၏အကြည့်တို့မှာ ခန့်မှန်းရခက်လှသည်။ "ဆရာတူညီလေးက သစ္စာရှိပြီးတော့ ဖြောင့်မတ်တယ်။ ဆရာတူအစ်ကို ဒါကိုတော့ လေးစားမိတယ်။ ဆရာက သေသေချာချာသိနေခဲ့တယ်။ ဆရာတူညီလေး၊ မင်းချန်အန်းကို ထွက်ပြေးသွားတဲ့နေ့တုန်းက မင်းပြန်မလာတော့တာ သိသာနေတာကို ဘာလို့များ သေခါနီးဆဲဆဲမှာ ဆရာက မင်းကိုအရမ်းလွမ်းနေခဲ့ရုံတင်မကဘူး၊ မင်းအတွက် ဒီလိုမျိုးတွေတောင် စီစဉ်ပေးခဲ့ရတာလဲကို ဘာလို့မတွေးမိရတာလဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာजहाँ कहानियाँ रहती हैं। अभी खोजें