ရေသုတ်ပြီးအကျင်္ီပါးပါးလက်ရှည်လေကိုဝတ်ကာ
အနက်ရောင်ဘောင်းဘီအရှည်လေးကိုဝတ်
လာလိုက်သည်။

အားလုံးပြင်ဆင်ပြီးတော့ သူအခန်းအပြင်ထွက်
လာခဲ့သည်။

တဖက်အခန်းကတိတ်ဆိတ်နေတာမို့ သူမသွား
တော့ဘဲအောက်ထပ်ကိုဆင်းလာခဲ့ရာ ဧည့်ခန်း
ထဲမှာထိုင်နေတဲ့အာဏာ။

အနက်ရောက်ရှပ်အကျင်္ီကိုဝတ်ဆင်ထားကာ
တံတောင်ထိခေါက်တင်ထားပြီး ဘောင်းဘီအဖြူ
ရောင်အရှည်ကိုဝတ်ဆင်ထားသည်။

ရှည်လျားတဲ့အညိုရောင်ဆံပင်တွေကို နောက်မှာ
စည်းထားသည်ကဆွဲဆောင်မှုရှိစွာ။

သူ့ကိုမြင်တော့ လှည့်ကြည့်လာသည်။

"ကိုကို လာလေ"

ပြုံးကာ လက်လှမ်းလာတော့ သူအနားမှာ
ဝင်ထိုင်လိုက်သည်။ ရှေ့မှာထိုင်နေတဲ့အဖိုးအဖွား
နှစ်ယောက်ကိုမြင်တော့ အပြုံးလေးနှင့်။

"နေကောင်းတယ်မလားဖွားဖွား ဖိုးဖိုးရေ"

အပြုံးလေးနဲ့ဆိုလာတဲ့မင်းဆက်ကို အဖိုးအဖွားနှစ်ယောက်စလုံးကသဘောကျလို့မဆုံး။

"ကောင်းတယ်မြေးလေး လာပါဦး ဖွားဖွားဆီ"

ဖွားဖွားကလက်လှမ်းတော့ သူအနားသွားကာ
ထိုင်လိုက်တော့ ဖွားဖွားက ဘယ်လောက်တောင်
သတိရကြောင်း  လွမ်းနေကြောင်းစုံလို့ပင်။

ထို့အတူ ဖိုးဖိုးကလဲ မေးတာတွေနဲ့စုံလို့ပင်။

"ညစာစားကြမယ် "

ညစာစားချိန်ရောက်မှပဲစကား ရပ်သွားကြပြီး
ထမင်းစားခန်းထဲကိုဝင်လာခဲ့ကြသည်။

မိသားစုတွေထမင်းအေးအေးဆေးဆေးစားပြီးနောက်  ဖိုးဖိုးနဲ့ဖွားဖွားကတော့ အခန်းထဲဝင်သွားကြသည်။

လူကြီးဆိုတော့ စောစောစီးစီးအနားယူကြသည်။

ခဏတဖြုတ်စကားပြောပြီး မင်းဆက်နဲ့အာဏာ
လဲ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။

အရင်ဆုံးအခန်းထဲကို လှစ်ခနဲ့ဝင်သွားတဲ့ မင်းဆက်
ကြောင့် အာဏာဘာမှတောင်မပြောလိုက်ရ။

THE EYEWhere stories live. Discover now