ခဏကြာ ဓာတ်လှေကားအပြင်ထွက်ခဲ့တော့
အခန်းတစ်ခန်းရှေ့ရောက်လာသည်။

"ဒီအခန်းပဲသခင်လေးတို့ ဒုသခင်လေးက ဟိုဘက်အခန်း"

"ဟမ် တစ်ခန်းထဲမဟုတ်ဘူးလား"

သူကြောင်ပြီးမေးလိုက်တော့ ထိုဦးလေးကြီးကမျက်လုံးပြူးသွားသည်။

နားမလည်သလို။

ဟုတ်တယ်လေ၊ အခန်းကတစ်ခန်းထဲဆိုရနေပြီကို။

"အာ ဦးလေး ရပြီ သွားတော့လေ ပစ္စည်းတွေကိုယ့်ဘာသာထားလိုက်မယ်"

မင်းဆက်က ရုတ်တရက်ထပြောတော့အာဏာလဲငြိမ်နေလိုက်သည်။ ဦးလေးကြီးကတော့ ခေါင်းညိတ်ကာ

"ဟုတ်ကဲ့ လိုအပ်တာရှိရင်ပြောပါဦး"

"ဟုတ်ကဲ့ပါ"

ဦးလေးကြီးကထွက်သွားမှမင်းဆက်ကသူ့ကိုလှည့်ကြည့်လာသည်။

"မင်းငါ့အခန်းထဲမလာနဲ့"

"ဟမ်!"

ပြောပြီးအခန်းထဲဝင်သွားတဲ့မင်းဆက်ကြောင့်အံ့ဩကာကျန်ခံရပြန်သည်။ ဘာလဲ ။

အမြဲတမ်းတစ်ခန်းထဲတူတူနေလာတာကိုခုမှခွဲနေရတော့မှာလား။

================

အခန်းထဲဝင်လာတာနဲ့မင်းဆက် လက်ဂေ့ခ်ျအိတ်
ကိုချလိုက်ကာမွေ့ရာပေါ်တတ်လိုက်သည်။

မွေ့ရာအိအိလေးပေါ်ရောက်တော့အိပ်ချင်စိတ်က
ထွက်ပေါ်လာသည်။ ခေါင်းအုံးကိုဆွဲယူလိုက်ကာ အဝတ်အစားပင်မလဲတော့ဘဲ အိပ်စက်လိုက်သည်။

သူနိုးလာတော့ ညနေတောင်ရောက်လို့။ဆက်ပြီးမအိပ်သင့်တော့တဲ့အချိန်မို့ သူရေချိုးဖို့လုပ်ရသည်။

ချက်ချင်းမချိုးသေးဘဲပစ္စည်းတွေသေချာချပြီးမှ
ရေချိုးခန်းထဲဝင်ကာရေချိုးလိုက်တော့လန်းဆန်းသွားသလို။

တစ်နေ့လုံးလေယာဉ်စီးလာတာရယ် အိပ်လိုက်
တာရယ်ဆိုတော့ လူကငြီးစိစိကြီးဖြစ်နေသည်။

ရေအေးအေးလေးနဲ့ထိတွေ့လိုက်တော့ ပေါ့ပါး
လန်းဆန်းသွားသည်။

THE EYEWhere stories live. Discover now