===================

" ဖေဖေ Daddy!"

အိမ်ထဲရောက်ရုံရှိသေး ချက်ချင်းကိုအိမ်ဝက အဖေ၂ယောက်ကိုပြေးဖက်သည်။

သူလဲ ကားပေါ်ကအိတ်ကိုယူကာနောက်ကလိုက်လာခဲ့သည်။

"ကျွန်တော်ကလွမ်းနေတာ "

"ပြန်သွားတာဘယ်လောက်ကြာသေးလို့လဲ"

"ခဏလေးပင်မဲ့ ကျွန်တော်ကDaddyတို့နဲ့
နေချင်လို့ ပြီးတော့ ဖွားဖွားတို့ဖိုးဖိုးတို့ရော
မတွေ့ရတာကြာပြီလေ အဲ့တာကြောင့်"

Daddyကိုဖက်ကာ သူတွေ့ချင်တာတွေကို
အနားတမ်းပြောနေတဲ့ကိုကိုကြောင့်ပြုံးမိသည်။

လိုချင်တာရသွားတဲ့ကလေးလို။ ခုတော့လိုက်
ပို့ပေးတဲ့လူကိုလှည့်တောင်မကြည့်တော့။

"လာ အထဲသွားရအောင် သားငယ်လာ"

"ဟုတ်ကဲ့ဖေဖေ"

ဖခင်နှစ်ယောက်နဲ့အတူအိမ်ထဲကိုဝင်လာခဲ့သည်။
ငယ်ငယ်ကတစ်ခေါက်သာရောက်ဖူးတော့ သိပ်မမှတ်
မိ။

ကိုကိုကတော့ ၂ခေါက်လောက်ရောက်ဖူးသည်။

"အခန်းတွေပြင်ပြီးသား အရင်သွားနားလိုက်ဦး ညကျမှသားဖွာဖွားတို့နဲ့အေးအေးဆေးဆေးစကားပြောကြတာပေါ့"

"ဟုတ်ကဲ့ Daddy"

"အခန်းက ဘေးချင်းကပ်လျက်ပဲ"

ဖေဖေကတစ်ဖက်က အသက်ကြီးကြီးဦးလေးဘက်ကိုလှည့်ကာ

"ကလေး၂ယောက်ကိုအခန်းလိုက်ပြလိုက်ဦး"

"ဟုတ်ကဲ့"

"သခင်လေးတို့ လာ"

သူတို့နှစ်ယောက်လဲ ရှေ့ကဦးလေးကြီးနောက်ကို
luggageအိတ်ဆွဲကာလိုက်လာခဲ့သည်။

ရှည်လျားတဲ့လှေကားကြီးကိုကျော်ကာတဖက်ကို
လာခဲ့တော့ မြင်လိုက်ရတာ ဓာတ်လှေကား။

၃ယောက်စလုံး ဓာတ်လှေကားထဲဝင်ကာ
အပေါ်ထပ်ကိုတတ်လာခဲ့သည်။

ဘေးနားကကိုကိုကို့ကြည့်လိုက်တော့ မျက်လုံး
လေးမှေးလို့၊ ကြည့်ရတာပင်ပန်းပြီးအိပ်ချင်နေပုံ။

THE EYEWhere stories live. Discover now