"ဒီကိုလာ "

ပေါင်ကိုပုတ်ပြလိုက်တော့ လှည့်ကြည့်လာသည်။ ထို့နောက် လှုပ်စိလှုပ်စိနဲ့သူ့အနားရောက်လာသည်။

"ထိုင်"

လက်သွယ်သွယ်လေးကိုဆွဲကာ ထိုင်ခိုင်းတော့

"ခဏပဲနော်"

"အင်း ခဏပဲ"

ခဏဆိုကာမှ ထိုင်သည်။သူ့ပေါင်ပေါ်မှာလာထိုင်သည်။ သူလဲ ပေါင်ပေါ်မှာထိုင်နေတဲ့သူရဲ့ုဂုတ်ဖွေးဖွေးလေးကိုငုံ့နမ်းလိုက်တော့လှည့်ကြည့်လာသည်။

"ငြိမ်ငြိမ်နေ"

တည်တည်ငြိမ်ငြိမ်လေးနဲ့ပြောပြီးပြန်လှည့်သွားကာငြိမ်နေပြန်သည်။ သူ့ပေါင်ပေါ်မှာအေးအေးဆေးဆေးထိုင်နေရင်း ခပ်တည်တည်နေတော့အသဲယားလာပြန်သည်။

ခါးကိုကိုင်လိုက်တော့ တွန့်ခနဲ့ဖြစ်သွားသည်။စချင်တဲ့စိတ်ကပေါ်လာတော့ ခါးကိုကလိထိုးတော့ရုန်းကာလှည့်ကြည့်လာကာ

"ငြိမ်ငြိမ်နေ "

"ယားတယ်လား"

"မယားဘဲနေမလား"

ယားတတ်တော့ ပိုပြီးစချင်စိတ်ကြောင့်ခါးကိုသာကလိထိုးလိုက်တော့အတင်းရုန်းပြန်သည်။

ယားတဲ့အချိန်ကျမှ ခုနကခပ်တည်တည်မျက်နှာလေးကပျောက်သွားပြီး အစွယ်လေးတွေပေါ်အောင်ရယ်မောသည်။

"ဖယ် ယားပါတယ်ဆို "

အတင်းသူ့ဘက်ကိုလှည့်ကာ ရယ်ရင်းဆိုလာသည်။ မချိုမချဉ်ပြုံးပြလိုက်တော့ စိတ်တိုသွားပုံပင်။

သွားချွန်ချွန်လေးတွေနဲ့ သူ့ပခုံးကိုကိုက်သည်။

အစွယ်လေးနဲ့ကိုက်တော့မနာဘဲနေတော့မလား။

ပခုံးမှာ အကွင်းလိုက်ကြီး။

မူယာမာယာများပြီး အကျင်္ီကိုဖယ်ကာပခုံးကသွားရာကြီးကိုကြည့်ကာ မျက်နှာမဲ့လိုက်သည်။

"အရာတောင်ထင်တယ် အငယ်ကိုအနိုင်ကျင့်တယ် ကြည့်စမ်း"

သူပြောလိုက်တော့ ခါးကိုလှည့်ကာ သူ့ပခုံးကိုကြည့်လာသည်။

THE EYEWhere stories live. Discover now