"မဆာလ့ို ကုမ္မဏီကိုသွားမှာမလား သွားလေ"

မှီထားတာကိုခွာလိုက်ကာပြောတော့ မျက်မှောင်ကြုတ်ကြည့်လာသည်။

ဘာလဲ၊ မျက်မှောင်ကြီးကြုတ်ပြီးကြည့်ပြန်ပြီ။

"အတင်းကိုနှင်ထုတ်နေတာပဲ ဘာလဲ ရှက်လို့လား"

နားနားကိုကပ်ပြောလာတော့ တစ်ကိုယ်လုံးကြက်သီးထသွားသည်။

ရှေ့ကလူကိုတွန်းလိုက်ပြီး ခပ်တည်တည်နဲ့

"သွားတော့ စမနေနဲ့"

"အင်းပါ သွားတော့မယ်"

ပါးပြင်ကိုနမ်းကာထွက်သွားတဲ့အာဏာရဲ့ကျောပြင်ကိုကြည့်ကာ မျက်ခုံးကိုကုတ်ထားလိုက်သည်။

သူ့ထက်အကြီးကိုအငယ်လိုဆက်ဆံနေတယ်။

ခဏကြာတော့ကားသံကြားလိုက်ရတဲ့အတွက်ကုမ္မဏီသွားပြီဆိုတာကိုသိလိုက်သည်။

အာဏာထွက်သွားမှသက်ပြင်းချနိုင်သည်။မဟုတ်ရင် သူ့ကိုစနောက်နေမှာမခံနိုင်။

================

"ဒီကိုလာ"

ရှေ့ကမတ်တတ်ရပ်နေတဲ့ မင်းဆက်ကို သူ့ပေါင်ပေါ်လာထိုင်ဖို့ပြောလိုက်တော့ ခပ်တည်တည်။

ဘယ်လိုတောင်လဲ၊ နည်းနည်းပါးပါးလေးပြုံးပါဦး။ သူ့တပည့်လေးမှတ်နေလားမသိဘူး။

"မလာချင်ဘူး  ရော့"

လက်ထဲက ကိုင်ထားတဲ့ကော်ဖီခွက်ကိုသူ့အလုပ်စားပွဲပေါ်တင်ပေးလာသည်။ ဩော် ဒါလေးလာပေးတာပေါ့။

"သွားတော့မယ် မင်းလဲစောစောစီးစီးနားတော့"

ခပ်တည်တည်နဲ့ပြောကာ သူ့ရှေ့ကလှည့်ထွက်ရန်ပြင်
သည်။

သူသည်းမခံနိုင်တော့။ အတူတူစနေပြီးတဲ့နေ့ထဲက သူ့ကိုလျစ်လျူရှု့ထားတာ။

"ဘာလို့လဲ ခေါ်နေတယ်လေကုမ္မဏီကပြန်လာတာ တနေ့လုံးမတွေ့ရသေးတာကို ခုသွားအိပ်တော့မယ်ပေါ့"

ခပ်တည်တည်နဲ့ပြောလိုက်တော့ အနည်းငယ်တော့တွန့်သွားသည်။ အပြင်ထွက်ရမလား။ ဆက်နေရမလားစဉ်းစားနေပုံ။

THE EYEWhere stories live. Discover now