|| Unicode ||
Puff!
လျှို့ဟူသည်မူန်ကုတ်ကုတ်မျက်နှာထားနှင့် သွေးတလုပ်အန်လိုက်ကာ သူမျက်နှာသည်လည်း ရွှေစက္ကူကဲ့သို့ဝါကြန့်ကြန့်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှလွန်စွာကြည့်ရဆိုးနေ၍ သွားများကြိတ်ထားပြီးလျက် သူ့ဟန်ချက်ကိုထိန်းထားသည်။
" ဘာလို့အာ့လိုဖြစ်တာလဲ? အာ့တာကဘာလို့ဆုဂျင်းဂျင်းကိုသတ်လိုက်တာလဲ ?"
"မြန်မြန်ဆက်ပြီးတူး"
စိတ်မရှည်၍နူးညံ့သည့်အသံတစ်ခုလျှို့ဟူ၏ဘယ်လက်မောင်း ဆီမှ ထွက်လာကာသူချက်ချင်းပင်ကြောက်လန့်တကြ တူရွှင်းကိုကောက်ကိုင်ကာ ဆက်လက်တူးနေလေသည်။ သူသည် ထူးဆန်းသည့်နေရာသို့ရောက်နေပြီး ကောင်းကင်သည်မှောင်မည်းကာမိူင်းညှို့နေ၍ လေထဲတွင် တခုခုကိုမီးရှို့ထားသည့်ပြာများလွှင့်နေသလို အနက်ရောင်အမူန်များလွှင့်နေလေသည်။
လျှို့ဟူသည် ကျက်တီးတောင်၏တောင်စောင်းတွင်ရပ်နေသည်။ ထိုနေသည်အလွန်သီးခြားဆန်ကာဝေးကွာလှသည်။ လျှို့ဟူခြေထောက်နားတွင်အုတ်ဂူရိုင်းများစွာရှိနေပြီး အများစုမှာ တူးဖော်ခံထားရ၍ သူခြေထောက်အောက်မှ တစ်ခုသာကျန်လျက် ထိုတစ်ခု၏အ ပေါ်အလယ်တွင် ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခုရှိနေသည်။
လျှို့ဟူသူ့၏ခွန်အားအားလုံးသုံးကာ အနည်းငယ်မျှတူးပြီးသော်အခါ ဂူကိုဖွင့်လိုက်ပြီးနောက် ခေါင်းပြားပြားနှင့်အနက်ရောင်ပုရစ် ခုန်ထွက်လာသည်။ ထိုကဲ့သို့ပုရစ်မျိုးမှာ သေးငယ်၍နက်မှောင်ကာ ကျောမှနဖူးထိပြားချပ်နေပြီး မှောင်ရိပ်ကျသောကျောက်တုံးများအောက်နေရသည်ကိုကြိုက်ကြသည်။ သချိုင်းထဲတွင်များစွာရှိပြီး ကျေးလတ်ဒေသတွင် "အခေါင်းပြား"ခေါ်ကြသည်။ သူခုန်မထွက်ပြီး လျှို့ဟူသည်တူရွှင်းနှင့်သေအောင်ရိုက်ချလိုက်ပြီးဘေးသို့ထိုးလိုက်ကာ ပို၍ဂရုတစိုက်တူးဖော်ပြီးနောက် ခဏကြာတွင်ရပ်သွားသည်။
"အောက်ဘက်ပိုင်းအားလုံးကအင်္ဂတေတွေကြီးပဲ"
"ကောင်းပြီ ရပ်တော့ အင်္ဂတေကိုမတူးနဲ့ ။ အချိန်ကျလာတဲ့အခါ ကောင်းကင်ဘုရင်တောင်မင်းကိုမကယ်တင်နိုင်တော့ဘူး "
မိန်းမဆန်ဆန်အမျိုးသား၏စိတ်အခြေနေပိုကောင်းလာပြီး အသံမှာညင်သာလာသည်။ အချိန်အတော်ကြာနားထောင်နေကြဖြစ်သည့်လျှို့ဟူပင်လျှင် ခဏမျှငေးငိုင်သွားကာ " မင်းရဲ့တကယ့်ကိုယ်ထည်ကဒီမှာမြုပ်ထားတာမလား?"
သူရည်ညွှန်းသည့်အုတ်ဂူမှာ အလယ်ရှိ ရွှေရောင်အဆောင်လက်ဖွဲ့ ထားရှိထားသည့်နေရာဖြစ်သည်။ လျှို့ဟူအနားမကပ်ရဲ၍အဝေးမှနေ၍ အုတ်ဂူပေါ်မှရွှေရောင်လက်ဖွဲ့ကိုသွားရည်ကျနေတော့သည်။ တာအိုထွင်းစာများနှင့်ကွဲပြားကာ ထိုထွင်းစာတွင် လော့ချာ (နတ်ဆိုး၊ လူသားစားဝိဉာဉ် ပုံပြောင်းနိုင်၍ လေသို့မြေပေါ်တွင် မြင့်မားသောအမြန်နူန်းဖြင့်ရွေ့လျားနိုင်၊လော့ချာ Rashasaစကားလုံး သံသကရိုက်ဘာသာစကားမှလာပြီး နတ်ဆိုးအမျိုးစား သို့ သူတစ်ပါးအားမကောင်းကြံစည်တက်သည့်မကောင်းဆိုးဝါး) တစ်ကောင်၏ရှုံမဲ့နေသောမျက်နှာ၊ Vajra (တိဘက်ဗုဒ္ဓဘာသာအခမ်းနားမှ ခရင်းငါးခုပါရိုးရာပစ္စည်း၊ Vijrayana ဗုဒ္ဓကျောင်းတော်၏ အမှတ်အသား၊ Vijraဆိုသည်မှာ သံသရိုက်ဘာသာစကားတွင် 'မိုးကြိုးသွား'နှင့် 'စိန်'နှစ်ခုလုံးကိုဆိုလိုသည်။မိုးကြိုးသွားကဲ့သို့ Vijraသည် မသိနားမလည်မှုကို ခုတ်ပိုင်းနိုင်သည်) ၏စူးရှတောက်ပခြင်း၊တာအိုဘုန်းကြီးတစ်ပါးသည်ထိုအပေါ်တွက်သွေးနှင့်ရေးဆွဲထားသည်။ အဝေးမှဆိုလျှင် ထိုအရာမှာသာမန်အဆောင်လက်ဖွဲ့လိုပင်။ သို့သော်အနီးကပ်ကြည့်သောအခါ ထိုအပေါ်တွင် ဗုဒ္ဓအငွေ့သတ်အနည်းပင်မရှိသည်ကိုတွေ့ရမည်။ နတ်ဆိုး၏အရှိန် မှာသွေးသံရဲနေကာ အချိန်အတော်ကြာကြည့်မိလျှင် ၎င်းသည် ကျားတစ်ကောင်ကမျက်လုံးပြူးကျယ်စွာဖြင့် သူ့၏သွေးသံရဲရဲပါးစပ်ကိုဖွင့်ထားကာ ပြေးလာနေသလိုခံစားရစေသည်။
" မင်းရဲ့မျက်လုံးတွေကတိမ်ကွယ်နေတာပဲ။ မင်းက ဒေါသပုန်ထနေတဲ့ကျားထိန်းချုပ်အဆောင်ကိုတောင်ကြည့်ရဲတယ်တယ်။သတိထား!"
မိန်းမဆန်ဆန်အမျိုးသားအသံမှာရယ်မောကာကျိန်ဆဲနေရင်းရုတ်တရက်အသံနေထားပြောင်းသွားကာ " အိုး ငါ့အချစ်လေး၊ငါ့အချစ်လေးကဗိုက်ဆာနေတာပဲ'
" မြန်မြန်၊ သူတို့အသားတချို့ကျွေး၊သေစမ်း မင်းဘာလို့အရမ်းတွေကန်း တွေရတာလဲ?"
လျှို့ဟူမျက်နှာအသားရေလူပ်ခပ်သွားသော်လည်း ထိုသူ့ကိုမဆန့်ကျင်ရဲ။ တူရွှင်းကိုချလိုက်ကာ သူ့ဘေးရှိတောင်ပူစာပေါ်မှပလက်စတစ်အိပ်ကိုကောက်ယူ၍ ထိုထဲမှာသွေးသံရဲရဲနှလုံးတဝက်ကိုထုတ်ယူလိုက်သည်။ သူဘယ်လက်နဲ့ထုတ်ယူပြီးလျှင်ပြီးချင်း သူ့လက်မောင်းသို့ခွေးတက်လာပြီး ဟောင်၍နှာမူတ်ခြင်းမလုပ်ပြီးအနည်းငယ်မျှသာစောင့်လိုက်ရသည်။ အခုအခါ လျှို့ဟူဘယ်လက်မောင်းမှ ရက်စက်သောခွေးတက်တူးမှာပိုပို၍ပြီးပြည့်စုံလာပြီးဖြစ်သည်။ သူ၏ကိုယ်ထည်မှာ လျှို့ဟူရင်ဘက်တွင်ကန့်လန့်ဖြတ်နေပြီး သူ၏မြှောက်ထားသော အမြှီးမှာ သူ့ပုခုံးပေါ်ရောက်နေသည်။
တခါတရံလျှို့ဟူသည် သူ့ဘယ်မောင်းဆီမှတုန်ခါမှုကိုခံစားရသည်။ အတွင်းဘက်ဆီမှတခြားနှလုံးတစ်ခုခုန်လှုပ်နေသလိုထိတ်လန့်စရာကောင်းနေသည်။
"အိုကေ၊ မင်းရဲ့သရဲဘောင်ကြောင်မှုကိုကြည့်ပါဦး"
ခွေးတက်တူမှနှလုံးကိုဝါးမြိုလိုက်သောအခါ လျှို့ဟူလက်မောင်းမှသွေးကိုပင်လျှက်လိုက်သေးသည်။ နူးညံ့သောအသံမှာပျင်းရိစွာထပ်ပြောလာသည် " မင်းကိုငါဂရုမစိုက်ဘူးလို့ထင်နေတာလား?"
လျှို့ဟူအသံမထွက် သူ့အင်္ကျီကိုချွတ်ကာ ရင်ဘက်ပေါ်မှတက်တူးကိုငုံ့ကြည့်လိုက်သည်။ အရင်က ရက်စက်သည့်ခွေးတက်တူမှာခွေးခေါင်းသာရှိပြီး အခုမှာတော့ကိုယ်ထည်ပါရှိနေ၍ အခြေခံအားဖြင့်ပြည့်စုံပြီဖြစ်ကာ လည်ပင်းနောက်တွင်လည်း ပုံစံကွက်များပိုများလာသည်။ ပထမဆုံးကြည့်လိုက်လျှင် အမြှောင်းပုံစံမှာကျားနှင့်တူကာ သို့သော်အဝေးမှကြည့်လျှင် ပုံစံကွက်တစ်ခုကိုတွေ့နိုင်သည်။ ထိုအရာအားလုံးပေါင်းစပ်ကြည့်လိုက်လျှင် အလျားလိုက် မျက်နှာတဝက်နှင့်မြေခွေးခေါင်းနှင့်တူသည်။
"ငါ့ကြောင့်မို့သာမဟုတ်လျှင် မင်း ရဲသားလေးရဲ့အဖမ်းခံနေရလောက်ပြီ၊ ထင်းကန်ရဲ့အဟကြားထဲမှာ ပုန်းလို့ဘယ်ရမလဲ? ဒီညမင်းထွက်သွားပြီးတော့ နောက်ဆုံးကျန်တဲ့တစ်ယောက်ကိုသတ်ပြီးရင် သူမခေါင်းကိုဝဲထဲပစ်ထည့်လိုက်။ အက်ကြောင်းကနေ ထင်းကန်အသေးမှအကြီးကြီး တွေဆီရောက်တဲ့လမ်းကြောင်းအလိုလျောက်ပွင့်လာပြီးတော့ ယင်ချီတွေဒလဟောစီးဆင်းလာပြီး ကျားထိန်းချုပ်အဆောင်ကိုရှင်းသွားပေးလိမ့်မယ်။ ငါအဲ့နည်းနဲ့ပဲခွေးတစ္ဆေဘုရင်ကိုဝါးမြိုမှာ သူဘဝကူးသွားပြီးရင်တော့မင်းလုံးဝလွတ်မြောက်သွားပြီ"
လွတ်မြောက်တယ်။
ထိုစကားကိုကြားသောအခါ လျှို့ဟူတုန်လူပ်သွားကာ စိတ်လှုပ်ရှားသည်လားကြောက်သည်လားသူမသိတော့ပေ။သို့သော်ပြန်လည်ရှင်သန်ပြီးနောက်ဟူရှင်းကတိပေးထားသော အင်းအားကြီးလှသည့်စွမ်းအားကိုတွေးမိသောအခါ သူစိတ်ထဲမှတုန့်ဆုတ်မှုများပျောက်ကွယ်သွားသည်။ သူအသက်ရူသံမှာ လေးလာလာပြီးမျက်လုံးများရဲလာကာ သူ၏နောက်ဆုံးကျိုးကြောင်းဆက်စပ်သည်လည်းယိမ်းယိုင်သွားကာ " ဒါပေမယ့်အခုနံပါတ်၁ကချီဖန်းဖန်းဖြစ်လာပြီ ငါ…"
"အရူး မင်းမှာငါရှိနေတာဘာကိုကြောက်နေတာလဲ?"
"သွားပြိး အဆင်သင့်လုပ်"
သူပြောစကားကိုကြားသောအခါ လျှို့ဟူစကားပြောတာကိုရပ်လိုက်ပြီး တူရွှင်းပိုကောက်ယူကာထပ်မံ၍အလုပ်စလေသည်။ ခွေးအားအစာကျွေးစဉ်က ချွတ်ထားသောအင်္ကျီကိုထပ်မဝတ်တော့ပဲ ရက်စက်သောခွေးတက်တူးမှာတအိအိလူပ်နေသောကြွက်သားများအောက် အလိုအလျောက်လိုက်လူပ်နေသည်ဟုထင်ရသော်လည်း ရှင်းလင်းပြတ်သား၍သိသာမြင်သာသောအပိုင်းမှာ ခွေးနောက်ကျောမှမြေခွေးခေါင်းဖြစ်ကာ ကွေးနေသော မြေခွေးပါးစပ်နှင့်ရှည်လျားသောမျက်လုံးများကမြင်နေသယောင်ပင်။
"အရူး မြေခွေးရဲ့အသက်ရူသံသေးသေးလေးကတောင်မင်းကိုဒီလောက်ဆွဲဆောင်နိုင်နေရင် မြောက်အရပ်တောင်ရှာတွေ့တော့မှာမဟုတ်ဘူး "
"ဗိုက်ဆာတယ်၊ဗိုက်အရမ်းဆာနေပြီ နှစ်တွေအကြာကြီးစောင့်ပြီးမှတော့ လူသွေးတွေကချဉ်ပြီးအနံ့သက်ထွက်လာပြီပေါ့...မဟုတ်သေးဘူး"
ဟူရှင်းသည် ဝူရုန်ကိုတွေ့ဆုံခဲ့စဉ်ကပင် အချိန်တိုင်းအမှတ်ရနေကာ မြေခွေးမျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး သွားရည်ကျသည့်အရိပ်ယောင်ပုံနေကာ " ငါထွက်လာလို့ရသွားပြီးလျင် ငါကောင်းတဲ့အရာလေးတစ်ခုသောက်ရလိမ့်မယ်"
"Wuwu__"
နတ်ဆိုးခွေးတက်တူး၏ဟောင်သံမှာဟူရှင်း၏အာရုံကိုအနှောင့်ယှက်ပေးလာသည် " ခွေးလိမ္မာလေး ခွေးလိမ္မာလေး မင်းကသစ္စာရှိခွေးပဲ ဒါပေမယ့် လျှို့ဟူကအရူး၊ မင်းသိပါတယ်ပိုင်ရှင်က ကြမ်းတမ်းတဲ့သူမဟုတ်ဘူဆိုတာ ဒါပေမယ့်စိတိမပူပါနဲ့ ခွေးလိမ္မာလေး။ ငါမင်းကိုစားပြီး သူတို့ နှစ်ဦးလုံးကိုသတ်ပစ်မယ်"
" စိတ်မပူနဲ့ ငါသတ်ခံရသူတွေကမနာကျင်ရုံသာမက ပျော်ရွှင်မှုပါခံစားရသေးတာ "
"Bork wuu…"
__________
"ဘယ်မှာခွေးဟောင်နေတာလဲ? အရမ်းထူးဆန်းတယ်။ ဒီလောက်ငယ်ငယ်လေးနှင့်သွေးလေခြောက်ခြားပြီးကြားချင်ရာကြားတာလေစတင်နေပြီလား?"
ဟွမ်းမောင်သူနားကိုကလော်လိုက်ပြိး ပဟေဠိဖြစ်စွာငေးငိုလျက်ဗီလာထဲပြန်ဝင်သွားသည်။တံခါးဖွင့်လျင်ဖွင့်ခြင်း လေထုမှာမြူးကြွမှုများဖြင့်ပြည့်နေလျက် ကာလာစုံနေသောဆံပင်များနှင့်ကောင်လေးများသည်တုတ်ထိုးများနှင့်သောက်စားပျော်မြူးနေကြရင်း အချက်ပြလာသည် " အကိုချန်ပြန်လာပြီ!"
"မယ်တော်ဘုရားကိုပြန်ပို့ပေးပြိးပြီလား?!"
"ဒါပေါ့ မင်းတို့ရဲ့အကိုချန်ကိုအထင်မသေူနဲ့...ဟစ် ဒီမျောက်မြေးလေးကတော့လေအေူပေးကိုဒီလောက်နိမ့်ထားရလား ငါကိုသတ်နေသလိုပဲ!"
အေးစက်သောလေသည်ဟွမ်းမောင်ခြေချင်းဝတ်များဆီတိုက်ခက်လာပြီး ခိုက်ခိုက်တုန်အောင်အေးစေကာ သူနောက်ကျောမှအမွေးများပင်ထောင်ကုန်သည်။ ဒီနေ့ ဝူရုန်အမေသူ့ကိုလာရှာသည်။ ထိုအကြောင်းကိုကြားသော်အခါ ဟွမ်းမောင်ချက်ချင်းလက်ခံတွေဆုံခဲ့ပြီး ဝူရုန်သည် တစ္ဆေများကိုပျိုးထောင်ကာ ငုပ်လျှိုးနေကြောင်းနှစ်သိမ့်ခဲ့သည် (စစ်ဆင်ရေးသည်လွန်စွာအန္တာရယ်များလွန်းသဖြင့် ဝူရုန်သူအမေကိုမပြောပြခဲ့ပဲ ဟွမ်းမောင်ကိုဖုံးထားပေးရန်ပြောခဲ့သည် ) ။ ထိုသိုပြောပြီးနောက် အမေဝူမှာမရေမရာနှင့် ပြန်သွားရန်ဖြောင်းဖျခံလိုက်ရသည်။
ဟွမ်းမောင်တံခါးပိတ်ပြီးနောက်ဘသူ့ပါးစပ်ကိုရိုက်လိုက်ရင်းစားပွဲဆီသို့သွားလိုက်ကာ ဘီယာအေးတစ်ဗူးကိုကောက်ယူ၍ သူပါးစပ်ထဲလောင်းချလိုက်သည်။
"ကောင်းလိုက်တာ!"
"အကိုချန် တိုက်ရိုက်လွှင့်တာမကြာခင်စတင်တော့မယ်။ တိုက်ရိုက်လွှင့်တာနံပါတ်၃တိုက်ရိုက်ခန်းကစတင်လိမ့်မယ်!"
"ဟမ်? တကယ်လား?"
ဟွမ်းမောင်သူဖုန်းကိုထုတ်ကာကြည့်လိုက်သည်။ သူ ဆိုဖာပေါ်ထိုင်နေသောညီအကိုများကြာတိုးဝင်လိုက်ကာ ပြောသည် " ပါးစပ်ပိတ်! အကိုကတိုက်ရိုက်ထုတ်လွှင့်တော့မယ်။ မင်းတို့တယောက်ချင်းစီရဲ့အရည်ချင်းပေါ်ဂရုစိုက်ထား !"
ထင်းကန်တိုက်ရိုက်လွှင့်မှုတွင် အမျိုးမျိုးသောထုတ်လွှင့်သူတို့အား ထုတ်လွှင့်မှုအစီရင်ခံချက်များပြုလုပ်ခွင့်ပြုထားပြီး အဝေးပြေးလမ်းနံပါတ် ၉တွင်မတော်တဆဖြစ်ပွားကတည်းက ဟွမ်းမောင်သည် လျှို့ပေါင်နှင့် ဆက်လက်ဆက်သွယ်ဖို့မလိုလားတော့ပေ။ သူသည်အခု တိုက်ရိုက်ထုတ်လွှင့်ခြင်းအားစိတ်မဝင်စားတော့။ ထိုသိုဖြစ်ပြီးေနာက်ဝူရုန်မှာ ထင်းကန်ထဲစစ်ဆင်ရေးအတွက်သွားရသည်။ ဟွမ်းမောင် စိတ်သက်သာရာရပြီး သူအား ထင်းကန်၏တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းရိူရှင်းစွာရှင်းပြခဲ့သည်။
သူသည် ကြည့်ရှုသူများအားအဓိပ္ပါယ်မရှိပြောနေခဲ့လျှင်တောင် ထင်းကန်၏လှည့်ကွက်များနှင့်သူ့၏ရယ်စရာပြက်လုံးများပေါင်းလိုက်လျှင် ကြည့်ရှုသူတအုပ်ကြီးကိုဆွဲဆောင်နိုင်ပြီး သူ၏တိုက်ရိုက်ခန်းတွင်း လူများစွာနေစဉ်လာနေမည်ဖြစ်သည်။
ဟွမ်းမောင်၏မျက်လုံးမှာမည်မျှပ
ပင်စူးရှနေ ပါစေ သူ့အကိုဝူ၏ထုတ်လွှင့်ခန်းကိုရှာမတွေ့သည်မှာစိတ်မကောင်းစရာပင်။ အကိုဝူ၏စရိုက်ကိုထည့်သွင်းစဉ်းစားကြည့်လျှင် အကိုဝူမှာတိုက်ရိုက်ထုတ်လွှင့်သည်ကိုစိတ်မဝင်စားဟုခန့်မှန်းလို့ရသည်။
"ငါထင်တာက အကိုချန်ကအကိုရုန်ရဲ့တိုက်ရိုက်ခန်းကအရာတွေကိုကြည့်နေတယ်လို့လေ ဘာလို့မိန်းမလှလေးကိုကြည့်နေရတာလဲ?"
ဟွမ်းမောင်ကျွမ်းကျင်စွာနှင့်တိုက်ရိုက်ခန်းနံပါတ်သုံးကိုဖျတ်လိုက်ပြီး သန့်စင်၍လှပသောအထက်တန်းကျောင်းသူယူနီဖောင်းဖြင့်မိန်းကလေးတစ်ဦး TVစခရင်ပေါ်ပေါ်လာသည်။ ညီငယ်လေးတစ်ယောက်မှာ အသံတိုးတိုးဖြင့်မှတ်ချက်ပေးသည် " ဝိုး အကိုချန်မှာအမြင်ကောင်းလေးရှိတာပဲ ဒီအလှလေးကအရမ်းကြည့်ကောင်းနေရောပဲ"
"သူ့အမည်ကဘာပါလိမ့် ဝူရုန်?ဟေး နာမည်ကောင်းလေးပဲ၊ ငါတို့မှာအကိုရုန်နဲ့ကောင်းမွန်တဲ့ဆက်နွယ်ချက်ရှိနေတာပဲ!"
ညီငယ်များသည် အစည်းဝေးငယ်လေးအတွင်းတီတိုးဆိုနေကြပြီး ဟွမ်းမောင်စိုက်ကြည့်ခံလိုက်ရပြီးနောက်မှာတော့တိတ်ဆိတ်သွားကြသည်။ သူတို့သည်ရယ်မောကာဖြင့်တိုက်ရိုက်ခန်းအားတိတ်တဆိတ်ကြည့်နေကြတော့သည်။ ဟွမ်းမောင်း၏စကားပြောစွမ်းရည်မှာအံ့အားသင့်စရာကောင်းပြီး စကားလူံအနည်းငယ်ဖြင့်တိုက်ရိုက်ခန်းထဲမှ လေထုကိုမွှေနှောက်နိုင်သည်။ သို့သော်သူ့အပြုံးများအနည်းငယ်တောင့်တင်းလာသည်ကိုမည်သူမှမသိနိုင်။
အရမ်းအေးလွန်းတယ် ဘာလို့အရမ်းအေးနေတာလဲ ရေခဲချပ်တွေငါ့ခြေထောက်ပေါ်လာတင်ထားသလိုပဲ?
ဟွမ်းမောင်သည် ခွေးတစ္ဆေဘုရင်တစ်ယောက်သူခြေထောင်ကြားတွင်အခုလေူတင်တိုးဝင်နေရာယူထားသည်ကိုမတွေ့ရ အခုသူသည် သူ့ခြေထောက်များပေါ်လှဲနေပြီး တိုက်ရိုက်ခန်းအား အထူးတလှယ်အာရုံစိုက်၍ကြည့်နေလျက် သူအမြှီးလူပ်ခါနေခြင်းကြောင့်ဟွမ်းမောင်ကိုပို၍ကြက်သီးထစေနေသည်။ သူနှာချေခြင်းကိုဖိနှိပ်လျက်တိုက်ရိုက်ခန်းထဲမှ ဝူရုန်နှင့်နံပါတ်၁ သားကောင်ချီဖန်းဖန်း တို့ညနေစာစားပြီးနောက် လမ်းလျှောင်ထွက်သွားသည်ကိုကြည့်ရင်း ခိုက်ခိုက်တုန်နေသည်။ သူမနေနိုင်မထိုင်နိုင် သူ့ညီငယ်များကိုတချက်လေ့လာကြည့်လိုက်မိသည်။
အိမ်ထဲမှာတခုခုမသန့်ရှင်းတဲ့အရာများရှိနေတာများလား
_____________________________
" ပြန်ရအောင် ညနေခင်းအတန်းမနှောင့်နှေးစေနဲ့"
လုန်ဟူတောင်ခြေ၊ တာအိုဘုန်းကြီးအဖွဲတစ်ခု၊ မြင်တွေ့ရခဲ့သောလူတစ်စုမှာ စုဝေးနေကာအားလုံးသည် တာအိုဝတ်ရုံများဝတ်ထားပြီး တည်ငြိမ်လေးနက်သောကလေးစားဖွယ်အသွင်ပြင်များနှင့်ရှိသည်။ အရှေ့ပိုင်းမှသတ်လက်ပိုင်းတာအိုအကြီးကဲများမှာ ငြိမ်းချမ်း၍ခန့်ညားထည်ဝါစွာရှိနေပြီး သူတို့အားလုံးမှာ ရွမ်မိသားစုမှတာအိုများဖြစ်ကြသည်။ သူတို့ခွန်အားမှာမတွေးနိုင်လောက်အောင်ခက်ခဲနက်နဲပြီး သူတို့အားလုံးမှာကမ္ဘာအဆင့်၂၀တွင်းဝင်ကြသည်။ သူတို့ကို လုန်ဟူတောင်တာအိုဘာသာဝင်များ၏မဏ္ဍိုင်ဟုပင်ပြောလို့ရသည်။
သူတို့နောက်တွင်ရပ်နေကြသောတာအို့ဘုန်းကြီးအားလုံးသည်လည်း မျက်ဝန်းများတောက်ပကာ ထက်မြက်သည့်အသွင်ပြင်များရှိကာ သူတို့အားလုံးမှာပြင်ပတွင် ရှားပါသည့်ပါရမီရှင်လေးများဖြစ်သည်။ သူတို့အတူတကွရပ်နေသည်မှာအဖြူရောင်ကြိုးကြားအုပ်နှင့်တူပြီး အားလုံးမှာကြည့်ကောင်းနေသည်။
အခုသူတို့သည်တကူတကွ အရိုသေပြုလိုက်ကြသည်။
" ဆရာသခင်ဦးလေး၊အဖိုးကို ရိုသေစွာနူတ်ဆက်ပါတယ်"
"ပြန်သွားပါ"
သူတို့ကိုခန့်ညားစွာပြန်နူတ်ဆက်သော လူ၏အသံမှာ ညင်သာ၍ချိုသာပြီး စကားလုံးတစ်လုံးထဲမှာပင် ထူးကဲသောအဓိပ္ပါယ်များပါဝင်နေသယောင်။ သူသည် အနက်ရောင်ပုံစံကွက်ချည်ထိုးထားသောအဖြူနှင့်မီးခိုးဝတ်ရုံရှည်ကိုဝတ်ထားပြီးလက်ထဲတွင် dust whiskကို ကိုင်ဆောင်ထားသည်။ သူ့သည်အသက်နှစ်ဆယ်သာရှိသေးသော်လည်း ဆံပင်ဖြူများထွက်နေပြီဖြစ်ကာ တာအိုခေါင်းစည်းပုဝါနှင့်စည်းသဖြင့် လက်တစ်ဆုပ်စာရေခဲနှင့်နှင်းများနှင့်တူသည်။ သူ့၏အသွင်ပြင်မှာနှင်းရေခဲကဲ့သို့ အပြစ်အနာဆာမရှိကြည့်ကောင်းကာကျက်သရေရှိလှပြီး သူ့နဖူးပေါ်မှနီမှောင်သောအစက်လေးတစ်ခုသာရှိပြီး ကမ္ဘာမြေပေါ်ဆင်းသက်လာသည့်နတ်သားလေးကဲ့သိုပင်။
D
ust whisk
သူ၏မျက်လုံးများသည်ကြည်လင် ၍နက်ရိူင်းနေပြီး ကမ္ဘာမြေကြီးနှင့်သက်ဆိုင်မှုမရှိခံစားချက်မျိုးရနေကာ လူတစ်ယောက်အားတချက်ကြည့်ရုံမျှဖြင့် အတိတ်နှင့်အနာဂါတ်ကိုမြင်နိုင်သလိုပင်။ နဂိုကပင်သူကိုကြည့်ရတာ သီးသန့်နေပြီးအေးသက်သည်ဟုထင်ရသော်လည်း နူတ်ခမ်းထောင့်လေးမှာသဘာဝအတိုင်းကော့တက်နေပြီး သုံးထောင့်ပုံအပြုံးနှင့် လွန်စွာမှညင်သာနူးညံ့နေသည်။
"ဆရာသခင်လင်းယွင်၊ကျေးဇူးပြုပြီး ကားထဲဝင်ပါ"
"ကျေးဇူးပါ"
ယူနီဖောင်းနှင့်မျက်ခုံးထူထူလူသည် သူ့အတွက် ကိုယ်တိုင်ကိုယ်ကျကားအနောက်တံခါးကိုဖွင့်ပေးလေသည်။ သူ့၏ကြံခိုင်မှုမှာထူးကဲသာလွန်နေပြီး လူပ်ရှားမှုမှာလျင်မြန်ပြတ်သား၍ သူတွင် စစ်တပ်၏အပြုမှုများရှိနေသည်။
"ဒါရိုက်တာဝူ၊ဆရာသခင်ဦးလေးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Tianji ကောက်နူတ်ချက်ပြုလုပ်ရာကနေ အားကုန်ထားတာမို့ ပိုပြီးအနားယူဖို့လိုသေးတယ်"
"ငါဆရာသခင်လင်းယွင်ကို ဂရုစိုက်လိုက်ပါ့မယ်"
အမျိုးသားမှာတည်ကြည်စွာခေါင်းငြိမ့်လျက် စစ်တပ်ပုံစံအလေးပြုမှုပေးလိုက်သည်။ ထင်းကန်နံပါတ်၄၄၄စစ်ဆင်ရေးအားသဘာပတိအဖြစ်ဆောင်ရွက်သူ လက်ထောက်ဗျူရိုကျန့်နှင့် ယွင်ကွေ့ခရိုင်အ ထွေထွေပြည့်သူလုံခြုံရေးဗျူရိုဒါရိုက်တာ ဝူဟုန်ရှင် တို့သည် ထိုထင်ရှားကျော်ကြားလှသည့်ဧည့်သည်အားလုန်ဟူတောင်တန်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက် ခေါ်ယူခြင်းဖြစ်သည်။
ဆရာသခင်လင်းယွင်၊ လက်ရှိလုံဟူတောင်တန်းမှယွင်မိသားစုခေါင်းဆောင်သည် လျှို့ဝှက်ချက်များကောက်ချက်ချရာတွင်တော်သည်။သူသည်ငယ်ရွယ်သော်လည်း ဝါစဉ်အားဖြင့်အမြင့်ဆုံးဖြစ်သည်။ ကြီးမြတ်လှသောဆရာသခင်ဖုသာအသက်ရှိနေသေးလျှင် ဆရာသခင်လင်းယွင်မှာ ထိုသူအား ဆရာသခင်ဦးလေးဟုခေါ်ရပေမည်။ ဒီတကြိမ် ယွင်ကွေ့ခရိုင်ပြည့်သူလုံခြုံရေဗျူရိုမှ သူအားလေးနက်စွာဖိတ်ကြားရသည့်အကြောင်းမှာ မီးအိမ်တစ္ဆေဘုရင်အကြောင်းအား တိကျစွာလေ့လာမှုပေးစေလိုခြင်းဖြစ်သည်။
" ဆရာသခင်လင်းယွင် ၊ကောင်းစွာအနားယူပါ"
ဤဟုန်ချီကား၏အရှည်ပုံစံသည် အထူးတလှယ်ပြုလုပ်ထားပြီး ရထားပုံစံအနုစိတ်ပြုပြင်ထားကာ တစ္ဆေနယ်မြေများကြားခေါက်တုံ့ခေါက်ပြန်သွားလာနိုင်၍ ထပ်ခိုးများတွင်ထွင်းစာများထွင်းထားလျက် အနောက်ခုံမှာလွန်စွာနေရာကျယ်ပြီး အရှေ့ပိုင်းမှာလုံးတအပိတ်ဖြစ်သည်။ ကွယ်ဝှက်မှုလွန်စွာမြင့်မားပြီး တိတ်ဆိတ်သောအခန်းတစ်ခုနှင့်ညီမျှကာဆရာသခင်လင်းယွင်အနားယူရန်အထူးသီးသန့်ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ချက်အားကောက်ချက်ချရာတွင်အချိန်များစွာအသုံးပြုထားသဖြင့် ဤရက်များတွင် အချိန်အများစုကိုတရားထိုင်၍ကုန်ဆုံးနေရသည်ဟုပြောကြသည်။
ကားထဲဝင်ပြီးနောက် ဆရာသခင်လင်းယွင်မှာ ယဉ်ကျေးစွာ ကင်းကွာစေလျက် ဒါရိုက်တာဝူနှင့်အနည်းငယ်မျှစကားပြောပြီးနောက် မျက်လုံးပိတ်ထားလိုက်သည်။ ဒါရိုက်တာဝူမှာစာနာတက်ကာသူ့အားမနှောက်ယှက် ပဲ ဆရာသခင်လင်းယွင်အားကိုယ်ပိုင်အချိန်ပေးထားလေသည်။
အဆောင်မှာစတင်တုန်ခါနေပြီး ဆရာလင်းယွင်ရှိနေသောနေရာမှာချက်ချင်းတိတ်ဆိတ်သွားတော့သည်။
နောက်တခဏတွင်ဆရာသခင်လင်းယွင်သည်မျက်လုံးတဖက်ပွင့်လာသည်။
Snap!
ခရမ်းရောင်အဆောင်အားနေရာချလိုက်ကာ အသံမထွက်တာသေချာအောင်ပြုလိုက်သည်။ ဆရာသခင်လင်းယွင်၏သွင်ပြင်သည်နောက်ဆုံးတွင်အသက်ဝင်လာသည်။ သူ သက်ပြင်းချပြီး သူ့၏ dust whiskကိုလွှင့်ပစ်လိုက်ကာ သူ့အင်္ကျီလက်ထဲမှဖုန်းကိုလထုတ်ယူလိုက်၍ အလွယ်တကူပင် "ဟွမ်းမောင်ကမင်းတို့ကို ထင်းကန်ကိုကြည့်ဖို့ခေါ်သွားမယ်" ဟုအမည်ပေးထားသည့် တိုက်ရိုက်ခန်းအားဝင်လိုက်သည်။
"ပူဆွေးမှုတစ္ဆေက တိုက်ရိုက်လွှင့်နေတုန်းပဲ။ အချိန်ကိုတွက်ချက်ကြည့်မယ်ဆိုရရင် သူနှင့်ငါ့ဘုရင်ကြီးကအခုလူသားဖြစ်နေသေးတာပဲ"
"Bah ဘာကို' ငါ့ဘုရင် 'လဲ! အာ့တာကတစ္ဆေဘုရင် တစ္ဆေဘုရင်ပဲ__အား!"
ဆရာသခင်လင်းယွင်၏မျက်လွှာချလျက် မျက်မှောက်ကြုတ်ပြီး " နှစ်နှစ်ဆယ်ကျော်လောက် လျှို့ဝှက်သူလျှိုလုပ်ခဲ့ပြီး ငါပြန်လာခဲ့တာတောင် ငါ့စကားလုံးတွေကိုမပြောင်းနိုင်သေးဘူး "
___________
စာရေးသူမှာပြောစရာရှိတယ်
စိတ်မပူပါနဲ့ လျှို့ဟူကအသတ်ခံရပါလိမ့်မယ်~
ဆရာသခင်လင်းယွင်၊ရုန်ဂိုဏ်း၏စစ်ရေးအကြံပေးအရာရှိ၊ သူ့အသက်ကိုသစ္စာရှိမှုတွင်နစ်မြုပ်ထားကာ သူခန္ဓာကိုယ်နှင့်သွေးများကို တစ္ဆေဘုရင်အားကာကွယ်ရန် စွန့်ပစ်ခဲ့သည်! သူမသေဆုံးမီ သူ့အသံအက်ကွဲနေသော်လည်း " ကျွန်တော်...ကသူလျှို့တစ်ယောက်ပါ" ဖြောင့်မတ်သောမည်သည့်ဗီလိန်မှသူ့ကိုမယုံကြည် တစ္ဆေဘုရင်ရှန်ရုန်သည်သူ၏သစ္စာရှိမှုကို ကိုယ်တိုင်ကိုယ်ကျချီးကျူးခဲ့သည်။
သစ္စာစောင့်သိခြင်း! ဆရာသခင်လင်းယွင်!
3595words
8:03Pm,Sat, Jul 29,2023.