Intro ရီကျစ်သည် နန်းတွင်းတိုက်ခိုက်သည့်ဝတ္ထုထဲသို့ ကူး ပြောင်းသွားပြီး ရည်မှန်းချက်ကြီးသောဗီလိန်မင်းသား ၏အိမ်တော်တွင် အင်မော်တယ်အပင်အဖြစ်ကူးပြောင်းလာခဲ့သည်။ မင်းသားကူးယန်သည် ပါရမီရှင်၊ သီးသန့်ဆန်ကာလျှို့ ဝှက်ပြီး၊ သွေးအေးကာရက်စက်ကြမ်းကြုတ်သည်။ အာဏာရရှိလာချိန်တွင် ပုန်ကန်ရန်ကြံစည်သည်ဟု ဝတ္ထုထဲတွင်ဖော်ပြထားသည်။ သို့သော် ရီကျစ်သည် ၎င်းအားမည်သို့ပင်ကြည့်စေကာမူ တစ်ခုခုလွဲနေပြီဟု သူခံစားလိုက်ရသည်။ - တစ်နေ့လုံး ဘာမှမလေ့လာဘဲ အလေလိုက်ပြီးရိုင်းစိုင်းနေတဲ့ ဒီကောင်က ဘယ်သူများလဲ ? မင်းသားလေး၏ခြံ၀န်းထဲရှိနေသည့် အင်မော်တယ်အပင်လေးအား ကူးယန်သည်နေ့တိုင်း "ဂရုတစိုက်" ရှိနေခဲ့သည်။ အပင်လေးသည် ကူးယန်၏နေ့စဥ်အငြင်းပွားမှုများကိုတွေ့မြင်နေရပြီး ကူးယန်သည် သူ၏လူယုံအဖြစ် သွားလေရာခေါ်သွားခဲ့သည်။ သူသည် သက်တော်စောင