ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...
By Sheilayoon
69.4K 10.4K 241
Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More
Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?
Ch.32-Hiss,hiss hiss,hiss hiss?
399 74 2
By Sheilayoon
|| Unicode ||
    ဝူရုန်အတန်းသို့ပြန်သောအခါ အတန်းကစနေပြီဖြစ်သည်။ သူအတနထဲ ဝင်လိုက်သောအခါ အတန်းထဲမှ ကျောင်းသားအားလုံး တချိန်တည်းမှာပင် ခေါင်းများလှည့်ကာ သူမ အားကြည့်လာကြသည်။ သူတို့၏ထောင့်အနေထားနှင့် မျက်နှာပုံစံမှာ အတိအကျကို တူညီနေသည်။ ဒါက ဖော်ပြမရနိုင်လောက်အောင်ထိတ်လန့်စရာကောင်းလှသည်။
    "မင်းဘယ်မှာရှိနေခဲ့တာလဲ"
    စင်မြင့်ပေါ်မှ ဆရာသည် မျက်နှာမသာမယာနှင့်မေးလေသည် " ဒီနေ့အတန်းက စာမေးပွဲအကြောင်းကိုမသိဘူးလား ? အမြန်ပြန်သွားထိုင်တော့"
    သွေးနံ့အနည်းငယ်ရှိနေကာ စားပွဲပေါ်တွင်စာမေးပွဲစာရွက်တင်ထားသည်။ ကြီးမား၍ ‌အဝါဖျော့ဖျော့စာရွက်ကြီးနှစ်ခုသည် ပျော့ဖက်ကာ လက်ထဲတွင်ကြမ်းတမ်း‌နေပြီး တချို့နေရာတွင်ထူက တခြားဘက်တွင်ပါးနေပြီး စာဖြေစာရွက်နဲ့တူမနေပေ။ ၎င်းမှာကောက်ရိုးစာရွက်ဒါမှမဟုတ် လူသေအတွက်ရှို့ပေးရသောအဝါရောင်စက္ကူနှင့်ပိုတူကာ ယင်းပေါ်တွင်ခပ်နိုပ်ထားသောခေါင်းစဉ်မှာ မှိန်ဖျစွာခပ်နိုပ်ထားသဖြင့် ဖတ်လို့မရလုနီးပါပင်။
    ဝူရုန် စာမေးပွဲစာရွက်ကိုမြှောက်၍ လူပ်ခါလိုက်သည်။ မေးခွန်စာရွက်၏ထောင့်မှာ နေရောင်တွင်အလင်းပြန်နေသည်။ စာရွက်၏ပါးနေသောအပိုင်းမှာဖောက်ထွင်းမြင်နေရပြီး ထူသောအပိုင်းမှာအရိပ်ထင်နေကာ မရှင်းလင်းစွာဖြင့်ပြုံးဖြဲဖြဲမျက်နှာတစ်ခု ခပ်နိုပ်ထားသလိုပင်။ စာရွက်ပေါ်တွင် အပေါက်နှစ်ပေါက်ဖောက်ထားပြီး တစ္ဆေမျက်လုံး၏တည်နေရာ အတိုင်းဖြစ်ပေါ်နေသည်။
    ကြည့်ရသည်မှာ တနည်းတဖုံးမမြင်နိုင်သောထိတ်လန့်စရာကောင်းသည့် တည်ရှိမူတစ်ခုက သူကာ စာရွက်အပေါက်နှစ်ခုမှတဆင့် မသိမသာကြည့်နေသလိုခံစားရစေသည်။
    "ဆရာ စာရွက်ကပေါက်နေတယ်"
    ဝူရုန်လက်ကိုအမူယာမဲ့စွာမြှောက်၍ စိတ်မရှည်သောဆရာနှင့် စာအရွက်အသစ်လဲလိုက်သည်။
    "စာမေးပွဲအချိန်က ကပ်နေပြီ"
    ဆရာသည် သူမကိုစိတ်ပျက်စွာကြည့်ကာ သူမျက်နှာမှာ တဖြည်းဖြည်းဖြူဖျော့လာကာ ဖယောင်ရုပ်ပြုလုပ်ရန် ကျရူံးကာအရည်ပျော်နေသော ဖယောင်းရုပ်လိုပင်။ သူ့နူတ်ခမ်းထောင့်မှာ အပြုံးတဝက်နှင့်တွန့်ကွေးသွားကာ မပြုံးသည့်အချိန်ထက်‌ တောင်ပိုဆိုးသွားသေးသည်။
     "ကျတဲ့ကျောင်းသားတွေအပြစ်ပေးခံရမယ်"
    ဝူရုန်သည် ဆရာ့စကားလုံးများအားလုံးကို ဂရုမစိုက်ပေ။ သူတို့၏အဆိုးဆုံးအတန်းထဲတွင် စာမေးပွဲ၌ အဆင့်ကောင်းရသူကိုမပြောနဲ့ဦး ‌အောင်မြင်သူများပင် လက်တဖက်နှင့်ရေတွက်လို့ရပေသည်။ ဆယ်ယောက်ကအဆင့်ကိုရပြီးပြီး ဘေးခန်းထက်ကျော်လွန်သွားလျှင်ကို ဆရာမှာပျော်လွန်လို့ ‌လှေကားကပင်ခုန်ချနိုင်သည်။
    ဆရာ၏စကားကိုတုန့်ပြန်သည်ြအနေဖြင့်အတန်းနောက်တွင်ချိတ်ထားသောနာရီမှအသံမြည်လာကာ ဆယ်မိနစ်အတွင်း စာရွက်များလက်ထဲရောက်လာသည်
သို့သော် ဝူရုန်၏စာမေးပွဲစာရွက်အသစ်မှာ ဗလာဖြစ်နေသေးသည်။ ဒီတခါတွင် ပြောင်စပ်စပ်မျက်နှာမရှိသော်လည်း မေးခွန်းအားလုံးမရှိပေ။ လုံးဝ‌ဗလာဖြစ်နေတဲ့ စာရွက်ကနေဘယ်လို‌အောင်အောင်ဖြေဆိုကမလဲ? တချိန်တည်းမှာပင် ဖျော့တော့သောသွေးနံ့မှာ ပြင်းသထက်ပြင်းလာသည်။
    Tick.
    Tick.
    စားပွဲခုံတွင်းမှစေးကပ်၍အနံ့ထွက်နေသောအရည်များ မြေပေါ် တစက်စက်ကျလာကာ ပြင်းထန်၍ မနှစ်မြို့ဖွယ်ရာ သွေးနံ့ကိုထိုနေရာမှရလေသည်။ ဝူရုန် ခေါင်းငုံလိုက်ကာ သူခေါင်းကို တိမ်း၍ စားပွဲခုံးအတွင်းသို့ ကြည့်လိုက်သောအခါ အနည်းငယ်တုန်ခါနေသေးသော သွေးများနှင့်အသားတပိုင်းကိုတွေ့လေသည်။ အသားပေါ်တွင် အနက်ရောင်အမွေးများရှိပြီး ထူထဲသောမိူများနှင့်တူသည်။ တွန့်လိမ်တုန်ယင်နေသောအချိန်တိုင်း ထိုအရာပေါ်ရှိအမွေးများမှာလဲ တုန်ခါ‌နေလေသည်။
    သူ့အကြည့်ကိုရုပ်သိမ်းလိုက်ကာ ဘေးဘက်ပတ်လည်ကိုကြည့်လိုက်သောအခါ ကတုံးကေနှင့်တက်တူးထိုးထားသောကောင်လေးတယောက်သည် သူ့နှင့်ဘယ်ဘက်ခုံးတွင်ထိုင်နေပြီး မလိုတမာအပြုံးမျိုးပြုံးနေကာ စာရွက်ဗလာဖြစ်နေသေးသည့်ဝူရုန်စာရွက်ကိုကြည့်လိုက်ပြီးနောက် သူမျက်နှာပေါ်မှာ မလိုမုန်းထားသည့်အပြုံများပိုဆိုးဝါးလာကာ တီတိုးရေရွက်ပြလေသည် "မင်း တော့ ပြီးသွားပြီပဲ"
    သူ့ပါးစပ်မှာလွန်စွာချဲ့ကားလွန်းသဖြင့် နီရဲကာသွေးရောင်ထနေသောလည်ချောင်းကိုပင်မြင်နေရကာ အနက်ဆုံးအပိုင်းတွင်အမည်းရောင်အရာများရှိနေကာ အသားတစ်ပိုင်းကို အမွေးများနှင့်ဖုံးလွှမ်းထားသည်နှင့်ပင်တူသည်။
    ဝူရုန်သူ့ကိုငဲ့ကြည့်လိုက်ပြီးနောက် သူ့စာရွက်ကိုပြန်ကြည့် လိုက်သည်။
    သူမသူလက်ကိုမြှောက်၍ သူမနှင့် ဆံပင်တိုလူကြားစာရွက်ကို အလွန်ချောမွေ့စွာလဲလှယ်လိုက်ပြီး စာရွက်ဘယ်ဘက်ထောင့်တွင် သူမ၏အမည်ကိုရေးလိုက်သည်။
    Ding Lingling___
    စာရွက်အပ်ရမည့်အချိန်ဖြစ်သည်။ ခေါင်းလောင်းသံမြည်လာသည်အထိ ဆံပင်တိုနှင့်လူမှာကြောင်အနေဆဲဖြစ်သည်။ ဝူးရုန်းစာရွက်အပ်လိုက်သည်ကိုမြင်သောအခါမှ သူရုတ်တရက်ထရပ်ကာ ဝူးရုန်းလက်မောင်းအားဆွဲလိုက်ပြီး တင်းမာသောမျက်နှာထားဖြင့်
     "ဆရာ! သူမ ___"
    "ဆရာ သူကျွန်မရဲ့စားပွဲခုံထဲ ကြွက်ထည့်ထားတယ်"
    ဝူးရုန်ဖျစ်ညှစ်ခံထားရသဖြင့်နာကျင်နေပုံရကာ သူလက်မောင်းကိုငုံကြည့်လိုက်သည်။ ဆံပင်အနက်နှင့်မိန်းကလေး၏ ပိန်ပါးဖျော့တော့သောလက်မောင်းမှာ သေးငယ်ကာ ထိခိုက်လွယ်ပုံပြီး ဖျစ်ညစ်ခံလိုက်‌သဖြင့် ပြာသွားလေသည်။ ရှည်လျားနက်မောင်သောဆံပင်ရှည်များချထားပြီး သေးငယ် နူးညံ့သောခန္ဓာကိုယ်နှင့်မို့ ခက်ထန် ရှည်လျားသော ကတုံးကေနှင့်လူနှင့်ယှဉ်လျှင်ထိခိုက်လွယ်ပုံပေါ်လေသည်။ သူမသည် ကျောင်းဝန်းထဲမှ အနိုင်ကျင့်ခံရသော သနားစရာမိန်းမ‌ငယ်လေးနှင့်တူလေသည်။
    ဖြူဖတ်ဖြူရော်မျက်နှာနှင့်ဆရာသည် လျှောက်လာကာ ဝူးရုန်းစားပွဲတိုက်ခိုက်မူကို ကြည့်လိုက်သည်။ ထင်ယောင်ထင်မှားဖြစ်ခြင်းလားမသိ ဝူရုန်ဝိုးတဝါးမြိုချသံတစ်သံကြားလိုက်ရသည်။ ထိုနောက် ဆရာမက်တပ်ရပ်က ကတုံးကေနှင့်လူကို မကျေနပ်သောမျက်နှာဖြင့်ကြည့်လိုက်ကာ "လျှို့ဂျောင်း၊ ဝူရုန်းစားပွဲထဲဘာလို့ ကြွက်ထည့်ထားတာလဲ?"
    လှည့်ကြည့်လိုက်ပြီးနောက် ဆံပင်တိုနှင့်လူ၏စားပွဲပေါ်မှ ဗလာဖြစ်နေသောစာရွက်ကိုတွေ့သောအခါ သူ့မျက်နှာပို၍ရုပ်ဆိုးလာကာ : " မင်းဘယ်လိုများဗလာစာရွက်အပ်ရဲရတာလဲ?!"
     ထိုလူမှာကြောင်အနေပြီး ဆက်တိုက်ဆူခံရသဖြင့်ငေးကြောင်နေကာ " ဆရာ ၊ကျွန်တော်မဟုတ်__"
    "မင်းဆရာကို ဘယ်လိုတောင်ပြန်ပြောရဲရတာလဲ!"
   ဖြူရော်နေသောမျက်နှာနှင့်ဆရာမှာ သူ့နှာခေါင်းကိုညွှန်လျက် ဆယ်မိနစ်ကျော်လောက်ဆူပူပြီးနောက် အပြင်ဘက်ထွက်မက်တပ်ရပ်စေကာ နေ့လည်စာစားခွင့်ပိတ်လိုက်လေသည်။ ထို့နောက်တွင်တော့စာရွက်များနှင့်ထွက်ခွာသွားသည်။ ဝူရုန်အတန်းထဲသို့ကြည့်လိုက်သည်။ စာမေးပွဲပြီနောက် အတန်းထဲရှိကြောက်စရာကောင်းသောခံစားချက်မှာပျောက်ကွယ်သွားသည်။ တချို့ကျောင်းသားများကတိုက်ခိုက်နေကြပြီး တချို့မှာအိပ်စက်နေကာ တချို့သည်တော့ထောင့်နားတွင်တယောက်နှင့်တယောက်‌စကားပြောဆိုနေကြကာ သူပထမဆုံးလာစဉ်ကအတိုင်းဖြစ်သည်။
    နွေးထွေးသောအဝါရောင်နေရောင်သည် ပြတင်း‌ ပေါက်ကိုဖြတ်သန်းတောက်ပနေသည်။ အခုတင်စာမေးပွဲဖြေစဉ် တွင်ပြတင်းပေါက်ပြင်ပကကောင်းကင်သည် အလွန်မုန်မိူင်းကာအလွန်ထူးဆန်းလေကာ အတန်းထဲမှအလင်းရောင်သည်လည်း မှိန်သထက်မှိန်‌လာနေသည်။ ဝူးရုန်းသူ‌ခန္ဓာကိုယ်အောက်ပိုင်းကိုတွေးတောကာကြည်နေလိုက်သည်။
    သူမ နားလည်သလိုရှိလာသည်။
    အာ့အချိန်မှာပင် သူမလက်မောင်းကိုအနောက်မှဆွဲခံလိုက်ရသည်။
    "မင်းဘာသောက်ကျိုးနည်းလုပ်လိုက်တာလဲ? မင်းငါ့အပေါ်ကစားဘယ်လိုတောင်ကစားရဲပြီး ဆရာကိုသတင်းပေးရဲရတာလဲ ဟမ်?"
    တက်တူးနှင့်ကတုံးဆံတောက်နှင့်လူမှာ သူမအား ကြမ်းတမ်းစွာ ဆွဲယူလိုက်သည်။ သူသည် ဝူးရုန်းမျက်မှန်ချွတ်လိုက်သောအခါ သူမမျက်နှာကိုမြင်ပြီး ကြောင်အသွားသည်။ သူမ၏လှပကောင်းမွန်လှသော မျက်နှာကိုကြည့်ရင်း သူမမျက်ခုံးများမှာနာကျင်မူကြောင့်တွန့်နေကာ သူမမျက်ဆံများမှာသစ်ဆေးဆီသုပ်လိမ်းထာသလိုမှေးမှိန်နေလျက် စိတ်တိုမူနှင့် မကျေနပ်မူအများစုကိုရေအေးနှင့်လောင်းချလိုက်သလို အများစုမှာ လေတချက်နှင့်အတူ ပျောက်ကွယ်သွားသည်။ သူအထင် သူအထက်စီးဆန်ဆန်ပြောနေသည်ဟုထင်သော်လည်း သူအသံမှာကျိချွဲနေကာ သူ့ကိုမြှောက်၍ ဝူးရုန်းမေးစေ့ကိုထိလိုက်ကာ  : " အရိုင်းစိုင်းလေး မင်းကြည့်ရတာ နည်းနည်း ပရောပရည်လုပ်နေသလို__"
    "Bang!"
    အတန်းမှာ အသံကျယ်ကြီးကြောင့် တုန်ခါသွားသလိုပင်။ ဝက်ဝံလိုသန်မာသောကောင်လေးမှာ ပုခုံးမှကိုင်ပေါက်၍ ကြမ်းပေါ်အပစ်ခံလိုက်ရကာ စားပွဲနှင့်ထိုင်ခုံများရွဲ့စောင်းသွားသည်။ ဝူရုန် အတန်းထဲရှိသူအတန်းဖော်များ၏ ထိတ်လန့်သောအကြည့်အောက်တွင် သူ့(ကတုံးဆံပင်နှင့်လူ)ကျောပေါ်သို့နင်းချလိုက်ကာ သူ့လက်မောင်းအားလက်တဖက်ဖြင့် ဆွဲလိုက်သည်။
    "အားးးး!!!"
    ဝက်အော်သံကြားတွင် စက္ကူကြိုးကြာလေးမှာ ကော်ရစ်တာမှ‌ ကွေ့ကောက်စွာ ပျံဝဲလာလေသည်။ တစုံတရာကိုခံစားမိသဖြင့်ဝူးရုန်းသူမလက်ကိုမြှောက်လိုက်သောအခါ စက္ကူကြိုးကြာလေးသည်သူ့မလက်ပေါ်ကျဆင်းလာသည်။ လာဗင်ဒါစက္ကူကြိုးကြာလေးသည် ရူပ်ထွေး‌ကာကောင်းမွန်သော ‌အကွက်များဖြင့်ရေးခြယ်ထားပြီး နဖူးတွင် ခြောက်နေသောသွေးစက်လို အနည်းငယ်နီနေ‌သောအစက်တခုရှိလေသည်။
    တိတ်ဆိတ်နေသောအတန်းနှင့်ယှဉ်လျှင် ကော်ရစ်တာမှာရုတ်တရက်ဆူညံလှသည်။ ဝူးရုန်း ကြမ်းပေါ်လဲကျနေသောလူကို ခွေးသေတစ်ကောင်လိုကန်လိုက်ကာ ပတ်လည်ကိုကြည့်လိုက်သည်။ ကတုံးဆံပင်နှင့်လူ တွန့်လိမ်၍သနားစရာကောင်းလှပုံကြည့်ပြီး အတန်းထဲမှမည်သူမှသူမကို မကြည့်ရဲတော့ပေ။ မနက်ခင်းပိုင်း ကသူမအား အတန်ကြေးကောက်နေခဲ့သည့် လီဖာဟုခေါ်သောမိန်းကလေးမှာ ဝူးရုန်းကိုကြည့်ပြီး ကြောက်ရွံမူကြောင့်တုန်ယင်နေကာ အလိုအလျောက်တောင့်ခဲနေသော အပြုံးတခုကိုပြုံးပြလေသည်။
    အာ့အချိန်မှာပင် ကော်ရစ်တာမှဆူညံသံသည်အတန်းနှင့်နီးသထက်နီးလာကာ နောက်ဆုံးသူတို့တံခါးရှေ့ရပ်တန့်သွားသည်။
    ဒေါက်။
    စိမ်းသက်ကာယဉ်ကျေးသောတံခါးခေါက်သံပေါ်လာကာ တယောက်မှာအပြင်ဘက်သို့ကြည့်ပြီးနောက် စိတ်လူပ်ရှားစွာဖြင့် ကျယ်ကျယ်လောင်လောင်အော်လေသည်။
     "တံခါးဖွင့် ဆရာယဲ့ရောက်နေပြီ!"
    "သူကငါ့တို့အတန်းကို တယောက်ယောက်ကိုရှာဖို့လာခဲ့တာ"
    သို့သော်လည်း ဝူးရုန်း၏ရုတ်တရက်ပေါက်ကွဲမှုကြောင့် အတန်းထဲရှိလူတိုင်းထိတ်လန့်နေသဖြင့် ထိုခဏ၌ တယောက်မှမလူပ်ရဲပေ။ တံခါးကိုနှစ်ချက်ခေါက်ပြီးနောက် ရပ်သွားကာ ထိုနောက်__
     Boom!
    အတန်းတံခါး မှာ အနောက် သို့ ပြင်းထန်စွာလွင့်သွားကာ စင်မြင့် ကို အသံကျယ်ကြီးနှင့် သွားရိုက်လေသည်။ တံခါးနောက်မှ အနက်ရောင်မီးလောင်ရာကြီးမှာထိတ်လန့်စရာကောင်းလှကာ မိုးကြိုးပစ်ခံထားရသလိုပင်။ ထို‌ကို့ရို့ကားယားအခြေနေတွင် လူတစ်ယောက်ဖြည်းနှေးစွာလမ်း‌လျှောက် လာနေသည်။ သူသည် ရွှေကိုင်းမျက်မှန်ဝတ်ဆင်ကာ မပြုံးမရယ်နှင့် အေးစက်နေကာ မရေတွက်နိုင်သော ကျောင်းတွင်ဒရာမာဇာတ်လမ်းများထဲမှ စိတ်ကူးယဉ်ကောင်းသည့် ကြည့်ကောင်းသောဆရာနှင့်ပင်တူသည်။ ရိုးရှင်းသော ရှပ်ဖြူနှင့်ဂျင်းပင်လျှင် သူကိုယ်ပေါ်တွင် ဈေးကြီးသော အဆင့်မြင့်ဖန်တီးထားသောဖက်ရှင်နှင့်တူနေကာ သူ၏ခြေထောက်ကို တမူထူးခြားစွာ သွယ်လျ ဖြောင့်စင်းနေစေသည်။
    သူသည် သာမန်ဆရာများလက်ထဲကိုင်လေ့မရှိ‌ သော တောက်ပနီရဲသည့် မက်မွန်သစ်သားဓားကို ကိုင်ထားရုံသာ။ သူမျက်အြည့်ကိုအောက်စိုက်လျက် ဓားပြန်သိမ်းလိုက်ပုံမှာ မက်မွန်ကိုင်းနှင့်ရစ်နွယ်နေသော မသေမျိုးကဲ့သို့ ဖော်ပြရခက်သောဂုဏ်‌သရေနှင့် ခြိုးခြံသောအကျင့်ရှိပုံစေကာ သန့်စင် ကာအနာစာကင်းသော ထန်းရှန် ရေခဲတောင်ကြာပန်း နှင့်ပင်တူသည်။ သို့သော်  ဆိုးဆိုးဝါးဝါးပျက်စီးနေသောသစ်သားတံခါးနှင့် လျစ်လျူရူတက်မူတွင် အနည်းငယ်အထက်စီးဆန်မူနှင့်ကျိုးကြောင့်မဲ့မူပါယှဉ်တွဲလိုက်‌သောအခါ ဤဆန့်ကျန်နေမူက စိတ်နှလုံးကိုတုန်ယင်စေသည်။
   "ဝူရုန်"
    ဆရာယဲ့အကြည့်သည်ဝူ‌ရုန်ပေါ်တည်မြဲနေကာ သူလက်ကိုဆန့်ထုတ်လိုက်သည်။
    "ငါမင်းကိုတွေ့ပြီ"
___________________________________
    "ယဲ့ ဖေးရှင်း"
     "ဝူးရုန်း"
    ကစားကွင်းထဲတွင် သက်မွေးအထက်တနကျောင်းသို့ဝင်ရောက်ပြီးနောက်တွင် ဝူရုန်နှင့် ဖုချင်ယ သူတို့ ဇာတ်ကောင်များကို ဖလှယ်ကြလေသည်။ ထင်းကန်ထဲသို့ဝင်ပြီးနောက် ဖြေဆိုများသည် သူတို့ဇာတ်ကောင်ထဲအပြည့်ဝပေါင်းစပ်သွားကြသည်။ သူတို့မှားယွင်းမူကို သတိပြုမိမှသာ သူတို့ကိုသူတို့ရှာနိုင်မည်ဖြစ်ပြီး သို့မှသာထင်းကန်ထဲသယ်ဆောင်လာသောအရာများကိုအသုံးချနိုင်ပေမည်။
    ထင်းကန်အတွင်းပိုင်းသည် လိမ္မာပါးနပ်သော ထင်‌ယောင်ထင်မှားနှင့်ပိုတူသည်။ ဥပမာအနေဖြင့် ယခုဝူရုန်အစားထိုးခံလိုက်ရသောဇာတ်ကောင်မိန်းကလေး တခြားသူများသူ့ကိုကြည့်တာပဲဖြစ်ဖြစ် သူ့ကိုယ်သူကြည့်တာပဲဖြစ်ဖြစ် ဒါသည် ဝူးရုန်းဟုခေါ်သော်မိန်းကလေးသာဖြစ်သည်။ ဒါပေမယ့် လက်တွေ့မှာတော့ သူ့အစစ်မှန် လိင်အမျိုးစားလို ကတုံးကေနှင့်လူကိုပစ်ပေါက်လိုက်သောခွန်အားလို မျိုး သူ့၏ကိုယ်ပိုင်ခန္ဓာဖြစ်နေသေးသည်။
    "လျှို့ယန်းသက်မွေးအထက်တန်းကျောင်းကနေ့ဘက်မှာ ပုံမှန်လိုပဲဖြစ်ပြီ ညဘက်မှာတော့တ‌စ္ဆေတွေထကြွသောင်းကြမ်းတက်တယ်"
    ဝူရုန် အခုတင်တွေ့ခဲ့သမျှကို သတိရကာ အနည်းငယ်မျှမျက်မှောင်ကြုတ်သွားသည်။
   "နေအချိန်ဆိုတာ နေရောက်ကိုရည်ညွှန်းတာပဲ"
    ဖုချင်းလေးတွဲ့စွာပြောသည် :" နေသာနေရင် လုံခြုံမူရှိပေမယ့် နေကွယ်သွားတာနဲ့ ဂရုစိုက်ရမယ်"
    ပြတင်အပြင်ဘက်ရှိကောင်းကင်မှာစာမေးပွဲချိန်အတွင်းအမှန်ပင် မူန်မိူင်းနေသည်။
    "နံပါတ် 444ထင်းကန်က စုစုပေါင်း7ကြိမ်ဖွင့်ခဲ့ပြီးပြီ"
    တခြားအန္တာရယ်များလှသော ထင်းကန်များနှင့်ယှဉ်လျှင် ဤအရေတွက်မှာ များလှကာ ထင်းကန် နံပါတ် 444နှင့်ပတ်သတ်သော သတင်းအချက်လတ်များစွာ လည်းရထားသည်။ နှစ်ဦးသား ကစားကွင်းထောင့်ရှိ ပေါ်လူနီးယာအပင် အရိပ်အောက်တွင်ထိုင်ကာ နေလောင်ခြင်းအားရှောင်နေကြသည်။  ဝူရုန်ကောင်းကင်ကိုနောက်တကြိမ် ကြည့်လိုက်ပြန်သည်။ သိသာထင်ရှားစွာပင် အပြင်ဘက် နံပါတ် 444 တွင်းပေါက်မှာ ထူထဲသော တိမ်စိုင်များဖြင့်လွှမ်းခြုံနေခဲ့သော်လည်း ဝင်ရောက်လာပြီးနောက်တွင် သူသည်ဤကဲ့သို့တောက်ပလှသောနေကိုတွေ့နေရသည်…။
    အတွေ့ကြုံများအရ ထင်းကန်ထဲဝင်ရောက်သူများကို ဇာတ်ကောင်သုံးမျိုးခွဲခြားထားသာ် ကျောင်းသာ။ဆရာနှင့်တခြားကျောင်းဝေယျာဝစ္စလုပ်သူများဖြစ်သည်။ ဝူရုန်နှင့်ဖုချင်းမှာ ကျောင်းသားနှင့် ဆရာအဖြစ်အသီးသီး ခေါင်းစဉ်ရထားကြကာ တခြား ကျောင်းကိစ္စလုပ်သူများမှာတော့ အိပ်ဆောင်ကြီးကြပ်သူ၊ ချက်ပြုတ်ရေး၊ သန့်ရှင်းရေးစသည်ဖြင့်ပင်။ ညရောက်သောအခါ ပြောင်းလဲသွားသော တစ္ဆနယ်မြေဒေသမှာ သူတို့ဇာတ်ကောင်များနှင့်ဆက်စပ်မူရှိသည်။
    "စာသင်ဆောင်၊ ရုံးဌာန၊ကန်တင်း ၊အိပ်ဆောင် ။ အာ့နေရာတွေမှာဘယ်လိုလုပ် မြေအောက်လေကာအဆောက်အုံတွေရှိနေနိုင်တာလဲ?"
    ဝူရုန်သူဖုန်းထဲမှ လျှို့ယန်သက်မွေးအထက်တန်းကျောင်း၏ပုံစံကိုကြည့်နေသည်။ သူသည်ဒီမနက်တင် တစ္ဆေဈေးထဲလည်ပတ်နေခဲ့ပြိး ညနေတွင် ထင်းကန်ထဲဝင်ခဲ့ခြင်းဖြစ်သည်။ ကြားထဲမှအချိန်မှာလွန်စွာ အလျင်လိုလှသဖြင့် သူဂရုတစိုက်မကြည့်ရပဲ အကြမ်းဖျင်းသာကြည့်ခဲ့သည်။
    လျှို့ယန်အထက်တန်းကျောင်းမှာ သမိုင်းရှည်လျားသောကျောင်းအိုကြီးဖြစ်သည်။ 1945တွင်တည်ထောင်ခဲ့သည်။  ထိုကျောင်းကို အရင်က လွတ်မြောက်ရောစစ်တပ်မှလူမျ၏ ချီယီကျောင်းအဖြစ်သိကြသည်။ အလွယ်ကျယ်ပြောသည်။ အစတွင် ကျောငနောက်တွင်တောင်တန်းများရှိပြီး ကျောင်းဝန်းကျင်တွင် လယ်ယာမြေများအချို့ပင်ရှိကာ အနှောင်အဖွဲ့ကင်းလှသည်။ နို့နံပါတ် ကြက်နံပါတ် နှင့် အဝတ်လျှော်ခန်း စသည့်ဖြင့်။ ကျောင်းတည်ဆောက်ထားနေရာသည် စစ်ကာလတွင် ဗုံးကျဲလွယ်သောနေရာဖြစ်သောကြောင့် ကျောင်းအောက်တွင်မြေအောင် ဗုံးကာအဆောက်အုံများရှိကာ တောင်နောက်ဘက်ဆီသို့ လမ်းအားလုံးကသွားနိုင်သည်။
    ကျောင်းမှာနောက်ပိုင်းတွင်ပြန် တည်ဆြော်ထားသော်လည်း ဗုံးကာအဆောက်အအုံမျာူကျန်ရစ်နေသေးသည်။ လွန်ခဲ့သောနှစ်အနည်းငယ်မတိုင်မီတွင် ကျောင်းသာအချို့ ညလယ်ကြီး ဆော့ကစားသည့်အနေဖြင့် စွန့်စားခန်းဖွင့်ပြီး ဗုံးကာတဲများသို့သွားရာမှ ပျောက်ဆုံးခဲ့သည်။ တောင်နောက်ဘက်တွင်ကိုယ်ထည်များမတွေ့သဖြင့် သုံးရက်ကြာပြီးနောက် လေကာတဲများအားပိတ်ချလိုက်သော်လည်း လုံးဝပိတ်ချလိုက်ခြင်းတော့မဟုတ်ပေ။
    "ဒီအောက်မှာ လေကာဆောင်တွေရှိလား?"
    ဝူရုန်မက်တပ်ရပ်ကာ ပေါ်လူးနီယားပင်နှင့်သိပ်မဝေးသည့် မြေပြင်ပေါ်သုံးဆယ်စင်တီမီတာ အမြင့်တည်ဆောက်ထားသေယလေးထောင့်ပုံကွန်ကရစ်ပလက်ဖောင်းရှိရာဆီလျှောက်သွားသည်။ ဘိလက်မြေပလက်ဖောင်း၏အလယ်တွင် လူဆင်းပေါက်ကိုဖုံးအုပ်ထားဟန်တူသော ထူထဲသည်အဝိုင်ူပုံကွန်ကရစ်ပြားရှိသော်လည်း အသေမပိတ်ထားပေ။ ဘိလပ်မြေပလက်ဖောင်းနှင့် ဘိလပ်မြေအဖုံးကြားတွင် ငါးစင်တီမီတာ ကွာဟမူရှိကာ အတွင်းထဲမှာအရာများကိုသံချေးတက်နေသော စတီးချောင်းများမှတဆင့်မြင်နိုင်သည်။
    ဒါက လေကာဆောင်၏အရေးပေါ်ထွက်ပေါက်တခုဖြစ်ရမည်။
   "ဘာလဲ?"
    ဝူရုန်အဟလေးကိုကြာရှည်စွာစိုက်ကြည့်နေသည်။
   "အထဲမှာတခုခုရှိတယ်"
2979words
11:50 Pm,Tue Jun 6,2023.
|| Zawgyi ||
    ဆရာ၏စကားကိုတုန့်ပြန်သည်အြနေဖြင့်အတန်းနောက်တွင်ချိတ်ထားသောနာရီမှအသံမြည်လာကာ ဆယ်မိနစ်အတွင်း စာရွက်များလက်ထဲရောက်လာသည်
    Tick.
    Tick.
    Ding Lingling___
     "ဆရာ! သူမ ___"
    "Bang!"
    "အားးးး!!!"
    ဒေါက်။
     Boom!
   "ဝူရုန်"
    "ငါမင်းကိုတွေ့ပြီ"
___________________________________
    "ယဲ့ ဖေးရှင်း"
     "ဝူးရုန်း"
    ပြတင်အပြင်ဘက်ရှိကောင်းကင်မှာစာမေးပွဲချိန်အတွင်းအမှန်ပင် မူန်မိုင်းနေသည်။
   "ဘာလဲ?"
   "အထဲမှာတခုခုရှိတယ်"
2979words
11:50 Pm,Tue Jun 6,2023.
Continue Reading
You'll Also Like
11.4K 1.5K 16
This story is not mine! Credit to Original Author and English Translator. စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက် မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်း...
7.4K 1.1K 48
Paid GP နဲ့ သိလိုသမျှကို wallထဲက About မှာတင်ပေးထားတဲ့ IQ team page messengerလေးကနေ မေးပေးပါရှင့်
1.2M 33K 24
I thought that moving to the tiny town of Forks, Washington to care for my ailing grandmother would be completely uneventful. Little did I know that...
4.6K 725 7
Intro ရီကျစ်သည် နန်းတွင်းတိုက်ခိုက်သည့်ဝတ္ထုထဲသို့ ကူး ပြောင်းသွားပြီး ရည်မှန်းချက်ကြီးသောဗီလိန်မင်းသား ၏အိမ်တော်တွင် အင်မော်တယ်အပင်အဖြစ်ကူးပြောင်းလ...