Unicode
"အကိုကု ဘာဖြစ်နေတာလဲ?"
"ပိုင်ကု ?"
"ငါအဆင်ပြေပါတယ်"
မကြာမီတွင်ပိုင်ကုသူ့မျက်နှာကိုဖူံကွယ်လိုက်ပြီး ဝူရုန်ကိုတည်ငြိမ်စွာဖြင့်ရိုးရာ ဝတ်စုံဝတ်ကူလိုက်သည်။ မြောင် အမျိုးသမီးဝတ်စုံထက်စာရင် အမျိုးသာဝတ်စုံသည်ရိုးရှင်းလှသည်။ ငွေရော င်အဆင်များ မပါပေ ။ ဝူရုန် ဘယ်ရင်ဖုံးအင်္ကျီသည် အနက်ရောင်ဖြစ်လုနီးပါ ခရမ်းနက်ပြာရောင်ဖြစ်ကာ ပြောကြသည် ကအမျိုးသား မျာအတွက်ကြည့်ကောင်းစေသောအရောင်မှာ အနက် ဖြစ်သည် ဟုဆိုသည့်အတိုင်းပင်။ ခန္ဓာကိုယ်တခုလုံး ရိုးရာဝတ်စုံဆင်ယင်ထားကာ တမူထူးခြားစွာကြည့်ကောင်းနေသဖြင့် ခံတပ်ရွာလေးထဲဝင်လာသောအခါ မနာလိုအားကျသောအကြည့်များကိုထင်ရှားစွာရလိုက်သည်။
"ငါတို့ရဲ့အနီးအဝေးမှာ ခံတပ်ရွာ အများအပြားရှိတယ်။ ငါတို့ခံတပ်နယ်မြေထဲမှာ မြောင်လူမျိုးနဲ့ သုန် လူမျိုးတွေနေကြတယ် "
ပိုင်ကုသည် ပုံမှန်လိုစကားပြန်စပြောလာပြီး ရွာ၏သမိုင်းကိုရှင်းပြသည်။ ပိုင်ကု၏မန်ဒရင်းစကားသံများအလွန်အဆင့်မြင်၍နားထောင်ကောင်းကာ ကောင်းမွန်သောတိုးရစ်ဂိုက်တယောက်ဖြစ်သည်။
မြောင်လူမျိုးများက တောင်ပေါ်မှာနေပြီး သုန်လူမျိုးကရေထဲမှာနေကြသည်။ အိုင်ချောင်သည်သုန် လူမျိုးဖြစ်ကာ သူရွာသို့ဝင်ဝင်ချင်း အရိုသေပေးရန်အပြာရောင်ကျောင်တုံးတံတားဆီသို့သွားလေသည်။ သူမသည်သူမလက်မောင်းအောက်မှ လက်လက်ဆက်ဆက်ပန်းထိုးပြီးထားသောရနံ့အိပ်လေးကို ထုတ်ယူ၍ တံတားအောက်တွင်ထားလိုက်သည်။ သူမသည်တဖက်ကိုလှည့်၍ ပြောဆိုရယ်နေပုံမှာ တယောက်ယောက်ရှိနေသလိုပင် သို့သော် ဘာအရိပ်အယောင်မှမတွေ့ရပေ။
"အဲ့တာအိုက်ချောင်တို့တံတားလေ။ သုန်လူမျိုးတွေအတွက်တံတားက ထူးခြားတဲ့အဓိပ္ပါယ်ရှိတယ်။ သုန်လူမျိုးအများစုက တံတားတစ်ခုကိုတောင်းခံပြီးရင် ဆွေစဉ်မျိုးဆက်တလျောက်အလုပ်ကျွေးပြုကြတယ်။ တံတားပေါ်တိုင်း သေးငယ်တဲ့စံတေးမူ ကြီးမားတဲ့စတေးမူ တခုခုလုပ်မှသာ တံတားကကောင်းချီးပေးတယ်။"
ပိုင်ကုရှင်းပြနေသည် "အရာအားလုံးမှာ စိတ်ဝိဉာဉ် ရှိတယ်... "
"ပိုင်ကုအမြန်သွားရအောင် တံတားက ဟိုလူတွေလာနေပြီလို့ပြောနေတယ် "
အိုက်ချောင်သည်အမြန်ပြန်လှည့်လာခဲ့ပြီး သူမျက်နှာတွင်အပြုံးမရှိတော့ပေ။ ပိုင်ကုမျက်နှာအေးခဲသွာူကာ ဝူရုန်ကိုတောင်းပန်သောအကြည့်နဲ့ကြည့်ရင်း " အခုတော့ခံတပ်နယ်မြေထဲတခုခုဖြစ်နေတယ်။ အဖွားဝူကိုအရင်သွားကြည့်တာပေါ့ ။ နောက်မှအနီးနားကို လိုက်ပြပေးမယ်။"
သာမန်မျက်လုံနှင့်ပင် ခံတပ်တွင်လူတချို့ကိုတွေနိုင်သည်။ အများစုကအမျိုးသားများဖြစ်ကာ သေနပ်ကိုင်၍ ကင်းလှည့်နေကြသည်။ သူတို့သတ်ဖြတ်ချင်သည့်စိတ်ဝိဉာဉ်ရှိသည်။ အကြီးအကဲအဖွားဝူအိမ်သိုတိုက်ရိုက် ရောက်သောလမ်းရှိသော်လည်း ပိုင်ကုနှင်တခြားသူများသည် သူ့ကိုလှည့်ပတ်၍ခေါ်သွားပြီး ခရီးဆုံးကိုရောက်ရန် တနာရီခွဲခန့်လမ်းလျှောက်လိုက်ရသည်။
" ဒီတလမ်းထဲကပဲလုံခြုံတာ။ ကျန်တဲ့လမ်းတွေမှာ ကူအဆိပ်တွေရှိတယ် "
အခြေအနေကတကယ်အရေးကြီးပုံပင်။ ဝူရုန်သည် လမ်း၌ အာရီတိုနှင့် အိုက်ချောင်ပြောစကားများကိုပြန်တွေးကြည့်နေပေမယ့်သူမျက်မှာတွင် ဘာမှမဖော်ပြပေ။ ခြေတံရှည် အိမ်ရှေ့တွင် လူများစုရုံနေပြီး ယောက်ျားရောမိန်းမများပါရှိကာ အများစုကပါးရေနားရေတွန့်ကာ အသတ်မငယ်ကြတော့ပေ။ ဝူရုန်ကိုတွေ့သောအခါ အချို့ကကြင်နာပြီးစေတနာကောင်းကြသော်လည်း အချို့ကမျက်မှောင်ကြုတ်သွားသည်။
ခြေတံရှည်အိမ်
" ဒါဝူရုန်လား ? မင်းပြန်လာဖို့အကြာကြီးစောင့်နေခဲ့ကြတာ။ မင်း အာတ (မြောင်ဘာသာစကားအရ အဖွားဟုခေါ်သည်) ကနေ့တိုင်းဒီအကြောင်းပြောနေတာ။ ငါကမင်းနဲ့ချွေ့ချွေ့အတူပြန်လာဖို့မျှော်လင့်တာ "
အိုမင်းနေသောမျက်နှာတွင် တောက်ပသောမျက်လုံများနှင့် လူအိုကြီးတယောက် သည် ဝူရုန်ကို အထက်အောက်ကြည့်နေသည်။ သူ့ဘယ်လက်မောင်းမှပတ်တီးကိုကြည့်ရင်း " ဒါဘာဖြစ်တာလဲ အရေးကြီလား? ချွေ့ချွေ့ရော ဘယ်မှာလဲ ?" ဟုမေးလေသည်။
"ကျွန်တော်တယောက်တည်းပြန်လာတာ"
ဝူရုန်အမေအမည်သည် ဝူချွေ့ဖြစ်ကာ အဖွားမှ "ချွေ့ချွေ့" ဟုခေါ်သည်။ သူခေါင်းကိုအနည်းငယ်ငြိမ့်ကာ တျောင်းကျောင်း အိမ်ထဲသို့တိုက်ရိုက်ဝင်သွားသည်။
တျောင်းကျောင်း
"ဟေး! ခဏ..."
" လူအိုကြီးကျိုက် ဝူရုန်ရထားက ချောင်ကမ်းပါးမှာမတော်တဆဖြစ်ပြီး ချောက်ထဲမှောက်သွားတာ "
ပိုင်ကု အချိန်ကိုက် ဝင်ပြောသည် " သူကနာလန်ထူနေတုန်းရှိသေးတယ် ။အဖွားဝူခြေကျိုးတယ်ကြားလို့ချက်ချင်းလိုက်လာတာ "
" အာ သိတက်တဲ့ကလေးကောင်းလေးပဲ ချွေ့ချွေ့ပြန်မလာတာနှမြောစရာပဲယောကျာ်းလေးဖြစ်ပြန်ပြီ "
လူအိုကြီးက အကူညီမဲ့ သက်ပြင်းချနေ၍ လူအများကလည်းစိတ်မကောင်းပေ။ တယောက်က မြေပေါ်ထိုင်ချရင်း စီးကရက်ခြောက် သောက်နေသည်။ သူသွားကြိတ်လိုက်၍ " ဒါကနတ်ဆိုးမြောင် တွေလက်ချက်ပဲဖြစ်မယ် ။သူတို့က ငါတို့ခံတပ် ကိုလုံဝ ဖျတ်ဆီးဖို့ ညစ်ပတ်တဲ့နည်းတွေသုံးနေတာ"
"ခေါင်းဆောင်ဝူက အသက်ကြီးနေပြီး နေမကောင်းတာကလည်း ပြင်းထန်နေတော့ ဘယ်လိုတိုက်ခိုက်နိုင်ပါ့မလဲ "
အားလုံး၏ပြောစကားများကြားပြီးနောက် လူအိုကြီးသည် လက်ကိုမြှောက်၍ ငြိမ်သက်စေလိုက်ပြီး " အားလုံးစိတ်မပူပါနဲ့ ။ ငါအထဲဝင်ကြည့်လိုက်ဦးမယ် ။ မင်းတို့ ဒီနေ့ချောက်ကမ်းပါးဘက်ကင်းလှည့်တာကို သေချာအာရုံစိုက်ရမယ်။ ဝူရုန်ပြန်လာတဲ့သတင်းက အကြာကြီး မဖုံးကွယ်နိုင်တာမို့ တခုခုတော့ဖြစ်လိမ့်မယ် "
"ဟုတ်"
တျောင်းကျောင်းအိမ်လေးသည် အလွန်သန့်ရှင်းကအမိူက်တစပင်ရှိမနေပေ။ မေပယ်စင်ပေါ် ထင်ထားသော ဖုပုလင်းများဖရိုဖရဲဖြစ်နေပြီး အဖွားဝူအိပ်ရာအောက်ခြေတွင်ရှိသည်။ တံခါးကိုခြုံလွှာတခုနှင့်အုပ်ထားသော်လည်း သေးသွယ်အိုမင်းနေသော ပုံရိပ်တခုကအိပ်ရာပေါ်တွင် မလူပ်မယှက် လှဲနေသည်ကို တွေ့ရသည်။
"အဖွား ကျွန်တော်ရောက်ပြီ "
ဝူရုန်အိပ်ခန်းထဲဝင်လိုက်သောအခါ သူ့ဖိနပ်ထိပ်လေးလံသွားကာ ရွီခနဲ အသံထွက်လာသည်။ သူအောက်ငုံကြည့်လိုက်သောအခါ အစိမ်းရောင်မြွေငယ်လေး၏ ထူထဲသောအစွယ်က သူ့ဖိနပ်ပေါ်တွင်ရှိနေသည်။ ဒါကအစောင့်ရှောက်လိုပင်။ ဝူရုန်ကိုခြိမ်းခြောက်သတိပေးနေခြင်းဖြစ်သည်။ မြွေလေး၏ ကြေးခွံ သည် အစိမ်းရောင်သမ်းကာ ရွဲရွဲစိုနေကာ အစွယ်များကချွန်ထက်နေသည်။
"မီ ရှောင်းမီလား?"
မီသည် ဝူရုန်၏ မြောင်မိသားစုချစ်စနိုးအမည်ဖြစ်ကာ မီတု သည် မြောင်ဘာသာဖြင့် ကောင်လေး ဟုအဓိပ္ပါယ်ရသည်။ အဖွား၏အသံမှာမသဲကွဲ၍တုန်ယင်နေကာ အရမ်းသတိရှိမနေပေ။ ဝူရုန်အိပ်ရာဘေးတွင် မြွေစိမ်းနဲ့အတူ မက်တပ်ရပ်နေသည်။ သူမ၏မျက်လုံးများက တံခါးကိုအသတ်မဲ့စွာကြည့်နေသည်။
"အဖွား"
"မင်းဒီမှာ..."
သူမသည်နောက်ဆုံးတော့ သူ့ကိုကြည့်လာ၍ သူမ၏ပါးများက အိုမင်းမူကြောင့်ပုံပျက်နေကာ သူမလက်သည်း များက အဝါရောင်ရောင်အနက်ရောင်ဖြစ်နေကာ သူမ၏အသက်ရူသံမှာ သေးငယ်၍ သူ သူမ၏ရင်ဘက်က ခက်ခဲစွာ အသက်ရူနေရသဖြင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။
ရုတ်တရက်သူမသည် တုန့်ပြန်မူတခုရှိသလို အားအင်ပြည့်ဝလာသည်။ သူမမျက်နှာချက်ချင်းတင်းမာသွား ကာ ဝူရုန်ခက်ထန်စွာဖြင့် "ထွက်သွား ဒီကထွက်သွား! ဒီနေရာက မင်းရှိမယ့်နေရာမဟုတ်ဘူး သွားအိမ်ကိုပြန်တော့ ဒီနယ်မြေကိမင်းကိုမကြိုဆိုဘူး ဒီမှာမင်းကိုမကြိုဆိုဘူး "
"အဖွား ဝူရုန်က ခရီးဝေးကြီးလးာရတာ ရောက်ရောက်ချင်းတော့မပြန်ခိုင်းသင့်ဘူး သူလမ်းမှာမတော်တဆတောင်ဖြစ်ခဲ့သေးတယ် အဖွားမြေးအတွက်စိတ်မကောင်းမဖြစ်ဘူးလား "
"ပါးစပ်ပိတ်"
ရွာလူကြီးက သူမကိုအမြန်နားချသော်လည်း အဖွားစိတ်ကဆုံးဖြတ်ပြီးသားဖြစ်သည်။ သူမဝူရုနခကိုတချက်မှလှည့်အကြည့်ပဲလူအိုကြီးကိုသာ မြောင်ဘာသာစကားဖြင့်ကျိန်ဆဲကာ ပစ္စည်းများနဲ့ပစ်ပေါက်ရင်း "ဒီကထွက်သွား ဒီကထွက်သွား!"
လူအိုကြီးသည် မရှောင်ဝံ့ပဲ ထိုနားတွင်ပြင်ရပ်နေသည်။ သန့်ရှင်းသောအခန်းလေးသည် လေပွေဝင်သွားသလိုပင်။ သူမခန္ဓာကိုယ်ကအားနည်းနေသဖြင့် ပြင်းထန်းသောလူပ်ရှားမူက သူမကိုချောင်းဆိုးကာမောပန်းစေ၍ အသက်ရူမဝဖြစ်စေသည်။ ဒီလိုဖြစ်နေတာတောင်သူမ ဝူရုန်ကို ခက်ထန်စွာစိုက်ကြည့်နေပုံမှာ အိုမင်းညှိုးရော်သောအမွေးများရှိသည် ဝံပုလွေအိုကြီးလိုပင်။
ရွာသည်စိုးရိမ်ဖ်အခြေနေရှိသည်။ အဖွားဝူ၏ခန္ဓကိုယ်အခြေနေအပြင် ဝူရုန်ထွက်ခွာမူကပါ စိုးရိမ်ပူပန်စရာဖြစ်သည်။ စိတ်ဆိုးနေသောခေါင်းဆောင်ကိုမည်သူမျှမခုခံဝံ့ပေ။ ခံတပ်မြေ၏လေးစားရစောလူအိုကြီးပင် သတ္တိမရှိပေ။ သူသည်ဆံပင်ဖြူနေပြီး လေ့ကျင့်ပေးမူများပြီးဆုံးပြီးနောက်ကလေတယောက်လိုပင် နာခံတက်လာသည်။ သူခေါင်းကိုငုံကာမဆန့်ကျင်ရဲပေ။ သူအလွန်စိတ်ပူနေလေသည်။ ထိုအချိန်တွင်ပုံရိပ်တခုက သူ့အနားမှဖြတ်လျှောက်သွားသည်။
ဘယ်သူကအရမ်းသတ္တိရှိနေတာလဲ!
"ဝေးဝေးသွားဝေးဝေးသွားလို့ မင်းပြောနေတာနားလည်ရဲ့လား ?"
သူ့လက်ကိုမြှောက်၍အဖွားပစ်လိုက်သောရေခွက်ကိုဖမ်းလိုက်သည်။ ဝူရုန်အိပ်ရာဘေးကိုသွားကာ စားပွဲပေါ်မှရေခရားကိုယူ၍ရေတခွက်ငဲ့ထည့်လိုက်သည်။
"ရေသောက်ပါ"
"မသောက်ဘူး!"
ဝူရုန်ကလက်ပြန်မရူတ်ပေ။ အဖွားနဲ့မြေးတွင်တူညီသောစိတ်ဓာတ်နဲ့ ခေါင်းမာမူရှိကြကာ ထိုနေရာသည် အေးခဲနေသည်။ ဂုဏ်သရေရှိသောရွာအကြီးအကဲက မြန်မြန်ပင် ရူံးနိမ့်နေပေသည်။
ရုတ်တရက်သူ့ခြေထောက်အေးလာသဖြင့်ငုံကြည့်လိုက်ရာ အစိမ်ရောင်မြွေလေးက သူအစွယ်များကိုပြ ကာ အစောင့်တယောက်လိုခြိမ်းခြောက်နေသည်။ သူသည်ဝူရုန်ကိုအဆိပ်နှင်မူတ်ထုတ်ချင်နေသည်။ ဝူရုန်မတုန့်ပြန်မှီ အဖွားသည်စိတ်ဆိုးစွားဖြင့် ရှေးကျသောမြောင်ဘာသာဖြင့်အော်ဟစ်ပြီးနောက် မြွေလေးသည် ဖင်မီးစွဲနေသလို လျောဆင်းသွားသည် ။စိတ်ပျက်ညှိုးငယ်စွာဖြင့်ထောင့်နားရှိ ခရားအိုးထဲဝင်သွားပြီး သူ့အမြှီးထိပ်ကိုသာထုတ်ပြထားသည်။
လေထုကထပ်မံတင်းမာလာပြီး အဖွားသည်သူနှင့်ဝေးရာကိုလှည့်ထွက်သွားသည်။
"မင်းတွေ့လား အဲ့တာကောင်အရမ်းကောင်းမနေဘူး မကောင်းဘူးမလား?"
လူအိုကြီးကဖြန်ဖြေချင်သော်လည်း ရုတ်တရက် ခြေတံရှည်အိမ်အောက်မှ အသံထွက်လာသည်။ ရွာလူကြီးကနားထောင်ပြီးနောက်သူမျက်နှာချက်ချင်းပျက်သွားကာ "မကောင်းတော့ဘူး"
သူစကားမပြောတော့ပဲအလျင်မြန်ထွက်သွားလေသည် ။ အဖွားအိုနှင့်ဝူရုန်အခန်းထဲတွင်ကျန်ခဲ့သည်။ အဖွားအိုကစကားမပြောပဲ သူမသည် အေးစက်ကာပါးစိပ်ကိုပိတ်ထား၍ နံရံကိုဖြတ်၍ တခုခုကိုကြည့်နေသလိုမိန်းမောတွေဝေနေသည်။ အချိန်တခုကြာပြီးနောက်ဆုံး၌သူမပါးစပ်လူပ်ရှားလာသည်။ သူမသည် အိုမင်းမောပန်းမူများကိုဖယ်ရှားကာ အေးစက်၍ဆူးရှိသော အရေပြားကိုတပ်ဆင်၍ " ရှောင်းမီ အားတရဲ့ အကြံကိုနားထောင်ပြီး ထွက်သွားပါ "
"ဒီခံတပ်မြေက ပျက်ဆီးတော့မှာ မင်းကချွေချွေးရဲ့တဦးတည်းသောသားလေ တခုခုဖြစ်သွားရင် ချွေ့ချွေ့သူ့တဘဝလုံးငါ့ကိုမုန်းနေလိမ့်မယ် "
ထိုသို့ပြောပြီးနောက်အဖွားအိုစကားပြောတာရပ်လိုက်သည်။ တံခါးမှအသံထွက်လာသည်။ တံခါးသုံးချက်ခေါက်လာသည်။ အပြင်လူများကစိုးရိမ်စိတ်နဲ့လေးစားမူဖြင့် ပြောလာသည် " အကြီးကဲဝူ ဂို ကင်းလှည့်ရင်း အတိုက်ခိုက်ခံရလို့ အခုထိတော့ သူတို့ပြဿကိုမသိသေးဘူး။ အဖွားပဲ သူ့အသက်ကို ကယ်နိုင်မှာမို့ "
"ဝင်လာပါ"
များစွာသောမြောင်အမျိုးသားများက သစ်ကိုင်များဖြင့်သာရိုးရှင်းစွာ လုပ်ထားသော လူနာတင်ပုခက် ပေါ်တွင် လူတယောက်ကိုတင်၍ဝင်လာသောအခါ စူးရှဆိုးဝါးသောအနံ့များချက်ချင်းပျံ့နှံသွားသည်။ သူ့ဝမ်းဗိုက်သည် ကိုယ်ဝန်ဆောင်ဖောင်းပွနေပေမယ့်အာ့တာနဲ့တော့ ကွဲပြားသည်။ ဗိုက်သားသည် စက္ကူလိုပါးလွှပြီး အရည်ပျစ်ပျစ်များက အထဲတွင်စီးဆင်းနေသည်ကို မသဲမကွဲမြင်ရသည်။ အချိန်တိုင်းလိုလို သွေးကြောများလိုအမြှောင်းများကိုဖြတ်၍ အရေပြားအောက်ခြေထိရောက်လာကာ ဗိုက်ပေါ်အပေါ်ဘက်တခုလုံးသွေးကြောများထိုးတက်လာကပြည့်နေပုံပေါ်သည်။
အမျိုးသား၏မျက်နှာမှာနာကျင်မူကြောင့်ဖြူရော်၍ အသက်မရူနိုင်ပေ။ မျက်လုံးနှင့်နှာခေါင်းမှသွေးယိုစီးလာကာ ဒွါရခုနှစ်ပေါက်လုံးမှစီးကျလာသည် အချိန်တွင် သေမည်ဖြစ်သည်။
အဖွားကအလျင်မလျင်မလိုပေ။ သူမကြည့်လိုက်ပြီး တယောက်ကို ပြုတ်ထားသောဥတလုံးသွားရှာခိုင်းသည်။ သူသည် ဝူရုန်အကူညီဖြင်တွန့်ဆုတ်စွာထိုင်လိုက်ရင်း ဘာပြောရမှန်မသိပေ။ သူသည်မြွေစိမ်းလေးကိုကောက်ယူ၍ ပါးစပ်ကိုဖြဲလိုက်ကာ သူ့အစွယ်များကိုလူကြားထဲဖိချလိုက်သည်။
အမျိုးသားသည်သေတော့မည့်အတွက်အလွတ်ဒေါသထွက်နေသည်။ အဆိပ်ကိုထိုးသွင်းပြီးနောက်သူ့တကိုယ်လုံးတသိမ့်သိမ့်တုန်လာသည်။ ရုတ်တရက်မက်တပ်ရပ်ကာ စတင်၍ ထိုးအန်တော့သည်။ နံစော်သောအနံ့များပျံ့နှံ့နေသည်။ သူအန်လိုက်သောအခါ အဝါရောင်အမြုပ်များသည် ပဲဒိန်ခဲနှင့်တူပြီး သွေးနှင့်ရောပါလာသည်။ ထိုထဲတွင် တုပ်ပြားကောင်နဲ့တူသောအဖြူရောင်အကောင်များ ပါလာပြီးသူအန်ထုတ်လိုက်သောအခါ လူပ်ရှားနေတုန်းဖြစ်သည်။
" မီးကန်ကလောင်ကျွမ်းနေပြီး ပြာတွေကို ရွာအရှေ့ကမေပယ်ပင်အောက်မှာမြုပ်နှံသင့်သည် "
အဖွား၏ညွှန်ကြားချက်မှ ထိုသူများကတုပ်ကောင်မိားပါနေရောအန်ဖက်များကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ထိုအချိန်တွင် ဥ သွားရှာတဲ့သူပြန်လာသည်။ အခုတင်ပြုတ်လာတာဖြစ်မည် ပူနေသေးသည်။ အဖွားကယူ၍ ထိုသူ၏ရှုံ့တွနေသော အစာအိမ်ပေါ်လှိမ့်လိုက်သည်။ သူမပါးစပါမှတတွတ်တွက် ရွတ်၍ ဗိုက်အောက်မှရင်ဘက်ပေါ်ထိ စေ့စေ့စပ်စပ်ဖြည်းဖြည်းချင်းလှိမ့်လိုက်သည်။ ငါးမိနစ်ကြာပြီးနောက်ရပ်လိုက်သည်။
ရွာလူကြီးကပြုတ်ပြီးသားဥကိုယူလိုက်သည်။ သူသည်အခွံနှင့်အဖြူရောင်အကာကိုခွာပြီးအနှစ်ကို အဖွာူကိုပြလိုက်သည်။ ဝူရုန်သည်လည်း ပရိုတင်း၏ အတွင်းသားကမှင်ကဲ့သို့နက်မှောင်ကာ ဖောင်းပွ၍ ပုံပျက်ကာ အနက်ရောင်အင်းစက်ဥအလွှာကထူထဲကာအပ်များနှင့်အတူ ဥအနှစ်နှင့်ဆုံသည့်နေရာတွင် တွေ့လေသည်။
အဖွားကထိုအရာကိုကြည့်၍ခေါင်းငြိမ့်ကာ " ဥကိုယူပြီး ကြက်ဖကိုကျွေးလိုက် ဥအကာနဲ့အခွံကို မီးကန်ထဲပစ်ရှို့လိုက် အိမ်ပြန်ပြီး ယင်ဂိုကဆေးရည်သောက်နေသရွေ့တပတ်အတွင်း ကောင်းလာလိမ့်မယ် "
ပြဿနာကိုရှင်းပြီးနောက် အဖွားဝူသည်ကြာကြာတောင့်မခံနိုင်တော့ပဲအိပ်ပျော်သွားသည်။ ဝူရုန်သည်ရွာထဲရှိခြေတံရှည်အိမ်တွင်ခတ္တနေထိုင်လေသည်။ သူသည်အရင်လမ်းပျက်နေသောကြောင့်အနည်းဆုံးတပတ်တော့နေရပေမည်။ ခံတပ်ရွာလူအိုကြီးကလာရောက်လည်ပတ်ကာ ဆေးလိပ်ခြောက်မျာသောက်၍ ခံတပ်ရွာ၏အတိတ်ကြောင်းများပြောပြလာသည်။
လူများစွာသည် စွမ်းအားကြီးတစ္ဆေပြန်လည်ဖြစ်တည်လာမူအစောပိုင်းနေ့များ၍တင်သေဆုံးကြသည်။ ခံတပ်နယ်မြေသည်မြို့နှင်အဝေးမှာရှိပြီး သိန်းပေါင်းများစွာသောလူများတကြိမ်ထဲသတ်နိုင်သောတစ္ဆေမရှိသော်လည်း အသက်ရှင်သန်ရန် အလွန်ခက်ခဲပေသည်။ လူတွေကနေ့တိုင်းသေဆုံးနေပေမယ့် ပိုစိတ်ပျက်စရာကောင်းတာက အတိတ်ကသုံးခဲ့သောကူမျသည်တစ္ဆေမျာူအတွက် အသုံးမကျပေ။ တခါတလေတော့ တချို့ဟာတွေကအသုံးဝင်သော်လည်း အရမ်းတန်ဖိုးကြီးသည်။ မွေးမြူရန်ခက်ခဲလေသည်။ ကမ္ဘာကြီးမှာရှိတဲ့ ယင်ဓာတ်ကများပြားလာသည်အမျှ လူများသေဆုံးလာကြသည်။
ဒီအခြေနေတွင် မြောင်လူမျိုးများကွဲထွက်ကာမူလ ရည်ရွယ်ချက်များပျောက်ဆုံးပြီး တစ္ဆေနယ်မြေထဲနေ၍ အသက် သောသူများ ကိုသတ်၍ ရသောဝိဉာဉ်မျာူနှင်တစ္ဆေကူများကိုမွေးကြသည်။ နည်းလမ်းကအလွန်ကြောက်စရာကောင်းကာထိုသိုလုပ်သူများကို နတ်ဆိုးမြောင်ဟုခေါ်ကြသည် ။ (နတ်ဆိုး --ဘာသာရေးအလေ့ကျင့် များနှောင့်နှေးစေသော သတ်ဖြတ်ခြင်း ခိုးယူခြင်းစသည့်ပြစ်မူများကျူးလွန်သူကိုဆိုလိုသည်)။ မြောင်လူမျိုးများကြားတွင် ကမ္ဘာပေါ်နေထိုင်၍ နတ်ဆိုးအလုပ်ကိုမလုပ်လိုသူများရှိကာ ထိုသူများထဲတွင်အဖွားဝူတို့သည် အာဏယအကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ကူဘုရင်ရှိသည်။
ဝူ၏သွေးဆက်ကသာ ထိုကူဘုရင်ကိုနိုးထစေနိုင်ပြီး ထိုကူဘုရင်သည် တစ္ဆေနယ်မြေ၏သက်ရောက်မူကိုမခံရပဲ ကူမျိုးစိပ်များကိုမွေးထုတ်နိုင်သည်။ သစ်လုံးခံတပ်မျာူက ထိုအရာကို မူလ ကူဟု ခေါ်သည်။
"နတ်ဆိုးမြောင်တွေကအများကြီးပဲ။ နောက်ဆုံးတခေါက်တုန်းက အဖွားဝူကသူတို့ကို ရိုက်ချနိုင်ပေမယ့်ဒဏ်ရာရသွားလို့ကောင်းကောင်း မထိန်းနိုင်ခဲ့ဘူး ။ ခံတပ်နယ်မြေထဲမှာလည်း တခြားဝူမျိုးဆက်မရှိတာမို့ ထိုကူဘုရင်ကိုမနိုးထနိုင်ဘူးလေ "
ရွာလူအိုကြီးမှာပူပန်နေကာ " အကြီးကဲဝူကျန်းမာရေးကောင်းတုန်းကဆို နှစ်နှစ်အတွင်း အနီးနားရှိတဲ့ခံတပ်ရွာတွေကိုစုစည်းပြီး သေခြင်း ရှင်ခြင်းပြိုင်ပွဲတခု နတ်ဆိုးမြောင်တွေနဲ့ပြုလုပ်ဖို့ရှိတယ်။ အခုတော့နှစ်ဝက်ပဲရှိသေးတယ် အနီးနားကခံတပ်ရွာအသေးလေးတွေကို နတ်ဆိုးမြောင်တွေ ကလစ်ကကျစ် ကြပြီး ဖျတ်ဆီးလိုက်ကြတော့ ငါတို့တဦးတည်းမရပ်တည်နိုင်တော့ဘူး။ နတ်ဆိူမြောင်တေတိုက်ရိုက်မလာရဲတာ အဖွားဝူ ကျောက်တုံးကိုမီးရှို့ပြီး ဖျတ်ဆီးလိုက်မှာစိုးလို့ပဲ"
"ဒီအချိန်ရောက်မှတော့ မင်းနဲ့ အတူချွေ့ချွေ့ကိုပြန်လာဖို့မေးရုံကလွဲရင်နည်းလမ်းမရှိတော့ဘူး။ မင်းအဖွာူကတခြားသူကိုမစွန့်စားစေချင်တော့ သူမကနောက်တစ်နှစ်ခွဲအတွင်း သူမဘာသာသွားဖို့လုပ်တာ။ ဒါမယ့် တနေ့ကသူခြေထောက်ကျိုးသွားတော့ *သူ့စိတ်ဝိဉာဉ်လည်း သေဆုံးသွားပုံရတယ် "
(T/N ဆိုလိုတာက ကူဘုရင်နိုးထစေ ပြီးပြန်တိုက်ခိုက်ဖို့စိတ်ခွန်အားမရှိတော့တာ)
"မင်းကပင်ပန်းထားတော့အနားယူသင့်တာ"
ခံတပ်ရွာလူအိုကြီးကတချိန်လုံးဆေးလိပ်သောက်နေပြီးသူမျက်လုံးများကတည်ကြည်ရဲရင့်နေသော်လည်း ဝူရုန်ကိုပြုံးပြနှစ်သိမ့် ရင်း " ဝူမျိုးဆက်က ခံတပ်ရွာအပေါ်ကြင်နာတာမို့ စိတ်မပူပါနဲ့ ငါတို့ကသစ္စာဖောက် တက်တဲ့သားရဲအဖြစ်မခံပါဘူး ။ ဝူမျိုးဆက်ပြတ်သွားရင် အနီးနားခံတပ်ရွာတွေကိုနတ်ဆိုးမြောင်တွေဝန်းရံလာလိမ့်မယ်။ ငါမင်းကိုပြန်ဖို့အခွင့်ရေးရှာပေးမှာပါ "
လူအိုကြီးနှင်ဝူရူန်တိုသည်အလင်းရောင်အောက်တွင်အချိန်တခုကြာသည်အထိစကားပြောခဲ့ကြသည်။ သူတို့စကားပြောကြာရှည်နေသလောက် ပိုင်ကုသည်လည်း အဝေးသိုမျှော်ငေးနေသည်။ မိုးမခ ပင်ထိပ်သို့လရောင်ရောက်လာသောအခါ နေ့ခင်းဘက်ရှိနွေးထွေးနူးညံ့သောအသွင်အပြင် လွင့်ပျယ်သွားကာသူမျက်လုံးများ မူန်မိူင်းလျက် သူမျက်နှာထက် ပုဝါအုပ်၍ တောင်အောက်ဘက်လမ်း တလျောက်တိတ်တဆိတ်ဆင်းသွားသည်။
ထိုနေရာတွင်ထူထပ်သောသစ်တောနှင်လရောင်သာရှိသည်။ ကြည်လင်နေသောစမ်းချောင်းတခုကတောင်သစ်တောထဲတာ်ရှိသည်။ ပိုးစုန်ကြူးများက အိမ်မက်ဆန်ဆန် နှင့်စပျစ်နွယ်များကြားတောက်ပနေကြသည်။ မြက်များကြားတွင်လိုင်လက်ပန်းများပြည့်နေကာလရောင်မှအလင်းပြန်ကျနေသည်။
ထိုနေရာသည် အလွန်ချစ်ကြည်နူးစရာကောင်းသောချိန်းတွေ့ရာနေရာဖြစ်သည်။
ပိုင်ကုရောက်သောအခါ စမ်းချောင်းဘေးတွင်လူတယောက်ရပ်စောင့်နေသည်။ သူ့ကိုမြင်လျှင်အပြုံးတခုနဲ့တုန့်ပြန်လာသည်။
"ပေါင်ပေ့ ကိုယ့်ကိုစောင့်ရအောင်လုပ်တာပဲ"
သူ့လက်ကိုဖွင့်၍ ပွေ့ဖက်လိုက်သော်လည်း ဓားမြှောင်၏ထက်ရှသောအလင်းတခုကိုသာရလိုက်သည်။ အမျိုးသားသည်သူ့လက်ကိုပြန်ရုတ်ရင်း ဓားမြှောင်ကိုင်ထာသော ပိုင်ကုကို ချစ်မြတ်နိူးစွာကြည့်၍ ကြင်နာသောအသံဖြင့် " ကိုယ်တို့ဒီလောက်ကြာကြာတွေ့ဖူးနေတာ ကိုယ့်အပေါ်ဘာလို့ဒီလောက်သတိထားနေသေးတာလဲ? ကိစ္စတွေဖြေရှင်းပြီးရင် မူလကူရော ရွာကကောင်းတာမှန်သမျှ မင်းဟာဖြစ်မှာလေ။ ပြီးရင် တစ္ဆေနယ်မြေမှာလွတ်လွတ်လပ်လပ် နေနိုင်ပြီ။ ဝူမျိုးဆက်အတွက်ဘာလို့ဒေါသထွက်နေတာလဲ?"
ထိုသူသည်မြောင်ဝတ်စုံ ကိုဝတ်ထားသော်လည်း သူ့အင်္ကျီသ အနက်ရောင်ဖြစ်ကာ ဘာအရောင်အစပ်မှမပါပေ။
သူသည်အလွန်ကြည့်ကောင်း၍ စိတ်ကူးယဉ်ဆန်သည်ပုံဖြစ်သည်။ သူမျက်ခုံးများကမူန်မိူင်းကာ နတ်ဆိုးဝိဉာဉ်များပြည့်နေကာ လူကောင်းမဟုတ်မှန်းပြသနေသည်။
" အာကု မင်းကအရမ်းတော်တယ်။ ဝူမိသားစုသွေးဆက်ကတဆက်ထဲကျန်တော့တာ ။ဒီနေ့လာတဲ့အသစ်လေးက သာမန်လူလို့ပြောတယ် ငါသူ့ကိုလက်ချောင်းလေးနဲ့တောင်သေအောင်ချေမွလို့ရတယ်။ သူတို့ဘာလို့မူလ ကူကို ဒီလောက်ကြာအောင်ထိန်းထားရတာလဲ? သူတို့တွေကငါတို့ကိုနတ်ဆိုးမြောင်လို့ပြောတယ် ။ဒါမယ့် ကမ္ဘာကြီးက စွမ်းအားပေါ်အခြေခံတာလေ အားနည်းသူတွေကငါတို့သွေးအစာ ဖြစ်ဖို့ပဲထိုက်တန်တယ်"
"ဒါကအချိန်ကြာနေပြီ။ ကိုယ်သာခံတပ်ကအကြီးကဲတွေနားမချထားရင်ဘသူတို့လာတာကြာနေပြီပေါ့။ အဲ့အခါ မင်းဘာဖစ်မလဲ? မင်းကကိုယ့်ကို ခံတပ်သွားတဲ့လအ်ူတောင်မပြောပြဘူးလေ"
"အာကု?"
ကြည့်ရသည်မှာ သူနောက်ဆုံးတော့ ပိုင်ကု စိတ်လွင့်နေတာကိုအာရုံရသွားပုံရကာ မကျေမနပ်နှင့် အသံကိုမြှင့်ကာပိုင်ကုအာရုံကိုပြန်ဆွဲယူလိုက်သည်
"ထွက်သွားတော့ ။ငါထွက်မယ်။ လမ်းခွဲကြတာပေါ့"
ပိုင်ကုဓားမြှောင်ကို မြေပေါ်သို့အေးစက်စွာပစ်ချကာနှာမူတ်လိုက်သည်။ မယုံကြည်နိုင်ဖြစ်နေသော ထိုသူကိုမျက်နှာချင်းဆိုင်လိုက်ရင်း သူ့နူတ်ခမ်းကိုလေးနက်စွာပင့်လိုက်ကာ " ခင်ဗျားသူကို ခြေထောက်အောက်ခြေမွချင်သေးတယ်?"
"သူခွေးနဲ့တင်ခင်ဗျားကိုသတ်ဖို့လုံလောက်နေပြီ "
စာရေးသူတွင်ပြောစရာရှိသည်။
ဇာတ်လိုက်အတု - ဝူရုန်
ဇာတ်လိုက်အစစ် - ဝူရုန်ခွေး
10:53 PM ,Web Feb 22,2023