ကျုပ်ကဆရာကြီး(1-ongoing)

De momohana_myu20

218K 28.5K 450

(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာ... Mais

Intro+Chapter1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59+60
60အဆက်
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95+96
97+98
99+100
101+102
103+104
105+106+107
108+109
110+111+112+113
114+115
116+117
118+119
120+121
122+123
124+125
126+127+128+129
130+131
132+133
134+135
136+137
138+139
140+141+142+143
144+145+146+147+148+149+150
151+152+153
154+155+156
157+158+159
160+161+162+163
164+165+166
167+168+169
170+171+172
173+174+175
176+177+178
179+180+181
182+183+184+185
186+187+188+189
190+191+192+193
194+195+196
197+198+199+200
201+202+203
204+205+206
207+208+209
210+211+212
213+214+215
216+217
218+219+220
221+222+223
224+225+226+227
228+229+230+231
232+233+234+235
236+237+238+239
240+241+242+243
244+245+246+247
248+249+250+251
252+253+254+255
256+257+258+259+260
261+262+263+264
265+266+267+268
269+270+271+272+273
274+275+276+277+278
279+280+281+282+283
284+285+286+287+288
289+290+291+292+293
294+295+296+297
298+299+300+301+302
303+304+305+306+307
308+309+310+311+312
313+314+315+316+317
318+319+320+321
322+323+324+325
326+327+328+329+330
331+332+333+334+335
336+337+338+339+340
341+342+343+344+345
346+347+348+349+350
351+352+353+354+355
356+357+358+359+360
361+362+363+364+365
366+367+368+369+370
371+372+373+374
379+380+381+382
hello
383
384

375+376+377+378

575 62 5
De momohana_myu20

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၇၅
(နှစ်သုံးထောင်လမ်းစဉ်များ)

နောက်တစ်နေ့တွင်။

ကောင်းကင်ကြီးသည် တောက်ပလျက် ရှိသည်။

ပုံမှန်ထက် နောက်ကျမှသာ လီနင်းဖန်အိပ်ယာမှ နိုးခဲ့သည်။ ပြောရမည်ဆိုလျှင် မနေ့ညက သူနောက်ကျသည်အထိ မအိပ်ပဲ နေခဲ့ခြင်းကြောင့် ဖြစ်သည်။

သူ တံခါးဖွင့်လိုက်ပြီး သန်းဝေနေသေးလျက် နေမင်းကြီးအား မျက်နှာမူလိုက်သည်။

မင်္ဂလာနံနက်ခင်းပါ သခင်လေးလီ...

အကိုနင်းဖန် မင်္ဂလာ နံနက်ခင်းပါ..

ခြံဝင်းထဲတွင် တကျီနှင့် ကျန်သူများ အလုပ်ရှုပ်နေကြသည်။ သူတို့အားလုံး၏ မျက်နှာများမှာ ပြုံးရွှင်နေကြပြီး စိတ်ကောင်းဝင်နေကြသည်။
ဝိုး....အားလုံးက ပျော်နေတဲ့ပုံပါလား...ဘာတွေများ လုပ်နေကြတာတုန်း...
လီနင်းဖန် သူတို့အား ကြည့်ကာ မီးဖိုချောင်တစ်ဝိုက်၌ သူတို့အားလုံး အလုပ်များနေကြခြင်း ဖြစ်ကြောင်း သတိထားမိတော့သည်။

တကျီ၏ လက်ထဲတွင် ဂျုံလုံးတစ်လုံး ရှိနေကာ ပန်ကိတ်လုပ်နေခြင်း ဖြစ်သည်။ နန်နန်းနှင့်ဒရာဂျင်သည်လည်း ဘေးတွင် ဂျုံစေးနယ်နေပြီး ဂျုံမှုန့်များထဲသို့ အချိန်တိုင်း ရေဖြည့်နေကြသည်။ သူတို့မှာ အလုပ်များနေကြသော်လည်း ပျော်ရွှင်နေကြဟန်ရှိသည်။

ဖီးနစ်မီးငှက်ပင်လျှင် ဘာမှ လုပ်မနေပါက ရှက်စရာကောင်းသည်ဟု ခံစားနေရပြီး သူမသည် ဓားတစ်ချောင်းကိုင်ကာ အသားများအား လှီးဖြတ်နေလေ၏။

ရွှပ်...ရွှပ်...ရွှပ်...

သူမသည် အနီရောင်ဝတ်စုံဖြင့် မလှုပ်မယှက်ဖြစ်နေဟန် ရှိသော်လည်း ဓားတစ်ချောင်း ကိုင်ထားပြီး အသားများအား အပြင်းအထန် လှီးဖြစ်နေကာ ထိုမြင်ကွင်းမှာ လှပနေတော့သည်။

ဘလက်ကီနှင့် ရှောင်ပိုင်တို့အတွက် မည်သည်မျှ လုပ်စရာမရှိတော့ချေ။

မနက်ခင်း နေအလင်းရောင်၏ ဖြာကျမှုအောက်တွင် ဘလက်ကီ လဲလှောင်းနေပြီး မကျေမနပ်ဖြစ်နေပုံရကာ အထီးကျန်နေဟန် ရှိသည်။

'ဆရာက ငါ့ကို မခေါ်သွားပဲနဲ့ အကြာကြီးထွက်သွားခဲ့တာပဲ...ဟူး...ငါမပျော်ဘူး....'

'ဟမ့်...ငါဘာမှ မလုပ်ရတော့ပါလား...ငါအချိန်ပေးပြီး အင်မော်တယ်သာမန်ဘုံက ခွေးမိစ္ဆာတွေ အားလုံးကိုအုပ်ချုပ်ရမယ်ဆို တော်တော်လေး ပျော်စရာကောင်းမှာပဲ...'

ရှောင်ပိုင်သည်လည်း ဘေးတွင် ကျောက်ရုပ်ကဲ့သို့ မတ်တပ်ရပ်နေသည်။

၄င်းမှာ လီနင်းဖန်နှင့် အကြည့်ချင်းဆုံသွားသဖြင့် အခြေအနေများ မှားယွင်းနေကြောင်း ရှင်းပြတော့သည်။
သခင် ကျွန်တော်ပြောတာနားထောင်ပါဦး...ကျွန်တော်က ငပျင်းတစ်ယောက်မဟုတ်ပါဘူး...သူတို့ကိုယ်တိုင်ကိုက သူတို့ဘာသာ မနက်စာလုပ်စားမယ်လို့ ပြောကြလို့ပါ....

တကျီ ပြုံးကာ ပြောလာသည်။
သခင်လေးလီ...သခင်လေးလုပ်တဲ့ အစားအစာတွေက အရသာရှိတယ် ဆိုပေမယ့် ကျွန်မတို့ ဘာမှ မလုပ်ပဲနဲ့ မစားနိုင်ဘူးလေ...ကျွန်မတို့လည်း သခင်လေးအတွက် အစားအစာလုပ်ကျွေးရမှာပေါ့....

ပန်ကိတ်ပြည့်ပြည့်တစ်ခု သူမ၏ လက်ထဲတွင် ပေါ်လာကာ ဆက်ပြောသည်။
သခင်လေးလီ ကျွန်မရဲ့ ပန်ကိတ်က ဘယ်လိုနေလဲ...

လီနင်းဖန် ရယ်မောတော့သည်။
ဟားဟားဟား...အရသာရှိမှာပါ...သိပ်ကို အရသာရှိမှာပါ....

သူ ကျေနပ်ခံစားနေမိပြီး ဤသည်မှာ ပြည့်စုံသောအိမ်တစ်အိမ်ဖြစ်ကြောင်း ခံစားချက်ပင်ဖြစ်သည်။

နန်နန်း ချက်ချင်းပင် ပြောလာသည်။
အကိုကြီး...ဂျုံတွေကို ကျွန်မနဲ့ ညီမလေးဒရာဂျင် လုပ်ထားတာလေ...

သူမ၏ မျက်နှာနှင့် နှာခေါင်းတွင် ဂျုံမှုန့်များ ပေနေကာ ချစ်စရာကောင်းလှသည်။ သူမ၏ လက်နှစ်ဖက်လုံးမှာ ဂျုံမှုန့်စေးစေးများ ကပ်နေပြီး သူမ၏ အင်္ကျီလက်များတွင်လည်း ပေကျံနေလေ၏။

ဒရာဂျင်မှာလည်း ထိုနည်းလည်းကောင်း ပင်ဖြစ်နေကာ ကလေးနှစ်ယောက်မှာ ဂျုံနယ်ခြင်းထက် ကစားနေသည်က ပိုများပေသည်။

လီနင်းဖန် အဝေးသို့ ထပ်ကြည့်သောအခါ ဖီးနစ်မီးငှက်၏ ဓားချက်များအောက်တွင်ရှိနေသော အသားအား တွေ့ရပြီး မနေနိုင်တော့ဘဲ မျက်ခုံးမွေးများ ပင့်တင်မိသွားသည်။
ဒါက...ဒါက နဂါးသားတွေလား...

ဟမ်...

တကယ်တော့ အသားကို ခင်ပြင်းပြင်းလှီးတာက အသားရဲ့ မျက်နှာပြင်အနေအထားကို သက်ရောက်မှုရှိတယ်...
လီနင်းဖန် အကြံပေးလိုက်ကာ ဖီးနစ်မီးငှက်သည် လက်စားချေနေခြင်း ဖြစ်မည်ဟု ခံစားနေရသည်။ နဂါးအိုတစ်ကောင်ဖြစ်ရသည်မှာ မလွယ်ကူလှချေ။
'သူက သေနေပြီးသားလေ...ဘာလို့ သူ့အသားတွေကို အခုထိ ခပ်ပြင်းပြင်း ခုတ်နေရသေးတာလဲ ဖီးနစ်မီးငှက်ရယ် လူမဆန်လိုက်တာ...'

ကျွန်မ လက်စားချေနေတာ...
ဖီးနစ်မီးငှက်မှာ ထိုစကားများအား အလေးအနက် ပြောဆိုလိုက်ခြင်းဖြစ်သည်။

လီနင်းဖန် သူမအား စကားဆက်ပြောရန် မကြိုးစားတော့ဘဲ လှည့်ပတ်ကြည့်လိုက်ပြီး ရှောင်ပိုင်အား ပြောလိုက်သည်။
ရှောင်ပိုင် မင်းအမွှေးထူဂဏန်း သွားပြင်ဆင်ထား...ဂဏန်းပန်ကိတ်လုပ်ဖို့ အနှစ်တွေ ယူခဲ့...

ရှောင်ပိုင် ချက်ချင်း ခေါင်းညိမ့်တော့သည်။
ဟုတ်ကဲ့ပါ သခင်....

လီနင်းဖန် ဆက်ပြောသည်။
ဒရာဂျင် သမီး ဂဏန်းပန်ကိတ်ပဲ စားရမယ်နော်...

အိုး...ဟုတ်ကဲ့ပါ အကိုကြီး...
ဒရာဂျင် နားလည်စွာ ခေါင်းညိတ်ပြသည်။

ပြောရမည်ဆိုလျှင် နဂါးအသားမှာ သူမနှင့် ဆင်တူသည်။ ကျင့်ကြံခြင်းလောကတွင် မိစ္ဆာများအတွက် ကိုယ့်မျိုးစိတ်ကိုယ်ပြန်စားခြင်းမှာ ပုံမှန်ပင်ဖြစ်ပြီး စွမ်းအားများပင် တိုးတက်လာစေသည်။ သို့သော်လည်း လီနင်းဖန်ကမူ ထိုကျိစ်စအား ရှောင်ကြဉ်စေချင်သည်။

လီနင်းဖန် ပြုံးကာ ဆက်ပြောသည်။
မပူပါနဲ့ ဂဏန်းပန်ကိတ် က နဂါးအသားထက် ပိုပြီး အရသာရှိမှာ သေချာပါတယ်.. 

တကယ်လား...
ဒရာဂျင်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

လီနင်းဖန် ခေါင်းညိတ်ပြသည်။
တကယ်ပေါ့....

ထိုအချိန်တွင် တ့ကျီမှာ စိတ်လှုပ်ရှားနေသည်။
သခင်လေးလီ ပန်ကိတ် ပထမတစ်သုတ် အဆင်သင့်ဖြစ်ပါပြီ....

အား ကြည့်ရအောင်...ကိုယ် စားချင်နေပြီ....
နန်နန်းနှင့်ဒရာဂျင်မှာလည်း စိတ်လှုပ်ရှားနေပြီး အသားလှီးနေသော ဖီးနစ်မီးငှက်ပင် သူမ၏ လှုပ်ရှားမှုများအား ရပ်တန့်ကာ မီးဖိုအား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လေ၏။

အဖုံး ဖွင့်လိုက်တော့...
တကျီ မီးဖိုအဖုံးအား ဖွင့်လိုက်သောအခါ သူတို့လူစုသည် မျက်မှောင်ကြုပ်ကာ ဇဝေဇဝါဖြစ်သွားကြပြီး ခါးခါးသီးသီး ဖြစ်သွားဟန်ရှိသည်။

မီးဖိုထဲတွင် ပန်ကိတ်များမှာ ပန်ကိတ်များ မဟုတ်ကြတော့ဘဲ တူးနေပြီး ကံကောင်းသော အချို့ပန်ကိတ်များသာ တစ်ဝက်ပဲတူးနေကြောင်း သူတို့ တွေ့လိုက်ရသည်။ ကံမကောင်းသော ပန်ကိတ်များမှာ အရည်များပင်ရွှဲနေပြီး ပန်ကိတ်ပုံစံတွင် ရှိမနေကြတော့ချေ။

တကျီ သူမ၏ နှုတ်ခမ်းအား ဟကာ ငိုချင်လုနီးပါးဖြင့် ဝမ်းနည်းစွာ ပြောတော့သည်။
ဘယ်လို ဖြစ်တာလဲ...ကျွန်မထည့်လိုက်တုန်းက အကောင်းပါ...

တကျီမှာ ပထမဆုံး ချက်ပြုတ်ခြင်းဖြစ်ဟန်ရှိကာ ပို၍မျှော်လင့်လေလေ ပို၍စိတ်ပျက်စရာကောင်းသွားလေလေ ဖြစ်သည်။

ထို့ပြင် တကျီမှာ အမှန်တကယ်ပင် လီနင်းဖန်အား သူမအပေါ် အထင်ကြီးစေချင်ခဲ့သည်။ သူမမှာ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေခြင်းဖြစ်ကာ ဤဟင်းချက်ရန်လူစုအား မနက်စာချက်ရန် ဖွဲ့စည်းခဲ့ခြင်းပင်တည်း။ သူမသည် ဖြစ်ပျက်သွားသည်များအား လက်မခံနိုင်သေးပေ။
ခေါက်ဆွဲလုပ်တဲ့ဂျုံနဲ့ ပန်ကိတ်လုပ်တဲ့ ဂျုံက ကွာခြားမှု ရှိလို့ဖြစ်မယ်...

လီနင်းဖန် ပြုံးကာ တကျီ၏ နှာခေါင်းလေးအား တို့ထိလိုက်ပြီး
ဘာမှ စိတ်မကောင်းဖြစ်မနေပါနဲ့...တကယ်တော့ ပန်ကိတ်လုပ်ရတာက ခက်ပါတယ်...မင်းအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်နေတာကိုး...ပန်ကိတ်လုပ်နေတယ်ဆိုတာနဲ့တင် အထင်ကြီးစရာ ကောင်းနေပါပြီ..

ထို့သို့ ပြောပြီးနောက် မီးဖိုထဲမှ အကောင်းဆုံးဟု ယူဆရလုနီးပါး ပန်ကိတ်အား လှမ်းယူကာ အေးအောင် မှုတ်၍ သူ ကိုက်စားလိုက်သည်။

ရိုးသားစွာပြောရလျှင် ပန်ကိတ်၏ မျက်နှာပြင်အနေအထားမှာ မကောင်းကာ သိပ်သည်းမှုလည်း မရှိချေ။ ပုံစံမှာလည်း ထူးဆန်းနေပြီး သူသာ ဂရုတစိုက်မစားလျှင် အရည်များ ရွှဲကျသွားနိုင်သည်။

အွန်း...အရသာရှိတယ်...
လီနင်းဖန် ပန်ကိတ်စားလျက် ခေါင်းညိမ့်နေပြီး မကြာမီ ကုန်အောင်စားပစ်လိုက်သည်။

ကံကောင်းစွာဖြင့် သူတို့ အရသာမှုန့်များ မထည့်ရသေးသဖြင့် အရသာမှာ ထူးဆန်းမှုတော့ မရှိပေ။ နဂါးအသား၏ မူလအရသာနှင့် ဂျုံ၏ ပေါင်းစပ်မှုမှာ အခြေခံကျကျ ရှိသဖြင့် အရသာမှာ အဆိုးကြီးမဟုတ်ချေ။

တကျီမှာ စိတ်ထဲနေလို့ကောင်းသွားဟန်ရှိသော်လည်း ကျေနပ်လှသည်မဟုတ်ပေ။ သူမ ရှက်သွားပြီး ကိုယ့်ကိုကို အထင်သေးနေတော့သည်။

လီနင်းဖန် လက်ခါရင်း
ကောင်းပြီ...ဘယ်အရာမဆို ဆရာမပြရင် နည်းမကျဘူးလေ...ကိုယ် အားလုံးကို သင်ပေးမှာပေါ့...

သူ ဒရာဂျင်နှင့် နန်နန်းဆီသို့ လျှောက်လာကာ ဂျုံနယ်လိုက်သည်။ သူ ခေါင်းခါလျက် ပြောလာသည်။
ဂျုံနယ်တာက ခြားနားမှုရှိတယ်...မင်းတို့ရေကိုဂျုံမုန့်ထဲရောရင် ကိုက်ညီဖို့လိုတယ်...ဂျုံနယ်တဲ့အခါမှာလည်း လက်ကဖိထားတဲ့အားက အဓိကမဟုတ်ဘူး...သိမ်သိမ်မွေ့မွေ့ ရှိဖို့လည်း လိုသေးတယ်...

သူ ပြောဆိုရင်း ဂျုံနယ်ပုံအား သရုပ်ပြနေကာ သူ၏ လှုပ်ရှားမှုများသည် နှေးလှသည်။

သူတို့လူစုမှာ သူ၏ လှုပ်ရှားမှုများအား ကြည့်၍ လွယ်ကူစွာ သဘောပေါက်သွားကြသည်။ သူတို့တွင် ကြည့်လိုက်ရုံနှင့်သဘောပေါက်သည့် အမြင်ရှိကြောင်း ခံစားရကာ သို့ရာတွင် သူတို့မြင်ခဲ့သော အရာအား အာရုံတွင် ပြန်ဖော်ကြည့်သောအခါ လှုပ်ရှားမှုများအား မေ့လျော့သွားကြပြန်သည်။

နှစ်သုံးထောင် ကြာတဲ့ လမ်းစဉ်တွေ...

အားလုံးမှာ သူ့လမ်းကြောင်းနဲ့သူ ရှိတာပဲ...

ဆရာကြီး၏ ဟင်းချက်ခြင်းသည် သူ့နည်းနှင့်သူ့ဟန် ရှိသည်။

ဆရာကြီး၏ အစားအစာများမှာ အရသာရှိသော အခြားအစားအစာများ၏ အဆင့်ထက် လုံးဝကျော်လွန်မြင့်မားနေသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ စိတ်ဝိဥာဉ်ရေသောက်မြစ်များအား ဟင်းသီးဟင်းရွက်အဖြစ်အသုံးပြုပြီး သာမန်ပစ္စည်းများအား ဟင်းချက်ရန် အသုံးပြုလေသည်။ သူ၏ ဟင်းလျာများအား စားသုံးပြီးနောက် သာမန်လူများပင် သက်တမ်းရှည်ရှည်နေရကာ ကျင့်ကြံသူများ ဖြစ်လာနိုင်ပေသည်။

ထို့ပြင် သုံးထောင်သော လမ်းစဉ် များလည်း ရှိသည်။

သူ့အား ကြည့်ရုံမျှဖြင့် သူတို့လူစုအတွက် များစွာအကျိုးရှိလှသည်။

စကားပုံတစ်ခု အတိုင်းပင်ဖြစ်သည်။
'ပြောနေစရာမလိုဘဲ ခံစားကြည့်လို့ရတယ်'

အားလုံးမှာ ပါးနပ်ကြပြီး လီနင်းဖန်၏ လှုပ်ရှားမှုများအား မကြည့်တော့ဘဲ သူတို့၏ စိတ်များထဲတွင် တွေးတောခံစားသက်ဝင်လိုက်ကြသည်။

လီနင်းဖန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ညှင်သာပျော့ပြောင်းသော အလင်းရောင်တစ်ခုရှိနေပြီး ၄င်းသည် သူတို့လူစုအား သက်ရောက်နေကာ အပေါ်ဘက်သို့ ပစ်လွှတ်တော့မည့် ဒုံးပျံထဲတွင် ထိုင်နေရသယောင် ခံစားလိုက်ကြရသည်။

နန်နန်း၏ ကျင့်ကြံခြင်းအဆင့်သည် သူတို့ထဲတွင် အနိမ့်ဆုံး ဖြစ်ကာ သူမအနက်ရှိုင်းဆုံးအထိ ခံစားနေရပြီး မျက်နှာသေးသေးလေးမှာလည်း နီရဲလာသည်။

သူမသည် အမြုတေပေါင်းစပ်ခြင်းအဆင့်တွင်သာ ရှိသေးသည်။ သူမသာ သာမန်ကျင့်ကြံသူတစ်ဦးဆိုလျှင် ဤမျှ ကြောက်စရာကောင်းသော ဥာဏ်အလင်းများအား ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဘဲ နောက်သို့ပင် ဆုတ်ရပေလိမ့်မည်။

သို့ရာတွင် သူမမှာ ကွဲပြားပြီး သူမတွင် သူမ၏ စွမ်းအင်ကန့်သတ်မှုအား အချိန်အနည်းငယ်မြင့်မားစေသည့် ဝါးမြိုခြင်းစွမ်းရည် ရှိလေသည်။

အဆိုးကြီးတော့ မဟုတ်ပါဘူး...

လီနင်းဖန် ပြုံး၍ ညှင်သာစွာ ဂျုံအား သူတို့ရှေ့တွင် ဆွဲလိုက်သည်။

ချက်ချင်းပင် အားလုံး၏ ကြည့်ရှုနေခြင်းနှင့်အတူ သူ ကြိုးရှည်တစ်ချောင်းသဖွယ် ဆွဲဆန့်လိုက်ပြီး လေထဲသို့ ပစ်တင်လိုက်သည်။ ကြိုးမှာ လေထဲသို့ အရောက် ပြန်ဆွဲခြင်းခံရသည်။ သူတို့လူစု၏ ကမ္ဘာကြီးအပေါ် အမြင်များ လုံးဝ ပြောင်းလဲသွားရတော့သည်။

လီနင်းဖန်၏ မျက်လုံးများထဲတွင် အတိတ်အား လွမ်းဆွတ်မှုများ ပေါ်ထွက်ကာ မနေနိုင်တော့ဘဲ သက်ပြင်းချလျက် ပြောလာသည်။
ပြန်ပြောရမယ်ဆိုရင် ဒီလိုလုပ်တတ်ဖို့ ငါသင်ခဲ့ရတာ သုံးနေ့သုံးညတောင် ကြာတယ်...ငါ ကြိုးကို အရှည်ကြီးဖြစ်အောင် သုံးကြိမ်သုံးခါ ကျော်ဖြတ်ခဲ့ရတာ...စားဖိုမှူးတစ်ယောက်ဖြစ်ဖို့က နာကျင်ရတယ်လေ...

လီနင်းဖန် ခေါင်းခါလိုက်ပြီး သူ၄င်းအား လေထဲသို့ ပစ်ပေးရင်း ပြုံးလိုက်သည်။
နန်နန်း ဒါလေးကို ဖမ်းလိုက်...

ကောင်းပါပြီ အကိုနင်းဖန်...

ချက်ချင်းပင် နန်နန်းသည် ကြိုး၏ အခြားတစ်ဖက်အား ဖမ်းကာ ကြိုး၏ မျက်နှာပြင်အနေအထားမှာ ကောင်းမွန်နေပြီး သူမ၏ ခန္ဓာကိုယ်တွင်းသို့ နက်ရှိုင်း၍ ညှင်သာသောစွမ်းအင်တစ်ခု ဝင်ရောက်သွားခြင်းကို ခံစားလိုက်ရသည်။ လီနင်းဖန်နှင့်နန်နန်း၏ ကြားတွင် ဂျုံကြိုးက ရှိနေပြီး ၄င်း ခုန်ခုန်သွားသော အချိန်တိုင်းတွင် ၄င်းသည် အတိုင်းအဆမရှိသော တောက်ပမှုတစ်ခု လူစုအား ဝန်းရံလျက် ထုတ်လွှတ်နေသည်။ ဝါးမြိုခြင်းစွမ်းအင်ရှိသော နန်နန်းပင်လျှင် ဤနက်ရှိုင်းထူထပ်သော ဥာဏ်အလင်းများအား ရယူချေဖျက်နိုင်စွမ်း မရှိချေ။

အဘယ့်ကြောင့်ဆိုသော ၄င်းတို့မှာ များပြား၍ နက်ရှိုင်းလွန်းနေခြင်းကြောင့် ဖြစ်သည်။

ဤသည်မှာ ကလေးတစ်ယောက် မြစ်ရေများ ကုန်အောင် သောက်နေရသည့်နှယ်ပင်။

ဟမ်....
နန်နန်း ညည်းတွားကာ သူမ၏ ကိုယ်တွင်း လှုပ်ရှားလှုံ့ဆော်နေမှုများအား မထိန်းချုပ်နိုင်တော့ကာ တစ်စုံတစ်ခု သည် ကြီးမား ပေါ်ပေါက်လာတော့ပေမည်။

သူမမှာ မိုးကြိုးကပ်ဘေးအဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေလေ၏။

အခန်း        ၃၇၅       ပြီး.....ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၇၆
(အမအတွက် အခွင့်အရေးတွေရောက်လာပြီ)

နန်နန်းမှာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး သူမ၏ စွမ်းအင်တိုးပွားနေမှုအား တည်ငြိမ်ရန် ကြိုးစားနေရသည်။ သူမသည် အနီးရှိ ဥာဏ်အလင်းများအား ထပ်မံ၍ မဆုတ်ယူရဲတော့ပေ။ လီနင်းဖန်လည်း ပြုံးလျက်

ဂျုံကိုဒီနည်းနဲ့ လုပ်မယ်ဆိုရင် ပိုကောင်းတယ်လေ...

ပိုကောင်းဖို့အတွက်တဲ့လား...

သူ့ကို မီဖို့ ဆက်သွယ်နိုင်ဖို့ တခြားနည်းလမ်းရော ရှိသေးရဲ့လား....

သူတို့လူစုမှာ စကားပြန်မပြောကြတော့ဘဲ တိတ်ဆိတ်၍သာ နေလိုက်သည်။

ငါတို့ ပန်ကိတ်ကို ဒီလိုလုပ်ရတယ်...

လီနင်းဖန် လက်မြှောက်ကာ ဂျုံလုံးကြီးထဲမှ ဖြူဖွေးပျော့ပျောင်းသော ဂျုံသားအပိုင်းအစလေး ဆွဲထုတ်လေသည်။ ကလေးများ ဂျုံသားများဖြင့် ဆော့ကစားရသည်ကို ကြိုက်နှစ်သက်သည်မှာ အံ့သြစရာ မဟုတ်ပေ။ စေးကပ်မှုနှင့် ပျော့အိနေမှုတို့သည် လက်ဖြင့် အတော်လေး ထိရကောင်းပေသည်။

သူ ဂျုံသားအား လက်ဖြင့်ရိုက်ကာ ညှစ်လိုက်သည်။

သူ ရိုးရှင်းစွာပင် နဂါးအသားအနည်းငယ်အား သူ၏လျင်မြန်နေသောလက်ချောင်းများဖြင့် ယူကာ အများကြီး လှုပ်ရှားနေစရာမလိုပဲ ပန်ကိတ်တစ်ခု ပြုလုပ်လေသည်။ လှုပ်ရှားမှုတစ်ခုလုံးမှာ ပြေပြေပြစ်ပြစ် ရှိလှကာ ကြည့်ရကောင်းသော မြင်ကွင်းပင်ဖြစ်သည်။

လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် ဥာဏ်အလင်းများ စီးဆင်းနေပေသည်။

နန်နန်းသည် ဘေးတွင် ရပ်လျက် ရှိသည်။ သူမသည် လမ်းစဉ်အတွင်းသို့ ဆွဲခေါ်ခံနေရသောကြောင့် သူမ၏ အသိတရားများ ဟာလာဟင်းလင်းဖြစ်နေပြီး သူမ နောက်ထပ် အသိစိတ် ပြန်မဝင်နိုင်တော့ချေ။ သူမ ဥာဏ်အလင်း အဆင့်ဆင့်ရယူချိုးဖြတ်ခြင်း လမ်းစဉ်ထဲသို့ ချက်ချင်းရောက်ရှိသွားသည်။

သို့ရာတွင် ဥာဏ်အလင်းအဆင့်ဆင့်ချိုးဖြတ်ရယူခြင်းမှာ ပြဿနာ မဟုတ်ဘဲ အဘယ့်ကြောင့်ဆိုသော် သူမ၏ အနီးတွင် ဥာဏ်အလင်းများစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ဥာဏ်အလင်းများ အနီးတွင် အများအပြားရှိနေခြင်းကြောင့် စီစစ်ချိုးဖြတ်ရန်ပင် မလိုအပ်ဘဲ သူမသည် လေဟာပြင်အခြေအနေသို့ ရောက်ရှိနေတော့သည်။

၄င်းမှာ သူငယ်တန်းကျောင်းဆရာက ပါရဂူဘွဲ့ဖြေမည့် တပည့်အား စာမေးပွဲစစ်ခြင်းကဲ့သို့ပင်ဖြစ်သည်။ သူတို့နှစ်ဦးတွေ့ဆုံသောအခါ နှစ်ဦးစလုံး ဇဝေဇဝါဖြစ်ကြမည်ဖြစ်ပြီး မည်သည့်အရာအား စီစစ်ရမည်နည်း။ မည်သူကမည်သူ့ကို စာမေးပွဲစစ်ရမည်နည်း။

တကယ့် အရှုပ်ထုပ်ပဲ...

လီနင်းဖန်၏ လှုပ်ရှားမှုများမှာ မြန်ဆန်၍ ကျွမ်းကျင်ပိုင်နိုင်လှသည်။ သူ ဂျုံသားအား ထပ်မံစွဲယူကာ နောက်ထပ်ပန်ကိတ်တစ်ခု ပြုလုပ်သည်။ နောက်ထပ် ထပ်မံစွဲယူကာ နောက်ထပ်ကိတ်တစ်ခု ပြုလုပ်ပြန်သည်။ ပန်ကိတ်တစ်ခုစီသည် လုံးဝန်း၍ ပုံမှန်ပုံစံတွင် ဖြစ်ပြီး ၄င်းတို့အား နူးညံ့စွာ ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့နောက် ပန်ကိတ်များအား အတန်းလိုက်စီပြီး မီးဖိုထဲတွင် နေရာချလိုက်တော့သည်။

သူ လက်ခုပ်တီးပြီး ပြောလာသည်။
ကဲ ပြီးပြီ...အခုငါတို့ လုပ်ရမှာက စားဖို့ပဲ ကျန်တော့တယ်..

ဒရာဂျင်၏ မျက်လုံးလေးများမှာ ကြယ်များကဲ့သို့ တောက်ပနေကာ သူ့အား အလွန်လေးစားရိုသေလျက် ပျော်ရွှင်မှုအပြည့်ဖြင့် ပြောလိုက်သည်။
အကိုကြီး အကိုကြီးက အရမ်းတော်တာပဲ...အကိုကြီးက လက်တစ်ဖက်တည်းနဲ့တင် ပန်ကိတ်တွေလုပ်နိုင်တာပဲ....

ကြည့်လိုက်လျှင် ရိုးရှင်းသောပန်ကိတ်များအား ပြုလုပ်ရန် ဤမျှ ခက်ခဲလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ လီနင်းဖန်မှာ ၄ငျးတျို့အား သက်သက်သာသာသာ ပြုလုပ်ခဲ့ပြီး လုပ်နေစဉ်တွင်လည်း ဥာဏ်အလင်းများ ပြည့်နှက်သွားခဲ့သည်။ ဒရာဂျင် သူ့အား ရှိခိုးချင်လုမတတ် ဖြစ်နေလေ၏။

ဤသည်မှာ အမှန်တကယ် ဆရာကြီးတစ်ပါးပင်ဖြစ်ပြီး ပန်ကိတ်ပြုလုပ်ရာတွင် သူသည် ကျွမ်းကျင်လွန်းလှသည်။ သူတော်စင်တစ်ပါးမှာ ဤသို့လုပ်နိုင်ပေသလော။ သူတော်စင်များလည်း ပန်ကိတ်လုပ်တတ်လေသလော။

ကလေးများ၏ လေးစားမှုများသည် သူ့အား ကျေနပ်သွားစေသည်။

လီနင်းဖန် နှိမ့်ချစွာ ပြုံးရင်း ကြည်နူးနေမိသည်။

ဒါက အကွက်သေးသေးလေးပါပဲ...ထုတ်ပြောဖို့ မလိုပါဘူး...

ဝုန်း....

ကြိုတင်သတိပေးခြင်းမရှိဘဲ ကောင်းကင်တွင် အမည်းရောင်တိမ်စိုင်တစ်ခု ပေါ်ထွက်လာပြီး ရုတ်ချည်းပင် ကောင်းကင်မှာ မှောင်၍ မတည်မငြိမ် ဖြစ်သွား၏။

ယခုတွင် မနက်ခင်းအချိန်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်မှာ မှောင်မည်းသွားသည်။

ဝေါ...ဝေါ....

အမည်းရောင်တိမ်စိုင်များကြားတွင် ငွေရောင်မြွေများကဲ့သို့ လျှပ်စီးကြောင်းများ လက်နေပြီး ကောင်းကင်အား နှစ်ခြမ်းခွဲကာ ထိန်လင်း တောက်ပသွားစေပြန်သည်။

လျှပ်စီးကြောင်းမှာ ထူထပ်၍ စွမ်းအားကြီးကာ သူတို့လူစုသည် ကြည့်လိုက်ရုမျှနှင့်ပင် ဦးခေါင်းများ ထုံကျဉ်သွားကြရသည်။

မိုးကြိုးမုန်တိုင်းလား...

လီနင်းဖန် ကောင်းကင်အား မော့ကြည့်ကာ မနေနိုင်တော့ဘဲ မျက်မှောင်ကြုပ်သွားသည်။ မည်သည်တို့ ဖြစ်ပျက်နေသနည်း။ ရုတ်တရက်ကြီး မည်သည်တို့ ဖြစ်နေရသနည်း။

အကိုကြီးနင်းဖန်...

နန်နန်းမှာ လီနင်းဖန်၏ အင်္ကျီလက်အား ဆွဲကာ အသံသေးသေးလေးဖြင့် ပြောလာသည်။

အကိုကြီး ကျွန်မ မိုးကြိုးကပ်ဘေး အဆင့်ကို ရောက်တော့မယ်...

မိုးကြိုးကပ်ဘေးအဆင့် ရောက်တော့မယ် ဟုတ်လား မြန်လှချည်လား...

လီနင်းဖန် ကြောင်အမ်းအမ်းဖြစ်သွားရသည်။ မိုးကြိုးကပ်ဘေးအဆင့်သည် ဤကမ္ဘာတွင် အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်ဖြစ်ကြောင်း လီနင်းဖန် လုံလောက်စွာ သိထားသည်။ သို့ရာတွင် ယခုအချိန်သည် ထိုကိစ္စနှင့်ပတ်သက်၍ ရေးကြီးခွင်ကျယ်လုပ်နေရမည့် အချိန်ကောင်းမဟုတ်သဖြင့် လီနင်းဖန် အနည်းငယ် စိတ်ပူသွားသည်။

ညီမလေး ယုံကြည်ချက်ရှိလား...
သူ နန်နန်းအား လေးနက်စွာ ကြည့်ကာ ထို့နောက် ဖီးနစ်မီးငှက်ကို သူ မေးလိုက်သည်။
နန်နန်းရဲ့ မိုးကြိုးကပ်ဘေးအဆင့်အတွက် တစ်ယောက်ယောက် ကူညီပေးနိုင်မလား...

အကိုကြီး စိတ်မပူပါနဲ့...ညီမအဆင်ပြေသွားမှာပါ...ကိစ္စမရှိပါဘူး...
နန်နန်း သက်ပြင်းချကာ ပြုံးလေသည်။

သူမသည် အလင်းအဖြစ်အသွင်ပြောင်း၍ ပျံသန်းသွားပြီး သက်သက်သာသာ ပြောသွားသည်။
ကျွန်မ မိုးကြိုးကပ်ဘေးအဆင့်ကို ချိုးဖြတ်တက်ရောက်ပါဦးမယ်...

ဂရုစိုက်ပါ...

လီနင်းဖန် သူမအား သတိပေးကာ တိမ်စီး၍ စိတ်ချရသော အကွာအဝေးတစ်ခုအထိ သူမနောက်လိုက်ခဲ့ပြီး စောင့်ကြည့်နေရန်ဖြစ်သည်။

ဝုန်း....

သူ နန်နန်းနောက်သို့ လိုက်လာခဲ့ပြီး ပို၍များပြားသော တိမ်စိုင်များသည် စုဝေးလာကာ ကောင်းကင်ယံတွင် အမည်းရောင် စောင်တစ်ထည်ကဲ့သို့ပင် ဖြစ်နေသည်။ သို့ရာတွင် ထိုစောင်သည် အရှည်တိုကာ နန်နန်း၏ အပေါ်ဘက်ရှိ ကောင်းကင်နေရာကိုသာ ဖုံးအုပ်ထားခြင်းဖြစ်ပြီး အဝေးကကြည့်မည်ဆိုလျှင် ထူးဆန်းလှသည်။

အကယ်၍ သူ အနီးကပ်ကြည့်မည်ဆိုလျှင် သူ ပြုံးနိုင်တော့မည် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် သိပ်မကြီးလှသော တိမ်စိုင်မည်းအစုအဝေးများကြားတွင် ငွေရောင်မြွေများကဲ့သို့ သွယ်လှသိပ်သည်းသော လျှပ်စီးကြောင်းများ ရှိနေခြင်းကြောင့်ပင်။ တိမ်စိုင်များကြားတွင် ထိုသျို့နရေသညျမှာ နှလုံးသားမှ အကြောက်တရားများ ထွက်ပေါ်လာစေ၏။

သဘာဝကပ်ဘေးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် နန်နန်းမှာ ကလေးအရွယ်သာရှိသေးသည်။

သူမသည် ငယ်ရွယ်လွန်းလှသည်။

သို့ရာတွင် သူမသည် လုံးဝအားနည်းနေပုံမပေါ်ကာ သူမ၏သေးငယ်သောပုံရိပ်လေးသည် လေထဲတွင်မျောလွင့်နေပြီး သူမ၏ မျက်လုံးလေးများ တောက်ပစွာဖြင့် မော့ကြည့်နေလေသည်။ သူမ၏ ပုံရိပ်လေးသည် အကြောက်တရားမရှိသော စရိုက်အား ထုတ်လွှတ်နေတော့သည်။

လီနင်းဖန်မှာ အဝေးတစ်နေရာမှ ပျံသန်းလျက်ရှိပြီး သူ သူမအား မြင်ရသောအခါ နန်နန်းမှာ ရုတ်တရက် အသက်ကြီးလာပြီဟု ခံစားလိုက်ရသည်။ သူမသည် သူ၏ဘေးတွင် အမြဲလိုလို ရှိနေသောကလေးမလေးဖြစ်ကာ ကလေးတစ်ယောက်သဖွယ်ပြုမူနေထိုင်သော မိန်းကလေးငယ်တစ်ဦးလည်းဖြစ်သည်။ သို့ရာတွင် ကျင့်ကြံရန် သူမ၏အိမ်မှထွက်၍ များစွာသော မတော်တဆကိစ္စရပ်များ ကြုံတွေ့ရပြီးနောက်တွင် လီနင်းဖန်နှင့်အတူ ကမ္ဘာကြီးအား ပိုမိုမြင်တွေ့ခဲ့ရသည်။ သူမသည် မည်သို့ ကလေးတစ်ယောက် ဖြစ်နေသေးဦးမည်နည်း။

အရွယ်ရောက်တဲ့ လင်းယုန်လေးဟာ...ကောင်းကင်ထက်ကို အမြင့်ဆုံးပျံသန်းမှာပဲ...

လီနင်းဖန် တစ်ကိုယ်တည်း ရေရွတ်ကာ
အမှုမဲ့အမှတ်မဲ့ဆိုပေမယ့် နန်နန်းက တော်တော်စွမ်းအားကြီးလာတာပဲ...ဒါပေမယ့် ဒါက အဓိပ်ပါယျရှိပါတယျလေ...သူက တီထွင်ကြံဆတတ်တယ်...ဝါးမြိုခြင်းစွမ်းရည်ကိုတောင် တီထွင်လိုက်သေးတယ်...သူက တကယ့်ကို သန်းပေါင်းများစွာထဲက ပါရမီရှင် တစ်ယောက်ပဲ...

ဒရာဂျင်လည်း စတင်ကြွားဝါတော့သည်။
အကိုကြီး သမီးက ပိုပြီးစွမ်းအားမြင့်ပါတယ်...သမီးက အင်မော်တယ်အဆင့်တောင် ရောက်တော့မှာလေ...

ဟားဟား...ဒရာဂျင်ကလည်း သန်းပေါင်းများစွာထဲက ပါရမီရှင်ပါပဲ...
လီနင်းဖန် ပြုံးကာ ခေါင်းညိတ်လျက်

အနာဂတ်မှာ သမီးတို့အားလုံး အကို့ကို ကာကွယ်ပေးဖို့ လိုအပ်တယ်နော်...

ဟင်း....
ဒရာဂျင် လေးလေးနက်နက် ခေါင်းညိတ်တော့သည်။

လာစမ်းပါ...
နန်နန်း ကြုံးဝါးနေကာ သူမသည် စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်ပြီး သူမ၏လက်များအား ဆန့်ထုတ်လိုက်သောအခါ အမည်းရောင် လည်ပတ်နေသော အပေါက်တစ်ပေါက်သည် သူမ၏ ခေါင်းထိပ်တွင် ပေါ်ထွက်လာလေ၏။ ထူးဆန်းသော စုပ်ယူမှုအားများသည် သူမ၏အနီးတွင် ပြန့်နှံ့သွားသည်။

တိမ်စိုင်များမှာ စိန်ခေါ်ခံလိုက်ရသကဲ့သို့ ခံစားရကာ မိုးကြိုးများ စတင်စုစည်းလာပြီး ၄င်းတို့၏ ချီစွမ်းအင်များမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ လျှပ်စစ်စီးကြောင်းတစ်ခု ကောင်းကင်မှ လင်းလက်ရိုက်ခတ်တော့သည်။ ၄င်းမှာ နန်နန်း၏ ခေါင်းပေါ်ရှိ အမည်းရောင်အရစ်အဝဲဆီသို့ ဦးတည်သွားသည်။

ဘန်း.....

လျှပ်စီးကြောင်းမှာ အမည်းရောင်အပေါက်ထဲသို့ လှည့်ပတ်သွားကာ မကြာလိုက်ခင်မှာပဲ စုပ်ယူခံလိုက်ရသည်။
ဟမ်...

နန်နန်းမှာ မျက်မှောင်မကြုပ်ပဲ မနေနိုင်တော့ချေ။ သဘာဝကပ်ဘေးမှာ အားပျော့လွန်းလှပေသည်။

၄င်းသည် စွမ်းအားကြီးဟန်ရှိခဲ့သော်လည်း အားနည်းလွန်းလှပြီး သရုပ်ဆောင်နေသည်ဟုပင် သူမ ခံစားသွားရသည်။

သဘာဝကပ်ဘေးသည် အမှန်တကယ်ပင် အားပျော့လွန်းပြီး သူမသည် သဘာဝကပ်ဘေး၏ ချီစွမ်းအင်များအား စုပ်ယူဝါးမျိုနိုင်ခဲ့သည်။ ချက်ချင်းပင် သူမ၏စွမ်းအားများ ကြီးမားစွာ တိုးတက်သွားကြောင်း ခံစားလိုက်ရပြီး သူမ၏ ယခင်ကျင့်ကြံခြင်းထက် ပိုမိုတိုးတက်စေသော နည်းလမ်းအား ပြုလုပ်လိုက်သည်။

သူမ၏ ခေါင်းလေးအား သူမ မစောင်းဘဲမနေနိုင်တော့ကာ မကျေမနပ်ဟန်ဖြင့် ကောင်းကင်ယံဆီသို့ အော်ဟစ်တော့သည်။
အရမ်း အားနည်းလွန်းနေတယ်...ပိုပြီး အားပြင်းတာမျိုးလေးများ ပေးလို့မရဘူးလား...

ဗြုန်း.....

တိမ်စိုင်များ အလိပ်လိုက်ဖြစ်သွားပြီး သူမအား တုန့်ပြန်နေသလိုပင်။

နောက်ထပ် အခိုက်အတန့်တွင် အခြား လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်မှ ကျလာပြီး ကောင်းကင်ထက်တွင် အတန်ကြာသော စွဲထင်မှုတစ်ခု ချန်ရစ်လျက် မျက်စိပဓာသ ဖြစ်စေသော မြင်ကွင်းအား ပြုလုပ်လေသည်။

စွမ်းအား မှာ ယခင်ကလျှပ်စီးကြောင်းထက် သုံးဆပိုမို ပြင်းထန်သည်။

ပိုပြီး အားပြင်းလို့ ရသေးတယ်နော်...

နန်နန်းမှာ ၄င်းအား ထပ်မံဝါးမျိုစုပ်ယူလိုက်ပြန်သည်။ ကောင်းကင်မှာ ချက်ချင်းပင် တည်ငြိမ်သွားသည်။

နောက်ထပ်ငါးဆလောက် ပိုအားပြင်းလို့ ရသေးတယ်လို့ ငါခံစားရတယ်...

ဗြုန်း....

တိမ်စိုင်များမှာလည်း နောက်တစ်ကြိမ် ထပ်မံတုန့်ပြန်ပြန်သည်။

ချက်ချင်းဆိုသလိုပင် တတိယလျှပ်စီးကြောင်း ရိုက်ခတ်တော့သည်။ စွမ်းအား အနည်းငယ် များခြင်းနည်းခြင်း မဟုတ်ဘဲ ငါးဆအတိအကျပင် ဖြစ်သည်။

ရုတ်ချည်းပင် ဤသဘာဝကပ်ဘေးသည် ဖောက်သည်၏ စိတ်တိုင်းကျ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နန်နန်း သေချာသိသွားသည်။ နည်းစနစ်ကျလွန်းပေ၏။

ကျန်သူများမှာ အံ့သြနေကြသည်။ သဘာဝကပ်ဘေးမှာ ဤနှစ်များတွင် ဖော်ရွေတတ်လာခဲ့လေသလော။

သဘာဝကပ်ဘေးက ဘယ်လိုဖြစ်တာလဲ....ဒါ မတရားဘူးနန်နန်းအတွက် အထူးအခွင့်အရေးဆိုတာ ထင်ရှားနေတာပဲ....

ဂျိန်း 'ဒင်....အမရေ.. အခွင့်အရေးတွေ ရောက်လာပြီ...ထွက်လာပြီးတော့ အမရဲ့ သဘာဝကပ်ဘေးတွေကို စုဆောင်းပေတော့...' ထိုကဲ့သို့ ပြောနေသည့် အလားပင်။

ဗြုန်း... 'ဘယ်လို ခံစားရလဲ...'

နန်နန်း ခေါင်းညိတ်ကာ
အဆင်ပြေသေးတယ်...ထပ်လာစမ်းပါဦး...
နောက်ထပ် လျှပ်စီးကြောင်းတစ်ခု နန်နန်း၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွားသည်။ မည်သည်မျှ မျှော်လင့်ထားခြင်းမရှိဘဲ ၄င်းတို့အား နန်နန်းမှာ စုပ်ယူသွားနိုင်သည်။

သူမ၏ အရှိန်အဝါမှာ အကြိမ်တိုင်း ပို၍ သန်မာလာသည်။ သူမသည် လီနင်းဖန်နှင့် အချိန်များစွာအတူ ကုန်ဆုံးခဲ့သောကြောင့် ၄င်းစွမ်းအားများအား ချေဖျက်ရယူနေစရာ မလိုချေ။ သူမ၏ စွမ်းအားများသည် သဘာဝကပ်ဘေးအစောပိုင်းအဆင့်မှ အလယ်လတ်အဆင့်ထိပင် တျိုးတကျနသေညျ။

တော်လိုက်တာ နန်နန်း ဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...

လီနင်းဖန် မအံ့သြဘဲ မနေနိုင်တော့ပေ။
သူက သဘာဝကပ်ဘေးကို ရေချိုးသလိုကို ချိုးနေတော့တာပဲ...မိုးကြိုးတွေကိုလည်း ရေချိုးဆပ်ပြာလို သုံးနေတာပါလား...သူက တကယ့်ကို ပါရမီရှင်ပဲ ဖြစ်မယ်...စွမ်းအားကြီးမားလိုက်တာ...

တကျီနှင့် ဖီးနစ်မီးငှက်သည်လည်း လီနင်းဖန်အား မျက်လုံးများဖြင့် စွေမကြည့်ဘဲ မနေနိုင်တော့ချေ။

'ဆရာကြီးရယ် ဟန်ဆောင်တာတွေကို နည်းနည်းလောက် လျှော့လိုက်လို့ မရဘူးလား...ဘယ်သူက ဒီနေရာမှာ စွမ်းအားအကြီးဆုံးလဲ...မျက်လုံးဖွင့်ပြီး လိမ်နေနိုင်သေးတဲ့ စွမ်းရည်ကလည်း တော်တော် တော်တာပဲ ဆရာကြီးရယ်...'

'ဆရာကြီးသာ ပါးစပ်ဖွင့်လိုက်မယ်ဆိုရင် သဘာဝကပ်ဘေးက ဆရာကြီးရဲ့ပါးစပ်ထဲဝင်ပြီး သူ့ကိုသူ အစားအစာလို ဧည့်ခံမှာလေ...သဘာဝကပ်ဘေးကို သူ့ဘာသာ ဖျော်ဖြေခွင့်ပေးလိုက်ပါ...သူ့ဘာသာ အရသာကောင်းအောင်တောင် လုပ်ပေးဦးမှာ...ကျွန်မကို မယုံဘူးလား...'

ထို့နောက် နန်နန်းသည် လျှပ်စီးကြောင်း ကိုးကြောင်းအား အလွယ်လေး ကျော်ဖြတ်ခဲ့ပြီး မည်သည့်မတော်တဆမျှ မဖြစ်ပျက်ခဲ့ချေ။

တိမ်စိုင်များ စတင် ပြန့်ကျဲသွားပြီး ဆူညံသံ အနည်းငယ် ဖြစ်ပေါ်သွားသည်။

ဗြုန်း..... 'ကျေးဇူးပြုပြီး မှတ်ချက်ပေးကြပါဦး..'

နန်နန်း၏ မျက်နှာလေးမှာ နီမြန်းနေပြီး သူမ၏ ကျင့်ကြံခြင်းသည် မိုးကြိုးကပ်ဘေး နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားချေပြီ။ သူမ အလင်းတန်းအဖြစ် သူတို့ဆီသို့ ပြန်လာခဲ့ပြီး လီနင်းဖန်အား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

အကို နင်းဖန်...ကျွန်မအောင်မြင်သွားပြီ...ဒီ သဘာဝကပ်ဘေးက မဆိုးပါဘူး...သိမ်သိမ်မွေ့မွေ့လည်းရှိပြီး ကျွန်မစွမ်းအားတွေကိုလည်း တိုးတက်စေတယ်...

သူမ၏ စွမ်းအားကြီးလှသော စရိုက်လက္ခဏာသည် ပျောက်ကွယ်သွားပြီး စိတ်အားထက်သန်နေသော ကလေးမအဖြစ် ပြန်လည်မြင်တွေ့ရလေ၏။

တော်တယ် အရမ်းတော်တယ် ညီမလေး...သိပ်ကိုကောင်းတယ်...

လီနင်းဖန် သူမ၏ ခေါင်းလေးအား ဖွလိုက်ပြီး မည်သည်မျှ မပြောတော့ချေ။ သူ့အတွက်မူ နန်နန်းသည် သူ့ရှေ့တွင် ကြီးပြင်းလာသော ကလေးမလေးသာဖြစ်ကာ သူမအင်မော်တယ်ဖြစ်သွားပြီး မည်သူမျှ အနိုင်မယူနိုင်တော့လျှင်တောင် သူ့အတွက် ကလေးလေးသာ ဖြစ်သည်။ မိုးကြိုးကပ်ဘေး အဆင့်ဆိုသည်အား ဘေးချိတ်ထားရပေလိမ့်မည်။

သူ ပြုံးကာ ပြောလာသည်။
မြန်မြန် ပြန်ကြရအောင်...အခုဆျို ပန်ကိတ်တွေက စားဖို့ အဆင်သင့်ဖြစ်နေပြီထင်တယ်...

ဟုတ်တယ်...မိုးကြိုးကပ်ဘေးကြောင့် ကျွန်မဗိုက်ဆာသွားပြီ...အိမ်ပြန်ပြီး ပန်ကိတ်စားကြမယ်...

၄င်းမှာ ကြောက်စရာကောင်းသော မိုးကြိုးကပ်ဘေးတစ်ခုဖြစ်သော်လည်း စွမ်းအားပြည့်ဝသောအစားအစာများအား လာရောက်ပို့ဆောင်သော ကျွမ်းကျင်ပို့ဆောင်ရေးသမား သဖွယ်ပင် ဖြစ်နေတော့သည်။

သူတို့ လေးပါးသော ဗိသုကာစံအိမ်သို့ ပြန်ရောက်သောအခါ မီးဖိုမှ အငွေ့များပင်ထွက်နေချေပြီ။ အချိန်ကိုက်ပင်ဖြစ်သည်။

စကားပုံတစ်ခုကဲ့သို့ပင်။ 'လွန်ခဲ့သော အချိန်များက ဝိုင်နွေးနွေးတစ်ခွက်သည် မြို့ကြီးတစ်မြို့ကို ငြိမ်းချမ်းစေသည်' ယခုတွင် သဘာဝကပ်ဘေးပြီးနောက် သူတို့ စားရန် ပန်ကိတ်များရှိနေပြီဖြစ်သဖြင့် အချိန်ကိုက်ဖြစ်လွန်းလှသည်။

သူ အဖုံးဖွင့်လိုက်သောအခါ အပူရှိန်သည် ရနံ့နှင့်အတူ ထွက်လာကာ ပြန့်နှံ့သွားပြီး ချက်ချင်းပင် သူတို့အား စားချင်စိတ်ဖြစ်ပေါ်သွားစေသည်။ ရနံ့အပြင် ပန်ကိတ်များ၏ ပုံပန်းသဏ္ဍာန်မှာလည်း ပို၍ စံပြဖြစ်နေသည်။ ၄င်းတို့သည် နှင်းဖြူရောင်ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေကာ ထိတွေ့ရန် ကောင်းမွန်လှပြီး လက်နှင့် ကိုင်စားရလျှင် ခံစားမှု အလွန်ပေးစွမ်းပေလိမ့်မည်။

၄င်းအား လက်နှင့်တို့လိုက်ပြီးနောက် ၄င်းမှာ အနောက်သို့ပြန်ကန်ထွက်ကာ ပန်ကိတ်၏ ကျုံ့နိုင်စွမ်းနိုင်ဂုဏ်သတ္တိသည် အသက်ဝင်နေသကဲ့သို့ပင် ဖြစ်လေ၏။

သခင်လေးလီ...သခင်လေးရဲ့ ကိတ်မုန့်တွေက အရမ်းလှတာပဲ...

သူတို့ ပြုလုပ်ခဲ့သော ပန်ကိတ်များနှင့် ယှဉ်လျှင် လီနင်းဖန်၏ ပန်ကိတ်များသည် အားလုံးအတွက် အထူးလေးစားစရာပင်။ တကျီပင်လျှင် ပန်ကိတ်များအား ပို၍ကြည့်ကောင်းစားကောင်းအောင် ကြိုးစားလုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ကောင်းမွန်လှသော အစားအစာပါ တကား။

လီနင်းဖန် မှာ မည်သည်မျှပြုလုပ်ရန် အစီအစဉ်မရှိသဖြင့် အပြင်သွားရန် မပြင်ဆင်တော့ပေ။ သူ ကုလားထိုင်တစ်လုံးအား မီးဖိုဘေးသို့သယ်လာပြီး ဖီးနစ်မီးငှက်အား အပူလှုံရန် မီးတောက်တစ်ခု ပြုလုပ်ခိုင်းတော့သည်။

သူ ကုလားထိုင်ပေါ်တွင်ထိုင်ကာ နွမ်းနွမ်းလျှလျှ နောက်သို့မှီရင်း ခြေလက်များ ဆန့်ထုတ်နေလေ၏။

ဟား...အမောပြေလိုက်တာ....

အလုပ်မရှိသောနေ့ရက်များမှာ အလွန်သာယာလှသည်။ လိုအပ်နေသည့်တစ်ခုတည်းသောအရာမှာ ဖျော်ဖြေမှုပင်ဖြစ်သည်။ အမှန်တကယ်တော့ ဖျော်ဖြေမှုတချို့အား ရရှိခဲ့ပြီးချေပြီ။ သို့သော်လည်း ၄င်းတို့မှာ လုံလောက်မှုမရှိသေးချေ။ လီနင်းဖန် စိတ်လက်ပေါ့ပါ့းစွာဖြင့် မြေအောက်ကမ္ဘာမှ အမျိုးသမီးအိုနီများနှင့် ပင်လယ်မှခုံးကောင်မိစ္ဆာမလေးများအား ပြန်လည်တွေးတောအမှတ်ရမိသည်။

အချုပ်ဆိုရသော် သူတို့၏ ရုပ်ရည်သွင်ပြင်များမှအပ သူတို့၏အက၊ ကကွက်ဖန်တီးမှု နှင့် အာရုံခံစားမှုစည်းချက်ကျခြင်းတို့မှာ ဆိုးဝါးလေသည်။

အင်မော်တယ်များ၏ အကမှာတော့ ကြည့်ရှု၍ကျေနပ်စေသော အကသာ ဖြစ်သင့်ပေသည်။ hardwareပိုင်းကောင်းမွန်ပြီးsoftwareပိုင်း မကောင်းမွန်သဖြင့် ခြုံကြည့်လျှင် အဆင်မပြေဟုပင် ပြောရမည်။

လီနင်းဖန် စိတ်ကူးမယဉ်ဘဲမနေနိုင်တော့ကာ သူ့ရှေ့တွင် အင်မော်တယ်မိန်းကလေးတစ်ဦး ကနေပြီး အခြားတစ်ဦးက တူရိယာတစ်ခုတီးလျက် သီချင်းဆိုနေသည့်အခါ မည်သို့ဖြစ်လိမ့်မည်နည်းဟု တွေးတောနေမိသည်။ ဘဝတွင် အကောင်းဆုံးအခိုက်အတန့်တစ်ခုလည်း ဖြစ်သွားနိုင်သည်။

အာ....ငါ ခေတ်နောက်ပြန်သွားနေမိတာလား....

လီနင်းဖန် သူ၏စိတ်အား အလျင်အမြန် အာရုံလွှဲလိုက်ရသည်။ ဖုန်းတစ်လုံးမရှိသည်မှာ အမှားတစ်ခုပင်ဖြစ်သည်။ သူ့တွင်ဖုန်းသာရှိခဲ့လျှင် ထိုဖုန်းအားသုံး၍ ဝတ္ထုဖတ်ခြင်း(သို့)မိန်းမလှလေးများ၏ အကအလှများကိုပင် ကြည့်၍ရသည်။ ဤသည်မှာ ယောကျာ်းတစ်ယောက် လုပ်သင့်သောအရာပင်တည်း။

အမှုမဲ့အမှတ်မဲ့ သူ၏စိတ်မှာ ဟာသွားပြီး တဖြည်းဖြည်း ငိုက်လာသည်။

တကျီမှာ လီနင်းဖန်အား ညှင်ညှင်သာသာ စောင်ခြုံပေးလိုက်ကာ ခြံဝင်းထဲသို့ လျှောက်လာခဲ့သည်။

ခြံဝင်းထဲသို့ သူမ ရောက်သွားသောအခါ သူမသည် ရွှေရောင်ဘူးသီးခြောက်အား ထုတ်ကာ သူမ၏ လက်ထဲတွင် ဆန်းစစ်ကြည့်နေသည်။

ဖီးနစ်မီးငှက်လည်း ဘူးသီးခြောက်အား ကြည့်ကာ မေးတော့သည်။

ဒီ ဘူးသီးခြောက်က မိစ္ဆာတွေရဲ့ ဝိညာဉ်ကို စုပ်ယူနိုင်တယ်မဟုတ်လား...

ဟုတ်တယ်...
တကျီ ခေါင်းညိတ်လျက်

ကျွန်မထင်ထားတာကတော့ ဒီဟာက သခင်လေးလီပြောပြခဲ့တဲ့ 'နတ်ဘုရားများ၏ ဘွဲ့ထူးများ'ထဲက စုပ်ယူဘူးသီးခြောက်ဖြစ်မယ်လို့ ထင်တယ်...နွီဟွား နတ်ဘုရား သုံးခဲ့တဲ့ဟာလေ...ဒီဟာက ကမ္ဘာပေါ်က မိစ္ဆာတွေအားလုံးကို စုစည်းဖို့ သုံးလို့ရတယ်...

ဖီးနစ်မီးငှက်၏ မျက်လုံးထဲတွင် လေးစားမှု အရိပ်အယောင်များ ပေါ်သွားပြီး သူမ မပြောဘဲမနေနိုင်တော့ချေ။
သခင်လေးလီက နင့်အပေါ်သိပ်ကောင်းတာပဲ...

ဟုတ်တယ်...သခင်လေးလီသာ မရှိခဲ့ရင် ကျွန်မကအခုထိ မြေခွေးလေးတစ်ကောင်သာသာပဲ...
တကျီအတိတ်အား လွမ်းဆွတ်ကာ ချိုမြိန်မှုအား ခံစားရပြီး ပြုံးလျက် ဆက်ပြောသည်။

မဟုတ်ဘူး ကျွန်မ သူသာမရှိရင် သေတောင်သေသွားလောက်ပြီ...

ဖီးနစ်မီးငှက်လည်း တကျီအား ကြည့်လျက် မေးပြန်သည်။
နင် ဘာလုပ်ဖို့ ပြင်ဆင်နေတာလဲ...

သခင်လေးလီက ကမ္ဘာကြီးရှုပ်ထွေးနေတယ်လို့ ပြောတယ်...ဒါပေါ့ ကျွန်မတို့ သူ့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရမယ်လေ...
တကျီ မျက်လုံးလေး စွေဆောင်းကာ ကြည်နူးစွာ ပြုံးလျက် ဆုံးဖြတ်ချက်ချလိုက်သော အသံဖြင့် ပြောလေသည်။

သခင်လေးလီက ကောင်းကင်ဘုံနန်းတော်နဲ့ မြေအောက်ကမ္ဘာကို ပရမ်းပတာဖြစ်နေရာကနေ လျော့ပါးစေတယ်..ကျွန်မတို့အတွက် အခုထိ မိစ္ဆာအရှင်သခင် လိုအပ်နေတုန်းပဲ...အဲ့ဒီ့အတွက် ကျွန်မ စီစဉ်ရမယ်...

ဖီးနစ်မီးငှက် နှုတ်ခမ်းများ ဟသွားကာ အတန်ကြာပြီးနောက် စိတ်မပါလုနီးပါး ဖြင့် ပြောလိုက်သည်။
ငါ ဖီးနစ်ငှက်မျိုးနွယ်ရဲ့ကိုယ်စား နင့်ကို ကူညီပါ့မယ်...

ကမ္ဘာကြီးဖြစ်တည်လာစကတည်းက နဂါး၊ ဖီးနစ်ငှက်နှင့် ချီလင် တို့သည် အဓိက သတ္တဝါများ ဖြစ်ကြသည်။ ဧကရာဇ်အရှင်ကျွမ်နှင့် အရှေ့ဘက်ဧကရာဇ်တို့သည် မိစ္ဆာအရှင်သခင်အဖြစ် မွေးဖွားလာခဲ့သည်။ ကိုးမြီးမြေခွေးဆိုသည်မှာ နည်းနည်းလေးမျှပင် ထိုသို့ ကြီးမြတ်မှုနှင့် နီးစပ်မှု မရှိခဲ့ချေ။ သို့ရာတွင် ယခု သူမသည် ဆရာကြီးနှင့်အတူ ရှိနေသဖြင့် မည်သူမျှ သူမအား ငြင်းဆန်ရဲမည် မဟုတ်တော့ချေ။

အခုလို ကူညီတာ ကျေးဇူးပါပဲ အမဖီးနစ်...
တကျီပြုံးကာ သူမ၏ လက်များအား မြှောက်လျက် ရွှေရောင်ဘူးသီးခြောက်အား ပွတ်လိုက်သည်။

ချက်ချင်းပင် တောက်ပသောအလင်းရောင် ထွက်ပေါ်လာပြီး ဘူးသီးခြောက်၏ အပေါက်ဝတွင် အငွေ့များ မျောလွင့်နေပြီး ချီလင်တစ်ကောင်နှင့် နဂါးတစ်ကောင်၏ ပုံရိပ်ထွက်ပေါ်လာ၏။

သူတို့သည် တကျီအား တစ်ပြိုင်နက်တည်းကြည့်ကာ မကျေမနပ်ဖြစ်နေကြလေ၏။
ဘယ်လောက်ထိ အထင်သေးဖို့ ကောင်းလိုက်သလဲ..နင့်မှာ စုပ်ယူဘူးသီးခြောက်ရှိရုံနဲ့ ငါတို့ရဲ့ ဝိညာဉ် တွေကို ရပြီးတော့ နှလုံးသားတစ်ခုလုံးကို စုပ်ကိုင်ခြယ်လှယ်လို့ ရမယ် ထင်မနေနဲ့...သေတာတောင် ငါတို့ နင့်ကို မပေးနိုင်ဘူး....

အခန်း ၄၇၆ ပြီး.....ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၃၇၇
( ခင်ဗျား ဘာသိလို့လဲ)

ချီလင်တစ်ကောင်နှင့် နဂါးနက်တစ်ကောင် လေထဲတွင် ပေါ်လာကြသည်။ သူတို့သည်  ရာဇဝတ်ကောင်များ ဖြစ်နေကြသော်လည်း ကမ္ဘာဦးသားရဲ ဟူသော ဂုဏ်သိက္ခာ များတော့ ကြွင်းကျန်နေသေး၏။ တဆက်တည်း လူအုပ်ကို မိုက်တိမိုက်ကန်း ငုံ့ကြည့်လျက် ရှိသည်။

ထိုအချိန်တွင်ပင် သူတို့ နှာခေါင်းများ အလိုလို လှုပ်ရှားမိကြသည်။ မျက်လုံးများဝေ့၍ ပတ်ကြည့်လိုက်ပြီးနောက် နန်နန်းလက်ထဲရှိ ပေါင်မုန့်ဆီမှ အကြည့်မခွာနိုင် ကြတော့ပေ။

ကမ္ဘာပေါ်မှာ အနံ့အမွှေးဆုံး ပေါင်မုန့်ပဲ... ဘယ်သူ ဖုတ်ထားတာလဲ... မဖြစ်နိုင်တာ...

သူတို့သည် ကမ္ဘာကြီး စဖြစ်စဉ်တကည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ဤကဲ့သို့ အရသာမျိုးကိုဖြင့် တစ်ခါမှ မမြည်းစမ်းကြည့်ဖူးခဲ့ချေ။

သို့ဖြစ်ရာ နဂါးနက်က လှောင်ပြောင်ဟားတိုက်တော့သည်။
ဟား...ဟား... ကျုပ်တို့ကို အစားအသောက် ကောင်းနဲ့ သွေးဆောင်ဖို့ လုပ်နေကြတာ.... ဘယ်လောက် ရိုးသား နုံအ လိုက်တဲ့ လူတွေလဲ...

ချီလင်နက်ကြီးကလည်း ကျနေသော သရေများကို ပြန်သိမ်းကာ သရော်လိုက်သေးသည်။

  အနည်းဆုံး ဒီလို ပေါင်မုန့်မျိုး အလုံးတစ်သောင်း ရှိရင်တော့ ပြန်စဉ်းစား ပေးမယ်..

နန်နန်းက ပေါင်မုန့်ကို ပါးစပ်ထဲ ထိုးထည့်လိုက်တော့သည်။ ချီလင်နှင့် နဂါးနက်ကြီးတို့ကို တစ်ချက်ကြည့်ကာ ပေါင်မုန့်များပါးစောင်ထဲတွင် ဖောင်းကားနေလျက်  ပလုတ်ပလောင်း  ပြော၏။
  ဒီပေါင်မုန့်က ရှင့်တို့အသားနဲ့ လုပ်ထားတာ...

ကျုပ် နဂါးအသားက အရမ်း ကောင်းတာပဲလား... နဂါးနက်လည်း သူ့အကြောင်း သူသိနေဟန် လန့်ဖျပ်သွားလေသည်။ သူ့ခန္ဓာကိုယ်ကို သူ၏ တစ်ခုတည်းသော ကျန်ရှိနေသည့် ကမ္ဘာဦးစိတ်စွမ်းအင်နှင့် ခြုံငုံကြည့်လိုက်ပြီးနောက် နောင်တရနေမိ သည်။

ကံဆိုးတာက သူများတွေမစားခင် ငါက ငါ့အသားငါတောင် မြည်းကြည့်ခွင့် မရခဲ့ပါဘူး..

တ့ကျီက သူတို့ကို ကြည့်၍ ငြိမ်သက်စွာပင် ပြောဆိုသည်။
အခုဆို ကမ္ဘာကြီးက ပြောင်းဆန်နေတယ်... ကျွန်မသခင်လေးက လူသားတွေ၊ မိစ္ဆာတွေ၊ အင်မော်တယ် တွေကို ပြန်တည်ဆောက်ပေးချင်တဲ့ ဆန္ဒရှိတယ်... ဒါပေမဲ့ သူက သတ်ဖြတ်တာတွေကို သဘောမကျလှဘူး... ဒီတော့ အခုကစပြီး ကျွန်မ မိစ္ဆာမျိုးနွယ်ကို စိန်ခေါ်လိုက်တယ်... ရှင်တို့ လက်နက်ချရင်တော့ ကျွန်မ မသတ်ပါဘူး...

အကယ်၍လျှင် သခင်လေးသာ လုပ်ချင်မည်ဆိုပါက ပါးစပ်မှ ဖွင့်ပြောနေရန်ကို မလိုပါချေ။ သူ့ဆီမှ ချောင်းဟန့်သံ တစ်ချက်နှင့်ပင် မျိုးစိတ်ပေါင်းများစွာကို ဖျက်စီးပစ်နိုင်ပါ၏။ သို့သော်လည်း လီနင်းဖန်က သူ့ကျင့်ကြံရေးစွမ်းအားများကို ဖွင့်ထုတ်ပြသရန် မရွေးချယ်ဘဲ အဖြစ်အပျက်များမှ ရှောင်ထွက်ကာ ပွဲကြည့်ပရိတ်သတ် အဖြစ်သာ နေထိုင်လိုသည်ကို ထင်ထင်းရှားရှား တွေ့မြင်ရသည်။ လီနင်းဖန်က အခြားလူများကိုသာ သူနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်း ဖြစ်ပေမည်။

သို့ဖြစ်ရာ တ့ကျီအနေဖြင့် သခင်လေး၏ ဆန္ဒကို မဖြစ်မနေ ဖြည့်ဆည်းပေးရမည်။

ချီလင်နှင့်နဂါးနက်တို့ကို တိုက်ခိုက်သည် ဆိုသည်ကား အတော် ယုတ္တိမရှိသောကိစ္စ တစ်ခုဖြစ်လေသည်။ သူတို့က အင်မတန်စွမ်းအားမြင့် ကြသည်ဖြစ်ရာ တ့ကျီအနေဖြင့် ဉာဏ်ရှိရှိ စဉ်းစားလုပ်ကိုင်ရန် လို၏။

လီနင်းဖန်ဆီမှ အခြားကောင်းချီးပေး၍ ဂရုပြုဆက်ခံရသောလူများထက် တ့ကျီက အရင်းနှီးဆုံး လူတစ်ယောက်ဖြစ်သည့်အလျောက်   သူ့ အတွေးအခေါ်များနှင့် ပိုမို ကျွမ်းဝင်မှု ရှိခဲ့သည်။ လီနင်းဖန် မကြာ,မကြာ ပြောလေ့ရှိသော စကားလုံး တစ်ခု ရှိသည်။

  ပြဿနာတွေကို  အကြမ်းဖက်ပြီး မဖြေရှင်းနဲ့ .... ဟူ၍ပင်။

သခင်လေးသည် အကြမ်းဖက်မှုများကို လည်းကောင်း၊ သူ့စွမ်းအားများ ထုတ်သုံးရခြင်း ကို လည်းကောင်း မနှစ်မြို့ပေ။ သို့မဟုတ်လျှင် လီနင်းဖန်အနေဖြင့် သာမန်လူ တစ်ယောက်အသွင်  ဟန်ဆောင်နေစရာ လိုမည်မဟုတ်ပေ။

  မင်းကို လက်နက်ချရမယ်... ဟား...ဟား.... မင်းဘယ်သူ့ကို လာနောက်နေတာလဲ...

မိစ္ဆာသခင် ဖြစ်ဖို့ ကြိုးစားနေတဲ့ ကိုးမြှီးမြေခွေး အဆင့်လောက်နဲ့များ.... ဘာတဲ့... သခင်ရှိတဲ့ မြေခွေးပေါက်လေးပေါ့... မင်းက ဘာကောင်မ လဲ ... မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို  မင်းစော်ကားလိုက်တာပဲ...

အရေးမပါတာ.. တစ်စက်မှ အရေးမပါဘူး... ဘာပြောလိုက်တယ်... အားမသုံးချင်ဘူးတဲ့ ဟုတ်လား..... ကျုပ်တို့က မင်းကို လက်နက်ချလိမ့်မယ်လို့ တွေးထားတာလား...

ကျုပ်တို့ နှစ်ယောက်ကို ဖမ်းနိုင်တာနဲ့ လောကကြီးကို အုပ်စိုးနိုင်ပြီလို့ သူအထင်ရောက် နေတာနေမှာ...

ချီလင်နှင့် နဂါးနက်တို့က တ့ကျီကို လှောင်ပြောင်စော်ကား ကြတော့သည်။ သူတို့က မသေမျိုးများ ဖြစ်သည့်အားလျော်စွာ မောက်မာဝင့်ကြွားကြသည်မှာလည်း ထုံးစံပင်။ သူတို့ပုံက တစ်က်လေးမျှပင် အားနည်းနေဟန် မပေါက်ဘဲ စွမ်းအားကြီးမြဲကြီးဆဲ ဖြစ်လေ၏။

မြေခွေးမလေး.... ကျုပ်ပြောတာ နားထောင်စမ်း.... မင်းက စိတ်ကူးယဉ် နေတာ မဟုတ်ဘဲ မင်းသခင်ဆိုတဲ့ လူက စိတ်ကူးတွေယဉ်နေတာကိုး...

နဂါးနက်ကြီးက ပြုံးကာ စီနီယာဆရာကြီးမျက်နှာဘေးမျိုးနှင့် ဘဝင်လေဟပ်စွာ ကြည့်လျက် စကားများတော့သည်။

မင်းကျုပ်ကို ဖမ်းနိုင်တယ်ဆိုတာလည်း မတော်တဆပါ... ကျုပ်လျှို့ဝှက်ချက်တစ်ခုပြောပြမယ်... နားထောင်... ကမ္ဘာပျက်ကပ်ကြီး ပြီးတော့ တောင်ပင်လယ်နဂါးမျိုးနွယ်ပဲ အသက်ရှင်ကျန်ခဲ့တာ... သမုဒ္ဒရာတစ်ခုလုံးကို မအုပ်စိုးနိုင်ခင် အချိန်ကာလတစ်ခုပဲ... ဒီ့အပြင် ကျုပ်ဟာ သေခြင်းနှင့်ရှင်ခြင်းတွေကို ကျော်လွှားပြီးခဲ့ပြီ... ကျုပ်ဟာ တလျိုရွှေအင်မော်တယ် တစ်ပါး... အခုဆိုရင် နဂါးဝိဉာဉ်ပုလဲလည်း ရှိနေပြီဆိုတော့ အတိတ်တုန်းကလို နဂါးမျိုးနွယ်ရဲ့ ဂုဏ်သရေကို ကျုပ်က ပြန်ဆောင်ကျဉ်းပေးတော့မှာ... ဒါဆို မင်းကရော... မိစ္ဆာမျိုးနွယ်ကို မင်းက ဘာနဲ့ အုပ်ချုပ်မလဲ... အမြှီးကိုးချောင်းနဲ့လား...

ခင်ဗျားရဲ့ တောင်ပင်လယ်က မဆိုးတော့ မဆိုးပါဘူး... ဒါပေမဲ့ ကျုပ်တို့ ချီလင်မျိုးနွယ် နဲ့ ယှဉ်ရင်တော့ နောက်ကောက်ကျနေသေးတယ်...  ချီလင်ကြီးက ပြုံးကာ သူ့ကိုယ်နေ ဟန်ထားကို ပြင်ဆင်လိုက်သည်။
လက်တစ်ဖက်အား လေပေါ်သို့ မြှောက်၍ ပျံသန်းနေသည့် သဏ္ဍာန်လုပ်ပြကာ မောက်မာစွာ ကြွားတော့သည်။

ကျုပ်တို့ ချီလင် မျိုးနွယ်ဟာ ကမ္ဘာပျက်ကပ်ကြီးကို အောင်နိုင်သူတွေပဲ...ဒါကတော့  ကောင်းတစ်လှည့် ဆိုးတစ်လှည့် ၊ ဆိုးတစ်လှည့် ကောင်းတစ်လှည့် ဆိုတဲ့ သဘောအတိုင်းပေါ့... ကမ္ဘာပျက်ကပ်ကြီးပြီးတော့ ချီလင်မျိုးနွယ်မှာ ပါရမီရှင်တစ်ဦး ပေါ်လာတယ်လေ... ချီလင်ကြီးလို့ ခေါ်ကြတယ်... သူက အရာအားလုံးနဲ့ အတူမွေးဖွားလာခဲ့ပြီး စွမ်းအားတွေ ဆိုတာလည်း အလျှံအပယ်ပေါ့... ချီလင်ဆရာကြီးဟာ အနာဂတ်မှာ တစ်ခုခု တော့ ဖြစ်ထွန်းလိမ့်မယ်... ဒါပေမဲ့လည်း နေဦး... ကျုပ်ပြောတာ မပြီးသေးဘူး...... အဲ့ဒီနောက်မှာ တော့ ချီလင်မျိုးနွယ်စုဟာ အဆိုးတွေကို ကြုံဆုံရတယ်... အဲ့ဒီအခိုက်မှာ ချီလင်ဆရာကြီးဟာ သူ့ကိုယ်သူ ချောက်ကမ်းပါးကြီးတစ်ခုအဖြစ် ပြောင်းလဲခဲ့တယ်... ဒါပေမဲ့လည်း သူ့ဝိဉာဉ်ကတော့ အခုထက်ထိ ရှင်သန်နေတုန်းပဲ... ကျုပ်တို့ ချီလင်ဆရာကြီးဟာ ချောက်ကမ်းပါးထဲ မနိုးထခင်မှာတောင် မျိုးနွယ်တစ်ခုလုံးကို အမွေပေးနိုင်ခဲ့တယ်... ကျုပ်တို့ ဆရာကြီးရှေ့ရောက်ရင် တလျိုရွှေအင်မော်တယ် ဆိုတဲ့ကောင်တွေတောင် ဘာမှ မဟုတ်တော့ဘူး... သူဟာ ကျုပ်တို့ မျိုးနွယ်အတွက် ဂုဏ်ယူစရာပြယုဒ် တစ်ခုပဲ...

စကားဆုံးသည်နှင့် ချီလင်နက်က အလွန် စိတ်လှုပ်ရှားနေလျက် တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်နေကာ မျက်လုံးများကို မှေးကျဉ်းထား၏။ သူပြောသော ချီလင်မျိုးနွယ်၏ ဂုဏ်သရေကို သူ့မျက်လုံးများထဲ အရည်လဲ့နေသော မျက်ရည်များမှ တစ်ဆင့် မြင်တွေ့နိုင်သည်။

ထိုအခါ နဂါးနက်ကြီးက ပျက်ရယ်ပြုတော့သည်။
ဟမ့် ... ဒီလို ဂျူနီယာလေး တစ်ယောက်က ကျုပ်လို တောင်ပင်လယ်နဂါးမင်းကို ယှဉ်နိုင်မယ်တဲ့လား..

ခင်ဗျား ဘာသိလို့လဲ... ကျုပ်တို့ ချီလင်ဆရာကြီး ဘယ်လောက် ပါရမီ ရှိလဲ ခင်ဗျား သိလို့လား...

ခင်ဗျားလည်း ဘာမှ မသိပါဘူး... ကျုပ်ရဲ့ နဂါးဝိဉာဉ်ပုလဲ က ဘယ်လောက် စွမ်းအားကြီးလဲ ခင်ဗျားသိလို့လား...

ကျုပ်တို့ ချီလင်ဆရာကြီး ဘယ်လောက် ထက်မြက်ကြိုးစားတယ်ဆိုတာ ခင်ဗျား သိလို့လား..

သူတို့နှစ်ဦးက ပို၍ ပို၍ အကဲဆတ်လာကြသည်။ ဝိဉာဉ်နှစ်ခုပင် စတင်၍ ရန်ဆောင် နေကြပြီ။ အကယ်၍လျှင် သူတို့မှာသာ စွမ်းအားပြတ်လပ်နေခြင်း မရှိလျှင် တိုက်ပွဲပင် ဖြစ်နေလောက်၏။

ဟား...ဟား... ရှင်တို့ နှစ်ယောက်လုံး စွမ်းအားဆိုတာ ဘာလဲ မသိပါဘူး...  ဒရာဂျင် က အောင်နိုင်သူအပြုံးလေးနှင့် မဲ့ပြုံးပြုံးလိုက်ပြီး ဘဝင်ခိုက်စွာ မော်မော်ကြွားကြွားလေး ပြောလိုက်သည်။

နဂါးဝိဉာဉ်ပုလဲ ဟုတ်လား.... ချီလင်ဝိဉာဉ် ဟုတ်လား... ဒါပဲလား... ကျွန်မတို့မှာ အခုဘာရှိနေလဲဆိုတာ ရှင်တို့သိလား... ကျွန်မတို့ နဂါးမျိုးနွယ်စုဟာ....

ဝှီး.....

ထိုအချိန်၌ပင် အနောက်ခြံဝင်း၏ အချက်အချာနေရာဖြစ်သော ရေကန်ဆီမှ ရွှေငါးကြင်း တစ်ကောင် ရုတ်ချည်းခုန်ထွက်လာသည်။ ၎င်းပုံရိပ်နှင့် မလိုက်ဖက်လှသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။ ရေကန်သို့ ပျံတက်ကာ ပြန်ကျလျက် နောက်တစ်ဖန် ကြိမ်ဖန်များစွာ ကူးခတ်၍ အပေါ်သို့ ခုန်တက်လာ၏။

ဝှီး....ဝှီး...ဝှီး....

အာ... တော်တော် တက်ကြွတဲ့ ငါးကြင်းပဲ.. ချီလင်က ငါးကို သတိလက်လွတ် ငေးကြည့်ပြီး ရေရွတ်မိသည်။

  အသားလည်း များတယ်နော်...

ထို့ကြောင့် ဒရာဂျင်လည်း ထုတ်ပြောပြလိုက်ချင်သည်ကို မြိုသိပ်ထားလိုက်ရ၏။ သူမက မိမိကိုယ် ကို အရှိန်သတ်ကာ

  ထားလိုက်ပါတော့ ... ဒါက လျှို့ဝှက်ချက်ကြီးပဲ... လျှို့ဝှက်ထားပါ့မယ်လို့ ကတိပေးထားတဲ့အတွက် ကျွန်မရှင်တို့ကို မပြောနိုင်ဘူး...

ရေကန်ထဲပြန်ရောက်သွားသော ရွှေငါးကြင်းလည်း ယခုမှ  သက်ပြင်းမောများကို မှုတ်ထုတ်လိုက်နိုင်သည်။ ရင်တထိတ်ထိတ်ဖြင့်
  တော်သေးတာပေါ့... အချိန်မှီ သတိပေးလိုက်နိုင်လို့ ... မဟုတ်ရင် ငါ့အကြောင်းတွေပေါ်သွားတော့မလို့ ... အန္တာရယ်များလိုက်တာ... အန္တာရယ်များတယ် ....

ချီလင်နှင့် နဂါးနက်ကြီးက တစ်ဦးကိုတစ်ဦး လှောင်ပြောင်နေလျက် တိုက်ပွဲကို ခဏရပ်၍ တ့ကျီဘက် လှည့်ကြည့်ကြ၏။

မိစ္ဆာမျိုးနွယ်ကို အုပ်စိုးနိုင်မယ်လို့ မင်းအခုထိ ထင်နေတုန်းလား... ချီလင်ကြီးက အေးစက်စက် သရော်လိုက်ပြီး
  မင်းတွေးနေတာတွေကို လက်လျော့လိုက်တော့ .... ကျုပ်တို့ လက်နက်ချမှာ မဟုတ်ဘူး.... ချီလင်တွေဟာ မင်းကို လက်နက်ချမယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ...

မြေခွေးလေး... ပြန်လိုက်တော့ ... ကျုပ်တို့ နဂါးမျိုးနွယ်ဟာ ဆရာဇူကိုတောင် ဂါရဝပြုတာမဟုတ်လို့ ... မင်းသခင်ဆိုတာကလည်း ကျုပ်တို့အတွက် ဘာကောင်မှ မဟုတ်ဘူး.... ကျုပ်တို့အတွက် လက်နက်ချတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ... မင်းသတ်ချင်တယ်ဆိုလည်း လာသတ်တော့...  နဂါးနက်ကြီး၏ အသံထဲတွင် စိတ်ဆုံးဖြတ်ထားပြီးမှုများ နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်။ ထိုလေသံက အေးစက်၍ ခက်ထန်၏။

ရွဲ....

ထိုအခါ သတိတစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ မြောက်များလှစွာသော အလင်းကြိုးမျှင်များ ဖြစ်တည်လာကာ ချီလင်နှင့်နဂါးနက်တို့ကို ပတ်ဝိုင်းထားကြသည်။ ထိုကြိုးမျှင်များက အကွေးအဆန့် ပြုလုပ်နိုင်ကြသေးသည်။ ချီလင်နှင့်နဂါးနက်ကြီးတို့လည်း ရပ်ငေး ဆွံ့အလျက် ရှိကြတော့လေ၏။ အကြောင်းမှာမူ သူ့တို့က ရှက်ဖွယ်ဖြစ်သော ကိုးရိုးကားယား အနေအထားကြီးဖြင့် လေထဲဝယ် တွဲလောင်းချိတ်ခံထားရသောကြောင့် ဖြစ်ပေ၏။ လှုပ်ရှား၍ပင် မရချေ။

ထိုစဉ် ကပျက်ကချော်နှင့် အဆော့သန်သော အသံတစ်ခု တောထဲမှ ထွက်လာသည်။

ဒီနှစ်ယောက်က သူတို့ကို သူတို့အဆင့်ကို သူတို့နားမလည်ကြဘူးပဲ... အခုလို တွဲလောင်း အနေအထားနဲ့မှ မင်းနဲ့ စကားဖက်ပြောဖို့ သင့်တော်မှာ...

မင်းဘာလုပ်နေတာလဲ... သစ်ပင်မိစ္ဆာလေးတစ်ကောင်က ကျုပ်တို့ကို စော်ကား ရဲတယ်...

ပြီးနောက် နဂါးနက်နှင့် ချီလင်လည်း အတင်းရုန်းကန် ကြည့်ကြသည်။ ဒေါသမီးတောက်၍ ပတ်ဝန်းကျင်ကို ဝေ့ကြည့်၏။ တစ်နေရာသို့ မျက်လုံး အကြည့်ရောက်မိသော် လန့်ဖျပ်သွားရတော့သည်။ ကိုယ့်မျက်လုံးကိုပင် နှိုက်ထုတ်ချင်စိတ် ဖြစ်မိသည်။

သူတို့ကို ချည်နှောင်ထားသည့် ကြိုးမျှင်များက ..... စိတ်ဝိဉာဉ် အပင်များ ဖြစ်လေသည်။

ထို့ထက် သူတို့ပတ်လည်ရှိ သစ်ပင်မိစ္ဆာများဆိုသည်မှာလည်း အားလုံးက စိတ်ဝိဉာဉ် အပင်များ ဖြစ်နေ၏။

ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီးနှင့် အစရှိသဖြင့် အသီးများကလ ထိုအပင်များ၌ ပြွတ်သီးနေကြသည်။ နေရောင်အောက်တွင် အသီးများက တဝင်းဝင်းတောက်နေကာ အရသာသည်လည်း အတော် ရှိမည့်ပုံဖြစ်သည်။ သူတို့အား ဆွဲဆောင်နေသည့် အတိုင်းပင်။

ထိုအခါ သူတို့လည်း တံတွေးများကို ကြိတ်မှိတ် မြိုချကာ ရူးသွားရတော့မည်။
စိတ်ဝိဉာဉ် အပင်တွေနဲ့ ... အင်မော်တယ်အသီးတွေ.. တဲ့လား... ကျုပ်များ ကယောင်ချောက်ချားနဲ့  အိမ်မက်ယောင်နေတာလား.... ချီလင်... တစ်ချက်ကြည့် လိုက်စမ်း... မြန်မြန်... ကျုပ်တို့ကို တုတ်နှောင်ထားတာ စိတ်ဝိဉာဉ် အမြစ်တွေနဲ့လား.... 

နဂါးနက်ကြီးက မယုံနိုင်ဖွယ် လှမ်းခေါ်လိုက်သည်။ သူ့အသံက စူးစူးဝါးဝါးနှင့် ကတုန်က ယင်လည်း ဖြစ်နေသေးသည်။

ပါးစပ်ပိတ်ထားစမ်းပါ... ချီလင်က မျက်စိရှင်ရှင်ထားကာ ကျီးကန်းတောင်းမှောက် စရှာတော့သည်။ ယခင်က သူသတိမထားမိခဲ့ခြင်း ဖြစ်သည်။

အခုမူ တစ်ချက် ဝေ့ဝဲ ကြည့်လိုက်ပြီးနောက် သူ့မျက်နှာတစ်ခုလုံး လန့်ဖျပ်မှုများနှင့် ရှုံ့မဲ့သွားတော့သည်။ သူ၏ ကမ္ဘာဦးစိတ်ဝိဉာဉ်ပင်လျှင် မရပ်မနား လှုပ်ခါနေကာ သတိလစ်မေ့မြောရတော့မည်။ ကြောက်လန့်၍ ခိုက်ခိုက်တုန်နေသော အသံက ထစ်ထစ်အအ ထွက်လာ၏။

  ဟို....ဟို....ဟို....

ဖီးနစ်က နှုတ်ခမ်းထက် အပြုံးလေးကို ဆင်ယင်ထားပြီး
ကျွန်မတို့ သခင်လေးရဲ့ အနောက်ခြံဝင်းပေါ့.... ဒီနေရာမှာ သူက အပင်တွေစိုက်ခဲ့တာ... ကြက်လေးငှက်လေး တွေပါ မွေးထားသေးတယ် ...

အပင်တွေ... ကြက်လေးတွေ မွေးထားတယ်...

ဒီမှာလေ...

နဂါးနက်ကြီးနှင့် ချီလင်တို့ခေါင်းထဲ တဝှီးဝှီး မြည်နေ၏။ မျက်စိရှေ့က အရာများ အားလုံးသည် သူတို့အား အသက်ရှူ မဝဖြစ်စေသည်။

အတိတ်နေ့များဆီမှ ကောင်းကင်နန်းတော်၏ သစ်တော်သီးဥယျာဉ်ပင်လျှင် ယခုခြံဝင်း ကို လားလားမျှ ယှဉ်နိုင်မည်မဟုတ်ပေ။ သူတော်စင်များ၏ စံအိမ်သည်လည်း ဤနေရာလောက် အထက်တန်းကျ၍ ဇိမ်ရှိမည် မဟုတ်ပေ။

နဂါးနက်ကြီးက အသက်ဝ,ဝ ရှိုက်သွင်းလိုက်သည်။ ပြီးနောက် တလေးတစား အကြည့်များနှင့် ပြောဆို၏။

စိတ်ဝိဉာဉ် အမြစ်တွေကရော ဘယ်လိုဖြစ်တာလဲ... သူတို့ကို ဘယ်လို ဖန်တီးလိုက်တာလဲ... အရင်က စိတ်ဝိဉာဉ်အသီးပဲ မဟုတ်ဖူးလားဟင်... ဘယ်လိုများ အပင်ဖြစ်လာတာလဲ...

တ့ကျီက ပြုံးလိုက်ပြီး  ကျွန်မ သခင်လေးရဲ့ နယ်ပယ်က ရှင်တို့ နားလည်နိုင်စွမ်းတွေနဲ့ဆိုရင် ဘယ်လိုမှ လိုက်မမှီနိုင်လောက်အောင် အလှမ်းဝေးလွန်းတယ်... သခင်လေးအတွက်က သာမန်ပစ္စည်းတစ်ခုကို အဆင့်မြင့် ထူးကဲပစ္စည်းတစ်ခု ပြောင်းလဲလိုက်ဖို့ သိပ်လွယ်ကူလွန်းနေတာ... သူ့အတွက်ကတော့ သာမန် လုပ်ရိုးလုပ်စဉ်တောင် ဖြစ်နေပါပြီ... ဒီမှာရှိတဲ့ မြက်တွေကတောင် စိတ်ဝိဉာဉ် အမြစ်ဖြစ်နိုင်သေးတယ်.... အသီးဆိုရင်တော့  ပြောမနေပါနဲ့လေ...

ချီလင်က မယုံနိုင်သဖြင့် ခေါင်းတယမ်းယမ်းနှင့်  ဒါကြီးက မဖြစ်နိုင်တာ...

ချီလင် ယင်းသို့ ဆိုနေသော်လည်း သူ့မျက်နှာရှိ ထိတ်လန့်မှုများက ယခုကြားလိုက်သည် ကို ယုံကြည်ကြောင်း ထင်ထင်ရှားရှား ပြသနေသည်။

ထိုအခါ မိစ္ဆာသစ်ပင်များက ရွေ့လျား၍ လိမ်ကောက်ထားကြသည်။ အပင်များထံမှ အသံ ထွက်လာပြန်သည်။

  ကျုပ်တို့ အားလုံးဟာ တစ်ချိန်က သာမန် အပင်တွေပဲ.. သခင်လေးရဲ့  ကျေးဇူးကြောင့် စိတ်ဝိဉာဉ်အပင် ဖြစ်ခွင့်ရခဲ့တယ်... သခင်လေးအတွက် အလုပ်လုပ်ပေးရတာဟာ ကျုပ်တို့အတွက်တော့ ကောင်းချီးတစ်ခုပဲ...

ထိုအခါ ချီလင်နှင့် နဂါးနက်လည်း တစ်ဦးနှင့်တစ်ဦး အချက်ပြ၍ အကြည့်များ ဖလှယ်ကြသည်။ သူတို့ ရင်ထဲ မွန်းကြပ်သွားကြ၏။ သောကရောက်၍ ဦးနှောက်ခြောက် နေကြဟန် ယခင် ရှိခဲ့ဖူးသော သူတို့၏ အကဲဆတ်သော စိတ်များလည်း လုံးဝဥသုန် မတွေ့ရတော့ပေ။

အကယ်၍လျှင် သူတို့ပြောသည်က  အမှန်အတိုင်းသာဖြစ်လျှင် ၎င်းသခင်လေးဆိုသူက အတော် ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။ တောင်ပင်လယ်နဂါးမင်းနှင့် ချီလင်ဆိုသည် မှာလည်း သူ့အတွက် မဖြစ်စလောက် အသေးအဖွဲ့ အနေအထားတွင်သာ ရှိပေလိမ့်မည်။

ချီလင်၏ မျက်နှာမှာ တင်တည်းသွားပြီး အလွန်လေးလေးနက်နက်  ဆွေးနွေး၏။

ကျုပ်တို့ ချီလင်မျိုးနွယ်ဆိုတာ ကမ္ဘာကြီးလောက် သက်တမ်းရှိကြတာ...ကျုပ်ကလည်း မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်လေတော့ ကျုပ်ဘဝကို သူတို့ပိုင်တယ်... ကျုပ်သေသေ ရှင်ရှင် မျိုးနွယ်စု အတွက်ပဲ... ဒီတော့ ကျုပ်မျိုးနွယ်ကို သစ္စာဖောက်ပြီး သူလျိုလုပ်ရမယ် ဆိုတော့ ဘယ်လို အကျိုးအမြတ် တွေရမလဲဆိုတာတော့ ကျုပ်ကို ပြောပြဖို့ လိုတယ်...

နဂါးနက်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် သူ ပြောတဲ့ အတိုင်းပဲ...

အပိုင်း ၃၇၇ ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၃၇၈
( မရှင်းပြပါနဲ့ ... ကျုပ်တို့က ယုံပြီးသား)

ရွှပ်...

ထိုစဉ် အရိပ်တစ်ခုက ချော်ထွက်ကာ သန်မာလှသော ကြာပွတ်ကြီး အဖြစ်ပြောင်းသွား ၏။ ထို့နောက် ချီလင်နှင့် နဂါးနက်ကြီးတို့၏ တင်ပါးများကို ဖြတ်ခနဲ ရိုက်ချလိုက်လေ သည်။

ဘန်း.....

ထိုအခါ သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်များ သိမ့်ခနဲ ဖြစ်သွားရကာ ထိန်းမနိုင်သိမ်းမရ ငိုချမိတော့၏။

နဂါးနက်က အနာကြီးနာနေသဖြင့် သူ့ခန္ဓာကိုယ်က အဖမ်းခံလိုက်ရသည့် မြွေတစ်ကောင် နှယ် ပျော့ခွေကျသွား၏။ ထို့နောက် အော်ပြောလိုက်သည်။
မစဉ်းစား မချိင့်ချိန်ဘဲ ဘယ်လိုလုပ်လိုက်တာလဲ... လူတွေကို အသားလွတ်ကြီး ဘာလို့ လာရိုက်နေတာလဲ..

မိစ္ဆာသစ်ပင်က ခြောက်ကပ်ကပ် ပြုံးကာ ပညာပေးသည်။
ကျုပ်တို့ သခင်လေးအတွက် အလုပ်လုပ်ပေးရတာက ကံကောင်းမှုကြီးတစ်ခုပဲ... အကျိုးအမြတ်တွေ ဘာတွေ မေးရဲသေးတယ်ပေါ့...

ထို့နောက် အခြားမိစ္ဆာသစ်ပင်  အများအပြားကလည်း ၎င်းတို့၏ သစ်ကိုင်းများကို အသင့် မြှောက်ထားကြသည်။ ချီလင်နှင့်နဂါးနက်ကြီး၏ ခန္ဓာတစ်ဝိုက် ရစ်ဝဲနေလျက် ရှိလေ၏။ အထူးသဖြင့် တင်ပါးအနီးတွင် ဖြစ်သည်။ သစ်ကိုင်းများစွာ စုမိကြသော အားပြင်းစွာ လှုပ်ရှားနိုင်သည့်အပြင် ၎င်းတို့က အချိန်မရွေး လွှဲရိုက်ပစ်ရန် အသင့် အနေအထားဖြင့် ရှိနေ၏။

ချီလင်လည်း ကြောက်လန့်တကြားနှင့် စောင့်ကြည့်ခြင်းသာတတ်နိုင်၏။ အလွန်အကျူး ကြောက်လန့်နေကာ ကူကယ်ရာမဲ့နေခြင်းကို အတိအကျ ခံစားမိသဖြင့် အထစ်ထစ် အငေါ့အငေါ့ဖြင့် ထုတ်မေးလိုက်ရသည်။
  ကျေးဇူးပြုပြီး... ကျုပ်တို့ ဆွေးနွေးကြည့် ရအောင်လေ... လူကြီးလူကောင်းတွေဟာ လက်မပါဘဲ စကားနဲ့သာ ဖြေရှင်းကြ ပါတယ်...ဟုတ်တယ်မလား 

မြေခွေးလေး... ကျုပ်တို့ ပြေပြေလည်လည် ပြောကြတာပေါ့... အခုလိုတွေ လုပ်ဖို့ မလိုပါဘူး...  နဂါးနက်က သစ်ကိုင်းများကို သတိကြီးစွာထားလျက် ကြည့်၍ ပြောသည်။ အတော် စိုးရိမ်ထိတ်လန့်နေဟန်ရသည်။

ဒါမှမဟုတ်လည်း ကျုပ်တို့ကို ညင်ညင်သာသာ ဆက်ဆံပေးလို့ ရမလား...

ရှင်နဲ့ ရှင့်မိသားစုဝင် တွေကို ကျွန်မသခင်လေးရဲ့ တရားမဝင် အလုပ်သမားတွေ အဖြစ် သတ်မှတ်ပေးလို့ပဲ ရမယ်... ရှင့်တို့ရဲ့ အနာဂတ်ကတော့ ရှေ့လျှောက် ဘယ်လို အလုပ်လုပ်ပေးနိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်မှာပေါ့...
တ့ကျီက တစ်ချက်ငဲ့ကြည့်၍ အေးစက်စက် ဆက်ပြောသည်။

  အကျိုးအမြတ် ဆိုရင်တော့ ... သခင်လေးဆီက အမှိုက်လေးတစ်စကိုက ရှင်တို့အတွက် တော်တော် ကြီးကျယ်မြင့်မြတ် တဲ့ အကျိုးအမြတ်တွေ ရစေမှာလို့ ကျွန်မ အာမခံ နိုင်ပါတယ်...

ခဏမျှ ဆုတ်ဆိုင်းနေပြီးနောက် ချီလင်က သက်ပြင်းတစ်ခုကို လေးလေးလံလံ ချလိုက်သည်။

ဘာဖြစ်ဖြစ်ကွာ... ဒီလို ဆရာကြီးတစ်ပါး ကမ္ဘာပေါ်မှာ ရှိနေမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ... ကျုပ်က ကျုပ်မျိုးနွယ်အပေါ် သစ္စာဖောက်တာ မဟုတ်ဘဲ သူတို့ကို အန္တာရယ်က ကယ်တင်ပေးလိုက်တာပါ ... နှစ်ပေါင်းများစွာ ကြာရင် မျိုးနွယ်စု ကလည်း ကျုပ်အပေါ် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...

နဂါးနက်က ခေါင်းညိတ်ပြီး  ကျုပ်လည်း ချီလင်နဲ့ အတွေးတူတူ ပါပဲ...

ရှင်တို့ သဘောအတိုင်း စွမ်းအားတွေကို သုံးလို့မရဘူး  ... နောက်ပြီး သခင်လေးကို စိတ်ဆိုးစေရင် ရှင်တို့ စွမ်းအင်ကို ပြန်ရမှာ မဟုတ်တော့ဘူး... ရှင်တို့ရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ် ဟာ ဒီဘူးသီးခြောက်ထဲမှာ .. ဆိုတော့ ကောင်းကောင်းမွန်မွန် အလုပ်လုပ် ပေးကြ မယ်လို့ ကျွန်မ မျှော်လင့်တယ်...

တ့ကျီက ခေါင်းညိတ်၍ လက်ကို လှုပ်ရှားလိုက်သည်။

ရွှေဘူးသီးခြောက် စတင်တောက်ပလာ၏။ တစ်ဖက်တွင် ဘူးသီးနွယ်များက လေနှင့်အတူ ယိမ်းထိုးနေကြသည်။ မြေဆီလွှာများက ဖြည်းဖြည်းချင်းဆီ မြှင့်တက်လာကာ ချီလင်နှင့်နဂါးနက်ကြီးကို ပတ်လည်ဝိုင်းထားလိုက်ကြသည်။

မြေဆီလွှာသည် ကျောက်စရစ်ခဲ အချို့သာ ဖြစ်ကာ မည်သို့မျှ အထူးအထွေ မရှိပေ။ သို့သော်လည်း ၎င်းကျောက်စရစ်ခဲ အနည်းအကျဉ်းကပင် တစ်ခုမှနှစ်ခု၊ နှစ်ခုမှသုံးခုသို့ ခွဲဖြာ ကူးပြောင်းသွားသည်။ ၎င်းတို့က ပေါင်းစည်း၍ ချီလင်နှင့် နဂါးနက်ကြီး၏ ဝိဉာဉ်ဆီသို့ တဟုန်ထိုး လာနေကြသည်။ စတင်၍ ပျစ်ကဲသိပ်သည်းနေပြီ ဖြစ်ချေ၏။

ချီလင်နှင့် နဂါးနက်မှာလည်း ငူငူငိုင်ငိုင်ဖြစ်လျက် သူတို့၏ခန္ဓာကိုယ် အောက်ပိုင်းသို့ မျက်လုံးများ ပြူးကျယ်၍ အာရုံခံလိုက်ကြသည်။ မိမိခန္ဓာကိုယ်ကို မိမိ ငုံ့ကြည့်နေလျက် ရှိ၏။

အဲ့... အဲ့ဒါ.... ကောင်းကင်ကိုးပါး အသက်ဓာတ် မြေဆီလွှာမလား...

ဤခြံဝင်းသည် သာမန်မဟုတ်ကြောင်း သူတို့သိပြီးသား ဖြစ်သော်လည်း မြေဆီလွှာ အထိတော့ သတိမပြုမိခဲ့ပေ။ မြေဆီလွှာက ကောင်းကင်ကိုးပါး အသက်ဓာတ် မြေဆီလွှာဖြစ်နေမည်လားဟု နည်းနည်းတော့ တွေးကြည့်ခဲ့ဖူးသည်။

လူသားတွေကို ဖန်ဆင်းတုန်းက နတ်ဘုရားမ နွီဝါး သုံးခဲ့တဲ့ မြေမလား... ကောင်းကင် ကိုးပါး အသက်ဓာတ်မြေလေ.... လူသားမျိုးနွယ်က သက်ရှိအားလုံးတွင် ဉာဏ်ပညာအရှိဆုံးနှင့် သတ္တဝါတို့၏ ခေါင်းဆောင်ဖြစ်နေရခြင်း အကြောင်းအရင်းမှာ ယင်းမြေဆီလွှာနှင့် ပုံသွင်းခံခဲ့ရသောကြောင့် ဖြစ်ပေ၏။ သို့ဖြစ်ရာ ၎င်းက တစ်သက်တာ အခွင့်အရေးကြီး တစ်ခုပေတည်း။

ကြောက်စရာပါလား... အရမ်း ကြောက်စရာ ကောင်းတာပဲ...

ဒီအနောက်ခြံဝင်းက ဘယ်လိုများ ပါလိမ့်ကွာ... လောကကြီးရဲ့ စွမ်းအားကြီး အဆီအနှစ် တွေ အကုန်စုပြုံရှိနေတဲ့ ကမ္ဘာငယ်လေးတစ်ခုပါပဲလား....

မင်းသခင်လေးက ဒီခြံဝင်းကို တည်ဆောက်ခဲ့တယ်ဆိုတာ သေချာရဲ့လား...

ချီလင်အတွက် ယုံကြည်ဖို့ သိပ်ခက်ခဲလွန်းနေသည်။

  ဒါမှမဟုတ်... သူက ကံကောင်းပြီး အမှတ်မထင် ရှေးဟောင်းဂူတစ်လုံးကို ဖြတ်လာမိတာလား...

ဘန်း......

သွေးဆူနေသော မိစ္ဆာသစ်ပင်များသည် နောက်ဆုံးတော့ ၎င်းတို့ သစ်ကိုင်းကို လှုပ်ယမ်းရန် အခွင့်အရေးရပြီဖြစ်သဖြင့် နဂါးကြီးတို့ တင်းပါးကို ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်ကြသည်။ နာကျင်မှုဆိုတာ ဘယ်လိုရှိကြောင်း ဒင်းတို့ သင်ယူရမည့် အချိန်ရောက်လေပြီ။

ကျုပ်တို့ သခင်လေးအပေါ် သံသယ ဝင်ရဲတယ်ပေါ့... မင်းတို့ အပြစ်ပေးခံသင့်တယ်..

အို့...

နဂါးနက်လည်း သူ့တင်ပါးက မီးတောက်အောင် နာကျင်သွားသည်ကို သတိထားမိ၏။ မျက်နှာကြီး ရှုံ့မဲ့ကာ အကျယ်ကြီး အော်မငိုဘဲ မနေနိုင်တော့ပေ။

ဟေ့..ဟေ့ သခင်လေးကို သံသယဝင်တာ သူလေ... ဘာလို့ ကျုပ်ကိုပါ အပြစ်ပေးရတာလဲ...

ဘာမှ အတွန့်တက်မနေနဲ့ ... မင်းစဉ်းစားနေတာကလည်း သူနဲ့ အတူတူပဲ ဖြစ်မှာ... ကျုပ်တို့ သိတယ်...

ကောင်းကင်ကိုးပါးအသက်ဓာတ်မြေဆီလွှာသည် ဘူးသီးခြောက်၏ အကူအညီနှင့်အတူ မြေဆီမြေနှစ်များမှာ အပေါ် သို့ လျင်မြန်စွာ စုစည်းသွားကြသည်။

တ့ကျီက လက်ကိုယမ်း၍  ဒါဆို ကောင်းပါပြီ... မြန်မြန်... ပြန်ကြတော့ ... ဘူးသီးခြောက်ကနေ တစ်ဆင့် ကျွန်မ ဆက်သွယ်လိုက်ပါ့မယ်...

ချီလင်နှင့် နဂါးနက်တို့ ဇဝေဇဝါ ဖြစ်နေရာမှ
ဟုတ်ကဲ့... နှုတ်ဆက်ပါတယ်...

ချက်ချင်းပင် တိမ်များပေါ်သို့ ပျံတက်ထွက်ပြေးကြတော့သည်။

ချီလင်က နဂါးနက်နောက်မှ အပြေးလိုက်ကာ မေး၏။
ညီကို  နဂါး.... ခင်ဗျား ဘယ်ကို ဦးတည် နေတာတုန်း...

နဂါးနက်က သက်ပြင်းတစ်ချက် မှုတ်ထုတ်၍  မြေခွေးလေးရဲ့ သခင်က သေချာပေါက် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ရမယ်... ကျုပ်တို့ သူတို့ စော်ကားမိလို့ မဖြစ်ဘူး.... အခုဆို ကျုပ်တို့ရဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်ကို သူတို့က ထိန်းချုပ်ထားတာ.... ကျုပ်တို့အနေနဲ့ သူတို့ ခိုင်းသမျှ လုပ်ရတော့မှာပဲ...

ကမ္ဘာ့အပြောင်းအလဲတွေက အဲ့ဒီ သခင်လေးဆိုသူနဲ့ ပတ်သက်နေလိမ့်မယ်လို့ ခင်ဗျား တွေးမိလား...
ချီလင်မျက်နှာထားမှာ လေးနက်သွားသည်။ သူက ဝေဖန်ပိုင်းခြား၍

အဲ့ဒီ ဆရာကြီးဆိုတဲ့ လူက လူသား၊ နတ်ဘုရားနဲ့ မိစ္ဆာတွေဆိုပြီး အစဉ်လိုက် ပိုင်းခြား ပစ်ချင်နေတာ.... ကြည့်ရတာ သူတို့က ကျုပ်တို့မိစ္ဆာတွေအပေါ် စိုးမိုးချင်ပုံတော့ မရပါဘူး..... သူတို့က တစ်နေရာရာမှာ အကောင်အထည်တောင် ဖော်နေကြပြီ... အခုဆိုရင် ကန့်သတ်ချက်တွေ  အများကြီး ပျက်စီးကုန်ပြီလေ.... ကောင်းကင်ဘုံနန်းတော် ... မြေအောက်ကမ္ဘာ တို့ကလည်း ပြောင်းလဲကုန်ပြီ... တိုက်ဆိုင်မှုတစ်ခုဆိုတာထက် အများကြီး ပိုလွန်းနေတယ်.... သာမန်ဘယ်သူမှ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး...

ချီလင်က နဂါးနက်ကို လှည့်ကြည့်မိစဉ် ကိုယ့်လက်မောင်းကို ငုံ့ကိုက်နေသည်အား မြင်လိုက်ရသည်။ ထိုအခါ ချီလင်လည်း အူကြောင်ကြောင် ဖြစ်သွားလျက်
ခင်ဗျား ဘာတွေ လုပ်နေတာလဲ...

နဂါးနက်ကြီးက ဆတ်ခနဲ တုန်သွားကာ သွေးထွက်နေသော သူ့လက်မောင်းကို မည်သည်မျှ မဖြစ်ခဲ့သလို ပြန်ဖုံးလိုက်ပြီး  အရူးရဲ့ .... ကျုပ်သာ ဒဏ်ရာရ မနေရင် ကျန်တဲ့လူတွေက သံသယ ဝင်ကြမှာပေါ့.... ကျုပ်က ပြန်ကုစားနိုင်တာပဲဟာ ကိစ္စစမရှိပါဘူး.... ကျုပ် ဒဏ်ရာရနေမှဖြစ်မှာ... ကျုပ်ကို စိတ်ထဲထားမနေနဲ့...

ချီလင်က  ဪ... ကျုပ် နားလည်ပြီ... ကျုပ်က ခင်ဗျား ကိုယ့်အသားကို ကိုက်စားနေ တယ် ထင်သွားတာဗျာ....

အဓိပ်ပါယျ မရှိတာ... ကျုပ်မလုပ်ပါဘူး... နဂါးနက်က ပြန်ငေါက်လိုက်၍ နှုတ်ဆက်တော့ သည်။

ကောင်းပြီ...နောက်တစ်ခါမှ ထပ်ဆွေးနွေးကြတာပေါ့... ကျုပ်သွားတော့မယ်... ထို့နောက် သူက အမြှီးကို လှုပ်ယမ်း၍ အောက်ဘက်သို့ ခုန်ဆင်းလိုက်သည်။ ဝူးခနဲ မြည်သံကျယ်ကြီးနှင့်အတူ သမုဒ္ဒရာထဲ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့ သည်။

ဟင်... ထူးဆန်းလိုက်တာ... ငါ့အသားကို အရသာရှိမယ်ထင်နေတာ... ဘာလို့  ဒီ လောက် ဆိုးနေတာပါလိမ့် ... ကောင်းကင်ကိုးပါးမြေဆီလွှာက  အသားအရေပေါ် သက်ရောက်မှု ရှိတာလား မသိဘူး.... ဒါမှမဟုတ်လည်း ငါက ပေါင်မုန့်ထဲ ညှပ်စားမှ ကောင်းတာထင်တယ်...

နဂါးနက်က ပင်လယ်ထဲသို့ လျင်မြန်စွာ ကူးခတ်သွား၏။ တောင်ပင်လယ်ကို ဖြတ်ပြီးနောက် နဂါးနန်းတော်သို့ တန်းဝင်သွားသည်။ များမကြာမီ ပင်လယ်နေကောင် များ၏ အာရုံစိုက်မှုမှာ သူ့ဆီသို့ စုပြုံရောက်လာကြတော့၏။

ပုဇွန်နှင့် ဂဏန်းစစ်သားများက ကြက်သေ,သေနေရာမှ
ခင်ဗျား.... အကြီး... အကြီးအကဲ အောင်းရှူ ... လား....

အောင်းရှူ က မောပန်းစွာ အလျင်လိုဟန် ပြောလိုက်သည်။
မြန်မြန်.... နဂါးမင်းဆီ သတင်းပို့လိုက်... ကျုပ်၊ အောင်းရှူ... ကံကောင်းပြီး အသက်ရှင်ခဲ့တယ်လို့ ...

များမကြာမီ ဦးချိုများ တစ်ထောင်ထောင်နှင့် နဂါးမိသားစုကြီး ထွက်လာကြသည်။ အောင်းရှူကို မြင်လိုက် ရသဖြင့် တအံ့တသြ ဖြစ်နေကြလေသည်။

အောင်ဖေး က ရှေ့သို့ချီတက်လာပြီး ဒေါသတကြီး အော်ဟစ်ငိုယို သည်။
အကြီးအကဲ အောင်းရှူ... ဘယ်သူလုပ်တာလဲ... ဘယ်သူကများ ခင်ဗျားကို ဒီလို အနာတရ ဆိုးဆိုးဝါးဝါး ရအောင် လုပ်ရဲရတာလဲ...

လူအုပ်မှာလည်း သူ့ကို မကြည့်ရက်ကြပေ။ ညီးညီးညူညူဖြင့်
  ရက်စက်လိုက်တာ.... လုပ်ရက်လိုက်ကြတာ.... သူ့မှာ ကိုယ်လက်အဂ်ါ အပြည့်အစုံတောင် မရှိတော့ဘူး... ခန္ဓာကိုယ် အနှံ့ အသားတစ်စိုင်ဆီ ပျောက်နေတယ်... ဘယ်ကောင်လုပ်တာလဲ...

ခင်ဗျားရဲ့ နဂါးဦးချို တစ်ခုတောင် မရှိတော့ဘူး... ရက်စက်လိုက်တာ...

အောင်းဖန် သည် မိမိကိုယ်ကို အပြစ်တင်စိတ်များ အပြည့်နှင့် ကြေကြေကွဲကွဲ ပြော၏။
အကြီးအကဲ အောင်းရှူ... ကျုပ်ကြောင့်ပါ.... ကျုပ်ခင်ဗျားကို ချန်မထားခဲ့သင့်ဘူး..

အောင်းရှူက အလောတကြီး ပြောရသည်။
  မင်းသား... ကျေးဇူးပြုပြီး... အခုလို မပြောပါနဲ့ ... နဂါးမျိုးနွယ်အတွက် အနစ်နာခံရတာဟာ ကျုပ်အတွက် ထိုက်တန်ပါတယ်... ကျုပ် တာဝန်ပါ...

မင်းပြောတာ ဟုတ်တယ်...

ဤသည်က  တောင်ပင်လယ်နဂါးမင်း ထွက်လာကာ ပြောလိုက်ခြင်း ဖြစ်သည်။ သူက အောင်းရှူဆီ လျှောက်လာပြီး ပွေ့ဖက်လိုက်၏။ သူ့မျက်လုံးများတွင် သနားဂရုဏာသက် ခြင်းများ ပြည့်လျှံနေကာ  အောင်းရှူ... ငါတို့ အပြစ်ပါ...

အောင်းရှူက  နဂါးမင်းကြီး... ကျုပ် အဆင်ပြေပါတယ်... ထိုအခါ တောင်ပင်လယ် နဂါးမင်းက ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး

မင်းပြန်လာရင် တော်ပါပြီ... ငါတို့မှာ နဂါးဝိဉာဉ်ပုလဲလည်း ရှိနေပြီ... ဒါ့ထက် ငါကလည်း ပုလဲကို သေချာထိန်းချုပ်နိုင် နေပြီလေ... ငါကျွမ်းကျင်သွားတာနဲ့ လောကကြီးမှာ ဘယ်သူ့မှ ငါ့ကို တားလို့မရနိုင်တော့ ဘူး... အဲ့ဒီအခါကျရင် ငါမင်းအတွက် လက်စားပြန်ချေပေးမယ်...

အောင်းရှူက မျက်ရည်များဝဲလျက် ရှင်းပြရန် ကြိုစားလိုက်သည်။  နဂါးမင်းကြီး... ကျုပ်လွတ်လာတဲ့ အကြောင်းကလေ...

တောင်ပင်လယ်နဂါးမင်းက သူ့စကားကို ဖြတ်ပစ်လိုက်လေသည်။
  မင်း ရှင်းပြနေစရာ မလိုပါဘူး... ပြန်လာတာပဲ တော်လှပါပြီ...

အောင်းရှူ အခက်တွေ့နေရပြီ။

သူက လမ်းတစ်လျှောက် ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းဖြင့် လွတ်မြောက် လာပုံကို လမ်းတစ်လျှောက် စကားရှည်ကြီးရှင်းပြရန် စာစီထားခြင်း ဖြစ်လေသည်။ ၎င်းက အလွန် မျက်ရည်လည်စေသော ကြေကွဲစရာ ဇာတ်ကွက်လေးတစ်ခုဖြစ်၏။ သို့ သော်လည်း နဂါးမင်းကြီးက သူ့စကားကို ဖြတ်ပစ်နေ၏။

မဟုတ်ပါဘူးခင်ဗျာ... ကျုပ်ပြောပြတာ ပိုကောင်းမယ်လို့ ထင်ပါတယ်... အောင်းရှူက နောက်ထပ် အခွင့်အရေးတစ်ခုရရန် ကြိုးစားကြည့်သည်။

မလိုဘူး... မလိုဘူး... အဖြစ်အပျက်တွေက အရေးမကြီးဘူး... အဓိက ကရလဒ်ပဲ.. တောင်ပင်လယ်နဂါးမင်းက အသံထွက်ရယ်မောကာ မောက်မောက်မာမာပင် ပယ်ချ လိုက်ပြန်သည်။

  မြန်မြန်လုပ်ကြစမ်း... ထိပ်တန်း ပင်လယ်စာ အစားအသောက်တွေ ပြင်ဆင်ထား.... ဒီည ငါတော့ အောင်းရှူ ပြန်လာတဲ့အထိမ်းအမှတ်နဲ့ စားသောက်ပွဲကြီး ကျင်းပကြမယ်... 

မဟုတ်ဘူးလေ ကျုပ် ရှင်းပြဦးမယ်လေ

.

တစ်ဖက်တွင် ချီလင်က ချီလင်ချောက်ကမ်းပါးသို့ ပြန်လာခဲ့သည်။

ဂိတ်တံခါးပေါက်ရောက်သော် သူအတော် မှင်သက်ကြောင်အမ်းနေရသည်။

မိစ္ဆာသခင်ကြီးက ချီလင်မိသားစုနှင့် စကားပြောလျက်ရှိ၏။ သူပုံစံက အပြစ်ရှိဟန် လိပ်ပြာမလုံသည့်နှယ် တောင်းပန်စကား ပြောဆိုနေခြင်း ဖြစ်ပုံရ၏။

ထိုနှစ်ယောက် အကြည့်ဆုံမိကြရာဝယ် နှစ်ဦးစလုံး ရုတ်ချည်း ကြက်သေ,သေနေမိကြ လေ၏။

မိစ္ဆာသခင်ကြီးက အူကြောင်ကြောင် ရပ်နေကာ သူ့ကိုယ်သူ အိမ်မက်ယောင်နေသည် ဟူ၍ ထင်နေပုံရသည်။ ထို့နောက်တော့ မယုံနိုင်စွာ အော်ဟစ် ငိုကြွေးတော့သည်။
  ခင်ဗျား... ခင်ဗျား.... အသက်ရှင်နေသေးတယ်နော်...

ထိုဘေးရှိ ချီလင်မိသားစုကြီးလည်း ထပ်တူ တအံ့တသြဖြစ်နေကြသည်။ မျှော်စင်အမြင့် ကြီးမှပင် ဝမ်းသာအားရ အော်ငိုသံကို ကြားလိုက်ရ၏။
ဦးလေး....

မိစ္ဆာဘုရင်ကြီး......

ချီလင်သည်လည်း စိတ်လှုပ်ရှားမှုများ ဖြင့် လှိုက်လှိုက်လှဲလှဲ အော်ခေါ်သည်။ ချီလင်က ရှေ့သို့ တက်လာ၍ တရိုတသေ ပြောလိုက်သည်။

  မိစ္ဆာဘုရင်ကို နှုတ်ဆက်ပါတယ်...

ဦးလေ... ယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ... မိစ္ဆာဘုရင်ကလည်း သူ့ဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်လာ၏။

  တကယ်ခင်ဗျားပဲ... မိစ္ဆာတွေလာပြီး ခင်ဗျားထောင်ချောက်ဆင်ခံရလို့ သေပြီလို့ သတင်းပို့ကြတယ်... ကျုပ် သူတို့ကို မယုံခဲ့ပါဘူး...

မိစ္ဆာသခင်ကြီးက မပြောခင် ခဏမျှ ဆုတ်ဆုတ်ဆိုင်းဆိုင်း လုပ်လိုက်ပြီး

ချီလင်ဘုရင် ကြီး... ဒီဖြစ်ရပ်ကတော့  အတော် ပရိယာယ်များတယ်... သူမလုပ်ဘူးဆိုတာ ကျုပ်မျက်လုံးနှစ်လုံးနဲ့ သေချာမြင်လိုက်တာ.... အမှန်က... ကျုပ်တို့မတိုင်ခင် ဒီ့လူမှာ ပြဿနာရှိပုံပဲ...

မိစ္ဆာသခင်... မိစ္ဆာမျိုးနွယ်မှာ ပြဿနာရှိနေတာလား...

ထိုအခါ ချီလင်က ဒေါသတကြီးဖြင့် ငိုချလိုက်လေသည်။
ကျုပ် ချောက်ချခံလိုက် ရတာ... ကျုပ်ဟာတကယ်ပဲ မိစ္ဆာတွေရဲ့ ထောင်ချောက်ဆင်တာကို ခံလိုက်ရတာ... သူတို့က ကျုပ်ကို မြင့်မြတ်ကုသိုလ် သူတော်စင်ကို တိုက်ခိုက်ဖို့ လွှတ်လိုက်တာလေ... ကျုပ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြန်လာရတယ်.. ကံကောင်းလို့ အသက်ရှင်ခဲ့တာပေါ့... မိစ္ဆာတွေဟာ ပြဿနာပဲ ... သူတို့က ချီလင်မျိုးနွယ်ကို ဒုက္ခရောက်အောင် လုပ်ချင်တာ...

တကယ်လား... မိစ္ဆာဘုရင်က မိစ္ဆာသခင်ဘက်လှည့်မေးသည်။ သူပုံမှာ ရင်းနှီး ဖော်ရွေဟန် မရတော့ပေ။

မိစ္ဆာသခင်က အလန့်တကြား ခေါင်းတွင်တွင်ခါရ၍  ကျုပ်မလုပ်ပါဘူး..

ချီလင်က စကားကိုဆက်၏။  မြင့်မြတ် သူတော်စင်ရှိတာ ကျုပ်ကို ဘာလို့ မပြောတာလဲ..

ကျုပ်... အဲ... ကျုပ်မေ့သွားတာ...
ထိုအခါ ချီလင်က  ခွက်ထိုးခွက်လန် လှောင်ရယ်ကာ
ကျင့်ကြံသူတွေအနေနဲ့ ကျုပ်တို့ ဦးနှောက်ဟာ ကောင်းကျပါတယ်.. ခင်ဗျားမေ့တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..

တကယ်  ပြဿနာပဲ... မိစ္ဆာတွေက  ပြဿနာကြီးရှိနေတာ...

ကံကောင်းထောက်မစွာနဲ့ ချီလင်က ပြန်ရောက်လာပြီး မိစ္ဆာသခင်ရဲ့  အတွင်းသန္ဓေ အစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့ပြီ...

မိစ္ဆာသခင်ကြီး အထိတ်တလန့် ဖြစ်နေရသည်။ မျက်လုံးများ နီရဲလာပြီး ရှင်းပြရတော့ ၏။
  ကျုပ်ပြောတာ နားထောင်ပါဦး... ကျုပ်တကယ်မေ့သွားတာပါ... အကြောင်းအရင်း ကလေ........

မိစ္ဆာဘုရင်က သူ့စကားများကို ငြင်းပယ်၍ ခြောက်ကပ်ကပ် အမိန့်ပေးလိုက်တော့သည်။
သူ့ကို ဝိုင်းထားစမ်း....

အခုရော.... မိစ္ဆာသခင်နဲ့ ကျန်မိစ္ဆာငယ်သားများ ကြောက်လန့်နေကြပြီ။ သူတို့က သတိပေး၏။
ခင်ဗျားက ကျုပ်တို့ကို စိန်ခေါ်နေတာလား...

ကျုပ်ဦးလေးကို ချောက်ချရဲတယ်... ခင်ဗျားကို ခွင့်မလွှတ်သင့်ဘူး.... မိစ္ဆာဘုရင်က မျက်လုံးများကို မှေးကျဉ်းထား၍ ကြေညာ၏။  ကျုပ်တို့ ၊ ချီလင်မျိုးနွယ်စုကို ကျုပ်ဦးဆောင်နေသရွေ့ ဘယ်သူမှ ထိခွင့်မရှိဘူး... အခု မိစ္ဆာသခင်ကြီးက သေပြီ... မင်းတို့က ဘာလုပ်တာလဲ...

မိစ္ဆာသခင်က တိတ်ဆိတ်စွာဖြင့် နောက်သို့ တစ်လှမ်းပြန်ဆုတ်သည်။
မိစ္ဆာဘုရင်... ခင်ဗျားဦးလေးမှာ ပြဿနာရှိနေတာ... ခင်ဗျားက သူ့ကိုတော့ မတိုက်ခိုက်ဘဲ ကျုပ်တို့နဲ့ တိုက်ချင်နေတယ်...

ချီလင်က သူ့အကြည့်များကို မပြောင်းပေ။  မိစ္ဆာဘုရင်... ကျုပ်ရှင်းပြနိုင်ပါတယ်... 

ဦးလေး... ဘာမှ ရှင်းပြနေစရာ မလိုဘူး...  မိစ္ဆာဘုရင်က သူ့စကားကို ဖြတ်ပစ်သည်။ မိစ္ဆာသခင်ကိုသာ လှောင်ပြောင်သရော်လျက်  ဟာသပဲ... ကျုပ်ဦးလေးကို မယုံဘဲနဲ့ ခင်ဗျားကို ယုံရမှာတဲ့လား...

ထို့နောက် အားကောင်းလှသော စိတ်စွမ်းအားများဖြင့် ထေ့ငေါ့ကာ ဟိန်းဟောက်တော့ ၏။
ချီလင်တို့ ... နားထောင်... တိုက်ခိုက်ကြစမ်း...

ထိုအချိန်တစ်ဆက်တည်း၌ပင်.....

လောကကြီး၏ တစ်နေရာတွင်

တောတောင်များက စိမ်းလန်းကာ ရေများက ကြည်လင်နေသည်။ ရေပူစမ်းလေး သာမက အပန်းဖြေဥယျာဉ်ကြီး တစ်ခုကလည်း ရှိသေးသဖြင့် အလွန်  လှပသောနေရာ တစ်ခု ဖြစ်၏။

ပန်းချီကားတစ်ချပ်နှင့် တူနေသဖြင့် အပြင်၌တကယ်ရှိနေသည့်ဟူ၍ပင် ခံစား မရ ဖြစ်မိသည်။

ထိုစဉ် ရေလှိုင်းများအသွင် လှိုင်းကြပ်ခွပ်လေးများ ကောင်းကင်တွင် ထလာ၏။ ထိုနောက်၌ ကျောက်စိမ်းကဲ့သို့ ခြေချောင်းလှလှလေး တစ်ချောင်း ထွက်လာခဲ့သည်။ ၎င်းနောက်တွင်မူ ကြာပွင့်သဏ္ဍာန် ကျောက်စိမ်းလက်မောင်းလေး နောက်မှ လိုက်လာ၏။

ပြီးနောက် လေထဲတွင် ဂါဝန်ရှည်လေး ဖြည်းဖြည်းချင်း ပေါ်လာကာ ချန်ယိက လှိုင်းကြပ်ခွပ်များကို ဖြတ်၍ လမ်းလျှောက်သွားစဉ် သူမ၏ ဂါဝန်အနားများက လေထဲ၌ တလွင့်လွင့် ဖြစ်နေခဲ့သည်။

ထိုမိန်းကလေး လက်ထဲဝယ် အိုးအကြီးကြီး တစ်လုံးကိုင်ထားသည်။ သူမ ခန္ဓာကိုယ် သေးသေးလေးနှင့် မြဲမြံစွာ ဖက်တွယ်ထားခြင်း ဖြစ်ပြီး အိုးထဲတွင်လည်း အနီရဲရဲ အထုပ်ငယ်လေးများ ထည့်ထားသည်။ ၎င်းတို့က ဟော့ပေါ့ ဟင်းအနှစ်များပင် ဖြစ်လေသည်။ သူမ၏ နောက်လက်တစ်ဖက်တွင် သစ်သားပုံးတစ်ပုံးရှိသေးသည်။ ပုံးထဲတွင်တော့ အသားငါးမျိုးစုံနှင့် အသီးအရွက် စိမ်းစိမ်းများပါ၏။

သူမက ရင်တုန် စိတ်လှုပ်ရှားစွာဖြင့် တရွေ့ရွေ့ လျှောက်နေခဲ့သည်။

အပိုင်း ၃၇၈က်ဳပ္ကဆရာႀကီး
ဘာသာျပန္စာေရးဆရာ - တင္ေအာင္ခိုင္
အခန္း ၃၇၅
(ႏွစ္သုံးေထာင္လမ္းစဥ္မ်ား)

ေနာက္တစ္ေန႕တြင္။

ေကာင္းကင္ႀကီးသည္ ေတာက္ပလ်က္ ရွိသည္။

ပုံမွန္ထက္ ေနာက္က်မွသာ လီနင္းဖန္အိပ္ယာမွ နိုးခဲ့သည္။ ေျပာရမည္ဆိုလွ်င္ မေန႕ညက သူေနာက္က်သည္အထိ မအိပ္ပဲ ေနခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

သူ တံခါးဖြင့္လိုက္ၿပီး သန္းေဝေနေသးလ်က္ ေနမင္းႀကီးအား မ်က္ႏွာမူလိုက္သည္။

မဂၤလာနံနက္ခင္းပါ သခင္ေလးလီ...

အကိုနင္းဖန္ မဂၤလာ နံနက္ခင္းပါ..

ၿခံဝင္းထဲတြင္ တက်ီႏွင့္ က်န္သူမ်ား အလုပ္ရႈပ္ေနၾကသည္။ သူတို႔အားလုံး၏ မ်က္ႏွာမ်ားမွာ ၿပဳံး႐ႊင္ေနၾကၿပီး စိတ္ေကာင္းဝင္ေနၾကသည္။
ဝိုး....အားလုံးက ေပ်ာ္ေနတဲ့ပုံပါလား...ဘာေတြမ်ား လုပ္ေနၾကတာတုန္း...
လီနင္းဖန္ သူတို႔အား ၾကည့္ကာ မီးဖိုေခ်ာင္တစ္ဝိုက္၌ သူတို႔အားလုံး အလုပ္မ်ားေနၾကျခင္း ျဖစ္ေၾကာင္း သတိထားမိေတာ့သည္။

တက်ီ၏ လက္ထဲတြင္ ဂ်ဳံလုံးတစ္လုံး ရွိေနကာ ပန္ကိတ္လုပ္ေနျခင္း ျဖစ္သည္။ နန္နန္းႏွင့္ဒရာဂ်င္သည္လည္း ေဘးတြင္ ဂ်ဳံေစးနယ္ေနၿပီး ဂ်ဳံမႈန႔္မ်ားထဲသို႔ အခ်ိန္တိုင္း ေရျဖည့္ေနၾကသည္။ သူတို႔မွာ အလုပ္မ်ားေနၾကေသာ္လည္း ေပ်ာ္႐ႊင္ေနၾကဟန္ရွိသည္။

ဖီးနစ္မီးငွက္ပင္လွ်င္ ဘာမွ လုပ္မေနပါက ရွက္စရာေကာင္းသည္ဟု ခံစားေနရၿပီး သူမသည္ ဓားတစ္ေခ်ာင္းကိုင္ကာ အသားမ်ားအား လွီးျဖတ္ေနေလ၏။

႐ႊပ္...႐ႊပ္...႐ႊပ္...

သူမသည္ အနီေရာင္ဝတ္စုံျဖင့္ မလႈပ္မယွက္ျဖစ္ေနဟန္ ရွိေသာ္လည္း ဓားတစ္ေခ်ာင္း ကိုင္ထားၿပီး အသားမ်ားအား အျပင္းအထန္ လွီးျဖစ္ေနကာ ထိုျမင္ကြင္းမွာ လွပေနေတာ့သည္။

ဘလက္ကီႏွင့္ ေရွာင္ပိုင္တို႔အတြက္ မည္သည္မွ် လုပ္စရာမရွိေတာ့ေခ်။

မနက္ခင္း ေနအလင္းေရာင္၏ ျဖာက်မႈေအာက္တြင္ ဘလက္ကီ လဲေလွာင္းေနၿပီး မေက်မနပ္ျဖစ္ေနပုံရကာ အထီးက်န္ေနဟန္ ရွိသည္။

'ဆရာက ငါ့ကို မေခၚသြားပဲနဲ႕ အၾကာႀကီးထြက္သြားခဲ့တာပဲ...ဟူး...ငါမေပ်ာ္ဘူး....'

'ဟမ့္...ငါဘာမွ မလုပ္ရေတာ့ပါလား...ငါအခ်ိန္ေပးၿပီး အင္ေမာ္တယ္သာမန္ဘုံက ေခြးမိစ္ဆာေတြ အားလုံးကိုအုပ္ခ်ဳပ္ရမယ္ဆို ေတာ္ေတာ္ေလး ေပ်ာ္စရာေကာင္းမွာပဲ...'

ေရွာင္ပိုင္သည္လည္း ေဘးတြင္ ေက်ာက္႐ုပ္ကဲ့သို႔ မတ္တပ္ရပ္ေနသည္။

၄င္းမွာ လီနင္းဖန္ႏွင့္ အၾကည့္ခ်င္းဆုံသြားသျဖင့္ အေျခအေနမ်ား မွားယြင္းေနေၾကာင္း ရွင္းျပေတာ့သည္။
သခင္ ကြၽန္ေတာ္ေျပာတာနားေထာင္ပါဦး...ကြၽန္ေတာ္က ငပ်င္းတစ္ေယာက္မဟုတ္ပါဘူး...သူတို႔ကိုယ္တိုင္ကိုက သူတို႔ဘာသာ မနက္စာလုပ္စားမယ္လို႔ ေျပာၾကလို႔ပါ....

တက်ီ ၿပဳံးကာ ေျပာလာသည္။
သခင္ေလးလီ...သခင္ေလးလုပ္တဲ့ အစားအစာေတြက အရသာရွိတယ္ ဆိုေပမယ့္ ကြၽန္မတို႔ ဘာမွ မလုပ္ပဲနဲ႕ မစားနိုင္ဘူးေလ...ကြၽန္မတို႔လည္း သခင္ေလးအတြက္ အစားအစာလုပ္ေကြၽးရမွာေပါ့....

ပန္ကိတ္ျပည့္ျပည့္တစ္ခု သူမ၏ လက္ထဲတြင္ ေပၚလာကာ ဆက္ေျပာသည္။
သခင္ေလးလီ ကြၽန္မရဲ႕ ပန္ကိတ္က ဘယ္လိုေနလဲ...

လီနင္းဖန္ ရယ္ေမာေတာ့သည္။
ဟားဟားဟား...အရသာရွိမွာပါ...သိပ္ကို အရသာရွိမွာပါ....

သူ ေက်နပ္ခံစားေနမိၿပီး ဤသည္မွာ ျပည့္စုံေသာအိမ္တစ္အိမ္ျဖစ္ေၾကာင္း ခံစားခ်က္ပင္ျဖစ္သည္။

နန္နန္း ခ်က္ခ်င္းပင္ ေျပာလာသည္။
အကိုႀကီး...ဂ်ဳံေတြကို ကြၽန္မနဲ႕ ညီမေလးဒရာဂ်င္ လုပ္ထားတာေလ...

သူမ၏ မ်က္ႏွာႏွင့္ ႏွာေခါင္းတြင္ ဂ်ဳံမႈန့္မ်ား ေပေနကာ ခ်စ္စရာေကာင္းလွသည္။ သူမ၏ လက္ႏွစ္ဖက္လုံးမွာ ဂ်ဳံမႈန့္ေစးေစးမ်ား ကပ္ေနၿပီး သူမ၏ အကၤ်ီလက္မ်ားတြင္လည္း ေပက်ံေနေလ၏။

ဒရာဂ်င္မွာလည္း ထိုနည္းလည္းေကာင္း ပင္ျဖစ္ေနကာ ကေလးႏွစ္ေယာက္မွာ ဂ်ဳံနယ္ျခင္းထက္ ကစားေနသည္က ပိုမ်ားေပသည္။

လီနင္းဖန္ အေဝးသို႔ ထပ္ၾကည့္ေသာအခါ ဖီးနစ္မီးငွက္၏ ဓားခ်က္မ်ားေအာက္တြင္ရွိေနေသာ အသားအား ေတြ႕ရၿပီး မေနနိုင္ေတာ့ဘဲ မ်က္ခုံးေမြးမ်ား ပင့္တင္မိသြားသည္။
ဒါက...ဒါက နဂါးသားေတြလား...

ဟမ္...

တကယ္ေတာ့ အသားကို ခင္ျပင္းျပင္းလွီးတာက အသားရဲ႕ မ်က္ႏွာျပင္အေနအထားကို သက္ေရာက္မႈရွိတယ္...
လီနင္းဖန္ အႀကံေပးလိုက္ကာ ဖီးနစ္မီးငွက္သည္ လက္စားေခ်ေနျခင္း ျဖစ္မည္ဟု ခံစားေနရသည္။ နဂါးအိုတစ္ေကာင္ျဖစ္ရသည္မွာ မလြယ္ကူလွေခ်။
'သူက ေသေနၿပီးသားေလ...ဘာလို႔ သူ႕အသားေတြကို အခုထိ ခပ္ျပင္းျပင္း ခုတ္ေနရေသးတာလဲ ဖီးနစ္မီးငွက္ရယ္ လူမဆန္လိုက္တာ...'

ကြၽန္မ လက္စားေခ်ေနတာ...
ဖီးနစ္မီးငွက္မွာ ထိုစကားမ်ားအား အေလးအနက္ ေျပာဆိုလိုက္ျခင္းျဖစ္သည္။

လီနင္းဖန္ သူမအား စကားဆက္ေျပာရန္ မႀကိဳးစားေတာ့ဘဲ လွည့္ပတ္ၾကည့္လိုက္ၿပီး ေရွာင္ပိုင္အား ေျပာလိုက္သည္။
ေရွာင္ပိုင္ မင္းအေမႊးထူဂဏန္း သြားျပင္ဆင္ထား...ဂဏန္းပန္ကိတ္လုပ္ဖို႔ အႏွစ္ေတြ ယူခဲ့...

ေရွာင္ပိုင္ ခ်က္ခ်င္း ေခါင္းညိမ့္ေတာ့သည္။
ဟုတ္ကဲ့ပါ သခင္....

လီနင္းဖန္ ဆက္ေျပာသည္။
ဒရာဂ်င္ သမီး ဂဏန္းပန္ကိတ္ပဲ စားရမယ္ေနာ္...

အိုး...ဟုတ္ကဲ့ပါ အကိုႀကီး...
ဒရာဂ်င္ နားလည္စြာ ေခါင္းညိတ္ျပသည္။

ေျပာရမည္ဆိုလွ်င္ နဂါးအသားမွာ သူမႏွင့္ ဆင္တူသည္။ က်င့္ႀကံျခင္းေလာကတြင္ မိစ္ဆာမ်ားအတြက္ ကိုယ့္မ်ိဳးစိတ္ကိုယ္ျပန္စားျခင္းမွာ ပုံမွန္ပင္ျဖစ္ၿပီး စြမ္းအားမ်ားပင္ တိုးတက္လာေစသည္။ သို႔ေသာ္လည္း လီနင္းဖန္ကမူ ထိုက်ိစ္စအား ေရွာင္ၾကဥ္ေစခ်င္သည္။

လီနင္းဖန္ ၿပဳံးကာ ဆက္ေျပာသည္။
မပူပါနဲ႕ ဂဏန္းပန္ကိတ္ က နဂါးအသားထက္ ပိုၿပီး အရသာရွိမွာ ေသခ်ာပါတယ္.. 

တကယ္လား...
ဒရာဂ်င္၏ မ်က္လုံးမ်ား စိတ္လႈပ္ရွားမႈေၾကာင့္ ေတာက္ပသြားသည္။

လီနင္းဖန္ ေခါင္းညိတ္ျပသည္။
တကယ္ေပါ့....

ထိုအခ်ိန္တြင္ တ့က်ီမွာ စိတ္လႈပ္ရွားေနသည္။
သခင္ေလးလီ ပန္ကိတ္ ပထမတစ္သုတ္ အဆင္သင့္ျဖစ္ပါၿပီ....

အား ၾကည့္ရေအာင္...ကိုယ္ စားခ်င္ေနၿပီ....
နန္နန္းႏွင့္ဒရာဂ်င္မွာလည္း စိတ္လႈပ္ရွားေနၿပီး အသားလွီးေနေသာ ဖီးနစ္မီးငွက္ပင္ သူမ၏ လႈပ္ရွားမႈမ်ားအား ရပ္တန့္ကာ မီးဖိုအား စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ ၾကည့္ေလ၏။

အဖုံး ဖြင့္လိုက္ေတာ့...
တက်ီ မီးဖိုအဖုံးအား ဖြင့္လိုက္ေသာအခါ သူတို႔လူစုသည္ မ်က္ေမွာင္ၾကဳပ္ကာ ဇေဝဇဝါျဖစ္သြားၾကၿပီး ခါးခါးသီးသီး ျဖစ္သြားဟန္ရွိသည္။

မီးဖိုထဲတြင္ ပန္ကိတ္မ်ားမွာ ပန္ကိတ္မ်ား မဟုတ္ၾကေတာ့ဘဲ တူးေနၿပီး ကံေကာင္းေသာ အခ်ိဳ႕ပန္ကိတ္မ်ားသာ တစ္ဝက္ပဲတူးေနေၾကာင္း သူတို႔ ေတြ႕လိုက္ရသည္။ ကံမေကာင္းေသာ ပန္ကိတ္မ်ားမွာ အရည္မ်ားပင္႐ႊဲေနၿပီး ပန္ကိတ္ပုံစံတြင္ ရွိမေနၾကေတာ့ေခ်။

တက်ီ သူမ၏ ႏႈတ္ခမ္းအား ဟကာ ငိုခ်င္လုနီးပါးျဖင့္ ဝမ္းနည္းစြာ ေျပာေတာ့သည္။
ဘယ္လို ျဖစ္တာလဲ...ကြၽန္မထည့္လိုက္တုန္းက အေကာင္းပါ...

တက်ီမွာ ပထမဆုံး ခ်က္ျပဳတ္ျခင္းျဖစ္ဟန္ရွိကာ ပို၍ေမွ်ာ္လင့္ေလေလ ပို၍စိတ္ပ်က္စရာေကာင္းသြားေလေလ ျဖစ္သည္။

ထို႔ျပင္ တက်ီမွာ အမွန္တကယ္ပင္ လီနင္းဖန္အား သူမအေပၚ အထင္ႀကီးေစခ်င္ခဲ့သည္။ သူမမွာ အိမ္ရွင္မေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနျခင္းျဖစ္ကာ ဤဟင္းခ်က္ရန္လူစုအား မနက္စာခ်က္ရန္ ဖြဲ႕စည္းခဲ့ျခင္းပင္တည္း။ သူမသည္ ျဖစ္ပ်က္သြားသည္မ်ားအား လက္မခံနိုင္ေသးေပ။
ေခါက္ဆြဲလုပ္တဲ့ဂ်ဳံနဲ႕ ပန္ကိတ္လုပ္တဲ့ ဂ်ဳံက ကြာျခားမႈ ရွိလို႔ျဖစ္မယ္...

လီနင္းဖန္ ၿပဳံးကာ တက်ီ၏ ႏွာေခါင္းေလးအား တို႔ထိလိုက္ၿပီး
ဘာမွ စိတ္မေကာင္းျဖစ္မေနပါနဲ႕...တကယ္ေတာ့ ပန္ကိတ္လုပ္ရတာက ခက္ပါတယ္...မင္းအတြက္ ပထမဆုံးအႀကိမ္လည္း ျဖစ္ေနတာကိုး...ပန္ကိတ္လုပ္ေနတယ္ဆိုတာနဲ႕တင္ အထင္ႀကီးစရာ ေကာင္းေနပါၿပီ..

ထို႔သို႔ ေျပာၿပီးေနာက္ မီးဖိုထဲမွ အေကာင္းဆုံးဟု ယူဆရလုနီးပါး ပန္ကိတ္အား လွမ္းယူကာ ေအးေအာင္ မႈတ္၍ သူ ကိုက္စားလိုက္သည္။

ရိုးသားစြာေျပာရလွ်င္ ပန္ကိတ္၏ မ်က္ႏွာျပင္အေနအထားမွာ မေကာင္းကာ သိပ္သည္းမႈလည္း မရွိေခ်။ ပုံစံမွာလည္း ထူးဆန္းေနၿပီး သူသာ ဂ႐ုတစိုက္မစားလွ်င္ အရည္မ်ား ႐ႊဲက်သြားနိုင္သည္။

အြန္း...အရသာရွိတယ္...
လီနင္းဖန္ ပန္ကိတ္စားလ်က္ ေခါင္းညိမ့္ေနၿပီး မၾကာမီ ကုန္ေအာင္စားပစ္လိုက္သည္။

ကံေကာင္းစြာျဖင့္ သူတို႔ အရသာမႈန့္မ်ား မထည့္ရေသးသျဖင့္ အရသာမွာ ထူးဆန္းမႈေတာ့ မရွိေပ။ နဂါးအသား၏ မူလအရသာႏွင့္ ဂ်ဳံ၏ ေပါင္းစပ္မႈမွာ အေျခခံက်က် ရွိသျဖင့္ အရသာမွာ အဆိုးႀကီးမဟုတ္ေခ်။

တက်ီမွာ စိတ္ထဲေနလို႔ေကာင္းသြားဟန္ရွိေသာ္လည္း ေက်နပ္လွသည္မဟုတ္ေပ။ သူမ ရွက္သြားၿပီး ကိုယ့္ကိုကို အထင္ေသးေနေတာ့သည္။

လီနင္းဖန္ လက္ခါရင္း
ေကာင္းၿပီ...ဘယ္အရာမဆို ဆရာမျပရင္ နည္းမက်ဘဴးေလ...ကိုယ္ အားလုံးကို သင္ေပးမွာေပါ့...

သူ ဒရာဂ်င္ႏွင့္ နန္နန္းဆီသို႔ ေလွ်ာက္လာကာ ဂ်ဳံနယ္လိုက္သည္။ သူ ေခါင္းခါလ်က္ ေျပာလာသည္။
ဂ်ဳံနယ္တာက ျခားနားမႈရွိတယ္...မင္းတို႔ေရကိုဂ်ဳံမုန့္ထဲေရာရင္ ကိုက္ညီဖို႔လိုတယ္...ဂ်ဳံနယ္တဲ့အခါမွာလည္း လက္ကဖိထားတဲ့အားက အဓိကမဟုတ္ဘူး...သိမ္သိမ္ေမြ႕ေမြ႕ ရွိဖို႔လည္း လိုေသးတယ္...

သူ ေျပာဆိုရင္း ဂ်ဳံနယ္ပုံအား သ႐ုပ္ျပေနကာ သူ၏ လႈပ္ရွားမႈမ်ားသည္ ႏွေးလွသည္။

သူတို႔လူစုမွာ သူ၏ လႈပ္ရွားမႈမ်ားအား ၾကည့္၍ လြယ္ကူစြာ သေဘာေပါက္သြားၾကသည္။ သူတို႔တြင္ ၾကည့္လိုက္႐ုံႏွင့္သေဘာေပါက္သည့္ အျမင္ရွိေၾကာင္း ခံစားရကာ သို႔ရာတြင္ သူတို႔ျမင္ခဲ့ေသာ အရာအား အာ႐ုံတြင္ ျပန္ေဖာ္ၾကည့္ေသာအခါ လႈပ္ရွားမႈမ်ားအား ေမ့ေလ်ာ့သြားၾကျပန္သည္။

ႏွစ္သုံးေထာင္ ၾကာတဲ့ လမ္းစဥ္ေတြ...

အားလုံးမွာ သူ႕လမ္းေၾကာင္းနဲ႕သူ ရွိတာပဲ...

ဆရာႀကီး၏ ဟင္းခ်က္ျခင္းသည္ သူ႕နည္းႏွင့္သူ႕ဟန္ ရွိသည္။

ဆရာႀကီး၏ အစားအစာမ်ားမွာ အရသာရွိေသာ အျခားအစားအစာမ်ား၏ အဆင့္ထက္ လုံးဝေက်ာ္လြန္ျမင့္မားေနသည္မွာ အံ့ၾသစရာ မဟုတ္ေတာ့ေခ်။ စိတ္ဝိဥာဥ္ေရေသာက္ျမစ္မ်ားအား ဟင္းသီးဟင္း႐ြက္အျဖစ္အသုံးျပဳၿပီး သာမန္ပစၥည္းမ်ားအား ဟင္းခ်က္ရန္ အသုံးျပဳေလသည္။ သူ၏ ဟင္းလ်ာမ်ားအား စားသုံးၿပီးေနာက္ သာမန္လူမ်ားပင္ သက္တမ္းရွည္ရွည္ေနရကာ က်င့္ႀကံသူမ်ား ျဖစ္လာနိုင္ေပသည္။

ထို႔ျပင္ သုံးေထာင္ေသာ လမ္းစဥ္ မ်ားလည္း ရွိသည္။

သူ႕အား ၾကည့္႐ုံမွ်ျဖင့္ သူတို႔လူစုအတြက္ မ်ားစြာအက်ိဳးရွိလွသည္။

စကားပုံတစ္ခု အတိုင္းပင္ျဖစ္သည္။
'ေျပာေနစရာမလိုဘဲ ခံစားၾကည့္လို႔ရတယ္'

အားလုံးမွာ ပါးနပ္ၾကၿပီး လီနင္းဖန္၏ လႈပ္ရွားမႈမ်ားအား မၾကည့္ေတာ့ဘဲ သူတို႔၏ စိတ္မ်ားထဲတြင္ ေတြးေတာခံစားသက္ဝင္လိုက္ၾကသည္။

လီနင္းဖန္၏ ခႏၶာကိုယ္ပတ္လည္တြင္ ညွင္သာေပ်ာ့ေျပာင္းေသာ အလင္းေရာင္တစ္ခုရွိေနၿပီး ၄င္းသည္ သူတို႔လူစုအား သက္ေရာက္ေနကာ အေပၚဘက္သို႔ ပစ္လႊတ္ေတာ့မည့္ ဒုံးပ်ံထဲတြင္ ထိုင္ေနရသေယာင္ ခံစားလိုက္ၾကရသည္။

နန္နန္း၏ က်င့္ႀကံျခင္းအဆင့္သည္ သူတို႔ထဲတြင္ အနိမ့္ဆုံး ျဖစ္ကာ သူမအနက္ရွိုင္းဆုံးအထိ ခံစားေနရၿပီး မ်က္ႏွာေသးေသးေလးမွာလည္း နီရဲလာသည္။

သူမသည္ အျမဳေတေပါင္းစပ္ျခင္းအဆင့္တြင္သာ ရွိေသးသည္။ သူမသာ သာမန္က်င့္ႀကံသူတစ္ဦးဆိုလွ်င္ ဤမွ် ေၾကာက္စရာေကာင္းေသာ ဥာဏ္အလင္းမ်ားအား ခံနိုင္ရည္ရွိလိမ့္မည္မဟုတ္ဘဲ ေနာက္သို႔ပင္ ဆုတ္ရေပလိမ့္မည္။

သို႔ရာတြင္ သူမမွာ ကြဲျပားၿပီး သူမတြင္ သူမ၏ စြမ္းအင္ကန့္သတ္မႈအား အခ်ိန္အနည္းငယ္ျမင့္မားေစသည့္ ဝါးၿမိဳျခင္းစြမ္းရည္ ရွိေလသည္။

အဆိုးႀကီးေတာ့ မဟုတ္ပါဘူး...

လီနင္းဖန္ ၿပဳံး၍ ညွင္သာစြာ ဂ်ဳံအား သူတို႔ေရွ႕တြင္ ဆြဲလိုက္သည္။

ခ်က္ခ်င္းပင္ အားလုံး၏ ၾကည့္ရႈေနျခင္းႏွင့္အတူ သူ ႀကိဳးရွည္တစ္ေခ်ာင္းသဖြယ္ ဆြဲဆန႔္လိုက္ၿပီး ေလထဲသို႔ ပစ္တင္လိုက္သည္။ ႀကိဳးမွာ ေလထဲသို႔ အေရာက္ ျပန္ဆြဲျခင္းခံရသည္။ သူတို႔လူစု၏ ကမၻာႀကီးအေပၚ အျမင္မ်ား လုံးဝ ေျပာင္းလဲသြားရေတာ့သည္။

လီနင္းဖန္၏ မ်က္လုံးမ်ားထဲတြင္ အတိတ္အား လြမ္းဆြတ္မႈမ်ား ေပၚထြက္ကာ မေနနိုင္ေတာ့ဘဲ သက္ျပင္းခ်လ်က္ ေျပာလာသည္။
ျပန္ေျပာရမယ္ဆိုရင္ ဒီလိုလုပ္တတ္ဖို႔ ငါသင္ခဲ့ရတာ သုံးေန႕သုံးညေတာင္ ၾကာတယ္...ငါ ႀကိဳးကို အရွည္ႀကီးျဖစ္ေအာင္ သုံးႀကိမ္သုံးခါ ေက်ာ္ျဖတ္ခဲ့ရတာ...စားဖိုမႉးတစ္ေယာက္ျဖစ္ဖို႔က နာက်င္ရတယ္ေလ...

လီနင္းဖန္ ေခါင္းခါလိုက္ၿပီး သူ၄င္းအား ေလထဲသို႔ ပစ္ေပးရင္း ၿပဳံးလိုက္သည္။
နန္နန္း ဒါေလးကို ဖမ္းလိုက္...

ေကာင္းပါၿပီ အကိုနင္းဖန္...

ခ်က္ခ်င္းပင္ နန္နန္းသည္ ႀကိဳး၏ အျခားတစ္ဖက္အား ဖမ္းကာ ႀကိဳး၏ မ်က္ႏွာျပင္အေနအထားမွာ ေကာင္းမြန္ေနၿပီး သူမ၏ ခႏၶာကိုယ္တြင္းသို႔ နက္ရွိုင္း၍ ညွင္သာေသာစြမ္းအင္တစ္ခု ဝင္ေရာက္သြားျခင္းကို ခံစားလိုက္ရသည္။ လီနင္းဖန္ႏွင့္နန္နန္း၏ ၾကားတြင္ ဂ်ဳံႀကိဳးက ရွိေနၿပီး ၄င္း ခုန္ခုန္သြားေသာ အခ်ိန္တိုင္းတြင္ ၄င္းသည္ အတိုင္းအဆမရွိေသာ ေတာက္ပမႈတစ္ခု လူစုအား ဝန္းရံလ်က္ ထုတ္လႊတ္ေနသည္။ ဝါးၿမိဳျခင္းစြမ္းအင္ရွိေသာ နန္နန္းပင္လွ်င္ ဤနက္ရွိုင္းထူထပ္ေသာ ဥာဏ္အလင္းမ်ားအား ရယူေခ်ဖ်က္နိုင္စြမ္း မရွိေခ်။

အဘယ့္ေၾကာင့္ဆိုေသာ ၄င္းတို႔မွာ မ်ားျပား၍ နက္ရွိုင္းလြန္းေနျခင္းေၾကာင့္ ျဖစ္သည္။

ဤသည္မွာ ကေလးတစ္ေယာက္ ျမစ္ေရမ်ား ကုန္ေအာင္ ေသာက္ေနရသည့္ႏွယ္ပင္။

ဟမ္....
နန္နန္း ညည္းတြားကာ သူမ၏ ကိုယ္တြင္း လႈပ္ရွားလႈံ႕ေဆာ္ေနမႈမ်ားအား မထိန္းခ်ဳပ္နိုင္ေတာ့ကာ တစ္စုံတစ္ခု သည္ ႀကီးမား ေပၚေပါက္လာေတာ့ေပမည္။

သူမမွာ မိုးႀကိဳးကပ္ေဘးအဆင့္သို႔ ေရာက္လုဆဲဆဲ ျဖစ္ေနေလ၏။

အခန္း        ၃၇၅       ၿပီး.....က်ဳပ္ကဆရာႀကီး
ဘာသာျပန္စာေရးဆရာ - တင္ေအာင္ခိုင္
အခန္း ၃၇၆
(အမအတြက္ အခြင့္အေရးေတြေရာက္လာၿပီ)

နန္နန္းမွာ အသက္ျပင္းျပင္းတစ္ခ်က္ရႉၿပီး သူမ၏ စြမ္းအင္တိုးပြားေနမႈအား တည္ၿငိမ္ရန္ ႀကိဳးစားေနရသည္။ သူမသည္ အနီးရွိ ဥာဏ္အလင္းမ်ားအား ထပ္မံ၍ မဆုတ္ယူရဲေတာ့ေပ။ လီနင္းဖန္လည္း ၿပဳံးလ်က္

ဂ်ဳံကိုဒီနည္းနဲ႕ လုပ္မယ္ဆိုရင္ ပိုေကာင္းတယ္ေလ...

ပိုေကာင္းဖို႔အတြက္တဲ့လား...

သူ႕ကို မီဖို႔ ဆက္သြယ္နိုင္ဖို႔ တျခားနည္းလမ္းေရာ ရွိေသးရဲ႕လား....

သူတို႔လူစုမွာ စကားျပန္မေျပာၾကေတာ့ဘဲ တိတ္ဆိတ္၍သာ ေနလိုက္သည္။

ငါတို႔ ပန္ကိတ္ကို ဒီလိုလုပ္ရတယ္...

လီနင္းဖန္ လက္ျမႇောက္ကာ ဂ်ဳံလုံးႀကီးထဲမွ ျဖဴေဖြးေပ်ာ့ေပ်ာင္းေသာ ဂ်ဳံသားအပိုင္းအစေလး ဆြဲထုတ္ေလသည္။ ကေလးမ်ား ဂ်ဳံသားမ်ားျဖင့္ ေဆာ့ကစားရသည္ကို ႀကိဳက္ႏွစ္သက္သည္မွာ အံ့ၾသစရာ မဟုတ္ေပ။ ေစးကပ္မႈႏွင့္ ေပ်ာ့အိေနမႈတို႔သည္ လက္ျဖင့္ အေတာ္ေလး ထိရေကာင္းေပသည္။

သူ ဂ်ဳံသားအား လက္ျဖင့္ရိုက္ကာ ညွစ္လိုက္သည္။

သူ ရိုးရွင္းစြာပင္ နဂါးအသားအနည္းငယ္အား သူ၏လ်င္ျမန္ေနေသာလက္ေခ်ာင္းမ်ားျဖင့္ ယူကာ အမ်ားႀကီး လႈပ္ရွားေနစရာမလိုပဲ ပန္ကိတ္တစ္ခု ျပဳလုပ္ေလသည္။ လႈပ္ရွားမႈတစ္ခုလုံးမွာ ေျပေျပျပစ္ျပစ္ ရွိလွကာ ၾကည့္ရေကာင္းေသာ ျမင္ကြင္းပင္ျဖစ္သည္။

လႈပ္ရွားမႈတစ္ခုစီတိုင္းတြင္ ဥာဏ္အလင္းမ်ား စီးဆင္းေနေပသည္။

နန္နန္းသည္ ေဘးတြင္ ရပ္လ်က္ ရွိသည္။ သူမသည္ လမ္းစဥ္အတြင္းသို႔ ဆြဲေခၚခံေနရေသာေၾကာင့္ သူမ၏ အသိတရားမ်ား ဟာလာဟင္းလင္းျဖစ္ေနၿပီး သူမ ေနာက္ထပ္ အသိစိတ္ ျပန္မဝင္နိုင္ေတာ့ေခ်။ သူမ ဥာဏ္အလင္း အဆင့္ဆင့္ရယူခ်ိဳးျဖတ္ျခင္း လမ္းစဥ္ထဲသို႔ ခ်က္ခ်င္းေရာက္ရွိသြားသည္။

သို႔ရာတြင္ ဥာဏ္အလင္းအဆင့္ဆင့္ခ်ိဳးျဖတ္ရယူျခင္းမွာ ျပႆနာ မဟုတ္ဘဲ အဘယ့္ေၾကာင့္ဆိုေသာ္ သူမ၏ အနီးတြင္ ဥာဏ္အလင္းမ်ားစြာ ရွိေနျခင္းေၾကာင့္ျဖစ္သည္။ ဥာဏ္အလင္းမ်ား အနီးတြင္ အမ်ားအျပားရွိေနျခင္းေၾကာင့္ စီစစ္ခ်ိဳးျဖတ္ရန္ပင္ မလိုအပ္ဘဲ သူမသည္ ေလဟာျပင္အေျခအေနသို႔ ေရာက္ရွိေနေတာ့သည္။

၄င္းမွာ သူငယ္တန္းေက်ာင္းဆရာက ပါရဂူဘြဲ႕ေျဖမည့္ တပည့္အား စာေမးပြဲစစ္ျခင္းကဲ့သို႔ပင္ျဖစ္သည္။ သူတို႔ႏွစ္ဦးေတြ႕ဆုံေသာအခါ ႏွစ္ဦးစလုံး ဇေဝဇဝါျဖစ္ၾကမည္ျဖစ္ၿပီး မည္သည့္အရာအား စီစစ္ရမည္နည္း။ မည္သူကမည္သူ႕ကို စာေမးပြဲစစ္ရမည္နည္း။

တကယ့္ အရႈပ္ထုပ္ပဲ...

လီနင္းဖန္၏ လႈပ္ရွားမႈမ်ားမွာ ျမန္ဆန္၍ ကြၽမ္းက်င္ပိုင္နိုင္လွသည္။ သူ ဂ်ဳံသားအား ထပ္မံစြဲယူကာ ေနာက္ထပ္ပန္ကိတ္တစ္ခု ျပဳလုပ္သည္။ ေနာက္ထပ္ ထပ္မံစြဲယူကာ ေနာက္ထပ္ကိတ္တစ္ခု ျပဳလုပ္ျပန္သည္။ ပန္ကိတ္တစ္ခုစီသည္ လုံးဝန္း၍ ပုံမွန္ပုံစံတြင္ ျဖစ္ၿပီး ၄င္းတို႔အား ႏူးညံ့စြာ ျပဳလုပ္ျခင္းပင္ျဖစ္သည္။ ထို႔ေနာက္ ပန္ကိတ္မ်ားအား အတန္းလိုက္စီၿပီး မီးဖိုထဲတြင္ ေနရာခ်လိဳက္ေတာ့သည္။

သူ လက္ခုပ္တီးၿပီး ေျပာလာသည္။
ကဲ ၿပီးၿပီ...အခုငါတို႔ လုပ္ရမွာက စားဖို႔ပဲ က်န္ေတာ့တယ္..

ဒရာဂ်င္၏ မ်က္လုံးေလးမ်ားမွာ ၾကယ္မ်ားကဲ့သို႔ ေတာက္ပေနကာ သူ႕အား အလြန္ေလးစားရိုေသလ်က္ ေပ်ာ္႐ႊင္မႈအျပည့္ျဖင့္ ေျပာလိုက္သည္။
အကိုႀကီး အကိုႀကီးက အရမ္းေတာ္တာပဲ...အကိုႀကီးက လက္တစ္ဖက္တည္းနဲ႕တင္ ပန္ကိတ္ေတြလုပ္နိုင္တာပဲ....

ၾကည့္လိုက္လွ်င္ ရိုးရွင္းေသာပန္ကိတ္မ်ားအား ျပဳလုပ္ရန္ ဤမွ် ခက္ခဲလိမ့္မည္ဟု သူမ မေမွ်ာ္လင့္ထားခဲ့ေခ်။ လီနင္းဖန္မွာ ၄င်းတ်ို့အား သက္သက္သာသာသာ ျပဳလုပ္ခဲ့ၿပီး လုပ္ေနစဥ္တြင္လည္း ဥာဏ္အလင္းမ်ား ျပည့္ႏွက္သြားခဲ့သည္။ ဒရာဂ်င္ သူ႕အား ရွိခိုးခ်င္လုမတတ္ ျဖစ္ေနေလ၏။

ဤသည္မွာ အမွန္တကယ္ ဆရာႀကီးတစ္ပါးပင္ျဖစ္ၿပီး ပန္ကိတ္ျပဳလုပ္ရာတြင္ သူသည္ ကြၽမ္းက်င္လြန္းလွသည္။ သူေတာ္စင္တစ္ပါးမွာ ဤသို႔လုပ္နိုင္ေပသေလာ။ သူေတာ္စင္မ်ားလည္း ပန္ကိတ္လုပ္တတ္ေလသေလာ။

ကေလးမ်ား၏ ေလးစားမႈမ်ားသည္ သူ႕အား ေက်နပ္သြားေစသည္။

လီနင္းဖန္ ႏွိမ့္ခ်စြာ ၿပဳံးရင္း ၾကည္ႏူးေနမိသည္။

ဒါက အကြက္ေသးေသးေလးပါပဲ...ထုတ္ေျပာဖို႔ မလိုပါဘူး...

ဝုန္း....

ႀကိဳတင္သတိေပးျခင္းမရွိဘဲ ေကာင္းကင္တြင္ အမည္းေရာင္တိမ္စိုင္တစ္ခု ေပၚထြက္လာၿပီး ႐ုတ္ခ်ည္းပင္ ေကာင္းကင္မွာ ေမွာင္၍ မတည္မၿငိမ္ ျဖစ္သြား၏။

ယခုတြင္ မနက္ခင္းအခ်ိန္သာ ရွိေသးေသာ္လည္း ပတ္ဝန္းက်င္မွာ ေမွာင္မည္းသြားသည္။

ေဝါ...ေဝါ....

အမည္းေရာင္တိမ္စိုင္မ်ားၾကားတြင္ ေငြေရာင္ေႁမြမ်ားကဲ့သို႔ လွ်ပ္စီးေၾကာင္းမ်ား လက္ေနၿပီး ေကာင္းကင္အား ႏွစ္ျခမ္းခြဲကာ ထိန္လင္း ေတာက္ပသြားေစျပန္သည္။

လွ်ပ္စီးေၾကာင္းမွာ ထူထပ္၍ စြမ္းအားႀကီးကာ သူတို႔လူစုသည္ ၾကည့္လိုက္႐ုမွ်ႏွင့္ပင္ ဦးေခါင္းမ်ား ထုံက်ဥ္သြားၾကရသည္။

မိုးႀကိဳးမုန္တိုင္းလား...

လီနင္းဖန္ ေကာင္းကင္အား ေမာ့ၾကည့္ကာ မေနနိုင္ေတာ့ဘဲ မ်က္ေမွာင္ၾကဳပ္သြားသည္။ မည္သည္တို႔ ျဖစ္ပ်က္ေနသနည္း။ ႐ုတ္တရက္ႀကီး မည္သည္တို႔ ျဖစ္ေနရသနည္း။

အကိုႀကီးနင္းဖန္...

နန္နန္းမွာ လီနင္းဖန္၏ အကၤ်ီလက္အား ဆြဲကာ အသံေသးေသးေလးျဖင့္ ေျပာလာသည္။

အကိုႀကီး ကြၽန္မ မိုးႀကိဳးကပ္ေဘး အဆင့္ကို ေရာက္ေတာ့မယ္...

မိုးႀကိဳးကပ္ေဘးအဆင့္ ေရာက္ေတာ့မယ္ ဟုတ္လား ျမန္လွခ်ည္လား...

လီနင္းဖန္ ေၾကာင္အမ္းအမ္းျဖစ္သြားရသည္။ မိုးႀကိဳးကပ္ေဘးအဆင့္သည္ ဤကမၻာတြင္ အျမင့္ဆုံးက်င့္ႀကံျခင္းအဆင့္ျဖစ္ေၾကာင္း လီနင္းဖန္ လုံေလာက္စြာ သိထားသည္။ သို႔ရာတြင္ ယခုအခ်ိန္သည္ ထိုကိစၥႏွင့္ပတ္သက္၍ ေရးႀကီးခြင္က်ယ္လုပ္ေနရမည့္ အခ်ိန္ေကာင္းမဟုတ္သျဖင့္ လီနင္းဖန္ အနည္းငယ္ စိတ္ပူသြားသည္။

ညီမေလး ယုံၾကည္ခ်က္ရွိလား...
သူ နန္နန္းအား ေလးနက္စြာ ၾကည့္ကာ ထို႔ေနာက္ ဖီးနစ္မီးငွက္ကို သူ ေမးလိုက္သည္။
နန္နန္းရဲ႕ မိုးႀကိဳးကပ္ေဘးအဆင့္အတြက္ တစ္ေယာက္ေယာက္ ကူညီေပးနိုင္မလား...

အကိုႀကီး စိတ္မပူပါနဲ႕...ညီမအဆင္ေျပသြားမွာပါ...ကိစၥမရွိပါဘူး...
နန္နန္း သက္ျပင္းခ်ကာ ၿပဳံးေလသည္။

သူမသည္ အလင္းအျဖစ္အသြင္ေျပာင္း၍ ပ်ံသန္းသြားၿပီး သက္သက္သာသာ ေျပာသြားသည္။
ကြၽန္မ မိုးႀကိဳးကပ္ေဘးအဆင့္ကို ခ်ိဳးျဖတ္တက္ေရာက္ပါဦးမယ္...

ဂ႐ုစိုက္ပါ...

လီနင္းဖန္ သူမအား သတိေပးကာ တိမ္စီး၍ စိတ္ခ်ရေသာ အကြာအေဝးတစ္ခုအထိ သူမေနာက္လိုက္ခဲ့ၿပီး ေစာင့္ၾကည့္ေနရန္ျဖစ္သည္။

ဝုန္း....

သူ နန္နန္းေနာက္သို႔ လိုက္လာခဲ့ၿပီး ပို၍မ်ားျပားေသာ တိမ္စိုင္မ်ားသည္ စုေဝးလာကာ ေကာင္းကင္ယံတြင္ အမည္းေရာင္ ေစာင္တစ္ထည္ကဲ့သို႔ပင္ ျဖစ္ေနသည္။ သို႔ရာတြင္ ထိုေစာင္သည္ အရွည္တိုကာ နန္နန္း၏ အေပၚဘက္ရွိ ေကာင္းကင္ေနရာကိုသာ ဖုံးအုပ္ထားျခင္းျဖစ္ၿပီး အေဝးကၾကည့္မည္ဆိုလွ်င္ ထူးဆန္းလွသည္။

အကယ္၍ သူ အနီးကပ္ၾကည့္မည္ဆိုလွ်င္ သူ ၿပဳံးနိုင္ေတာ့မည္ မဟုတ္ေခ်။

အဘယ့္ေၾကာင့္ဆိုေသာ္ သိပ္မႀကီးလွေသာ တိမ္စိုင္မည္းအစုအေဝးမ်ားၾကားတြင္ ေငြေရာင္ေႁမြမ်ားကဲ့သို႔ သြယ္လွသိပ္သည္းေသာ လွ်ပ္စီးေၾကာင္းမ်ား ရွိေနျခင္းေၾကာင့္ပင္။ တိမ္စိုင္မ်ားၾကားတြင္ ထိုသ်ို့နေရသည်မှာ ႏွလုံးသားမွ အေၾကာက္တရားမ်ား ထြက္ေပၚလာေစ၏။

သဘာဝကပ္ေဘးႏွင့္ ႏွိုင္းယွဥ္ရမည္ဆိုလွ်င္ နန္နန္းမွာ ကေလးအ႐ြယ္သာရွိေသးသည္။

သူမသည္ ငယ္႐ြယ္လြန္းလွသည္။

သို႔ရာတြင္ သူမသည္ လုံးဝအားနည္းေနပုံမေပၚကာ သူမ၏ေသးငယ္ေသာပုံရိပ္ေလးသည္ ေလထဲတြင္ေမ်ာလြင့္ေနၿပီး သူမ၏ မ်က္လုံးေလးမ်ား ေတာက္ပစြာျဖင့္ ေမာ့ၾကည့္ေနေလသည္။ သူမ၏ ပုံရိပ္ေလးသည္ အေၾကာက္တရားမရွိေသာ စရိုက္အား ထုတ္လႊတ္ေနေတာ့သည္။

လီနင္းဖန္မွာ အေဝးတစ္ေနရာမွ ပ်ံသန္းလ်က္ရွိၿပီး သူ သူမအား ျမင္ရေသာအခါ နန္နန္းမွာ ႐ုတ္တရက္ အသက္ႀကီးလာၿပီဟု ခံစားလိုက္ရသည္။ သူမသည္ သူ၏ေဘးတြင္ အၿမဲလိုလို ရွိေနေသာကေလးမေလးျဖစ္ကာ ကေလးတစ္ေယာက္သဖြယ္ျပဳမူေနထိုင္ေသာ မိန္းကေလးငယ္တစ္ဦးလည္းျဖစ္သည္။ သို႔ရာတြင္ က်င့္ႀကံရန္ သူမ၏အိမ္မွထြက္၍ မ်ားစြာေသာ မေတာ္တဆကိစၥရပ္မ်ား ႀကဳံေတြ႕ရၿပီးေနာက္တြင္ လီနင္းဖန္ႏွင့္အတူ ကမၻာႀကီးအား ပိုမိုျမင္ေတြ႕ခဲ့ရသည္။ သူမသည္ မည္သို႔ ကေလးတစ္ေယာက္ ျဖစ္ေနေသးဦးမည္နည္း။

အ႐ြယ္ေရာက္တဲ့ လင္းယုန္ေလးဟာ...ေကာင္းကင္ထက္ကို အျမင့္ဆုံးပ်ံသန္းမွာပဲ...

လီနင္းဖန္ တစ္ကိုယ္တည္း ေရ႐ြတ္ကာ
အမႈမဲ့အမွတ္မဲ့ဆိုေပမယ့္ နန္နန္းက ေတာ္ေတာ္စြမ္းအားႀကီးလာတာပဲ...ဒါေပမယ့္ ဒါက အဓိပ္ပါယ်ရှိပါတယ်လေ...သူက တီထြင္ႀကံဆတတ္တယ္...ဝါးၿမိဳျခင္းစြမ္းရည္ကိုေတာင္ တီထြင္လိုက္ေသးတယ္...သူက တကယ့္ကို သန္းေပါင္းမ်ားစြာထဲက ပါရမီရွင္ တစ္ေယာက္ပဲ...

ဒရာဂ်င္လည္း စတင္ႂကြားဝါေတာ့သည္။
အကိုႀကီး သမီးက ပိုၿပီးစြမ္းအားျမင့္ပါတယ္...သမီးက အင္ေမာ္တယ္အဆင့္ေတာင္ ေရာက္ေတာ့မွာေလ...

ဟားဟား...ဒရာဂ်င္ကလည္း သန္းေပါင္းမ်ားစြာထဲက ပါရမီရွင္ပါပဲ...
လီနင္းဖန္ ၿပဳံးကာ ေခါင္းညိတ္လ်က္

အနာဂတ္မွာ သမီးတို႔အားလုံး အကို႔ကို ကာကြယ္ေပးဖို႔ လိုအပ္တယ္ေနာ္...

ဟင္း....
ဒရာဂ်င္ ေလးေလးနက္နက္ ေခါင္းညိတ္ေတာ့သည္။

လာစမ္းပါ...
နန္နန္း ႀကဳံးဝါးေနကာ သူမသည္ စြမ္းအားႀကီးမားေသာ အရွိန္အဝါတစ္ခုအား ထုတ္လႊတ္ၿပီး သူမ၏လက္မ်ားအား ဆန့္ထုတ္လိုက္ေသာအခါ အမည္းေရာင္ လည္ပတ္ေနေသာ အေပါက္တစ္ေပါက္သည္ သူမ၏ ေခါင္းထိပ္တြင္ ေပၚထြက္လာေလ၏။ ထူးဆန္းေသာ စုပ္ယူမႈအားမ်ားသည္ သူမ၏အနီးတြင္ ျပန့္ႏွံ႕သြားသည္။

တိမ္စိုင္မ်ားမွာ စိန္ေခၚခံလိုက္ရသကဲ့သို႔ ခံစားရကာ မိုးႀကိဳးမ်ား စတင္စုစည္းလာၿပီး ၄င္းတို႔၏ ခ်ီစြမ္းအင္မ်ားမွာလည္း အျမင့္ဆုံးသို႔ ေရာက္ရွိေနသည္။

ထို႔ေနာက္ က်ယ္ေလာင္ေသာ အသံႏွင့္အတူ လွ်ပ္စစ္စီးေၾကာင္းတစ္ခု ေကာင္းကင္မွ လင္းလက္ရိုက္ခတ္ေတာ့သည္။ ၄င္းမွာ နန္နန္း၏ ေခါင္းေပၚရွိ အမည္းေရာင္အရစ္အဝဲဆီသို႔ ဦးတည္သြားသည္။

ဘန္း.....

လွ်ပ္စီးေၾကာင္းမွာ အမည္းေရာင္အေပါက္ထဲသို႔ လွည့္ပတ္သြားကာ မၾကာလိုက္ခင္မွာပဲ စုပ္ယူခံလိုက္ရသည္။
ဟမ္...

နန္နန္းမွာ မ်က္ေမွာင္မၾကဳပ္ပဲ မေနနိုင္ေတာ့ေခ်။ သဘာဝကပ္ေဘးမွာ အားေပ်ာ့လြန္းလွေပသည္။

၄င္းသည္ စြမ္းအားႀကီးဟန္ရွိခဲ့ေသာ္လည္း အားနည္းလြန္းလွၿပီး သ႐ုပ္ေဆာင္ေနသည္ဟုပင္ သူမ ခံစားသြားရသည္။

သဘာဝကပ္ေဘးသည္ အမွန္တကယ္ပင္ အားေပ်ာ့လြန္းၿပီး သူမသည္ သဘာဝကပ္ေဘး၏ ခ်ီစြမ္းအင္မ်ားအား စုပ္ယူဝါးမ်ိဳနိုင္ခဲ့သည္။ ခ်က္ခ်င္းပင္ သူမ၏စြမ္းအားမ်ား ႀကီးမားစြာ တိုးတက္သြားေၾကာင္း ခံစားလိုက္ရၿပီး သူမ၏ ယခင္က်င့္ႀကံျခင္းထက္ ပိုမိုတိုးတက္ေစေသာ နည္းလမ္းအား ျပဳလုပ္လိုက္သည္။

သူမ၏ ေခါင္းေလးအား သူမ မေစာင္းဘဲမေနနိုင္ေတာ့ကာ မေက်မနပ္ဟန္ျဖင့္ ေကာင္းကင္ယံဆီသို႔ ေအာ္ဟစ္ေတာ့သည္။
အရမ္း အားနည္းလြန္းေနတယ္...ပိုၿပီး အားျပင္းတာမ်ိဳးေလးမ်ား ေပးလို႔မရဘူးလား...

ျဗဳန္း.....

တိမ္စိုင္မ်ား အလိပ္လိုက္ျဖစ္သြားၿပီး သူမအား တုန့္ျပန္ေနသလိုပင္။

ေနာက္ထပ္ အခိုက္အတန့္တြင္ အျခား လွ်ပ္စီးေၾကာင္းတစ္ခုသည္ ေကာင္းကင္မွ က်လာၿပီး ေကာင္းကင္ထက္တြင္ အတန္ၾကာေသာ စြဲထင္မႈတစ္ခု ခ်န္ရစ္လ်က္ မ်က္စိပဓာသ ျဖစ္ေစေသာ ျမင္ကြင္းအား ျပဳလုပ္ေလသည္။

စြမ္းအား မွာ ယခင္ကလွ်ပ္စီးေၾကာင္းထက္ သုံးဆပိုမို ျပင္းထန္သည္။

ပိုၿပီး အားျပင္းလို႔ ရေသးတယ္ေနာ္...

နန္နန္းမွာ ၄င္းအား ထပ္မံဝါးမ်ိဳစုပ္ယူလိုက္ျပန္သည္။ ေကာင္းကင္မွာ ခ်က္ခ်င္းပင္ တည္ၿငိမ္သြားသည္။

ေနာက္ထပ္ငါးဆေလာက္ ပိုအားျပင္းလို႔ ရေသးတယ္လို႔ ငါခံစားရတယ္...

ျဗဳန္း....

တိမ္စိုင္မ်ားမွာလည္း ေနာက္တစ္ႀကိမ္ ထပ္မံတုန့္ျပန္ျပန္သည္။

ခ်က္ခ်င္းဆိုသလိုပင္ တတိယလွ်ပ္စီးေၾကာင္း ရိုက္ခတ္ေတာ့သည္။ စြမ္းအား အနည္းငယ္ မ်ားျခင္းနည္းျခင္း မဟုတ္ဘဲ ငါးဆအတိအက်ပင္ ျဖစ္သည္။

႐ုတ္ခ်ည္းပင္ ဤသဘာဝကပ္ေဘးသည္ ေဖာက္သည္၏ စိတ္တိုင္းက် လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း နန္နန္း ေသခ်ာသိသြားသည္။ နည္းစနစ္က်လြန္းေပ၏။

က်န္သူမ်ားမွာ အံ့ၾသေနၾကသည္။ သဘာဝကပ္ေဘးမွာ ဤႏွစ္မ်ားတြင္ ေဖာ္ေ႐ြတတ္လာခဲ့ေလသေလာ။

သဘာဝကပ္ေဘးက ဘယ္လိုျဖစ္တာလဲ....ဒါ မတရားဘူးနန္နန္းအတြက္ အထူးအခြင့္အေရးဆိုတာ ထင္ရွားေနတာပဲ....

ဂ်ိန္း 'ဒင္....အမေရ.. အခြင့္အေရးေတြ ေရာက္လာၿပီ...ထြက္လာၿပီးေတာ့ အမရဲ႕ သဘာဝကပ္ေဘးေတြကို စုေဆာင္းေပေတာ့...' ထိုကဲ့သို႔ ေျပာေနသည့္ အလားပင္။

ျဗဳန္း... 'ဘယ္လို ခံစားရလဲ...'

နန္နန္း ေခါင္းညိတ္ကာ
အဆင္ေျပေသးတယ္...ထပ္လာစမ္းပါဦး...
ေနာက္ထပ္ လွ်ပ္စီးေၾကာင္းတစ္ခု နန္နန္း၏ ခႏၶာကိုယ္အား ရိုက္ခတ္သြားသည္။ မည္သည္မွ် ေမွ်ာ္လင့္ထားျခင္းမရွိဘဲ ၄င္းတို႔အား နန္နန္းမွာ စုပ္ယူသြားနိုင္သည္။

သူမ၏ အရွိန္အဝါမွာ အႀကိမ္တိုင္း ပို၍ သန္မာလာသည္။ သူမသည္ လီနင္းဖန္ႏွင့္ အခ်ိန္မ်ားစြာအတူ ကုန္ဆုံးခဲ့ေသာေၾကာင့္ ၄င္းစြမ္းအားမ်ားအား ေခ်ဖ်က္ရယူေနစရာ မလိုေခ်။ သူမ၏ စြမ္းအားမ်ားသည္ သဘာဝကပ္ေဘးအေစာပိုင္းအဆင့္မွ အလယ္လတ္အဆင့္ထိပင္ တ်ိုးတက်နေသည်။

ေတာ္လိုက္တာ နန္နန္း ဒီေလာက္စြမ္းအားႀကီးလိမ့္မယ္လို႔ ငါ မထင္ထားခဲ့မိဘူး...

လီနင္းဖန္ မအံ့ၾသဘဲ မေနနိုင္ေတာ့ေပ။
သူက သဘာဝကပ္ေဘးကို ေရခ်ိဳးသလိုကို ခ်ိဳးေနေတာ့တာပဲ...မိုးႀကိဳးေတြကိုလည္း ေရခ်ိဳးဆပ္ျပာလို သုံးေနတာပါလား...သူက တကယ့္ကို ပါရမီရွင္ပဲ ျဖစ္မယ္...စြမ္းအားႀကီးမားလိုက္တာ...

တက်ီႏွင့္ ဖီးနစ္မီးငွက္သည္လည္း လီနင္းဖန္အား မ်က္လုံးမ်ားျဖင့္ ေစြမၾကည့္ဘဲ မေနနိုင္ေတာ့ေခ်။

'ဆရာႀကီးရယ္ ဟန္ေဆာင္တာေတြကို နည္းနည္းေလာက္ ေလွ်ာ့လိုက္လို႔ မရဘူးလား...ဘယ္သူက ဒီေနရာမွာ စြမ္းအားအႀကီးဆုံးလဲ...မ်က္လုံးဖြင့္ၿပီး လိမ္ေနနိုင္ေသးတဲ့ စြမ္းရည္ကလည္း ေတာ္ေတာ္ ေတာ္တာပဲ ဆရာႀကီးရယ္...'

'ဆရာႀကီးသာ ပါးစပ္ဖြင့္လိုက္မယ္ဆိုရင္ သဘာဝကပ္ေဘးက ဆရာႀကီးရဲ႕ပါးစပ္ထဲဝင္ၿပီး သူ႕ကိုသူ အစားအစာလို ဧည့္ခံမွာေလ...သဘာဝကပ္ေဘးကို သူ႕ဘာသာ ေဖ်ာ္ေျဖခြင့္ေပးလိုက္ပါ...သူ႕ဘာသာ အရသာေကာင္းေအာင္ေတာင္ လုပ္ေပးဦးမွာ...ကြၽန္မကို မယုံဘူးလား...'

ထို႔ေနာက္ နန္နန္းသည္ လွ်ပ္စီးေၾကာင္း ကိုးေၾကာင္းအား အလြယ္ေလး ေက်ာ္ျဖတ္ခဲ့ၿပီး မည္သည့္မေတာ္တဆမွ် မျဖစ္ပ်က္ခဲ့ေခ်။

တိမ္စိုင္မ်ား စတင္ ျပန့္က်ဲသြားၿပီး ဆူညံသံ အနည္းငယ္ ျဖစ္ေပၚသြားသည္။

ျဗဳန္း..... 'ေက်းဇူးျပဳၿပီး မွတ္ခ်က္ေပးၾကပါဦး..'

နန္နန္း၏ မ်က္ႏွာေလးမွာ နီျမန္းေနၿပီး သူမ၏ က်င့္ႀကံျခင္းသည္ မိုးႀကိဳးကပ္ေဘး ေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိသြားေခ်ၿပီ။ သူမ အလင္းတန္းအျဖစ္ သူတို႔ဆီသို႔ ျပန္လာခဲ့ၿပီး လီနင္းဖန္အား စိတ္လႈပ္ရွားစြာ ၾကည့္ေနသည္။

အကို နင္းဖန္...ကြၽန္မေအာင္ျမင္သြားၿပီ...ဒီ သဘာဝကပ္ေဘးက မဆိုးပါဘူး...သိမ္သိမ္ေမြ႕ေမြ႕လည္းရွိၿပီး ကြၽန္မစြမ္းအားေတြကိုလည္း တိုးတက္ေစတယ္...

သူမ၏ စြမ္းအားႀကီးလွေသာ စရိုက္လကၡဏာသည္ ေပ်ာက္ကြယ္သြားၿပီး စိတ္အားထက္သန္ေနေသာ ကေလးမအျဖစ္ ျပန္လည္ျမင္ေတြ႕ရေလ၏။

ေတာ္တယ္ အရမ္းေတာ္တယ္ ညီမေလး...သိပ္ကိုေကာင္းတယ္...

လီနင္းဖန္ သူမ၏ ေခါင္းေလးအား ဖြလိုက္ၿပီး မည္သည္မွ် မေျပာေတာ့ေခ်။ သူ႕အတြက္မူ နန္နန္းသည္ သူ႕ေရွ႕တြင္ ႀကီးျပင္းလာေသာ ကေလးမေလးသာျဖစ္ကာ သူမအင္ေမာ္တယ္ျဖစ္သြားၿပီး မည္သူမွ် အနိုင္မယူနိုင္ေတာ့လွ်င္ေတာင္ သူ႕အတြက္ ကေလးေလးသာ ျဖစ္သည္။ မိုးႀကိဳးကပ္ေဘး အဆင့္ဆိုသည္အား ေဘးခ်ိတ္ထားရေပလိမ့္မည္။

သူ ၿပဳံးကာ ေျပာလာသည္။
ျမန္ျမန္ ျပန္ၾကရေအာင္...အခုဆ်ို ပန္ကိတ္ေတြက စားဖို႔ အဆင္သင့္ျဖစ္ေနၿပီထင္တယ္...

ဟုတ္တယ္...မိုးႀကိဳးကပ္ေဘးေၾကာင့္ ကြၽန္မဗိုက္ဆာသြားၿပီ...အိမ္ျပန္ၿပီး ပန္ကိတ္စားၾကမယ္...

၄င္းမွာ ေၾကာက္စရာေကာင္းေသာ မိုးႀကိဳးကပ္ေဘးတစ္ခုျဖစ္ေသာ္လည္း စြမ္းအားျပည့္ဝေသာအစားအစာမ်ားအား လာေရာက္ပို႔ေဆာင္ေသာ ကြၽမ္းက်င္ပို႔ေဆာင္ေရးသမား သဖြယ္ပင္ ျဖစ္ေနေတာ့သည္။

သူတို႔ ေလးပါးေသာ ဗိသုကာစံအိမ္သို႔ ျပန္ေရာက္ေသာအခါ မီးဖိုမွ အေငြ႕မ်ားပင္ထြက္ေနေခ်ၿပီ။ အခ်ိန္ကိုက္ပင္ျဖစ္သည္။

စကားပုံတစ္ခုကဲ့သို႔ပင္။ 'လြန္ခဲ့ေသာ အခ်ိန္မ်ားက ဝိုင္ႏြေးႏြေးတစ္ခြက္သည္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ကို ၿငိမ္းခ်မ္းေစသည္' ယခုတြင္ သဘာဝကပ္ေဘးၿပီးေနာက္ သူတို႔ စားရန္ ပန္ကိတ္မ်ားရွိေနၿပီျဖစ္သျဖင့္ အခ်ိန္ကိုက္ျဖစ္လြန္းလွသည္။

သူ အဖုံးဖြင့္လိုက္ေသာအခါ အပူရွိန္သည္ ရနံ႕ႏွင့္အတူ ထြက္လာကာ ျပန့္ႏွံ႕သြားၿပီး ခ်က္ခ်င္းပင္ သူတို႔အား စားခ်င္စိတ္ျဖစ္ေပၚသြားေစသည္။ ရနံ႕အျပင္ ပန္ကိတ္မ်ား၏ ပုံပန္းသ႑ာန္မွာလည္း ပို၍ စံျပျဖစ္ေနသည္။ ၄င္းတို႔သည္ ႏွင္းျဖဴေရာင္ျပည့္ျပည့္ၿဖိဳးၿဖိဳး ျဖစ္ေနကာ ထိေတြ႕ရန္ ေကာင္းမြန္လွၿပီး လက္ႏွင့္ ကိုင္စားရလွ်င္ ခံစားမႈ အလြန္ေပးစြမ္းေပလိမ့္မည္။

၄င္းအား လက္ႏွင့္တို႔လိုက္ၿပီးေနာက္ ၄င္းမွာ အေနာက္သို႔ျပန္ကန္ထြက္ကာ ပန္ကိတ္၏ က်ဳံ႕နိုင္စြမ္းနိုင္ဂုဏ္သတၱိသည္ အသက္ဝင္ေနသကဲ့သို႔ပင္ ျဖစ္ေလ၏။

သခင္ေလးလီ...သခင္ေလးရဲ႕ ကိတ္မုန့္ေတြက အရမ္းလွတာပဲ...

သူတို႔ ျပဳလုပ္ခဲ့ေသာ ပန္ကိတ္မ်ားႏွင့္ ယွဥ္လွ်င္ လီနင္းဖန္၏ ပန္ကိတ္မ်ားသည္ အားလုံးအတြက္ အထူးေလးစားစရာပင္။ တက်ီပင္လွ်င္ ပန္ကိတ္မ်ားအား ပို၍ၾကည့္ေကာင္းစားေကာင္းေအာင္ ႀကိဳးစားလုပ္ေဆာင္ေတာ့မည္ဟု ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။

ေကာင္းမြန္လွေသာ အစားအစာပါ တကား။

လီနင္းဖန္ မွာ မည္သည္မွ်ျပဳလုပ္ရန္ အစီအစဥ္မရွိသျဖင့္ အျပင္သြားရန္ မျပင္ဆင္ေတာ့ေပ။ သူ ကုလားထိုင္တစ္လုံးအား မီးဖိုေဘးသို႔သယ္လာၿပီး ဖီးနစ္မီးငွက္အား အပူလႈံရန္ မီးေတာက္တစ္ခု ျပဳလုပ္ခိုင္းေတာ့သည္။

သူ ကုလားထိုင္ေပၚတြင္ထိုင္ကာ ႏြမ္းႏြမ္းလွ်လွ် ေနာက္သို႔မွီရင္း ေျခလက္မ်ား ဆန့္ထုတ္ေနေလ၏။

ဟား...အေမာေျပလိုက္တာ....

အလုပ္မရွိေသာေန႕ရက္မ်ားမွာ အလြန္သာယာလွသည္။ လိုအပ္ေနသည့္တစ္ခုတည္းေသာအရာမွာ ေဖ်ာ္ေျဖမႈပင္ျဖစ္သည္။ အမွန္တကယ္ေတာ့ ေဖ်ာ္ေျဖမႈတခ်ိဳ႕အား ရရွိခဲ့ၿပီးေခ်ၿပီ။ သို႔ေသာ္လည္း ၄င္းတို႔မွာ လုံေလာက္မႈမရွိေသးေခ်။ လီနင္းဖန္ စိတ္လက္ေပါ့ပါ့းစြာျဖင့္ ေျမေအာက္ကမၻာမွ အမ်ိဳးသမီးအိုနီမ်ားႏွင့္ ပင္လယ္မွခုံးေကာင္မိစ္ဆာမေလးမ်ားအား ျပန္လည္ေတြးေတာအမွတ္ရမိသည္။

အခ်ဳပ္ဆိုရေသာ္ သူတို႔၏ ႐ုပ္ရည္သြင္ျပင္မ်ားမွအပ သူတို႔၏အက၊ ကကြက္ဖန္တီးမႈ ႏွင့္ အာ႐ုံခံစားမႈစည္းခ်က္က်ျခင္းတို႔မွာ ဆိုးဝါးေလသည္။

အင္ေမာ္တယ္မ်ား၏ အကမွာေတာ့ ၾကည့္ရႈ၍ေက်နပ္ေစေသာ အကသာ ျဖစ္သင့္ေပသည္။ hardwareပိုင္းေကာင္းမြန္ၿပီးsoftwareပိုင္း မေကာင္းမြန္သျဖင့္ ၿခဳံၾကည့္လွ်င္ အဆင္မေျပဟုပင္ ေျပာရမည္။

လီနင္းဖန္ စိတ္ကူးမယဥ္ဘဲမေနနိုင္ေတာ့ကာ သူ႕ေရွ႕တြင္ အင္ေမာ္တယ္မိန္းကေလးတစ္ဦး ကေနၿပီး အျခားတစ္ဦးက တူရိယာတစ္ခုတီးလ်က္ သီခ်င္းဆိုေနသည့္အခါ မည္သို႔ျဖစ္လိမ့္မည္နည္းဟု ေတြးေတာေနမိသည္။ ဘဝတြင္ အေကာင္းဆုံးအခိုက္အတန့္တစ္ခုလည္း ျဖစ္သြားနိုင္သည္။

အာ....ငါ ေခတ္ေနာက္ျပန္သြားေနမိတာလား....

လီနင္းဖန္ သူ၏စိတ္အား အလ်င္အျမန္ အာ႐ုံလႊဲလိုက္ရသည္။ ဖုန္းတစ္လုံးမရွိသည္မွာ အမွားတစ္ခုပင္ျဖစ္သည္။ သူ႕တြင္ဖုန္းသာရွိခဲ့လွ်င္ ထိုဖုန္းအားသုံး၍ ဝတၳဳဖတ္ျခင္း(သို႔)မိန္းမလွေလးမ်ား၏ အကအလွမ်ားကိုပင္ ၾကည့္၍ရသည္။ ဤသည္မွာ ေယာက်ာ္းတစ္ေယာက္ လုပ္သင့္ေသာအရာပင္တည္း။

အမႈမဲ့အမွတ္မဲ့ သူ၏စိတ္မွာ ဟာသြားၿပီး တျဖည္းျဖည္း ငိုက္လာသည္။

တက်ီမွာ လီနင္းဖန္အား ညွင္ညွင္သာသာ ေစာင္ၿခဳံေပးလိုက္ကာ ၿခံဝင္းထဲသို႔ ေလွ်ာက္လာခဲ့သည္။

ၿခံဝင္းထဲသို႔ သူမ ေရာက္သြားေသာအခါ သူမသည္ ေ႐ႊေရာင္ဘူးသီးေျခာက္အား ထုတ္ကာ သူမ၏ လက္ထဲတြင္ ဆန္းစစ္ၾကည့္ေနသည္။

ဖီးနစ္မီးငွက္လည္း ဘူးသီးေျခာက္အား ၾကည့္ကာ ေမးေတာ့သည္။

ဒီ ဘူးသီးေျခာက္က မိစ္ဆာေတြရဲ႕ ဝိညာဥ္ကို စုပ္ယူနိုင္တယ္မဟုတ္လား...

ဟုတ္တယ္...
တက်ီ ေခါင္းညိတ္လ်က္

ကြၽန္မထင္ထားတာကေတာ့ ဒီဟာက သခင္ေလးလီေျပာျပခဲ့တဲ့ 'နတ္ဘုရားမ်ား၏ ဘြဲ႕ထူးမ်ား'ထဲက စုပ္ယူဘူးသီးေျခာက္ျဖစ္မယ္လို႔ ထင္တယ္...ႏြီဟြား နတ္ဘုရား သုံးခဲ့တဲ့ဟာေလ...ဒီဟာက ကမၻာေပၚက မိစ္ဆာေတြအားလုံးကို စုစည္းဖို႔ သုံးလို႔ရတယ္...

ဖီးနစ္မီးငွက္၏ မ်က္လုံးထဲတြင္ ေလးစားမႈ အရိပ္အေယာင္မ်ား ေပၚသြားၿပီး သူမ မေျပာဘဲမေနနိုင္ေတာ့ေခ်။
သခင္ေလးလီက နင့္အေပၚသိပ္ေကာင္းတာပဲ...

ဟုတ္တယ္...သခင္ေလးလီသာ မရွိခဲ့ရင္ ကြၽန္မကအခုထိ ေျမေခြးေလးတစ္ေကာင္သာသာပဲ...
တက်ီအတိတ္အား လြမ္းဆြတ္ကာ ခ်ိဳၿမိန္မႈအား ခံစားရၿပီး ၿပဳံးလ်က္ ဆက္ေျပာသည္။

မဟုတ္ဘူး ကြၽန္မ သူသာမရွိရင္ ေသေတာင္ေသသြားေလာက္ၿပီ...

ဖီးနစ္မီးငွက္လည္း တက်ီအား ၾကည့္လ်က္ ေမးျပန္သည္။
နင္ ဘာလုပ္ဖို႔ ျပင္ဆင္ေနတာလဲ...

သခင္ေလးလီက ကမၻာႀကီးရႈပ္ေထြးေနတယ္လို႔ ေျပာတယ္...ဒါေပါ့ ကြၽန္မတို႔ သူ႕ရဲ႕ ျပႆနာေတြကို ေျဖရွင္းေပးရမယ္ေလ...
တက်ီ မ်က္လုံးေလး ေစြေဆာင္းကာ ၾကည္ႏူးစြာ ၿပဳံးလ်က္ ဆုံးျဖတ္ခ်က္ခ်လိဳက္ေသာ အသံျဖင့္ ေျပာေလသည္။

သခင္ေလးလီက ေကာင္းကင္ဘုံနန္းေတာ္နဲ႕ ေျမေအာက္ကမၻာကို ပရမ္းပတာျဖစ္ေနရာကေန ေလ်ာ့ပါးေစတယ္..ကြၽန္မတို႔အတြက္ အခုထိ မိစ္ဆာအရွင္သခင္ လိုအပ္ေနတုန္းပဲ...အဲ့ဒီ့အတြက္ ကြၽန္မ စီစဥ္ရမယ္...

ဖီးနစ္မီးငွက္ ႏႈတ္ခမ္းမ်ား ဟသြားကာ အတန္ၾကာၿပီးေနာက္ စိတ္မပါလုနီးပါး ျဖင့္ ေျပာလိုက္သည္။
ငါ ဖီးနစ္ငွက္မ်ိဳးႏြယ္ရဲ႕ကိုယ္စား နင့္ကို ကူညီပါ့မယ္...

ကမၻာႀကီးျဖစ္တည္လာစကတည္းက နဂါး၊ ဖီးနစ္ငွက္ႏွင့္ ခ်ီလင္ တို႔သည္ အဓိက သတၱဝါမ်ား ျဖစ္ၾကသည္။ ဧကရာဇ္အရွင္ကြၽမ္ႏွင့္ အေရွ႕ဘက္ဧကရာဇ္တို႔သည္ မိစ္ဆာအရွင္သခင္အျဖစ္ ေမြးဖြားလာခဲ့သည္။ ကိုးၿမီးေျမေခြးဆိုသည္မွာ နည္းနည္းေလးမွ်ပင္ ထိုသို႔ ႀကီးျမတ္မႈႏွင့္ နီးစပ္မႈ မရွိခဲ့ေခ်။ သို႔ရာတြင္ ယခု သူမသည္ ဆရာႀကီးႏွင့္အတူ ရွိေနသျဖင့္ မည္သူမွ် သူမအား ျငင္းဆန္ရဲမည္ မဟုတ္ေတာ့ေခ်။

အခုလို ကူညီတာ ေက်းဇူးပါပဲ အမဖီးနစ္...
တက်ီၿပဳံးကာ သူမ၏ လက္မ်ားအား ျမႇောက္လ်က္ ေ႐ႊေရာင္ဘူးသီးေျခာက္အား ပြတ္လိုက္သည္။

ခ်က္ခ်င္းပင္ ေတာက္ပေသာအလင္းေရာင္ ထြက္ေပၚလာၿပီး ဘူးသီးေျခာက္၏ အေပါက္ဝတြင္ အေငြ႕မ်ား ေမ်ာလြင့္ေနၿပီး ခ်ီလင္တစ္ေကာင္ႏွင့္ နဂါးတစ္ေကာင္၏ ပုံရိပ္ထြက္ေပၚလာ၏။

သူတို႔သည္ တက်ီအား တစ္ၿပိဳင္နက္တည္းၾကည့္ကာ မေက်မနပ္ျဖစ္ေနၾကေလ၏။
ဘယ္ေလာက္ထိ အထင္ေသးဖို႔ ေကာင္းလိုက္သလဲ..နင့္မွာ စုပ္ယူဘူးသီးေျခာက္ရွိ႐ုံနဲ႕ ငါတို႔ရဲ႕ ဝိညာဥ္ ေတြကို ရၿပီးေတာ့ ႏွလုံးသားတစ္ခုလုံးကို စုပ္ကိုင္ျခယ္လွယ္လို႔ ရမယ္ ထင္မေနနဲ႕...ေသတာေတာင္ ငါတို႔ နင့္ကို မေပးနိုင္ဘူး....

အခန္း ၄၇၆ ၿပီး.....က်ဳပ္ကဆရာႀကီး
ဘာသာျပန္စာေရးဆရာ - တင္ေအာင္ခိုင္
အပိုင္း ၃၇၇
( ခင္ဗ်ား ဘာသိလို႔လဲ)

ခ်ီလင္တစ္ေကာင္ႏွင့္ နဂါးနက္တစ္ေကာင္ ေလထဲတြင္ ေပၚလာၾကသည္။ သူတို႔သည္  ရာဇဝတ္ေကာင္မ်ား ျဖစ္ေနၾကေသာ္လည္း ကမၻာဦးသားရဲ ဟူေသာ ဂုဏ္သိကၡာ မ်ားေတာ့ ႂကြင္းက်န္ေနေသး၏။ တဆက္တည္း လူအုပ္ကို မိုက္တိမိုက္ကန္း ငုံ႕ၾကည့္လ်က္ ရွိသည္။

ထိုအခ်ိန္တြင္ပင္ သူတို႔ ႏွာေခါင္းမ်ား အလိုလို လႈပ္ရွားမိၾကသည္။ မ်က္လုံးမ်ားေဝ့၍ ပတ္ၾကည့္လိုက္ၿပီးေနာက္ နန္နန္းလက္ထဲရွိ ေပါင္မုန႔္ဆီမွ အၾကည့္မခြာနိုင္ ၾကေတာ့ေပ။

ကမၻာေပၚမွာ အနံ႕အေမႊးဆုံး ေပါင္မုန႔္ပဲ... ဘယ္သူ ဖုတ္ထားတာလဲ... မျဖစ္နိုင္တာ...

သူတို႔သည္ ကမၻာႀကီး စျဖစ္စဥ္တကည္းက တည္ရွိေနခဲ့ျခင္း ျဖစ္ေသာ္လည္း ဤကဲ့သို႔ အရသာမ်ိဳးကိုျဖင့္ တစ္ခါမွ မျမည္းစမ္းၾကည့္ဖူးခဲ့ေခ်။

သို႔ျဖစ္ရာ နဂါးနက္က ေလွာင္ေျပာင္ဟားတိုက္ေတာ့သည္။
ဟား...ဟား... က်ဳပ္တို႔ကို အစားအေသာက္ ေကာင္းနဲ႕ ေသြးေဆာင္ဖို႔ လုပ္ေနၾကတာ.... ဘယ္ေလာက္ ရိုးသား ႏုံအ လိုက္တဲ့ လူေတြလဲ...

ခ်ီလင္နက္ႀကီးကလည္း က်ေနေသာ သေရမ်ားကို ျပန္သိမ္းကာ သေရာ္လိုက္ေသးသည္။

  အနည္းဆုံး ဒီလို ေပါင္မုန႔္မ်ိဳး အလုံးတစ္ေသာင္း ရွိရင္ေတာ့ ျပန္စဥ္းစား ေပးမယ္..

နန္နန္းက ေပါင္မုန႔္ကို ပါးစပ္ထဲ ထိုးထည့္လိုက္ေတာ့သည္။ ခ်ီလင္ႏွင့္ နဂါးနက္ႀကီးတို႔ကို တစ္ခ်က္ၾကည့္ကာ ေပါင္မုန႔္မ်ားပါးေစာင္ထဲတြင္ ေဖာင္းကားေနလ်က္  ပလုတ္ပေလာင္း  ေျပာ၏။
  ဒီေပါင္မုန႔္က ရွင့္တို႔အသားနဲ႕ လုပ္ထားတာ...

က်ဳပ္ နဂါးအသားက အရမ္း ေကာင္းတာပဲလား... နဂါးနက္လည္း သူ႕အေၾကာင္း သူသိေနဟန္ လန့္ဖ်ပ္သြားေလသည္။ သူ႕ခႏၶာကိုယ္ကို သူ၏ တစ္ခုတည္းေသာ က်န္ရွိေနသည့္ ကမၻာဦးစိတ္စြမ္းအင္ႏွင့္ ၿခဳံငုံၾကည့္လိုက္ၿပီးေနာက္ ေနာင္တရေနမိ သည္။

ကံဆိုးတာက သူမ်ားေတြမစားခင္ ငါက ငါ့အသားငါေတာင္ ျမည္းၾကည့္ခြင့္ မရခဲ့ပါဘူး..

တ့က်ီက သူတို႔ကို ၾကည့္၍ ၿငိမ္သက္စြာပင္ ေျပာဆိုသည္။
အခုဆို ကမၻာႀကီးက ေျပာင္းဆန္ေနတယ္... ကြၽန္မသခင္ေလးက လူသားေတြ၊ မိစ္ဆာေတြ၊ အင္ေမာ္တယ္ ေတြကို ျပန္တည္ေဆာက္ေပးခ်င္တဲ့ ဆႏၵရွိတယ္... ဒါေပမဲ့ သူက သတ္ျဖတ္တာေတြကို သေဘာမက်လွဘူး... ဒီေတာ့ အခုကစၿပီး ကြၽန္မ မိစ္ဆာမ်ိဳးႏြယ္ကို စိန္ေခၚလိုက္တယ္... ရွင္တို႔ လက္နက္ခ်ရင္ေတာ့ ကြၽန္မ မသတ္ပါဘူး...

အကယ္၍လွ်င္ သခင္ေလးသာ လုပ္ခ်င္မည္ဆိုပါက ပါးစပ္မွ ဖြင့္ေျပာေနရန္ကို မလိုပါေခ်။ သူ႕ဆီမွ ေခ်ာင္းဟန႔္သံ တစ္ခ်က္ႏွင့္ပင္ မ်ိဳးစိတ္ေပါင္းမ်ားစြာကို ဖ်က္စီးပစ္နိုင္ပါ၏။ သို႔ေသာ္လည္း လီနင္းဖန္က သူ႕က်င့္ႀကံေရးစြမ္းအားမ်ားကို ဖြင့္ထုတ္ျပသရန္ မေ႐ြးခ်ယ္ဘဲ အျဖစ္အပ်က္မ်ားမွ ေရွာင္ထြက္ကာ ပြဲၾကည့္ပရိတ္သတ္ အျဖစ္သာ ေနထိုင္လိုသည္ကို ထင္ထင္းရွားရွား ေတြ႕ျမင္ရသည္။ လီနင္းဖန္က အျခားလူမ်ားကိုသာ သူႏွင့္ ပူးေပါင္းေဆာင္႐ြက္လိုျခင္း ျဖစ္ေပမည္။

သို႔ျဖစ္ရာ တ့က်ီအေနျဖင့္ သခင္ေလး၏ ဆႏၵကို မျဖစ္မေန ျဖည့္ဆည္းေပးရမည္။

ခ်ီလင္ႏွင့္နဂါးနက္တို႔ကို တိုက္ခိုက္သည္ ဆိုသည္ကား အေတာ္ ယုတၱိမရွိေသာကိစၥ တစ္ခုျဖစ္ေလသည္။ သူတို႔က အင္မတန္စြမ္းအားျမင့္ ၾကသည္ျဖစ္ရာ တ့က်ီအေနျဖင့္ ဉာဏ္ရွိရွိ စဥ္းစားလုပ္ကိုင္ရန္ လို၏။

လီနင္းဖန္ဆီမွ အျခားေကာင္းခ်ီးေပး၍ ဂ႐ုျပဳဆက္ခံရေသာလူမ်ားထက္ တ့က်ီက အရင္းႏွီးဆုံး လူတစ္ေယာက္ျဖစ္သည့္အေလ်ာက္   သူ႕ အေတြးအေခၚမ်ားႏွင့္ ပိုမို ကြၽမ္းဝင္မႈ ရွိခဲ့သည္။ လီနင္းဖန္ မၾကာ,မၾကာ ေျပာေလ့ရွိေသာ စကားလုံး တစ္ခု ရွိသည္။

  ျပႆနာေတြကို  အၾကမ္းဖက္ၿပီး မေျဖရွင္းနဲ႕ .... ဟူ၍ပင္။

သခင္ေလးသည္ အၾကမ္းဖက္မႈမ်ားကို လည္းေကာင္း၊ သူ႕စြမ္းအားမ်ား ထုတ္သုံးရျခင္း ကို လည္းေကာင္း မႏွစ္ၿမိဳ႕ေပ။ သို႔မဟုတ္လွ်င္ လီနင္းဖန္အေနျဖင့္ သာမန္လူ တစ္ေယာက္အသြင္  ဟန္ေဆာင္ေနစရာ လိုမည္မဟုတ္ေပ။

  မင္းကို လက္နက္ခ်ရမယ္... ဟား...ဟား.... မင္းဘယ္သူ႕ကို လာေနာက္ေနတာလဲ...

မိစ္ဆာသခင္ ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ ကိုးျမႇီးေျမေခြး အဆင့္ေလာက္နဲ႕မ်ား.... ဘာတဲ့... သခင္ရွိတဲ့ ေျမေခြးေပါက္ေလးေပါ့... မင္းက ဘာေကာင္မ လဲ ... မိစ္ဆာမ်ိဳးႏြယ္တစ္ခုလုံးကို  မင္းေစာ္ကားလိုက္တာပဲ...

အေရးမပါတာ.. တစ္စက္မွ အေရးမပါဘူး... ဘာေျပာလိုက္တယ္... အားမသုံးခ်င္ဘူးတဲ့ ဟုတ္လား..... က်ဳပ္တို႔က မင္းကို လက္နက္ခ်လိမ့္မယ္လို႔ ေတြးထားတာလား...

က်ဳပ္တို႔ ႏွစ္ေယာက္ကို ဖမ္းနိုင္တာနဲ႕ ေလာကႀကီးကို အုပ္စိုးနိုင္ၿပီလို႔ သူအထင္ေရာက္ ေနတာေနမွာ...

ခ်ီလင္ႏွင့္ နဂါးနက္တို႔က တ့က်ီကို ေလွာင္ေျပာင္ေစာ္ကား ၾကေတာ့သည္။ သူတို႔က မေသမ်ိဳးမ်ား ျဖစ္သည့္အားေလ်ာ္စြာ ေမာက္မာဝင့္ႂကြားၾကသည္မွာလည္း ထုံးစံပင္။ သူတို႔ပုံက တစ္က္ေလးမွ်ပင္ အားနည္းေနဟန္ မေပါက္ဘဲ စြမ္းအားႀကီးၿမဲႀကီးဆဲ ျဖစ္ေလ၏။

ေျမေခြးမေလး.... က်ဳပ္ေျပာတာ နားေထာင္စမ္း.... မင္းက စိတ္ကူးယဥ္ ေနတာ မဟုတ္ဘဲ မင္းသခင္ဆိုတဲ့ လူက စိတ္ကူးေတြယဥ္ေနတာကိုး...

နဂါးနက္ႀကီးက ၿပဳံးကာ စီနီယာဆရာႀကီးမ်က္ႏွာေဘးမ်ိဳးႏွင့္ ဘဝင္ေလဟပ္စြာ ၾကည့္လ်က္ စကားမ်ားေတာ့သည္။

မင္းက်ဳပ္ကို ဖမ္းနိုင္တယ္ဆိုတာလည္း မေတာ္တဆပါ... က်ဳပ္လွ်ို႔ဝွက္ခ်က္တစ္ခုေျပာျပမယ္... နားေထာင္... ကမၻာပ်က္ကပ္ႀကီး ၿပီးေတာ့ ေတာင္ပင္လယ္နဂါးမ်ိဳးႏြယ္ပဲ အသက္ရွင္က်န္ခဲ့တာ... သမုဒၵရာတစ္ခုလုံးကို မအုပ္စိုးနိုင္ခင္ အခ်ိန္ကာလတစ္ခုပဲ... ဒီ့အျပင္ က်ဳပ္ဟာ ေသျခင္းႏွင့္ရွင္ျခင္းေတြကို ေက်ာ္လႊားၿပီးခဲ့ၿပီ... က်ဳပ္ဟာ တလ်ိဳေ႐ႊအင္ေမာ္တယ္ တစ္ပါး... အခုဆိုရင္ နဂါးဝိဉာဥ္ပုလဲလည္း ရွိေနၿပီဆိုေတာ့ အတိတ္တုန္းကလို နဂါးမ်ိဳးႏြယ္ရဲ႕ ဂုဏ္သေရကို က်ဳပ္က ျပန္ေဆာင္က်ဥ္းေပးေတာ့မွာ... ဒါဆို မင္းကေရာ... မိစ္ဆာမ်ိဳးႏြယ္ကို မင္းက ဘာနဲ႕ အုပ္ခ်ဳပ္မလဲ... အျမႇီးကိုးေခ်ာင္းနဲ႕လား...

ခင္ဗ်ားရဲ႕ ေတာင္ပင္လယ္က မဆိုးေတာ့ မဆိုးပါဘူး... ဒါေပမဲ့ က်ဳပ္တို႔ ခ်ီလင္မ်ိဳးႏြယ္ နဲ႕ ယွဥ္ရင္ေတာ့ ေနာက္ေကာက္က်ေနေသးတယ္...  ခ်ီလင္ႀကီးက ၿပဳံးကာ သူ႕ကိုယ္ေန ဟန္ထားကို ျပင္ဆင္လိုက္သည္။
လက္တစ္ဖက္အား ေလေပၚသို႔ ျမႇောက္၍ ပ်ံသန္းေနသည့္ သ႑ာန္လုပ္ျပကာ ေမာက္မာစြာ ႂကြားေတာ့သည္။

က်ဳပ္တို႔ ခ်ီလင္ မ်ိဳးႏြယ္ဟာ ကမၻာပ်က္ကပ္ႀကီးကို ေအာင္နိုင္သူေတြပဲ...ဒါကေတာ့  ေကာင္းတစ္လွည့္ ဆိုးတစ္လွည့္ ၊ ဆိုးတစ္လွည့္ ေကာင္းတစ္လွည့္ ဆိုတဲ့ သေဘာအတိုင္းေပါ့... ကမၻာပ်က္ကပ္ႀကီးၿပီးေတာ့ ခ်ီလင္မ်ိဳးႏြယ္မွာ ပါရမီရွင္တစ္ဦး ေပၚလာတယ္ေလ... ခ်ီလင္ႀကီးလို႔ ေခၚၾကတယ္... သူက အရာအားလုံးနဲ႕ အတူေမြးဖြားလာခဲ့ၿပီး စြမ္းအားေတြ ဆိုတာလည္း အလွ်ံအပယ္ေပါ့... ခ်ီလင္ဆရာႀကီးဟာ အနာဂတ္မွာ တစ္ခုခု ေတာ့ ျဖစ္ထြန္းလိမ့္မယ္... ဒါေပမဲ့လည္း ေနဦး... က်ဳပ္ေျပာတာ မၿပီးေသးဘူး...... အဲ့ဒီေနာက္မွာ ေတာ့ ခ်ီလင္မ်ိဳးႏြယ္စုဟာ အဆိုးေတြကို ႀကဳံဆုံရတယ္... အဲ့ဒီအခိုက္မွာ ခ်ီလင္ဆရာႀကီးဟာ သူ႕ကိုယ္သူ ေခ်ာက္ကမ္းပါးႀကီးတစ္ခုအျဖစ္ ေျပာင္းလဲခဲ့တယ္... ဒါေပမဲ့လည္း သူ႕ဝိဉာဥ္ကေတာ့ အခုထက္ထိ ရွင္သန္ေနတုန္းပဲ... က်ဳပ္တို႔ ခ်ီလင္ဆရာႀကီးဟာ ေခ်ာက္ကမ္းပါးထဲ မနိုးထခင္မွာေတာင္ မ်ိဳးႏြယ္တစ္ခုလုံးကို အေမြေပးနိုင္ခဲ့တယ္... က်ဳပ္တို႔ ဆရာႀကီးေရွ႕ေရာက္ရင္ တလ်ိဳေ႐ႊအင္ေမာ္တယ္ ဆိုတဲ့ေကာင္ေတြေတာင္ ဘာမွ မဟုတ္ေတာ့ဘူး... သူဟာ က်ဳပ္တို႔ မ်ိဳးႏြယ္အတြက္ ဂုဏ္ယူစရာျပယုဒ္ တစ္ခုပဲ...

စကားဆုံးသည္ႏွင့္ ခ်ီလင္နက္က အလြန္ စိတ္လႈပ္ရွားေနလ်က္ တစ္ကိုယ္လုံး ကတုန္ကယင္ ျဖစ္ေနကာ မ်က္လုံးမ်ားကို ေမွးက်ဥ္းထား၏။ သူေျပာေသာ ခ်ီလင္မ်ိဳးႏြယ္၏ ဂုဏ္သေရကို သူ႕မ်က္လုံးမ်ားထဲ အရည္လဲ့ေနေသာ မ်က္ရည္မ်ားမွ တစ္ဆင့္ ျမင္ေတြ႕နိုင္သည္။

ထိုအခါ နဂါးနက္ႀကီးက ပ်က္ရယ္ျပဳေတာ့သည္။
ဟမ့္ ... ဒီလို ဂ်ဴနီယာေလး တစ္ေယာက္က က်ဳပ္လို ေတာင္ပင္လယ္နဂါးမင္းကို ယွဥ္နိုင္မယ္တဲ့လား..

ခင္ဗ်ား ဘာသိလို႔လဲ... က်ဳပ္တို႔ ခ်ီလင္ဆရာႀကီး ဘယ္ေလာက္ ပါရမီ ရွိလဲ ခင္ဗ်ား သိလို႔လား...

ခင္ဗ်ားလည္း ဘာမွ မသိပါဘူး... က်ဳပ္ရဲ႕ နဂါးဝိဉာဥ္ပုလဲ က ဘယ္ေလာက္ စြမ္းအားႀကီးလဲ ခင္ဗ်ားသိလို႔လား...

က်ဳပ္တို႔ ခ်ီလင္ဆရာႀကီး ဘယ္ေလာက္ ထက္ျမက္ႀကိဳးစားတယ္ဆိုတာ ခင္ဗ်ား သိလို႔လား..

သူတို႔ႏွစ္ဦးက ပို၍ ပို၍ အကဲဆတ္လာၾကသည္။ ဝိဉာဥ္ႏွစ္ခုပင္ စတင္၍ ရန္ေဆာင္ ေနၾကၿပီ။ အကယ္၍လွ်င္ သူတို႔မွာသာ စြမ္းအားျပတ္လပ္ေနျခင္း မရွိလွ်င္ တိုက္ပြဲပင္ ျဖစ္ေနေလာက္၏။

ဟား...ဟား... ရွင္တို႔ ႏွစ္ေယာက္လုံး စြမ္းအားဆိုတာ ဘာလဲ မသိပါဘူး...  ဒရာဂ်င္ က ေအာင္နိုင္သူအၿပဳံးေလးႏွင့္ မဲ့ၿပဳံးၿပဳံးလိုက္ၿပီး ဘဝင္ခိုက္စြာ ေမာ္ေမာ္ႂကြားႂကြားေလး ေျပာလိုက္သည္။

နဂါးဝိဉာဥ္ပုလဲ ဟုတ္လား.... ခ်ီလင္ဝိဉာဥ္ ဟုတ္လား... ဒါပဲလား... ကြၽန္မတို႔မွာ အခုဘာရွိေနလဲဆိုတာ ရွင္တို႔သိလား... ကြၽန္မတို႔ နဂါးမ်ိဳးႏြယ္စုဟာ....

ဝွီး.....

ထိုအခ်ိန္၌ပင္ အေနာက္ၿခံဝင္း၏ အခ်က္အခ်ာေနရာျဖစ္ေသာ ေရကန္ဆီမွ ေ႐ႊငါးၾကင္း တစ္ေကာင္ ႐ုတ္ခ်ည္းခုန္ထြက္လာသည္။ ၎ပုံရိပ္ႏွင့္ မလိုက္ဖက္လွေသာ လွိုင္းဂယက္မ်ားကို ျဖစ္ေပၚေစသည္။ ေရကန္သို႔ ပ်ံတက္ကာ ျပန္က်လ်က္ ေနာက္တစ္ဖန္ ႀကိမ္ဖန္မ်ားစြာ ကူးခတ္၍ အေပၚသို႔ ခုန္တက္လာ၏။

ဝွီး....ဝွီး...ဝွီး....

အာ... ေတာ္ေတာ္ တက္ႂကြတဲ့ ငါးၾကင္းပဲ.. ခ်ီလင္က ငါးကို သတိလက္လြတ္ ေငးၾကည့္ၿပီး ေရ႐ြတ္မိသည္။

  အသားလည္း မ်ားတယ္ေနာ္...

ထို႔ေၾကာင့္ ဒရာဂ်င္လည္း ထုတ္ေျပာျပလိုက္ခ်င္သည္ကို ၿမိဳသိပ္ထားလိုက္ရ၏။ သူမက မိမိကိုယ္ ကို အရွိန္သတ္ကာ

  ထားလိုက္ပါေတာ့ ... ဒါက လွ်ို႔ဝွက္ခ်က္ႀကီးပဲ... လွ်ို႔ဝွက္ထားပါ့မယ္လို႔ ကတိေပးထားတဲ့အတြက္ ကြၽန္မရွင္တို႔ကို မေျပာနိုင္ဘူး...

ေရကန္ထဲျပန္ေရာက္သြားေသာ ေ႐ႊငါးၾကင္းလည္း ယခုမွ  သက္ျပင္းေမာမ်ားကို မႈတ္ထုတ္လိုက္နိုင္သည္။ ရင္တထိတ္ထိတ္ျဖင့္
  ေတာ္ေသးတာေပါ့... အခ်ိန္မွီ သတိေပးလိုက္နိုင္လို႔ ... မဟုတ္ရင္ ငါ့အေၾကာင္းေတြေပၚသြားေတာ့မလို႔ ... အႏၱာရယ္မ်ားလိုက္တာ... အႏၱာရယ္မ်ားတယ္ ....

ခ်ီလင္ႏွင့္ နဂါးနက္ႀကီးက တစ္ဦးကိုတစ္ဦး ေလွာင္ေျပာင္ေနလ်က္ တိုက္ပြဲကို ခဏရပ္၍ တ့က်ီဘက္ လွည့္ၾကည့္ၾက၏။

မိစ္ဆာမ်ိဳးႏြယ္ကို အုပ္စိုးနိုင္မယ္လို႔ မင္းအခုထိ ထင္ေနတုန္းလား... ခ်ီလင္ႀကီးက ေအးစက္စက္ သေရာ္လိုက္ၿပီး
  မင္းေတြးေနတာေတြကို လက္ေလ်ာ့လိုက္ေတာ့ .... က်ဳပ္တို႔ လက္နက္ခ်မွာ မဟုတ္ဘူး.... ခ်ီလင္ေတြဟာ မင္းကို လက္နက္ခ်မယ္ဆိုတာ လုံးဝ မျဖစ္နိုင္တဲ့ ကိစၥပဲ...

ေျမေခြးေလး... ျပန္လိုက္ေတာ့ ... က်ဳပ္တို႔ နဂါးမ်ိဳးႏြယ္ဟာ ဆရာဇူကိုေတာင္ ဂါရဝျပဳတာမဟုတ္လို႔ ... မင္းသခင္ဆိုတာကလည္း က်ဳပ္တို႔အတြက္ ဘာေကာင္မွ မဟုတ္ဘူး.... က်ဳပ္တို႔အတြက္ လက္နက္ခ်တယ္ဆိုတာ မျဖစ္နိုင္တဲ့ ကိစၥပဲ... မင္းသတ္ခ်င္တယ္ဆိုလည္း လာသတ္ေတာ့...  နဂါးနက္ႀကီး၏ အသံထဲတြင္ စိတ္ဆုံးျဖတ္ထားၿပီးမႈမ်ား နက္နက္ရွိုင္းရွိုင္း ပါဝင္ေနသည္။ ထိုေလသံက ေအးစက္၍ ခက္ထန္၏။

႐ြဲ....

ထိုအခါ သတိတစ္စုံတစ္ရာ ေပးျခင္းမရွိဘဲ ေျမာက္မ်ားလွစြာေသာ အလင္းႀကိဳးမွ်င္မ်ား ျဖစ္တည္လာကာ ခ်ီလင္ႏွင့္နဂါးနက္တို႔ကို ပတ္ဝိုင္းထားၾကသည္။ ထိုႀကိဳးမွ်င္မ်ားက အေကြးအဆန႔္ ျပဳလုပ္နိုင္ၾကေသးသည္။ ခ်ီလင္ႏွင့္နဂါးနက္ႀကီးတို႔လည္း ရပ္ေငး ဆြံ႕အလ်က္ ရွိၾကေတာ့ေလ၏။ အေၾကာင္းမွာမူ သူ႕တို႔က ရွက္ဖြယ္ျဖစ္ေသာ ကိုးရိုးကားယား အေနအထားႀကီးျဖင့္ ေလထဲဝယ္ တြဲေလာင္းခ်ိတ္ခံထားရေသာေၾကာင့္ ျဖစ္ေပ၏။ လႈပ္ရွား၍ပင္ မရေခ်။

ထိုစဥ္ ကပ်က္ကေခ်ာ္ႏွင့္ အေဆာ့သန္ေသာ အသံတစ္ခု ေတာထဲမွ ထြက္လာသည္။

ဒီႏွစ္ေယာက္က သူတို႔ကို သူတို႔အဆင့္ကို သူတို႔နားမလည္ၾကဘူးပဲ... အခုလို တြဲေလာင္း အေနအထားနဲ႕မွ မင္းနဲ႕ စကားဖက္ေျပာဖို႔ သင့္ေတာ္မွာ...

မင္းဘာလုပ္ေနတာလဲ... သစ္ပင္မိစ္ဆာေလးတစ္ေကာင္က က်ဳပ္တို႔ကို ေစာ္ကား ရဲတယ္...

ၿပီးေနာက္ နဂါးနက္ႏွင့္ ခ်ီလင္လည္း အတင္း႐ုန္းကန္ ၾကည့္ၾကသည္။ ေဒါသမီးေတာက္၍ ပတ္ဝန္းက်င္ကို ေဝ့ၾကည့္၏။ တစ္ေနရာသို႔ မ်က္လုံး အၾကည့္ေရာက္မိေသာ္ လန႔္ဖ်ပ္သြားရေတာ့သည္။ ကိုယ့္မ်က္လုံးကိုပင္ ႏွိုက္ထုတ္ခ်င္စိတ္ ျဖစ္မိသည္။

သူတို႔ကို ခ်ည္ႏွောင္ထားသည့္ ႀကိဳးမွ်င္မ်ားက ..... စိတ္ဝိဉာဥ္ အပင္မ်ား ျဖစ္ေလသည္။

ထို႔ထက္ သူတို႔ပတ္လည္ရွိ သစ္ပင္မိစ္ဆာမ်ားဆိုသည္မွာလည္း အားလုံးက စိတ္ဝိဉာဥ္ အပင္မ်ား ျဖစ္ေန၏။

ပန္းသီး၊ လိေမၼာ္သီး၊ သစ္ေတာ္သီးႏွင့္ အစရွိသျဖင့္ အသီးမ်ားကလ ထိုအပင္မ်ား၌ ႁပြတ္သီးေနၾကသည္။ ေနေရာင္ေအာက္တြင္ အသီးမ်ားက တဝင္းဝင္းေတာက္ေနကာ အရသာသည္လည္း အေတာ္ ရွိမည့္ပုံျဖစ္သည္။ သူတို႔အား ဆြဲေဆာင္ေနသည့္ အတိုင္းပင္။

ထိုအခါ သူတို႔လည္း တံေတြးမ်ားကို ႀကိတ္မွိတ္ ၿမိဳခ်ကာ ႐ူးသြားရေတာ့မည္။
စိတ္ဝိဉာဥ္ အပင္ေတြနဲ႕ ... အင္ေမာ္တယ္အသီးေတြ.. တဲ့လား... က်ဳပ္မ်ား ကေယာင္ေခ်ာက္ခ်ားနဲ႕  အိမ္မက္ေယာင္ေနတာလား.... ခ်ီလင္... တစ္ခ်က္ၾကည့္ လိုက္စမ္း... ျမန္ျမန္... က်ဳပ္တို႔ကို တုတ္ႏွောင္ထားတာ စိတ္ဝိဉာဥ္ အျမစ္ေတြနဲ႕လား.... 

နဂါးနက္ႀကီးက မယုံနိုင္ဖြယ္ လွမ္းေခၚလိုက္သည္။ သူ႕အသံက စူးစူးဝါးဝါးႏွင့္ ကတုန္က ယင္လည္း ျဖစ္ေနေသးသည္။

ပါးစပ္ပိတ္ထားစမ္းပါ... ခ်ီလင္က မ်က္စိရွင္ရွင္ထားကာ က်ီးကန္းေတာင္းေမွာက္ စရွာေတာ့သည္။ ယခင္က သူသတိမထားမိခဲ့ျခင္း ျဖစ္သည္။

အခုမူ တစ္ခ်က္ ေဝ့ဝဲ ၾကည့္လိုက္ၿပီးေနာက္ သူ႕မ်က္ႏွာတစ္ခုလုံး လန႔္ဖ်ပ္မႈမ်ားႏွင့္ ရႈံ႕မဲ့သြားေတာ့သည္။ သူ၏ ကမၻာဦးစိတ္ဝိဉာဥ္ပင္လွ်င္ မရပ္မနား လႈပ္ခါေနကာ သတိလစ္ေမ့ေျမာရေတာ့မည္။ ေၾကာက္လန႔္၍ ခိုက္ခိုက္တုန္ေနေသာ အသံက ထစ္ထစ္အအ ထြက္လာ၏။

  ဟို....ဟို....ဟို....

ဖီးနစ္က ႏႈတ္ခမ္းထက္ အၿပဳံးေလးကို ဆင္ယင္ထားၿပီး
ကြၽန္မတို႔ သခင္ေလးရဲ႕ အေနာက္ၿခံဝင္းေပါ့.... ဒီေနရာမွာ သူက အပင္ေတြစိုက္ခဲ့တာ... ၾကက္ေလးငွက္ေလး ေတြပါ ေမြးထားေသးတယ္ ...

အပင္ေတြ... ၾကက္ေလးေတြ ေမြးထားတယ္...

ဒီမွာေလ...

နဂါးနက္ႀကီးႏွင့္ ခ်ီလင္တို႔ေခါင္းထဲ တဝွီးဝွီး ျမည္ေန၏။ မ်က္စိေရွ႕က အရာမ်ား အားလုံးသည္ သူတို႔အား အသက္ရႉ မဝျဖစ္ေစသည္။

အတိတ္ေန႕မ်ားဆီမွ ေကာင္းကင္နန္းေတာ္၏ သစ္ေတာ္သီးဥယ်ာဥ္ပင္လွ်င္ ယခုၿခံဝင္း ကို လားလားမွ် ယွဥ္နိုင္မည္မဟုတ္ေပ။ သူေတာ္စင္မ်ား၏ စံအိမ္သည္လည္း ဤေနရာေလာက္ အထက္တန္းက်၍ ဇိမ္ရွိမည္ မဟုတ္ေပ။

နဂါးနက္ႀကီးက အသက္ဝ,ဝ ရွိုက္သြင္းလိုက္သည္။ ၿပီးေနာက္ တေလးတစား အၾကည့္မ်ားႏွင့္ ေျပာဆို၏။

စိတ္ဝိဉာဥ္ အျမစ္ေတြကေရာ ဘယ္လိုျဖစ္တာလဲ... သူတို႔ကို ဘယ္လို ဖန္တီးလိုက္တာလဲ... အရင္က စိတ္ဝိဉာဥ္အသီးပဲ မဟုတ္ဖူးလားဟင္... ဘယ္လိုမ်ား အပင္ျဖစ္လာတာလဲ...

တ့က်ီက ၿပဳံးလိုက္ၿပီး  ကြၽန္မ သခင္ေလးရဲ႕ နယ္ပယ္က ရွင္တို႔ နားလည္နိုင္စြမ္းေတြနဲ႕ဆိုရင္ ဘယ္လိုမွ လိုက္မမွီနိုင္ေလာက္ေအာင္ အလွမ္းေဝးလြန္းတယ္... သခင္ေလးအတြက္က သာမန္ပစၥည္းတစ္ခုကို အဆင့္ျမင့္ ထူးကဲပစၥည္းတစ္ခု ေျပာင္းလဲလိုက္ဖို႔ သိပ္လြယ္ကူလြန္းေနတာ... သူ႕အတြက္ကေတာ့ သာမန္ လုပ္ရိုးလုပ္စဥ္ေတာင္ ျဖစ္ေနပါၿပီ... ဒီမွာရွိတဲ့ ျမက္ေတြကေတာင္ စိတ္ဝိဉာဥ္ အျမစ္ျဖစ္နိုင္ေသးတယ္.... အသီးဆိုရင္ေတာ့  ေျပာမေနပါနဲ႕ေလ...

ခ်ီလင္က မယုံနိုင္သျဖင့္ ေခါင္းတယမ္းယမ္းႏွင့္  ဒါႀကီးက မျဖစ္နိုင္တာ...

ခ်ီလင္ ယင္းသို႔ ဆိုေနေသာ္လည္း သူ႕မ်က္ႏွာရွိ ထိတ္လန႔္မႈမ်ားက ယခုၾကားလိုက္သည္ ကို ယုံၾကည္ေၾကာင္း ထင္ထင္ရွားရွား ျပသေနသည္။

ထိုအခါ မိစ္ဆာသစ္ပင္မ်ားက ေ႐ြ႕လ်ား၍ လိမ္ေကာက္ထားၾကသည္။ အပင္မ်ားထံမွ အသံ ထြက္လာျပန္သည္။

  က်ဳပ္တို႔ အားလုံးဟာ တစ္ခ်ိန္က သာမန္ အပင္ေတြပဲ.. သခင္ေလးရဲ႕  ေက်းဇူးေၾကာင့္ စိတ္ဝိဉာဥ္အပင္ ျဖစ္ခြင့္ရခဲ့တယ္... သခင္ေလးအတြက္ အလုပ္လုပ္ေပးရတာဟာ က်ဳပ္တို႔အတြက္ေတာ့ ေကာင္းခ်ီးတစ္ခုပဲ...

ထိုအခါ ခ်ီလင္ႏွင့္ နဂါးနက္လည္း တစ္ဦးႏွင့္တစ္ဦး အခ်က္ျပ၍ အၾကည့္မ်ား ဖလွယ္ၾကသည္။ သူတို႔ ရင္ထဲ မြန္းၾကပ္သြားၾက၏။ ေသာကေရာက္၍ ဦးႏွောက္ေျခာက္ ေနၾကဟန္ ယခင္ ရွိခဲ့ဖူးေသာ သူတို႔၏ အကဲဆတ္ေသာ စိတ္မ်ားလည္း လုံးဝဥသုန္ မေတြ႕ရေတာ့ေပ။

အကယ္၍လွ်င္ သူတို႔ေျပာသည္က  အမွန္အတိုင္းသာျဖစ္လွ်င္ ၎သခင္ေလးဆိုသူက အေတာ္ ေၾကာက္မက္ဖြယ္ ျဖစ္လိမ့္မည္။ ေတာင္ပင္လယ္နဂါးမင္းႏွင့္ ခ်ီလင္ဆိုသည္ မွာလည္း သူ႕အတြက္ မျဖစ္စေလာက္ အေသးအဖြဲ႕ အေနအထားတြင္သာ ရွိေပလိမ့္မည္။

ခ်ီလင္၏ မ်က္ႏွာမွာ တင္တည္းသြားၿပီး အလြန္ေလးေလးနက္နက္  ေဆြးႏြေး၏။

က်ဳပ္တို႔ ခ်ီလင္မ်ိဳးႏြယ္ဆိုတာ ကမၻာႀကီးေလာက္ သက္တမ္းရွိၾကတာ...က်ဳပ္ကလည္း မ်ိဳးႏြယ္စုဝင္ တစ္ေယာက္ျဖစ္ေလေတာ့ က်ဳပ္ဘဝကို သူတို႔ပိုင္တယ္... က်ဳပ္ေသေသ ရွင္ရွင္ မ်ိဳးႏြယ္စု အတြက္ပဲ... ဒီေတာ့ က်ဳပ္မ်ိဳးႏြယ္ကို သစၥာေဖာက္ၿပီး သူလ်ိဳလုပ္ရမယ္ ဆိုေတာ့ ဘယ္လို အက်ိဳးအျမတ္ ေတြရမလဲဆိုတာေတာ့ က်ဳပ္ကို ေျပာျပဖို႔ လိုတယ္...

နဂါးနက္ကလည္း ေခါင္းတညိတ္ညိတ္ျဖင့္ သူ ေျပာတဲ့ အတိုင္းပဲ...

အပိုင္း ၃၇၇ က်ဳပ္ကဆရာႀကီး
ဘာသာျပန္စာေရးဆရာ - တင္ေအာင္ခိုင္
အပိုင္း ၃၇၈
( မရွင္းျပပါနဲ႕ ... က်ဳပ္တို႔က ယုံၿပီးသား)

႐ႊပ္...

ထိုစဥ္ အရိပ္တစ္ခုက ေခ်ာ္ထြက္ကာ သန္မာလွေသာ ၾကာပြတ္ႀကီး အျဖစ္ေျပာင္းသြား ၏။ ထို႔ေနာက္ ခ်ီလင္ႏွင့္ နဂါးနက္ႀကီးတို႔၏ တင္ပါးမ်ားကို ျဖတ္ခနဲ ရိုက္ခ်လိဳက္ေလ သည္။

ဘန္း.....

ထိုအခါ သူတို႔၏ ကမၻာဦးစိတ္ဝိညာဥ္မ်ား သိမ့္ခနဲ ျဖစ္သြားရကာ ထိန္းမနိုင္သိမ္းမရ ငိုခ်မိေတာ့၏။

နဂါးနက္က အနာႀကီးနာေနသျဖင့္ သူ႕ခႏၶာကိုယ္က အဖမ္းခံလိုက္ရသည့္ ေႁမြတစ္ေကာင္ ႏွယ္ ေပ်ာ့ေခြက်သြား၏။ ထို႔ေနာက္ ေအာ္ေျပာလိုက္သည္။
မစဥ္းစား မခ်ိင့္ခ်ိန္ဘဲ ဘယ္လိုလုပ္လိုက္တာလဲ... လူေတြကို အသားလြတ္ႀကီး ဘာလို႔ လာရိုက္ေနတာလဲ..

မိစ္ဆာသစ္ပင္က ေျခာက္ကပ္ကပ္ ၿပဳံးကာ ပညာေပးသည္။
က်ဳပ္တို႔ သခင္ေလးအတြက္ အလုပ္လုပ္ေပးရတာက ကံေကာင္းမႈႀကီးတစ္ခုပဲ... အက်ိဳးအျမတ္ေတြ ဘာေတြ ေမးရဲေသးတယ္ေပါ့...

ထို႔ေနာက္ အျခားမိစ္ဆာသစ္ပင္  အမ်ားအျပားကလည္း ၎တို႔၏ သစ္ကိုင္းမ်ားကို အသင့္ ျမႇောက္ထားၾကသည္။ ခ်ီလင္ႏွင့္နဂါးနက္ႀကီး၏ ခႏၶာတစ္ဝိုက္ ရစ္ဝဲေနလ်က္ ရွိေလ၏။ အထူးသျဖင့္ တင္ပါးအနီးတြင္ ျဖစ္သည္။ သစ္ကိုင္းမ်ားစြာ စုမိၾကေသာ အားျပင္းစြာ လႈပ္ရွားနိုင္သည့္အျပင္ ၎တို႔က အခ်ိန္မေ႐ြး လႊဲရိုက္ပစ္ရန္ အသင့္ အေနအထားျဖင့္ ရွိေန၏။

ခ်ီလင္လည္း ေၾကာက္လန႔္တၾကားႏွင့္ ေစာင့္ၾကည့္ျခင္းသာတတ္နိုင္၏။ အလြန္အက်ဴး ေၾကာက္လန႔္ေနကာ ကူကယ္ရာမဲ့ေနျခင္းကို အတိအက် ခံစားမိသျဖင့္ အထစ္ထစ္ အေငါ့အေငါ့ျဖင့္ ထုတ္ေမးလိုက္ရသည္။
  ေက်းဇူးျပဳၿပီး... က်ဳပ္တို႔ ေဆြးႏြေးၾကည့္ ရေအာင္ေလ... လူႀကီးလူေကာင္းေတြဟာ လက္မပါဘဲ စကားနဲ႕သာ ေျဖရွင္းၾက ပါတယ္...ဟုတ္တယ္မလား 

ေျမေခြးေလး... က်ဳပ္တို႔ ေျပေျပလည္လည္ ေျပာၾကတာေပါ့... အခုလိုေတြ လုပ္ဖို႔ မလိုပါဘူး...  နဂါးနက္က သစ္ကိုင္းမ်ားကို သတိႀကီးစြာထားလ်က္ ၾကည့္၍ ေျပာသည္။ အေတာ္ စိုးရိမ္ထိတ္လန႔္ေနဟန္ရသည္။

ဒါမွမဟုတ္လည္း က်ဳပ္တို႔ကို ညင္ညင္သာသာ ဆက္ဆံေပးလို႔ ရမလား...

ရွင္နဲ႕ ရွင့္မိသားစုဝင္ ေတြကို ကြၽန္မသခင္ေလးရဲ႕ တရားမဝင္ အလုပ္သမားေတြ အျဖစ္ သတ္မွတ္ေပးလို႔ပဲ ရမယ္... ရွင့္တို႔ရဲ႕ အနာဂတ္ကေတာ့ ေရွ႕ေလွ်ာက္ ဘယ္လို အလုပ္လုပ္ေပးနိုင္မလဲ ဆိုတဲ့ အေပၚမွာ မူတည္မွာေပါ့...
တ့က်ီက တစ္ခ်က္ငဲ့ၾကည့္၍ ေအးစက္စက္ ဆက္ေျပာသည္။

  အက်ိဳးအျမတ္ ဆိုရင္ေတာ့ ... သခင္ေလးဆီက အမွိုက္ေလးတစ္စကိုက ရွင္တို႔အတြက္ ေတာ္ေတာ္ ႀကီးက်ယ္ျမင့္ျမတ္ တဲ့ အက်ိဳးအျမတ္ေတြ ရေစမွာလို႔ ကြၽန္မ အာမခံ နိုင္ပါတယ္...

ခဏမွ် ဆုတ္ဆိုင္းေနၿပီးေနာက္ ခ်ီလင္က သက္ျပင္းတစ္ခုကို ေလးေလးလံလံ ခ်လိဳက္သည္။

ဘာျဖစ္ျဖစ္ကြာ... ဒီလို ဆရာႀကီးတစ္ပါး ကမၻာေပၚမွာ ရွိေနမယ္လို႔ ဘယ္သူက ထင္ထားပါ့မလဲ... က်ဳပ္က က်ဳပ္မ်ိဳးႏြယ္အေပၚ သစၥာေဖာက္တာ မဟုတ္ဘဲ သူတို႔ကို အႏၱာရယ္က ကယ္တင္ေပးလိုက္တာပါ ... ႏွစ္ေပါင္းမ်ားစြာ ၾကာရင္ မ်ိဳးႏြယ္စု ကလည္း က်ဳပ္အေပၚ နားလည္နိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္...

နဂါးနက္က ေခါင္းညိတ္ၿပီး  က်ဳပ္လည္း ခ်ီလင္နဲ႕ အေတြးတူတူ ပါပဲ...

ရွင္တို႔ သေဘာအတိုင္း စြမ္းအားေတြကို သုံးလို႔မရဘူး  ... ေနာက္ၿပီး သခင္ေလးကို စိတ္ဆိုးေစရင္ ရွင္တို႔ စြမ္းအင္ကို ျပန္ရမွာ မဟုတ္ေတာ့ဘူး... ရွင္တို႔ရဲ႕ ကမၻာဦး စိတ္ဝိညာဥ္ ဟာ ဒီဘူးသီးေျခာက္ထဲမွာ .. ဆိုေတာ့ ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္ ေပးၾက မယ္လို႔ ကြၽန္မ ေမွ်ာ္လင့္တယ္...

တ့က်ီက ေခါင္းညိတ္၍ လက္ကို လႈပ္ရွားလိုက္သည္။

ေ႐ႊဘူးသီးေျခာက္ စတင္ေတာက္ပလာ၏။ တစ္ဖက္တြင္ ဘူးသီးႏြယ္မ်ားက ေလႏွင့္အတူ ယိမ္းထိုးေနၾကသည္။ ေျမဆီလႊာမ်ားက ျဖည္းျဖည္းခ်င္းဆီ ျမႇင့္တက္လာကာ ခ်ီလင္ႏွင့္နဂါးနက္ႀကီးကို ပတ္လည္ဝိုင္းထားလိုက္ၾကသည္။

ေျမဆီလႊာသည္ ေက်ာက္စရစ္ခဲ အခ်ိဳ႕သာ ျဖစ္ကာ မည္သို႔မွ် အထူးအေထြ မရွိေပ။ သို႔ေသာ္လည္း ၎ေက်ာက္စရစ္ခဲ အနည္းအက်ဥ္းကပင္ တစ္ခုမွႏွစ္ခု၊ ႏွစ္ခုမွသုံးခုသို႔ ခြဲျဖာ ကူးေျပာင္းသြားသည္။ ၎တို႔က ေပါင္းစည္း၍ ခ်ီလင္ႏွင့္ နဂါးနက္ႀကီး၏ ဝိဉာဥ္ဆီသို႔ တဟုန္ထိုး လာေနၾကသည္။ စတင္၍ ပ်စ္ကဲသိပ္သည္းေနၿပီ ျဖစ္ေခ်၏။

ခ်ီလင္ႏွင့္ နဂါးနက္မွာလည္း ငူငူငိုင္ငိုင္ျဖစ္လ်က္ သူတို႔၏ခႏၶာကိုယ္ ေအာက္ပိုင္းသို႔ မ်က္လုံးမ်ား ျပဴးက်ယ္၍ အာ႐ုံခံလိုက္ၾကသည္။ မိမိခႏၶာကိုယ္ကို မိမိ ငုံ႕ၾကည့္ေနလ်က္ ရွိ၏။

အဲ့... အဲ့ဒါ.... ေကာင္းကင္ကိုးပါး အသက္ဓာတ္ ေျမဆီလႊာမလား...

ဤၿခံဝင္းသည္ သာမန္မဟုတ္ေၾကာင္း သူတို႔သိၿပီးသား ျဖစ္ေသာ္လည္း ေျမဆီလႊာ အထိေတာ့ သတိမျပဳမိခဲ့ေပ။ ေျမဆီလႊာက ေကာင္းကင္ကိုးပါး အသက္ဓာတ္ ေျမဆီလႊာျဖစ္ေနမည္လားဟု နည္းနည္းေတာ့ ေတြးၾကည့္ခဲ့ဖူးသည္။

လူသားေတြကို ဖန္ဆင္းတုန္းက နတ္ဘုရားမ ႏြီဝါး သုံးခဲ့တဲ့ ေျမမလား... ေကာင္းကင္ ကိုးပါး အသက္ဓာတ္ေျမေလ.... လူသားမ်ိဳးႏြယ္က သက္ရွိအားလုံးတြင္ ဉာဏ္ပညာအရွိဆုံးႏွင့္ သတၱဝါတို႔၏ ေခါင္းေဆာင္ျဖစ္ေနရျခင္း အေၾကာင္းအရင္းမွာ ယင္းေျမဆီလႊာႏွင့္ ပုံသြင္းခံခဲ့ရေသာေၾကာင့္ ျဖစ္ေပ၏။ သို႔ျဖစ္ရာ ၎က တစ္သက္တာ အခြင့္အေရးႀကီး တစ္ခုေပတည္း။

ေၾကာက္စရာပါလား... အရမ္း ေၾကာက္စရာ ေကာင္းတာပဲ...

ဒီအေနာက္ၿခံဝင္းက ဘယ္လိုမ်ား ပါလိမ့္ကြာ... ေလာကႀကီးရဲ႕ စြမ္းအားႀကီး အဆီအႏွစ္ ေတြ အကုန္စုၿပဳံရွိေနတဲ့ ကမၻာငယ္ေလးတစ္ခုပါပဲလား....

မင္းသခင္ေလးက ဒီၿခံဝင္းကို တည္ေဆာက္ခဲ့တယ္ဆိုတာ ေသခ်ာရဲ႕လား...

ခ်ီလင္အတြက္ ယုံၾကည္ဖို႔ သိပ္ခက္ခဲလြန္းေနသည္။

  ဒါမွမဟုတ္... သူက ကံေကာင္းၿပီး အမွတ္မထင္ ေရွးေဟာင္းဂူတစ္လုံးကို ျဖတ္လာမိတာလား...

ဘန္း......

ေသြးဆူေနေသာ မိစ္ဆာသစ္ပင္မ်ားသည္ ေနာက္ဆုံးေတာ့ ၎တို႔ သစ္ကိုင္းကို လႈပ္ယမ္းရန္ အခြင့္အေရးရၿပီျဖစ္သျဖင့္ နဂါးႀကီးတို႔ တင္းပါးကို ျပင္းျပင္းထန္ထန္ လႊဲရိုက္လိုက္ၾကသည္။ နာက်င္မႈဆိုတာ ဘယ္လိုရွိေၾကာင္း ဒင္းတို႔ သင္ယူရမည့္ အခ်ိန္ေရာက္ေလၿပီ။

က်ဳပ္တို႔ သခင္ေလးအေပၚ သံသယ ဝင္ရဲတယ္ေပါ့... မင္းတို႔ အျပစ္ေပးခံသင့္တယ္..

အို႔...

နဂါးနက္လည္း သူ႕တင္ပါးက မီးေတာက္ေအာင္ နာက်င္သြားသည္ကို သတိထားမိ၏။ မ်က္ႏွာႀကီး ရႈံ႕မဲ့ကာ အက်ယ္ႀကီး ေအာ္မငိုဘဲ မေနနိုင္ေတာ့ေပ။

ေဟ့..ေဟ့ သခင္ေလးကို သံသယဝင္တာ သူေလ... ဘာလို႔ က်ဳပ္ကိုပါ အျပစ္ေပးရတာလဲ...

ဘာမွ အတြန႔္တက္မေနနဲ႕ ... မင္းစဥ္းစားေနတာကလည္း သူနဲ႕ အတူတူပဲ ျဖစ္မွာ... က်ဳပ္တို႔ သိတယ္...

ေကာင္းကင္ကိုးပါးအသက္ဓာတ္ေျမဆီလႊာသည္ ဘူးသီးေျခာက္၏ အကူအညီႏွင့္အတူ ေျမဆီေျမႏွစ္မ်ားမွာ အေပၚ သို႔ လ်င္ျမန္စြာ စုစည္းသြားၾကသည္။

တ့က်ီက လက္ကိုယမ္း၍  ဒါဆို ေကာင္းပါၿပီ... ျမန္ျမန္... ျပန္ၾကေတာ့ ... ဘူးသီးေျခာက္ကေန တစ္ဆင့္ ကြၽန္မ ဆက္သြယ္လိုက္ပါ့မယ္...

ခ်ီလင္ႏွင့္ နဂါးနက္တို႔ ဇေဝဇဝါ ျဖစ္ေနရာမွ
ဟုတ္ကဲ့... ႏႈတ္ဆက္ပါတယ္...

ခ်က္ခ်င္းပင္ တိမ္မ်ားေပၚသို႔ ပ်ံတက္ထြက္ေျပးၾကေတာ့သည္။

ခ်ီလင္က နဂါးနက္ေနာက္မွ အေျပးလိုက္ကာ ေမး၏။
ညီကို  နဂါး.... ခင္ဗ်ား ဘယ္ကို ဦးတည္ ေနတာတုန္း...

နဂါးနက္က သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္၍  ေျမေခြးေလးရဲ႕ သခင္က ေသခ်ာေပါက္ စြမ္းအားႀကီးပုဂၢိုလ္တစ္ဦးပဲ ျဖစ္ရမယ္... က်ဳပ္တို႔ သူတို႔ ေစာ္ကားမိလို႔ မျဖစ္ဘူး.... အခုဆို က်ဳပ္တို႔ရဲ႕ ကမၻာဦးစိတ္ဝိညာဥ္ကို သူတို႔က ထိန္းခ်ဳပ္ထားတာ.... က်ဳပ္တို႔အေနနဲ႕ သူတို႔ ခိုင္းသမွ် လုပ္ရေတာ့မွာပဲ...

ကမၻာ့အေျပာင္းအလဲေတြက အဲ့ဒီ သခင္ေလးဆိုသူနဲ႕ ပတ္သက္ေနလိမ့္မယ္လို႔ ခင္ဗ်ား ေတြးမိလား...
ခ်ီလင္မ်က္ႏွာထားမွာ ေလးနက္သြားသည္။ သူက ေဝဖန္ပိုင္းျခား၍

အဲ့ဒီ ဆရာႀကီးဆိုတဲ့ လူက လူသား၊ နတ္ဘုရားနဲ႕ မိစ္ဆာေတြဆိုၿပီး အစဥ္လိုက္ ပိုင္းျခား ပစ္ခ်င္ေနတာ.... ၾကည့္ရတာ သူတို႔က က်ဳပ္တို႔မိစ္ဆာေတြအေပၚ စိုးမိုးခ်င္ပုံေတာ့ မရပါဘူး..... သူတို႔က တစ္ေနရာရာမွာ အေကာင္အထည္ေတာင္ ေဖာ္ေနၾကၿပီ... အခုဆိုရင္ ကန႔္သတ္ခ်က္ေတြ  အမ်ားႀကီး ပ်က္စီးကုန္ၿပီေလ.... ေကာင္းကင္ဘုံနန္းေတာ္ ... ေျမေအာက္ကမၻာ တို႔ကလည္း ေျပာင္းလဲကုန္ၿပီ... တိုက္ဆိုင္မႈတစ္ခုဆိုတာထက္ အမ်ားႀကီး ပိုလြန္းေနတယ္.... သာမန္ဘယ္သူမွ ဒီလိုလုပ္နိုင္မွာ မဟုတ္ဘူး...

ခ်ီလင္က နဂါးနက္ကို လွည့္ၾကည့္မိစဥ္ ကိုယ့္လက္ေမာင္းကို ငုံ႕ကိုက္ေနသည္အား ျမင္လိုက္ရသည္။ ထိုအခါ ခ်ီလင္လည္း အူေၾကာင္ေၾကာင္ ျဖစ္သြားလ်က္
ခင္ဗ်ား ဘာေတြ လုပ္ေနတာလဲ...

နဂါးနက္ႀကီးက ဆတ္ခနဲ တုန္သြားကာ ေသြးထြက္ေနေသာ သူ႕လက္ေမာင္းကို မည္သည္မွ် မျဖစ္ခဲ့သလို ျပန္ဖုံးလိုက္ၿပီး  အ႐ူးရဲ႕ .... က်ဳပ္သာ ဒဏ္ရာရ မေနရင္ က်န္တဲ့လူေတြက သံသယ ဝင္ၾကမွာေပါ့.... က်ဳပ္က ျပန္ကုစားနိုင္တာပဲဟာ ကိစၥစမရွိပါဘူး.... က်ဳပ္ ဒဏ္ရာရေနမွျဖစ္မွာ... က်ဳပ္ကို စိတ္ထဲထားမေနနဲ႕...

ခ်ီလင္က  ဪ... က်ဳပ္ နားလည္ၿပီ... က်ဳပ္က ခင္ဗ်ား ကိုယ့္အသားကို ကိုက္စားေန တယ္ ထင္သြားတာဗ်ာ....

အဓိပ္ပါယ် မရွိတာ... က်ဳပ္မလုပ္ပါဘူး... နဂါးနက္က ျပန္ေငါက္လိုက္၍ ႏႈတ္ဆက္ေတာ့ သည္။

ေကာင္းၿပီ...ေနာက္တစ္ခါမွ ထပ္ေဆြးႏြေးၾကတာေပါ့... က်ဳပ္သြားေတာ့မယ္... ထို႔ေနာက္ သူက အျမႇီးကို လႈပ္ယမ္း၍ ေအာက္ဘက္သို႔ ခုန္ဆင္းလိုက္သည္။ ဝူးခနဲ ျမည္သံက်ယ္ႀကီးႏွင့္အတူ သမုဒၵရာထဲ ေျခရာပင္မက်န္ဘဲ ေပ်ာက္ကြယ္သြားေတာ့ သည္။

ဟင္... ထူးဆန္းလိုက္တာ... ငါ့အသားကို အရသာရွိမယ္ထင္ေနတာ... ဘာလို႔  ဒီ ေလာက္ ဆိုးေနတာပါလိမ့္ ... ေကာင္းကင္ကိုးပါးေျမဆီလႊာက  အသားအေရေပၚ သက္ေရာက္မႈ ရွိတာလား မသိဘူး.... ဒါမွမဟုတ္လည္း ငါက ေပါင္မုန႔္ထဲ ညွပ္စားမွ ေကာင္းတာထင္တယ္...

နဂါးနက္က ပင္လယ္ထဲသို႔ လ်င္ျမန္စြာ ကူးခတ္သြား၏။ ေတာင္ပင္လယ္ကို ျဖတ္ၿပီးေနာက္ နဂါးနန္းေတာ္သို႔ တန္းဝင္သြားသည္။ မ်ားမၾကာမီ ပင္လယ္ေနေကာင္ မ်ား၏ အာ႐ုံစိုက္မႈမွာ သူ႕ဆီသို႔ စုၿပဳံေရာက္လာၾကေတာ့၏။

ပုဇြန္ႏွင့္ ဂဏန္းစစ္သားမ်ားက ၾကက္ေသ,ေသေနရာမွ
ခင္ဗ်ား.... အႀကီး... အႀကီးအကဲ ေအာင္းရႉ ... လား....

ေအာင္းရႉ က ေမာပန္းစြာ အလ်င္လိုဟန္ ေျပာလိုက္သည္။
ျမန္ျမန္.... နဂါးမင္းဆီ သတင္းပို႔လိုက္... က်ဳပ္၊ ေအာင္းရႉ... ကံေကာင္းၿပီး အသက္ရွင္ခဲ့တယ္လို႔ ...

မ်ားမၾကာမီ ဦးခ်ိဳမ်ား တစ္ေထာင္ေထာင္ႏွင့္ နဂါးမိသားစုႀကီး ထြက္လာၾကသည္။ ေအာင္းရႉကို ျမင္လိုက္ ရသျဖင့္ တအံ့တၾသ ျဖစ္ေနၾကေလသည္။

ေအာင္ေဖး က ေရွ႕သို႔ခ်ီတက္လာၿပီး ေဒါသတႀကီး ေအာ္ဟစ္ငိုယို သည္။
အႀကီးအကဲ ေအာင္းရႉ... ဘယ္သူလုပ္တာလဲ... ဘယ္သူကမ်ား ခင္ဗ်ားကို ဒီလို အနာတရ ဆိုးဆိုးဝါးဝါး ရေအာင္ လုပ္ရဲရတာလဲ...

လူအုပ္မွာလည္း သူ႕ကို မၾကည့္ရက္ၾကေပ။ ညီးညီးၫူၫူျဖင့္
  ရက္စက္လိုက္တာ.... လုပ္ရက္လိုက္ၾကတာ.... သူ႕မွာ ကိုယ္လက္အဂ္ါ အျပည့္အစုံေတာင္ မရွိေတာ့ဘူး... ခႏၶာကိုယ္ အႏွံ႕ အသားတစ္စိုင္ဆီ ေပ်ာက္ေနတယ္... ဘယ္ေကာင္လုပ္တာလဲ...

ခင္ဗ်ားရဲ႕ နဂါးဦးခ်ိဳ တစ္ခုေတာင္ မရွိေတာ့ဘူး... ရက္စက္လိုက္တာ...

ေအာင္းဖန္ သည္ မိမိကိုယ္ကို အျပစ္တင္စိတ္မ်ား အျပည့္ႏွင့္ ေၾကေၾကကြဲကြဲ ေျပာ၏။
အႀကီးအကဲ ေအာင္းရႉ... က်ဳပ္ေၾကာင့္ပါ.... က်ဳပ္ခင္ဗ်ားကို ခ်န္မထားခဲ့သင့္ဘူး..

ေအာင္းရႉက အေလာတႀကီး ေျပာရသည္။
  မင္းသား... ေက်းဇူးျပဳၿပီး... အခုလို မေျပာပါနဲ႕ ... နဂါးမ်ိဳးႏြယ္အတြက္ အနစ္နာခံရတာဟာ က်ဳပ္အတြက္ ထိုက္တန္ပါတယ္... က်ဳပ္ တာဝန္ပါ...

မင္းေျပာတာ ဟုတ္တယ္...

ဤသည္က  ေတာင္ပင္လယ္နဂါးမင္း ထြက္လာကာ ေျပာလိုက္ျခင္း ျဖစ္သည္။ သူက ေအာင္းရႉဆီ ေလွ်ာက္လာၿပီး ေပြ႕ဖက္လိုက္၏။ သူ႕မ်က္လုံးမ်ားတြင္ သနားဂ႐ုဏာသက္ ျခင္းမ်ား ျပည့္လွ်ံေနကာ  ေအာင္းရႉ... ငါတို႔ အျပစ္ပါ...

ေအာင္းရႉက  နဂါးမင္းႀကီး... က်ဳပ္ အဆင္ေျပပါတယ္... ထိုအခါ ေတာင္ပင္လယ္ နဂါးမင္းက ေျခာက္ကပ္ကပ္ၿပဳံးလိုက္ၿပီး

မင္းျပန္လာရင္ ေတာ္ပါၿပီ... ငါတို႔မွာ နဂါးဝိဉာဥ္ပုလဲလည္း ရွိေနၿပီ... ဒါ့ထက္ ငါကလည္း ပုလဲကို ေသခ်ာထိန္းခ်ဳပ္နိုင္ ေနၿပီေလ... ငါကြၽမ္းက်င္သြားတာနဲ႕ ေလာကႀကီးမွာ ဘယ္သူ႕မွ ငါ့ကို တားလို႔မရနိုင္ေတာ့ ဘူး... အဲ့ဒီအခါက်ရင္ ငါမင္းအတြက္ လက္စားျပန္ေခ်ေပးမယ္...

ေအာင္းရႉက မ်က္ရည္မ်ားဝဲလ်က္ ရွင္းျပရန္ ႀကိဳစားလိုက္သည္။  နဂါးမင္းႀကီး... က်ဳပ္လြတ္လာတဲ့ အေၾကာင္းကေလ...

ေတာင္ပင္လယ္နဂါးမင္းက သူ႕စကားကို ျဖတ္ပစ္လိုက္ေလသည္။
  မင္း ရွင္းျပေနစရာ မလိုပါဘူး... ျပန္လာတာပဲ ေတာ္လွပါၿပီ...

ေအာင္းရႉ အခက္ေတြ႕ေနရၿပီ။

သူက လမ္းတစ္ေလွ်ာက္ ဇာတ္လမ္းဇာတ္ကြက္ ေကာင္းေကာင္းျဖင့္ လြတ္ေျမာက္ လာပုံကို လမ္းတစ္ေလွ်ာက္ စကားရွည္ႀကီးရွင္းျပရန္ စာစီထားျခင္း ျဖစ္ေလသည္။ ၎က အလြန္ မ်က္ရည္လည္ေစေသာ ေၾကကြဲစရာ ဇာတ္ကြက္ေလးတစ္ခုျဖစ္၏။ သို႔ ေသာ္လည္း နဂါးမင္းႀကီးက သူ႕စကားကို ျဖတ္ပစ္ေန၏။

မဟုတ္ပါဘူးခင္ဗ်ာ... က်ဳပ္ေျပာျပတာ ပိုေကာင္းမယ္လို႔ ထင္ပါတယ္... ေအာင္းရႉက ေနာက္ထပ္ အခြင့္အေရးတစ္ခုရရန္ ႀကိဳးစားၾကည့္သည္။

မလိုဘူး... မလိုဘူး... အျဖစ္အပ်က္ေတြက အေရးမႀကီးဘူး... အဓိက ကရလဒ္ပဲ.. ေတာင္ပင္လယ္နဂါးမင္းက အသံထြက္ရယ္ေမာကာ ေမာက္ေမာက္မာမာပင္ ပယ္ခ် လိုက္ျပန္သည္။

  ျမန္ျမန္လုပ္ၾကစမ္း... ထိပ္တန္း ပင္လယ္စာ အစားအေသာက္ေတြ ျပင္ဆင္ထား.... ဒီည ငါေတာ့ ေအာင္းရႉ ျပန္လာတဲ့အထိမ္းအမွတ္နဲ႕ စားေသာက္ပြဲႀကီး က်င္းပၾကမယ္... 

မဟုတ္ဘူးေလ က်ဳပ္ ရွင္းျပဦးမယ္ေလ

.

တစ္ဖက္တြင္ ခ်ီလင္က ခ်ီလင္ေခ်ာက္ကမ္းပါးသို႔ ျပန္လာခဲ့သည္။

ဂိတ္တံခါးေပါက္ေရာက္ေသာ္ သူအေတာ္ မွင္သက္ေၾကာင္အမ္းေနရသည္။

မိစ္ဆာသခင္ႀကီးက ခ်ီလင္မိသားစုႏွင့္ စကားေျပာလ်က္ရွိ၏။ သူပုံစံက အျပစ္ရွိဟန္ လိပ္ျပာမလုံသည့္ႏွယ္ ေတာင္းပန္စကား ေျပာဆိုေနျခင္း ျဖစ္ပုံရ၏။

ထိုႏွစ္ေယာက္ အၾကည့္ဆုံမိၾကရာဝယ္ ႏွစ္ဦးစလုံး ႐ုတ္ခ်ည္း ၾကက္ေသ,ေသေနမိၾက ေလ၏။

မိစ္ဆာသခင္ႀကီးက အူေၾကာင္ေၾကာင္ ရပ္ေနကာ သူ႕ကိုယ္သူ အိမ္မက္ေယာင္ေနသည္ ဟူ၍ ထင္ေနပုံရသည္။ ထို႔ေနာက္ေတာ့ မယုံနိုင္စြာ ေအာ္ဟစ္ ငိုေႂကြးေတာ့သည္။
  ခင္ဗ်ား... ခင္ဗ်ား.... အသက္ရွင္ေနေသးတယ္ေနာ္...

ထိုေဘးရွိ ခ်ီလင္မိသားစုႀကီးလည္း ထပ္တူ တအံ့တၾသျဖစ္ေနၾကသည္။ ေမွ်ာ္စင္အျမင့္ ႀကီးမွပင္ ဝမ္းသာအားရ ေအာ္ငိုသံကို ၾကားလိုက္ရ၏။
ဦးေလး....

မိစ္ဆာဘုရင္ႀကီး......

ခ်ီလင္သည္လည္း စိတ္လႈပ္ရွားမႈမ်ား ျဖင့္ လွိုက္လွိုက္လွဲလွဲ ေအာ္ေခၚသည္။ ခ်ီလင္က ေရွ႕သို႔ တက္လာ၍ တရိုတေသ ေျပာလိုက္သည္။

  မိစ္ဆာဘုရင္ကို ႏႈတ္ဆက္ပါတယ္...

ဦးေလ... ယဥ္ေက်းေနဖို႔ မလိုပါဘူးဗ်ာ... မိစ္ဆာဘုရင္ကလည္း သူ႕ဆီသို႔ စိတ္လႈပ္ရွားစြာ ေလွ်ာက္လာ၏။

  တကယ္ခင္ဗ်ားပဲ... မိစ္ဆာေတြလာၿပီး ခင္ဗ်ားေထာင္ေခ်ာက္ဆင္ခံရလို႔ ေသၿပီလို႔ သတင္းပို႔ၾကတယ္... က်ဳပ္ သူတို႔ကို မယုံခဲ့ပါဘူး...

မိစ္ဆာသခင္ႀကီးက မေျပာခင္ ခဏမွ် ဆုတ္ဆုတ္ဆိုင္းဆိုင္း လုပ္လိုက္ၿပီး

ခ်ီလင္ဘုရင္ ႀကီး... ဒီျဖစ္ရပ္ကေတာ့  အေတာ္ ပရိယာယ္မ်ားတယ္... သူမလုပ္ဘူးဆိုတာ က်ဳပ္မ်က္လုံးႏွစ္လုံးနဲ႕ ေသခ်ာျမင္လိုက္တာ.... အမွန္က... က်ဳပ္တို႔မတိုင္ခင္ ဒီ့လူမွာ ျပႆနာရွိပုံပဲ...

မိစ္ဆာသခင္... မိစ္ဆာမ်ိဳးႏြယ္မွာ ျပႆနာရွိေနတာလား...

ထိုအခါ ခ်ီလင္က ေဒါသတႀကီးျဖင့္ ငိုခ်လိဳက္ေလသည္။
က်ဳပ္ ေခ်ာက္ခ်ခံလိုက္ ရတာ... က်ဳပ္ဟာတကယ္ပဲ မိစ္ဆာေတြရဲ႕ ေထာင္ေခ်ာက္ဆင္တာကို ခံလိုက္ရတာ... သူတို႔က က်ဳပ္ကို ျမင့္ျမတ္ကုသိုလ္ သူေတာ္စင္ကို တိုက္ခိုက္ဖို႔ လႊတ္လိုက္တာေလ... က်ဳပ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႕ ျပန္လာရတယ္.. ကံေကာင္းလို႔ အသက္ရွင္ခဲ့တာေပါ့... မိစ္ဆာေတြဟာ ျပႆနာပဲ ... သူတို႔က ခ်ီလင္မ်ိဳးႏြယ္ကို ဒုကၡေရာက္ေအာင္ လုပ္ခ်င္တာ...

တကယ္လား... မိစ္ဆာဘုရင္က မိစ္ဆာသခင္ဘက္လွည့္ေမးသည္။ သူပုံမွာ ရင္းႏွီး ေဖာ္ေ႐ြဟန္ မရေတာ့ေပ။

မိစ္ဆာသခင္က အလန႔္တၾကား ေခါင္းတြင္တြင္ခါရ၍  က်ဳပ္မလုပ္ပါဘူး..

ခ်ီလင္က စကားကိုဆက္၏။  ျမင့္ျမတ္ သူေတာ္စင္ရွိတာ က်ဳပ္ကို ဘာလို႔ မေျပာတာလဲ..

က်ဳပ္... အဲ... က်ဳပ္ေမ့သြားတာ...
ထိုအခါ ခ်ီလင္က  ခြက္ထိုးခြက္လန္ ေလွာင္ရယ္ကာ
က်င့္ႀကံသူေတြအေနနဲ႕ က်ဳပ္တို႔ ဦးႏွောက္ဟာ ေကာင္းက်ပါတယ္.. ခင္ဗ်ားေမ့တယ္ဆိုတာ ဘယ္လိုလုပ္ ျဖစ္နိုင္ပါ့မလဲ..

တကယ္  ျပႆနာပဲ... မိစ္ဆာေတြက  ျပႆနာႀကီးရွိေနတာ...

ကံေကာင္းေထာက္မစြာနဲ႕ ခ်ီလင္က ျပန္ေရာက္လာၿပီး မိစ္ဆာသခင္ရဲ႕  အတြင္းသႏၶေ အစစ္အမွန္ကို ေဖာ္ထုတ္နိုင္ခဲ့ၿပီ...

မိစ္ဆာသခင္ႀကီး အထိတ္တလန႔္ ျဖစ္ေနရသည္။ မ်က္လုံးမ်ား နီရဲလာၿပီး ရွင္းျပရေတာ့ ၏။
  က်ဳပ္ေျပာတာ နားေထာင္ပါဦး... က်ဳပ္တကယ္ေမ့သြားတာပါ... အေၾကာင္းအရင္း ကေလ........

မိစ္ဆာဘုရင္က သူ႕စကားမ်ားကို ျငင္းပယ္၍ ေျခာက္ကပ္ကပ္ အမိန႔္ေပးလိုက္ေတာ့သည္။
သူ႕ကို ဝိုင္းထားစမ္း....

အခုေရာ.... မိစ္ဆာသခင္နဲ႕ က်န္မိစ္ဆာငယ္သားမ်ား ေၾကာက္လန႔္ေနၾကၿပီ။ သူတို႔က သတိေပး၏။
ခင္ဗ်ားက က်ဳပ္တို႔ကို စိန္ေခၚေနတာလား...

က်ဳပ္ဦးေလးကို ေခ်ာက္ခ်ရဲတယ္... ခင္ဗ်ားကို ခြင့္မလႊတ္သင့္ဘူး.... မိစ္ဆာဘုရင္က မ်က္လုံးမ်ားကို ေမွးက်ဥ္းထား၍ ေၾကညာ၏။  က်ဳပ္တို႔ ၊ ခ်ီလင္မ်ိဳးႏြယ္စုကို က်ဳပ္ဦးေဆာင္ေနသေ႐ြ႕ ဘယ္သူမွ ထိခြင့္မရွိဘူး... အခု မိစ္ဆာသခင္ႀကီးက ေသၿပီ... မင္းတို႔က ဘာလုပ္တာလဲ...

မိစ္ဆာသခင္က တိတ္ဆိတ္စြာျဖင့္ ေနာက္သို႔ တစ္လွမ္းျပန္ဆုတ္သည္။
မိစ္ဆာဘုရင္... ခင္ဗ်ားဦးေလးမွာ ျပႆနာရွိေနတာ... ခင္ဗ်ားက သူ႕ကိုေတာ့ မတိုက္ခိုက္ဘဲ က်ဳပ္တို႔နဲ႕ တိုက္ခ်င္ေနတယ္...

ခ်ီလင္က သူ႕အၾကည့္မ်ားကို မေျပာင္းေပ။  မိစ္ဆာဘုရင္... က်ဳပ္ရွင္းျပနိုင္ပါတယ္... 

ဦးေလး... ဘာမွ ရွင္းျပေနစရာ မလိုဘူး...  မိစ္ဆာဘုရင္က သူ႕စကားကို ျဖတ္ပစ္သည္။ မိစ္ဆာသခင္ကိုသာ ေလွာင္ေျပာင္သေရာ္လ်က္  ဟာသပဲ... က်ဳပ္ဦးေလးကို မယုံဘဲနဲ႕ ခင္ဗ်ားကို ယုံရမွာတဲ့လား...

ထို႔ေနာက္ အားေကာင္းလွေသာ စိတ္စြမ္းအားမ်ားျဖင့္ ေထ့ေငါ့ကာ ဟိန္းေဟာက္ေတာ့ ၏။
ခ်ီလင္တို႔ ... နားေထာင္... တိုက္ခိုက္ၾကစမ္း...

ထိုအခ်ိန္တစ္ဆက္တည္း၌ပင္.....

ေလာကႀကီး၏ တစ္ေနရာတြင္

ေတာေတာင္မ်ားက စိမ္းလန္းကာ ေရမ်ားက ၾကည္လင္ေနသည္။ ေရပူစမ္းေလး သာမက အပန္းေျဖဥယ်ာဥ္ႀကီး တစ္ခုကလည္း ရွိေသးသျဖင့္ အလြန္  လွပေသာေနရာ တစ္ခု ျဖစ္၏။

ပန္းခ်ီကားတစ္ခ်ပ္ႏွင့္ တူေနသျဖင့္ အျပင္၌တကယ္ရွိေနသည့္ဟူ၍ပင္ ခံစား မရ ျဖစ္မိသည္။

ထိုစဥ္ ေရလွိုင္းမ်ားအသြင္ လွိုင္းၾကပ္ခြပ္ေလးမ်ား ေကာင္းကင္တြင္ ထလာ၏။ ထိုေနာက္၌ ေက်ာက္စိမ္းကဲ့သို႔ ေျခေခ်ာင္းလွလွေလး တစ္ေခ်ာင္း ထြက္လာခဲ့သည္။ ၎ေနာက္တြင္မူ ၾကာပြင့္သ႑ာန္ ေက်ာက္စိမ္းလက္ေမာင္းေလး ေနာက္မွ လိုက္လာ၏။

ၿပီးေနာက္ ေလထဲတြင္ ဂါဝန္ရွည္ေလး ျဖည္းျဖည္းခ်င္း ေပၚလာကာ ခ်န္ယိက လွိုင္းၾကပ္ခြပ္မ်ားကို ျဖတ္၍ လမ္းေလွ်ာက္သြားစဥ္ သူမ၏ ဂါဝန္အနားမ်ားက ေလထဲ၌ တလြင့္လြင့္ ျဖစ္ေနခဲ့သည္။

ထိုမိန္းကေလး လက္ထဲဝယ္ အိုးအႀကီးႀကီး တစ္လုံးကိုင္ထားသည္။ သူမ ခႏၶာကိုယ္ ေသးေသးေလးႏွင့္ ၿမဲၿမံစြာ ဖက္တြယ္ထားျခင္း ျဖစ္ၿပီး အိုးထဲတြင္လည္း အနီရဲရဲ အထုပ္ငယ္ေလးမ်ား ထည့္ထားသည္။ ၎တို႔က ေဟာ့ေပါ့ ဟင္းအႏွစ္မ်ားပင္ ျဖစ္ေလသည္။ သူမ၏ ေနာက္လက္တစ္ဖက္တြင္ သစ္သားပုံးတစ္ပုံးရွိေသးသည္။ ပုံးထဲတြင္ေတာ့ အသားငါးမ်ိဳးစုံႏွင့္ အသီးအ႐ြက္ စိမ္းစိမ္းမ်ားပါ၏။

သူမက ရင္တုန္ စိတ္လႈပ္ရွားစြာျဖင့္ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္ေနခဲ့သည္။

အပိုင္း ၃၇၈ၿပီး

Continue lendo

Você também vai gostar

399K 50.4K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
218K 28.5K 177
(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page nam...
67.4K 6K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး