ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 93

2K 459 34
By Vera-Yu

Unicode

မနက်ရောင်ခြည်မြင်ရချိန်တွင် ချုံအန်းမင်းကြီးသည် ခြေချင်းယှက်ကာ ဝံပုလွေမွေးစောင်ကိုခြုံလျက် ခုတင်ပေါ်တွင် ထိုင်နေသည်။ မျက်ခွံတစ်ဝက်သာဖွင့်လျက် သူမေးလိုက်သည်။ "သေတဲ့သူရှိသေးလား"

လူယုံမိန်းမစိုးကြီးက ရှေ့သို့ တိုးလာသည်။ "နဂို ဒဏ်ရာပြင်းတဲ့ နှစ်ယောက်ကိုတော့ ကယ်လို့မရခဲ့ပါဘူး။ တခဏအတွင်းမှာပဲ သူတို့ သေသွားကြပါတယ်။ ကျန်တဲ့ငါးယောက်ကလည်း ခုနလေးကမှ တစ်ယောက်ပြီးတစ်ယောက် သေသွားပါတယ်"

ချုံအန်းမင်းကြီးက မျက်စိဖွင့်လာသည်။ "ဘယ်လိုသေသွားတာလဲ"

မိန်းမစိုးကြီးက တိုးလျလျ လျှောက်တင်သည်။ "အဆိပ်သောက်ပြီးတော့ပါ။ ခြေရာလက်ရာမကျန်ရအောင် ကျွန်တော်တို့ ဂရုစိုက်ထားပါတယ်။ စိတ်မပူပါနဲ့၊ မင်းကြီး။ အစောင့်တွေက နှုတ်လုံပါတယ်။ သူတို့လျှောက်မဖွရဲပါဘူး။ မနက်ဖြန်ရောက်လို့ မင်းကြီး သူတို့ကိုမေးရင် လုပ်ကြံသူတွေက ပါးစပ်ထဲမှာ အဆိပ်ဖွက်ခဲ့ပြီး လုပ်ကြံဖို့ အခွင့်အရေး မမြင်တော့တဲ့အခါ ပြစ်ဒဏ်ကိုရှောင်ဖို့ သတ်သေသွားကြတယ်လို့ပဲ ဖြေပါလိမ့်မယ်။ ဒါတွေအကုန်လုံးက ဖြစ်နိုင်ချေရှိတဲ့ ဖြစ်ရပ်တွေပါပဲ"

ချုံအန်းမင်းကြီးမှာ ပို၍စိတ်အေးသွားရသည်။ မိန်းမစိုးကြီးက မေးကြည့်သည်။ "မင်းကြီး သူတို့ကို ဘာလို့မစစ်ဆေးတာပါလဲ။ သေချာပေါက်ကို ကျွန်တော်မျိုးတို့က စတေးဖို့ လူနှစ်ဆယ့်ငါးယောက်ပဲ ပြင်ဆင်ထားတာ။ အခုဆို ဆယ့်နှစ်ယောက်က ရုတ်တရက်ကြီး ပိုလာတယ်။ ဘာတွေများ ဖြစ်နေတာပါလဲ"

"မင်းကြီးကို လုပ်ကြံတဲ့အမှုဆိုတာ တရားခံရဲ့ အိမ်တော်နဲ့ ဆွေစဉ်မျိုးဆက် ရှစ်ဆက်ကို ကွပ်မျက်နိုင်တဲ့အမှုပဲ။ သူတို့ကို မနေ့ညက ဖမ်းမိတော့ သူတို့က သတ်သေဖို့ မကြိုးစားဘူး။ သူတို့က ထောင်နဲ့ချီတဲ့ ဓားချက်တွေနဲ့သေဖို့ စောင့်နေကြတာလား။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အခွင့်အရေး မရှိတာလည်း မဟုတ်ဘူး။ ဒါတောင် သူတို့က အသက်ကို ဒီအတိုင်း ထားထားကြတယ်" ချုံအန်းမင်းကြီးက အေးစက်နေသော အသံဖြင့် ပြောသည်။ "သူတို့ အသက်ရှင်ခဲ့ရင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံရမှာကို တကယ်မသိတာလား။ သူတို့က ဒါကိုတောင် မကြောက်မှတော့ တော်တော် စိတ်ဓာတ်ပြင်းတဲ့သူတွေဆိုတာ သိသာနေတာပဲ။ အဲလိုလူတွေကို အမှန်ပြောဖို့အတွက် ငါတို့လုပ်နိုင်မယ်ထင်လား။ ငါ သူတို့ကို အခုမသတ်လိုက်ရင် မနက်ရောက်ပြီး သူတို့မပြောသင့်တဲ့စကားတွေ ပြောမှာကို စောင့်နေရမှာလား"

ချုံအန်းမင်းကြီး၏မျက်နှာမှာ အဆုံးစွန်ထိတိုင် ပျက်ယွင်းလို့နေသည်။ ကနဦးတွင် သူသည် မင်းသားယွီသို့ ရည်ညွှန်းနေမည့် ကောင်းမွန်သော အကြံအစည်တစ်ခုကို စီစဉ်ထားခဲ့သည်။ ချုံအန်းမင်းကြီးအနေနှင့် များများစားစားပင် ပြောနေစရာမလိုဘဲ ဖြစ်ချင်သော လမ်းကြောင်းအတိုင်းလိုက်ကာ ဤကိစ္စကြီးကို စစ်ဆေးပေးမည့်လူများ မလွဲမသွေ ရှိလာပေလိမ့်မည်။ မင်းကြီးအားလုပ်ကြံသည့် ဤအမှုအခင်းမျိုးအတွက် မင်းသားယွီဆယ်ယောက်ကပင် ရှောင်လွဲနိုင်လိမ့်မည်မဟုတ်။ ဤသည်မှာ ယွီမုချန်အား ရှင်းထုတ်ပစ်ရန် အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။

ထို့အပြင် ရွှမ်ချုံမှာ လွန်ခဲ့သည့်ရက်များက အကျယ်ချုပ်ကျနေခဲ့ပြီး ဤကိစ္စများကို မသိခဲ့ရပေ။ ဤသို့အားဖြင့် သူသည် သူ့မိခင်မိသားစုနှင့် အလွန်အမင်း ပါဝင်ပတ်သက်နေမည်မဟုတ်။ အဆိုးဆုံးအခြေအနေတွင် ချုံအန်းမင်းကြီးသည် ကိုယ်လုပ်တော်ယွီကို စတေးပစ်လိုက်နိုင်သည်။ သို့သော် ဤကိစ္စသည် တော်ဝင်မိသားစုကို လုံးဝထိခိုက်လိမ့်မည်မဟုတ်။

သူ၏လုပ်ကြံသူအတုများက လုပ်ကြံသူအစစ်များကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပေ။ လုပ်ကြံသူ သုံးဆယ်ကျော်ရှိကြောင်းကို ချုံအန်းမင်းကြီး ကြားလိုက်ရသောအခါ သူ့ကိုယ်ပေါ်မှ ချွေးစေးများ ကျလာခဲ့ရသည်။

သတိမူ၍ တစ်ခုခု လွဲချော်ခဲ့ပါကဟူသော ဖြစ်တန်ချေကို စဉ်းစားကာ သူ့နန်းဆောင်အတွင်းနှင့်အပြင်တွင် အစောင့်များစွာ ချမထားခဲ့ပါက သူ တကယ် လုပ်ကြံခံလိုက်ရနိုင်သည်။

လွန်ခဲ့သည့် ခြောက်နာရီလောက်ခန့်က ဖြစ်ရပ်များကို သူပြန်တွေးနေရင်း ယာယီနန်းတော်ထဲသို့ လုပ်ကြံသူ ဆယ်ယောက်ကျော် ဝင်ရောက်နေနှင့်ပြီကို တွေးမိလိုက်သောအခါ သူသည် အပ်ဖျားထပ်လေးများပေါ်တွင် ထိုင်နေရဘိသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါပေမဲ့..." မိန်းမစိုးက မျက်ခုံးကြုတ်ကာ အနေခက်လျက် ပြောသည်။ ထို့နောက် သူကအသံတိုးတိုးဖြင့် လျှောက်လေသည်။ "ကျွန်တော် ဘယ်လိုလုပ်ရမယ်ကို တကယ်မသိတော့ပါဘူး။ စတေးခံလူတွေကို ခေါ်ပေးတဲ့ လူတွေကို ဒီအစေခံ ခုနက စစ်ဆေးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က သူတို့ဘာမှမသိဘူးလို့ပဲ ပြောနေပြီး သူ့တို့အပြစ်ကင်းပါတယ်လို့ ထပ်တလဲလဲ ပြောနေကြပါတယ်။ သူတို့ကြည့်ရတာလည်း ဘာဖြစ်ခဲ့တယ်ဆိုတာကို တကယ် မသိကြပုံပါပဲ။ ဒါဆို... ဒါဆို ကျွန်တော်တို့ ဆက်ပြီး စစ်ဆေးလိုက်ရပါမလား"

မိန်းမစိုးက သတိထားလျက် မေးသည်။ "မင်းကြီး သံသယရှိတဲ့လူများ ရှိလား။ အဲလိုဆို ကျွန်တော်တို့ အစေခံတွေ စစ်ဆေးရတာ ပိုမြန်ဆန်ပါလိမ့်မယ်"

ချုံအန်းမင်းကြီးက ထေ့ငေါ့သည်။ "ဘယ်သူနဲ့စသင့်တယ်ဆိုတာကို မင်းတို့တွေ တကယ်မသိတာလား။ မင်းတို့က သူ့ကို စစ်ဆေးဖို့ ကြောက်လွန်းနေတာပဲ"

မိန်းမစိုးက ရှက်ရွံ့စွာ ပြုံးလေသည်။ သူ စကားတစ်ခွန်းပင် မဟရဲပေ။

တခဏအကြာတွင် အစောင့်ဟန်ဝတ်ဆင်ထားသော လူတစ်ယောက်က နန်းတော်ခန်းမထဲသို့ ရောက်ရှိကြောင်း မကြေညာဘဲ ဝင်လာခဲ့သည်။ သူက ဒူးထောက်လျက် အရိုအသေပေးလေသည်။ "မင်းကြီး၊ သူလျှိုတွေ ပြန်ရောက်လာပါပြီ"

ချုံအန်းမင်းကြီးသည် တစ်ညလုံး မအိပ်ရသေးပေ။ ထိုစကားများကိုကြားသော် သူက စိတ်ညစ်ညူးလျက် ပြောလိုက်သည်။ "ပြော"

အစောင့်ဟန်ဝတ်ဆင်ထားသူက ပြောသည်။ "မိဖုရားကြီးရဲ့ဘက်မှာ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ မင်းသမီးကြီးက ကြောက်နေပါတယ်။ စိတ်ငြိမ်ဆေး သောက်ပြီးတော့ အိပ်ပျော်သွားပါပြီ။ မိဖုရားကြီးက မင်းသမီးကြီးကို သွားကြည့်ပြီးတော့ မင်းသမီးငယ်လေးတွေကို စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ အိပ်ရာဝင်သွားပါတယ်။ အဲ့မှာ တခြားဘာလှုပ်ရှားမှုမှ မရှိပါဘူး"

"စတုတ္ထမင်းသားနဲ့ ပဉ္စမမင်းသားတို့ဘက်မှာတော့ ပိုပြီး လှုပ်လှုပ်ရှားရှား ရှိပါတယ်။ မင်းသားနှစ်ပါးက အနောက်နန်းဆောင်ကို ပြန်ရောက်တော့ စပြီး စကားများကြပါတယ်။ စတုတ္ထမင်းသားက အားလုံးနောက်မှာ မင်းသားယွီ ရှိနေတယ်ဆိုတဲ့ သူ့အမြင်ကို ကပ်တွယ်နေပါတယ်။ ဘာဖြစ်ခဲ့တယ်ဆိုတာ သိသလားလို့ ပဉ္စမမင်းသားကို သူကမေးပါတယ်။ မဟုတ်ရင် ယာယီနန်းတော်ကိုရောက်တော့ ဘာလို့ အခန်းထဲမှာပဲ ပုန်းနေတာလဲတဲ့။ ဘာဖြစ်မယ်ဆိုတာကို ကြိုသိခဲ့လို့ သေရမှာကြောက်ပြီး ပုန်းနေခဲ့တာ ဖြစ်နိုင်တယ်တဲ့။ ပဉ္စမမင်းသားက ဒေါသထွက်သွားခဲ့ပါတယ်။ သူဘာကိုမှ မသိကြောင်းကို ဆက်တိုက်ပြောနေခဲ့ပါတယ်။ မင်းသားနှစ်ပါးက အချိန်အကြာကြီး စကားများငြင်းခုန်နေခဲ့ကြပါတယ်။ အဆုံးကျတော့ အဆင်မပြေဘဲ လူခွဲလိုက်ကြပြီး အနားယူဖို့ ကိုယ်စီအခန်းကို ပြန်သွားခဲ့ကြပါတယ်"

"ရွှမ်ကျင်းပြောတာ ရွှမ်ချုံ ဒီယာယီနန်းတော်ကိုရောက်တော့ အရင်ဆုံးလုပ်တာက အခန်းထဲမှာ ပိတ်လှောင်ပြီး နေနေသတဲ့လား" ချုံအန်းမင်းကြီးက ဘဝင်မကျ ဖြစ်သွားသည်။ "မင်းတို့ ဒါကိုစုံစမ်းပြီးပြီလား။ တကယ်လား"

ဒူးထောက်နေသော အစောင့်က ခေါင်းညိတ်သည်။ "ဟုတ်ပါတယ်။ အစကတော့ ပဉ္စမမင်းသားက အကျယ်ချုပ် အကြာကြီးကျနေခဲ့ရလို့ နေရာတိုင်းကို စိတ်ကြိုက်မသွားရဲတာ မထူးဆန်းဘူးလို့ ဒီအမှုထမ်း တွေးခဲ့ပါတယ်။ ဒါပေမဲ့ ပဉ္စမမင်းသားကို စောင့်ကြည့်ခိုင်းထားတဲ့လူကို ကျွန်တော်တို့ခေါ်ပြီး စစ်ဆေးကြည့်တော့ ဒီလိုတွေ့ခဲ့ရပါတယ် : ကျွန်တော်တို့ မြို့တော်က ထွက်မလာခင်တုန်းက မင်းသားယွီရဲ့လူတွေ ပဉ္စမမင်းသားဆီသွားပြီး ဂါရဝပြုရင်း ယာယီနန်းတော်ရောက်တာနဲ့ အပြောအဆို၊ အပြုအမူ သတိထားရမယ်လို့ ပြောခဲ့ကြပါတယ်တဲ့။ မင်းကြီးကို စိတ်မချမ်းမြေ့အောင် မလုပ်ရဘူးဆိုပြီးတော့။ မင်းသားယွီက ဒီအကြံကို စေတနာနဲ့ အကြံပေးတာလား၊ တစ်ခုခုကို ရည်ညွှန်းတာလား။ ပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့လိုလူတွေက တစ်ဆင့်စကားအပေါ် မလှုပ်ရှားဝံ့ပါဘူး။ မင်းကြီး၊ ကျွန်တော်တို့ ဆက်ပြီးစစ်ဆေးသင့်လားဆိုတာကို အတိအလင်း မိန့်ကြားပေးပါ"

ချုံအန်းမင်းကြီးက စကားတိတ်သွားသည်။ တအောင့်ကြာအောင် စဉ်းစားပြီးနောက် သူကပြောသည်။ "ကျစ်ရုန်ဘက်မှာရော ဘယ်လိုလဲ"

အစောင့်က တန့်သွားပြီး ပြောလိုက်သည်။ "မင်းသားငယ်ယွီနဲ့ သခင်လေးကျုံးတို့က နန်းဆောင်အရှေ့ခြမ်းကို ပြန်သွားကြပါတယ်။ အစောင့်တွေကို ပြောင်းပေးဖို့ အမိန့်ပေးပြီးတော့ သခင်လေးကျုံးကို သူနဲ့အတူ အနားယူဖို့ ခေါ်သွားပါတယ်။ သူတို့မအိပ်ခင်... ဖြစ်ခဲ့တာတွေနဲ့ ဘာမှမဆိုင်တဲ့ စကားနည်းနည်းပါးပါးကို ခုတင်ပေါ်မှာ တီးတိုးပြောခဲ့ကြပါတယ်"

ချုံအန်းမင်းကြီးမှာ စိတ်မရှည်ဖြစ်နေသည်။ "သူတို့က ဘာအကြောင်းပြောကြတာလဲ။ ဒီလိုပြဿနာကြီး ဖြစ်ထားတာတောင် သူတို့က နည်းနည်းလေးမှ မဆွေးနွေးကြဘူးပေါ့လေ"

အစောင့်မှာ ကူကယ်ရာမဲ့နေသည်။ သူ့ကိုယ်သူ စိတ်အားတင်းထားလျက်သာ ပြောလိုက်သည်။ "မင်းသားငယ်ယွီနဲ့ သခင်လေးကျုံးတို့က စကားများနေခဲ့ကြဟန်ပါပဲ။ စစကတော့ သူတို့ တကယ်ကို တိုးတိုးလေး ပြောနေခဲ့တာပါ။ နောက်ကျတော့ သဘောတူဖို့ ညှိမရလို့လားပဲ၊ သခင်လေးကျုံးရဲ့အသံက ပိုကျယ်လာပြီး စကားတချို့ကို သူလျှိုက ကြားလိုက်နိုင်ပါတယ်"
"သခင်လေးကျုံးပြောတာက မင်းသားငယ်ယွီ အိပ်မယ်ဆိုလည်း အိပ်။ ဘာလို့သူ့ကိုအနိုင်ကျင့်ရတာလဲ။ သူ့ရဲ့... သူ့ရဲ့... ဟာကိုချည်ပြီးတော့ ဒီအတိုင်းကြီး ပစ်ထားရတာလဲ။ ဘာလို့ သူ့ကို အသံမထွက်အောင် ဆို့ထားပြီး တောင်းပန်ချင်ရင်တောင် တောင်းပန်လို့မရဘဲ ကျီစားခံနေရရုံပဲ တတ်နိုင်အောင် လုပ်ရတာပါလဲတဲ့"

"မင်းသားငယ်ယွီရဲ့အသံက အရမ်းတိုးလွန်းလှပါတယ်။ သူပြောတာက သခင်လေးကျုံးက အရမ်း... အရမ်း... အထိန်းအချုပ်ကို မရှိဘူးတဲ့။ အသံမထွက်အောင် လုပ်ရတာက ပိုပြီးကြာကြာ နောက်ပြောင်လို့ရအောင်တဲ့။ သခင်လေးကျုံးက ဒီစကားကိုကြားတော့ အသံတိုးတိုးနဲ့ မေးပါတယ် 'ငါ့ကိုထိန်းချုပ်လို့မရအောင် မင်းပဲလုပ်တာ မဟုတ်ဘူးလား'တဲ့။ အဲ့နောက်မှာ မင်းသားငယ်ယွီကပြောပါတယ်—"

"တော်လိုက်တော့" ချုံအန်းမင်းကြီးက ခေါင်းကိုက်လျက် ပြောလိုက်သည်။ "ငါ ဒါကိုဆက်မကြားချင်တော့ဘူး"

အစောင့်၏ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးမှာ လျော့သွားခဲ့ရလေပြီ။

ချုံအန်းမင်းကြီးမှာ အသက်ရှူမမှန်တော့သည်အထိ စိတ်တိုနေသည်။ "လုပ်ကြံသူတွေက ယာယီနန်းတော်မှာ ပေါ်လာခဲ့ရုံရှိသေးတယ်။ ဒါတောင် ဒီနှစ်ယောက်က ဒီအကြောင်းတွေပြောဖို့ စိတ်ပါနေသေးတယ်။ ဒီ..."

မိန်းမစိုးက အသံတိုးတိုးဖြင့် ပြောဆိုသည်။ "မင်းကြီး စိတ်မပူပါနဲ့။ မင်းသားငယ်ယွီနဲ့ သခင်လေးကျုံးတို့ နှစ်ယောက်လုံးက ထက်မြက်ကြပါတယ်။ သူတို့ကို ချောင်းနားထောင်နေတဲ့သူ ရှိနေမှာကို ခန့်မှန်းမိကြတဲ့ပုံပါပဲ။ အရေးကြီးကိစ္စတွေကို ဆွေးနွေးရင်တောင် သူလျှိုတွေကိုကြားခွင့်ပေးမှာ မဟုတ်ပါဘူး"

"ငါလည်း ဒါကိုတော့ သိတာပေါ့" ချုံအန်းမင်းကြီးမှာ အလွန်ဒေါသထွက်နေခဲ့ပြီး ဤခံစားချက်ကို မည်သို့ရှင်းထုတ်ပစ်ရမည်ကို မသိပေ။ "ငါက သူတို့ စိတ်ထဲပေါ့ပါးနေလွန်းလို့ကို စိတ်တိုတာ။ ဒီလိုသေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာ သူတို့က ဒီလိုအတွေးတွေ တွေးနေသေးတယ်။ အသုံးမကျလိုက်တဲ့ဟာတွေ။ သူတို့က မျိုးရိုးအဆက်ဆက် ယောက်ျားတွေကို မမြင်ခဲ့ဖူးဘူးလား"

အစောင့်မှာ သိပ်မပြောရဲပေ။

"တော်ပြီ။ သူတို့အားလုံးက အားကိုးလို့ကို မရဘူး"

ချုံအန်းမင်းကြီးသည် မျက်ခုံးနှစ်ဖက်ကြားကို နှိပ်နယ်နေသည်။ "အမိန့်ပေးလိုက်... မင်းသမီးကြီးအန်းကောက ဒဏ်ရာရထားလို့ လှုပ်ရှားဖို့ အဆင်မပြေဘူး။ ဒါကြောင့် ခုရှိနေတဲ့သူတွေအားလုံး လောလောဆယ် မြို့တော်ကို မပြန်ရသေးဘူး"

မိန်းမစိုးက အလျင်အမြန်ပြောသည်။ "ဘယ်လိုလုပ်ပြီးတော့ ဖြစ်ပါ့မလဲ။ မင်းကြီးရဲ့ခန္ဓာတော်က မြင့်မြတ်ပြီး အဖိုးတန်လှတာကို။ ဘယ်လိုလုပ်ပြီး ဒီမှာဆက်နေလို့ ဖြစ်ပါ့မလဲ"

"ငါ အခုပြန်သွားရင် မင်းသားယွီပြဿနာကို ဘယ်လိုလုပ်ပြီး စစ်ဆေးရမလဲ" ချုံအန်းမင်းကြီး၏အသံမှာ ခဲသွားလောက်သည်အထိ အေးစက်နေခဲ့သည်။ "သူ့ကို အေးအေးဆေးဆေးနဲ့ သဲလွန်စတွေအကုန် ရှင်းပစ်လို့ရအောင် အချိန်ပေးထားရမှာလား"

ချုံအန်းမင်းကြီး၏မျက်နှာမှာ လေးပင်မှိုင်းတိုင်းနေခဲ့သည်။ "ကျစ်ရုန်က သံသယဝင်ခံရမှာကို ရှောင်မှဖြစ်မယ်။ ရွှမ်ချုံမှာလည်း တရားမျှတရေးရုံးတော်မှာ လူတွေအများကြီး ရှိတာမို့ သံသယဝင်ခံရမှာကို ရှောင်ရမယ်။ သွား... ဒီခရီးမှာလိုက်လာတဲ့ အမတ်တွေကို လမ်းကြောင်းမှာ ရှိနေတဲ့လူတွေကို ရှင်းပစ်ဖို့နည်းလမ်း ချက်ချင်း စဉ်းစားဖို့ပြောလိုက်။ မြို့တော်က အမတ်တွေကိုတော့ ဒီကိစ္စအကြောင်းကို တစ်ခါတည်း စစ်ဆေးနိုင်မဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ အဖွဲ့တစ်ခုဖွဲ့ဖို့ အမိန့်ပေးလိုက်"

မိန်းမစိုးက ဆိုလိုရင်းကို သဘောပေါက်လျက် အမိန့်ကို လက်ဆင့်ကမ်းရန် မြန်မြန်ထွက်သွားတော့သည်။

ကောင်းကင်၌ တောက်ပလာသည်နှင့် ချုံအန်းမင်းကြီးသည် ယွီရှီကို ဆင့်ခေါ်လိုက်တော့သည်။ ကျုံးဝမ်သည် မိမိဘာသာမိမိ နိုးထလာခဲ့ပြီး တစ်ယောက်တည်း မနက်စာစားခဲ့ရသည်။ သူ သတင်းကို မျှော်နေခဲ့သည်။

များမကြာမီတွင် ယွီရှီအား ယာယီနန်းတော်သို့ လိုက်ပါခစားရသော မိန်းမစိုးက ရောက်လာခဲ့သည်။ သူကပြောသည်။ "အဲ့လုပ်ကြံသူတွေအကုန် သေသွားပါပြီ"

ကျုံးဝမ် ကြိတ်ရယ်မိသည်။ ယွီရှီသည် တကယ်မှန်အောင် ခန့်မှန်းနိုင်ခဲ့သည်။ သူမေးလိုက်သည်။ "တာ့လီခုံရုံးက သံသယဝင်ခံရမှာကို ရှောင်ရမယ်ဆိုတော့ ဒီကိစ္စကို ဘယ်သူက စစ်ဆေးနေတာလဲ"

"မင်းကြီးရဲ့လူယုံတွေပါ" မိန်းမစိုးက ခပ်တိုးတိုးသာ ပြောသည်။ "အရုဏ်မတက်ခင်မှာပဲ မင်းသားယွီကိုဆင့်ခေါ်ဖို့ မြို့တော်ဆီ လူတစ်ယောက်သွားလိုက်ပါပြီ"

ကျုံးဝမ် ဆွံ့အသွားတော့သည်။

ချုံအန်းမင်းကြီးသည် ရှုပ်ထွေးနေသော အခြေအနေတွင် ပြတ်သားသော လုပ်ဆောင်ချက်ကို လုပ်ချင်နေသည်။ ယွီမုချန်သည် ယခုအချိန်တွင် လှုပ်ရှားသင့်ပေပြီ။

ကျုံးဝမ်ခေါင်းညိတ်လိုက်သည်။ မိန်းမစိုးကို ထွက်သွားရန် ခွင့်ပေးလိုက်တော့သည်။

ယမန်နေ့ညက သူနှင့်ယွီရှီကြားမှ 'တီးတိုးစကားများ'ကို သူပြန်တွေးကြည့်မိသည်။ ယွီရှီ အတော်ကြာသည်အထိ ပြန်မလာပုံထောက်လျှင် မင်းကြီး သူ့ကို ယနေ့ မြောက်များလှစွာသော ဆုံးမဩဝါဒများ ခြွေနေပုံရှိသည်။ ကျုံးဝမ်သည် ကြက်က ဘဲကိုစကားပြောဟန်ရှိသည့် ယွီရှီနှင့် ချုံအန်းမင်းကြီးကြားမှ စကားများကို တွေးကြည့်မိရန် ကြောက်နေမိသည်။

ပျင်းရိစွာဖြင့် သူ ရွှမ်ကျင်းထံ လည်ပတ်ရန် သွားခဲ့လိုက်သည်။

ရွှမ်ကျင်းသည် သူ့ကို စိတ်တိုလျက်ပင် ရှိနေသေးပြီး ကျုံးဝမ်ကို ကြည့်ရုံနှင့်ပင် စိတ်ရှုပ်လာသည်။ "မင်း ဘာလို့လာတာလဲ။ ငါ အလုပ်ရှုပ်လွန်းလို့ မင်းနဲ့ အလာပသလ္လာပ စကားပြောဖို့ အချိန်မရှိသေးဘူး"

ကျုံးဝမ်သည် ရွှမ်ကျင်းနှင့် အလွန်တရာ ရင်းနှီးလေဟန်ပုံဖမ်းကာ ထိုင်ချလိုက်ပြီး သူ့ကိုယ်သူ သူစိမ်းတစ်ယောက်ကဲ့သို့ ပြုမူမနေပေ။ "အရှင့်သား၊ ဘာကြောင့် အလုပ်ရှုပ်နေတာပါလဲ။ ကျွန်တော့်ကိုပြောပြပါလား"

"မင်း..." ရွှမ်ကျင်းသည် တစ်စုံတစ်ရာကို ပြောချင်သည့်တိုင် ချီတုံချတုံဖြစ်နေသည်။ သူ ယွီရှီကို တကယ်မကြိုက်ခဲ့ရာမှ ယခုအချိန်တွင် ကျုံးဝမ်ကိုလည်း စတင်၍ မကြိုက်လာတော့ပေ။ "သွားစမ်းပါ။ အစကတော့ ငါ မင်းကို လင်စစ်ဘယ်သွားလဲဆိုပြီးမေးဖို့ အကြိမ်ရေတချို့ စကားပြောချင်ခဲ့တယ်။ မင်းက ရက်စက်ပြီး အသုံးမကျဖြစ်နေလိမ့်မယ်လို့ မတွေးထားခဲ့ဘူး။ မင်းမသိတဲ့ကိစ္စတွေကို ငါ မင်းဆီကနေ မေးလို့မရနိုင်ဘူး။ ဒါပေမဲ့ မင်း တစ်ခုခုကို သိပြန်တော့လည်း ငါ့ကို ပေးမသိဘူး။ မင်းကို ဘယ်သူကများ အလုပ်ရှုပ်ခံပြီး မေးနေတော့မှာလဲ"

ကျုံးဝမ် အံ့ဩသွားသည်။ "ဒါ မမှန်ပါဘူး။ ကျွန်တော် လင်စစ်ကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းက မင်းသားဆီ သွားတွေ့ဖို့ သူ့ကိုသေချာလေး ပြောလိုက်ပါတယ်။ သူလာမတွေ့ဘူးလား"

ရွှမ်ကျင်းက ခေတ္တ တွန့်ဆုတ်နေသည်။ ထို့နောက် မရေမရာ ပြောလေသည်။ "သူ ငါ့ဆီလာတယ်လို့တော့ ပြောလို့ရနိုင်မယ်ထင်တယ်"

ကျုံးဝမ် ရယ်ချလိုက်မိသည်။ "ပြောလို့ရနိုင်မယ် ဟုတ်လား"

ရွှမ်ကျင်း၏မျက်နှာမှာ အလွန်တရာ မှိုင်းတိုင်းသွားခဲ့သည်။ သူ့ထံမှ စကားတစ်ခွန်းပင် ထွက်မလာပေ။ သို့သော် ကျုံးဝမ်က သူ့ကို မရပ်မနား မေးနေခဲ့ပြီး ရွှမ်ကျင်းခမျာ နားညီးမခံနိုင်တော့ပေ။ ထို့ကြောင့် ချီတုံချတုံဖြင့်သာ ပြောလိုက်တော့သည်။ "ဒီလအတွင်း ငါ ညမအိပ်ခင်တိုင်း ခုတင်ခေါင်းရင်းမှာ သစ်ကြားသီးတစ်လုံး အမြဲထားအိပ်တယ်။ ပြီးရင် ငါ အမြဲ ထလိုက်တိုင်း နောက်နေ့ရောက်ရင်..."

ရွှမ်ကျင်းက ခေါင်းငုံ့သွားသည်။ "သစ်ကြားသီးက မရှိတော့ဘူး"

ကျုံးဝမ် အံ့အားသင့်သွားသည်။ ထို့နောက် ယွီရှီပြောပြသော 'သစ်ကြားသီး'အကြောင်းကို သူ အမှတ်ရသွားမိသည်။ ပြီးနောက် သူ့နှလုံးသားမှာ နာကျင်သွားခဲ့တော့သည်။

"အဲ့နေ့က ငါ ပြောခဲ့တာ သိပ်ပြီးတော့ ကြားရတာ အဆင်မပြေပေမဲ့ သူ ဒီလောက်ထိလုပ်ဖို့လိုလား" ရွှမ်ကျင်းသည် လင်စစ်ကို သေလောက်အောင် မုန်းနေမိသည်။ "အသိမပေးဘဲနဲ့ သူ လတွေကြာအောင် ထွက်သွားတယ်။ သူပြန်လာတာ သေချာတာတောင် သူ့သိုင်းပညာပေါ်မှာ မှီခိုနေပြီး ငါ အိပ်တဲ့အချိန်မှ လာတယ်။ သူ ဘာကိုကြောက်နေတာလဲ။ ငါ သူ့ကို စိတ်တိုတိုနဲ့ လုပ်လိုက်မှာကို ကြောက်နေတာလား"

ကျုံးဝမ်က တွေးနေသည်။ "ကျွန်တော် သူနဲ့ ဒီအကြောင်း တစ်ခေါက်ဆွေးနွေးဖူးပါတယ်။ လင်စစ်က ဘာဖြစ်တယ်ဆိုတာတော့ ပြောမပြပေမဲ့ ကျွန်တော် တချို့ကိစ္စတွေကို ခန့်မှန်းမိပါတယ်။ နောင်တစ်ချိန်ကျရင် တစ်ခုခုဖြစ်သွားပြီး သူသေသွားမှာကို ကြောက်နေတာပါ။ သူက မင်းသားကို ဆွဲမထားချင်ပါဘူး"

"ဘာဖြစ်နိုင်မှာလဲ" ရွှမ်ကျင်း ပါးစပ်ဟလိုက်လျှင် အခြားလူများ ဒေါသထွက်၍ အသက်ထွက်သွားနိုင်သည်။ "တစ်ခုခုဖြစ်မယ်ဆိုရင်တောင် သေမှာက ယွီရှီနဲ့မင်းပဲ။ သူနဲ့ဘာဆိုင်လဲ"

ကျုံးဝမ်သည် လူများ သူ့ကိုရှေ့တည့်တည့်၌ထားကာ ဆဲဆိုသည်ကို အကျင့်ဖြစ်နေခဲ့လေပြီ။ သို့သော် ယွီရှီသေမည်ဟု တစ်ယောက်ယောက်က ပြောဆိုသံကိုကြားသောအခါ စိတ်မပျော်ဖြစ်သွားမိသည်။ ကျုံးဝမ်က ရွှမ်ကျင်းကို လေးလေးနက်နက် စိုက်ကြည့်နေလေသည်။ "အရှင့်သား လင်စစ်ကို ဖမ်းချင်ရင် ကျွန်တော့်မှာ အကြံရှိပါတယ်။ နားထောင်ချင်ပါသလား"

ရွှမ်ကျင်းက အလျင်စလို ပြောလိုက်သည်။ "ပြော"

"ကြွက်ထောင်ချောက်ကိုသုံးပါ" ကျုံးဝမ်က အလေးအနက်ပြောသည်။ "အရှင့်သား အရင်က မြင်ဖူးပါသလား"

ရွှမ်ကျင်းက တွေးကြည့်နေပြီးနောက် လက်ဟန်ဖြင့် ပြောလေသည်။ "ပျဉ်ပြားချပ်နဲ့ သူ့အပေါ်မှာ သတ္တုညှပ်နဲ့ဟာလား..."

"ဟုတ်ပါတယ်" ကျုံးဝမ်သည် ဤကိစ္စကို အလွန်အလေးအနက်ထားသည့်ဟန်ပေါက်သည်။ "ပိုပြီးကြီးအောင် လုပ်လိုက်ပါ။ ခုတင်ကပျဉ်ပြားကို ကြွက်ထောင်ချောက်ပျဉ်ပြားလို လုပ်လိုက်။ အဲဒါကို စောင်တွေအောက်မှာထား။ အပေါ်မှာ သစ်ကြားသီးတွေ အများကြီးတင်ထားလိုက်ပါ။ လင်စစ် ညလယ်ခေါင်မှာ လာခဲ့ရင် သူ သတိလက်လွတ်ဖြစ်တာနဲ့—"

"ငါရူးနေတယ်လို့ မင်းထင်နေလား" ရွှမ်ကျင်းမှာ ထိတ်လန့်သွားသည်။ "မင်း ရူးသွားပြီလား။ သူ အဲ့လောက်ကြီးတဲ့ ကြွက်ထောင်ချောက်ကြီးကို တကယ်မမြင်ဘဲ နေမှာလား"

ကျုံးဝမ်က အတည်ပေါက်ဖြင့် ပြောသည်။ "ညလယ်ခေါင်ကြီးမှာ သူ ဘာကိုများ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါလဲ"

တွေးကြည့်ပြီးနောက် ရွှမ်ကျင်းကပြောသည်။ "ဖြစ်နိုင်တယ်..."

"အရှင့်သား စိတ်ပူပြီး တခြား အကာအကွယ်လုပ်ချင်တယ်ဆို တိရစ္ဆာန်ထောင်ချောက်တချို့ဝယ်ပြီး ပြတင်းပေါက်အောက်နဲ့ ခုတင်ခြေရင်းမှာ ထားလိုက်ပါ။ ထောင်ချောက်တွေ အများကြီး ချထားပါ"

ရွှမ်ကျင်းသည် သေချာတွေးကြည့်ပြီးနောက် သွေးဆောင်စကားနောက် မျောပါသွားတော့သည်။

29.4.2022

Thanks for reading

Zawgyi

မနက္ေရာင္ျခည္ျမင္ရခ်ိန္တြင္ ခ်ဳံအန္းမင္းႀကီးသည္ ေျခခ်င္းယွက္ကာ ဝံပုေလြေမြးေစာင္ကိုျခဳံလ်က္ ခုတင္ေပၚတြင္ ထိုင္ေနသည္။ မ်က္ခြံတစ္ဝက္သာဖြင့္လ်က္ သူေမးလိုက္သည္။ "ေသတဲ့သူရွိေသးလား"

လူယုံမိန္းမစိုးႀကီးက ေရွ႕သို႔ တိုးလာသည္။ "နဂို ဒဏ္ရာျပင္းတဲ့ ႏွစ္ေယာက္ကိုေတာ့ ကယ္လို႔မရခဲ့ပါဘူး။ တခဏအတြင္းမွာပဲ သူတို႔ ေသသြားၾကပါတယ္။ က်န္တဲ့ငါးေယာက္ကလည္း ခုနေလးကမွ တစ္ေယာက္ၿပီးတစ္ေယာက္ ေသသြားပါတယ္"

ခ်ဳံအန္းမင္းႀကီးက မ်က္စိဖြင့္လာသည္။ "ဘယ္လိုေသသြားတာလဲ"

မိန္းမစိုးႀကီးက တိုးလ်လ် ေလၽွာက္တင္သည္။ "အဆိပ္ေသာက္ၿပီးေတာ့ပါ။ ေျခရာလက္ရာမက်န္ရေအာင္ ကၽြန္ေတာ္တို႔ ဂ႐ုစိုက္ထားပါတယ္။ စိတ္မပူပါနဲ႔၊ မင္းႀကီး။ အေစာင့္ေတြက ႏႈတ္လုံပါတယ္။ သူတို႔ေလၽွာက္မဖြရဲပါဘူး။ မနက္ျဖန္ေရာက္လို႔ မင္းႀကီး သူတို႔ကိုေမးရင္ လုပ္ႀကံသူေတြက ပါးစပ္ထဲမွာ အဆိပ္ဖြက္ခဲ့ၿပီး လုပ္ႀကံဖို႔ အခြင့္အေရး မျမင္ေတာ့တဲ့အခါ ျပစ္ဒဏ္ကိုေရွာင္ဖို႔ သတ္ေသသြားၾကတယ္လို႔ပဲ ေျဖပါလိမ့္မယ္။ ဒါေတြအကုန္လုံးက ျဖစ္နိုင္ေခ်ရွိတဲ့ ျဖစ္ရပ္ေတြပါပဲ"

ခ်ဳံအန္းမင္းႀကီးမွာ ပို၍စိတ္ေအးသြားရသည္။ မိန္းမစိုးႀကီးက ေမးၾကည့္သည္။ "မင္းႀကီး သူတို႔ကို ဘာလို႔မစစ္ေဆးတာပါလဲ။ ေသခ်ာေပါက္ကို ကၽြန္ေတာ္မ်ိဳးတို႔က စေတးဖို႔ လူႏွစ္ဆယ့္ငါးေယာက္ပဲ ျပင္ဆင္ထားတာ။ အခုဆို ဆယ့္ႏွစ္ေယာက္က ႐ုတ္တရက္ႀကီး ပိုလာတယ္။ ဘာေတြမ်ား ျဖစ္ေနတာပါလဲ"

"မင္းႀကီးကို လုပ္ႀကံတဲ့အမႈဆိုတာ တရားခံရဲ့ အိမ္ေတာ္နဲ႔ ေဆြစဥ္မ်ိဳးဆက္ ရွစ္ဆက္ကို ကြပ္မ်က္နိုင္တဲ့အမႈပဲ။ သူတို႔ကို မေန႔ညက ဖမ္းမိေတာ့ သူတို႔က သတ္ေသဖို႔ မႀကိဳးစားဘူး။ သူတို႔က ေထာင္နဲ႔ခ်ီတဲ့ ဓားခ်က္ေတြနဲ႔ေသဖို႔ ေစာင့္ေနၾကတာလား။ သူတို႔မွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ အခြင့္အေရး မရွိတာလည္း မဟုတ္ဘူး။ ဒါေတာင္ သူတို႔က အသက္ကို ဒီအတိုင္း ထားထားၾကတယ္" ခ်ဳံအန္းမင္းႀကီးက ေအးစက္ေနေသာ အသံျဖင့္ ေျပာသည္။ "သူတို႔ အသက္ရွင္ခဲ့ရင္ ျပင္းျပင္းထန္ထန္ ႏွိပ္စက္ခံရမွာကို တကယ္မသိတာလား။ သူတို႔က ဒါကိုေတာင္ မေၾကာက္မွေတာ့ ေတာ္ေတာ္ စိတ္ဓာတ္ျပင္းတဲ့သူေတြဆိုတာ သိသာေနတာပဲ။ အဲလိုလူေတြကို အမွန္ေျပာဖို႔အတြက္ ငါတို႔လုပ္နိုင္မယ္ထင္လား။ ငါ သူတို႔ကို အခုမသတ္လိုက္ရင္ မနက္ေရာက္ၿပီး သူတို႔မေျပာသင့္တဲ့စကားေတြ ေျပာမွာကို ေစာင့္ေနရမွာလား"

ခ်ဳံအန္းမင္းႀကီး၏မ်က္ႏွာမွာ အဆုံးစြန္ထိတိုင္ ပ်က္ယြင္းလို႔ေနသည္။ ကနဦးတြင္ သူသည္ မင္းသားယြီသို႔ ရည္ညႊန္းေနမည့္ ေကာင္းမြန္ေသာ အႀကံအစည္တစ္ခုကို စီစဥ္ထားခဲ့သည္။ ခ်ဳံအန္းမင္းႀကီးအေနႏွင့္ မ်ားမ်ားစားစားပင္ ေျပာေနစရာမလိုဘဲ ျဖစ္ခ်င္ေသာ လမ္းေၾကာင္းအတိုင္းလိုက္ကာ ဤကိစၥႀကီးကို စစ္ေဆးေပးမည့္လူမ်ား မလြဲမေသြ ရွိလာေပလိမ့္မည္။ မင္းႀကီးအားလုပ္ႀကံသည့္ ဤအမႈအခင္းမ်ိဳးအတြက္ မင္းသားယြီဆယ္ေယာက္ကပင္ ေရွာင္လြဲနိုင္လိမ့္မည္မဟုတ္။ ဤသည္မွာ ယြီမုခ်န္အား ရွင္းထုတ္ပစ္ရန္ အျမန္ဆုံးနည္းလမ္းပင္ျဖစ္သည္။

ထို႔အျပင္ ရႊမ္ခ်ဳံမွာ လြန္ခဲ့သည့္ရက္မ်ားက အက်ယ္ခ်ဳပ္က်ေနခဲ့ၿပီး ဤကိစၥမ်ားကို မသိခဲ့ရေပ။ ဤသို႔အားျဖင့္ သူသည္ သူ႔မိခင္မိသားစုႏွင့္ အလြန္အမင္း ပါဝင္ပတ္သက္ေနမည္မဟုတ္။ အဆိုးဆုံးအေျခအေနတြင္ ခ်ဳံအန္းမင္းႀကီးသည္ ကိုယ္လုပ္ေတာ္ယြီကို စေတးပစ္လိုက္နိုင္သည္။ သို႔ေသာ္ ဤကိစၥသည္ ေတာ္ဝင္မိသားစုကို လုံးဝထိခိုက္လိမ့္မည္မဟုတ္။

သူ၏လုပ္ႀကံသူအတုမ်ားက လုပ္ႀကံသူအစစ္မ်ားကို ျဖစ္ေပၚေစလိမ့္မည္ဟု သူ ဘယ္တုန္းကမွ ေတြးမထားခဲ့ဖူးေပ။ လုပ္ႀကံသူ သုံးဆယ္ေက်ာ္ရွိေၾကာင္းကို ခ်ဳံအန္းမင္းႀကီး ၾကားလိုက္ရေသာအခါ သူ႔ကိုယ္ေပၚမွ ေခၽြးေစးမ်ား က်လာခဲ့ရသည္။

သတိမူ၍ တစ္ခုခု လြဲေခ်ာ္ခဲ့ပါကဟူေသာ ျဖစ္တန္ေခ်ကို စဥ္းစားကာ သူ႔နန္းေဆာင္အတြင္းႏွင့္အျပင္တြင္ အေစာင့္မ်ားစြာ ခ်မထားခဲ့ပါက သူ တကယ္ လုပ္ႀကံခံလိုက္ရနိုင္သည္။

လြန္ခဲ့သည့္ ေျခာက္နာရီေလာက္ခန႔္က ျဖစ္ရပ္မ်ားကို သူျပန္ေတြးေနရင္း ယာယီနန္းေတာ္ထဲသို႔ လုပ္ႀကံသူ ဆယ္ေယာက္ေက်ာ္ ဝင္ေရာက္ေနႏွင့္ၿပီကို ေတြးမိလိုက္ေသာအခါ သူသည္ အပ္ဖ်ားထပ္ေလးမ်ားေပၚတြင္ ထိုင္ေနရဘိသကဲ့သို႔ ခံစားလိုက္ရသည္။

"ဒါေပမဲ့..." မိန္းမစိုးက မ်က္ခုံးၾကဳတ္ကာ အေနခက္လ်က္ ေျပာသည္။ ထို႔ေနာက္ သူကအသံတိုးတိုးျဖင့္ ေလၽွာက္ေလသည္။ "ကၽြန္ေတာ္ ဘယ္လိုလုပ္ရမယ္ကို တကယ္မသိေတာ့ပါဘူး။ စေတးခံလူေတြကို ေခၚေပးတဲ့ လူေတြကို ဒီအေစခံ ခုနက စစ္ေဆးၿပီး ျပင္းျပင္းထန္ထန္ အျပစ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔က သူတို႔ဘာမွမသိဘူးလို႔ပဲ ေျပာေနၿပီး သူ႔တို႔အျပစ္ကင္းပါတယ္လို႔ ထပ္တလဲလဲ ေျပာေနၾကပါတယ္။ သူတို႔ၾကည့္ရတာလည္း ဘာျဖစ္ခဲ့တယ္ဆိုတာကို တကယ္ မသိၾကပုံပါပဲ။ ဒါဆို... ဒါဆို ကၽြန္ေတာ္တို႔ ဆက္ၿပီး စစ္ေဆးလိုက္ရပါမလား"

မိန္းမစိုးက သတိထားလ်က္ ေမးသည္။ "မင္းႀကီး သံသယရွိတဲ့လူမ်ား ရွိလား။ အဲလိုဆို ကၽြန္ေတာ္တို႔ အေစခံေတြ စစ္ေဆးရတာ ပိုျမန္ဆန္ပါလိမ့္မယ္"

ခ်ဳံအန္းမင္းႀကီးက ေထ့ေငါ့သည္။ "ဘယ္သူနဲ႔စသင့္တယ္ဆိုတာကို မင္းတို႔ေတြ တကယ္မသိတာလား။ မင္းတို႔က သူ႔ကို စစ္ေဆးဖို႔ ေၾကာက္လြန္းေနတာပဲ"

မိန္းမစိုးက ရွက္ရြံ့စြာ ျပဳံးေလသည္။ သူ စကားတစ္ခြန္းပင္ မဟရဲေပ။

တခဏအၾကာတြင္ အေစာင့္ဟန္ဝတ္ဆင္ထားေသာ လူတစ္ေယာက္က နန္းေတာ္ခန္းမထဲသို႔ ေရာက္ရွိေၾကာင္း မေၾကညာဘဲ ဝင္လာခဲ့သည္။ သူက ဒူးေထာက္လ်က္ အရိုအေသေပးေလသည္။ "မင္းႀကီး၊ သူလၽွိုေတြ ျပန္ေရာက္လာပါၿပီ"

ခ်ဳံအန္းမင္းႀကီးသည္ တစ္ညလုံး မအိပ္ရေသးေပ။ ထိုစကားမ်ားကိုၾကားေသာ္ သူက စိတ္ညစ္ညဴးလ်က္ ေျပာလိုက္သည္။ "ေျပာ"

အေစာင့္ဟန္ဝတ္ဆင္ထားသူက ေျပာသည္။ "မိဖုရားႀကီးရဲ့ဘက္မွာ ဘာလႈပ္ရွားမႈမွ မရွိပါဘူး။ မင္းသမီးႀကီးက ေၾကာက္ေနပါတယ္။ စိတ္ၿငိမ္ေဆး ေသာက္ၿပီးေတာ့ အိပ္ေပ်ာ္သြားပါၿပီ။ မိဖုရားႀကီးက မင္းသမီးႀကီးကို သြားၾကည့္ၿပီးေတာ့ မင္းသမီးငယ္ေလးေတြကို စစ္ေဆးခဲ့ပါတယ္။ ၿပီးေတာ့ အိပ္ရာဝင္သြားပါတယ္။ အဲ့မွာ တျခားဘာလႈပ္ရွားမႈမွ မရွိပါဘူး"

"စတုတၳမင္းသားနဲ႔ ပဥၥမမင္းသားတို႔ဘက္မွာေတာ့ ပိုၿပီး လႈပ္လႈပ္ရွားရွား ရွိပါတယ္။ မင္းသားႏွစ္ပါးက အေနာက္နန္းေဆာင္ကို ျပန္ေရာက္ေတာ့ စၿပီး စကားမ်ားၾကပါတယ္။ စတုတၳမင္းသားက အားလုံးေနာက္မွာ မင္းသားယြီ ရွိေနတယ္ဆိုတဲ့ သူ႔အျမင္ကို ကပ္တြယ္ေနပါတယ္။ ဘာျဖစ္ခဲ့တယ္ဆိုတာ သိသလားလို႔ ပဥၥမမင္းသားကို သူကေမးပါတယ္။ မဟုတ္ရင္ ယာယီနန္းေတာ္ကိုေရာက္ေတာ့ ဘာလို႔ အခန္းထဲမွာပဲ ပုန္းေနတာလဲတဲ့။ ဘာျဖစ္မယ္ဆိုတာကို ႀကိဳသိခဲ့လို႔ ေသရမွာေၾကာက္ၿပီး ပုန္းေနခဲ့တာ ျဖစ္နိုင္တယ္တဲ့။ ပဥၥမမင္းသားက ေဒါသထြက္သြားခဲ့ပါတယ္။ သူဘာကိုမွ မသိေၾကာင္းကို ဆက္တိုက္ေျပာေနခဲ့ပါတယ္။ မင္းသားႏွစ္ပါးက အခ်ိန္အၾကာႀကီး စကားမ်ားျငင္းခုန္ေနခဲ့ၾကပါတယ္။ အဆုံးက်ေတာ့ အဆင္မေျပဘဲ လူခြဲလိုက္ၾကၿပီး အနားယူဖို႔ ကိုယ္စီအခန္းကို ျပန္သြားခဲ့ၾကပါတယ္"

"ရႊမ္က်င္းေျပာတာ ရႊမ္ခ်ဳံ ဒီယာယီနန္းေတာ္ကိုေရာက္ေတာ့ အရင္ဆုံးလုပ္တာက အခန္းထဲမွာ ပိတ္ေလွာင္ၿပီး ေနေနသတဲ့လား" ခ်ဳံအန္းမင္းႀကီးက ဘဝင္မက် ျဖစ္သြားသည္။ "မင္းတို႔ ဒါကိုစုံစမ္းၿပီးၿပီလား။ တကယ္လား"

ဒူးေထာက္ေနေသာ အေစာင့္က ေခါင္းညိတ္သည္။ "ဟုတ္ပါတယ္။ အစကေတာ့ ပဥၥမမင္းသားက အက်ယ္ခ်ဳပ္ အၾကာႀကီးက်ေနခဲ့ရလို႔ ေနရာတိုင္းကို စိတ္ႀကိဳက္မသြားရဲတာ မထူးဆန္းဘူးလို႔ ဒီအမႈထမ္း ေတြးခဲ့ပါတယ္။ ဒါေပမဲ့ ပဥၥမမင္းသားကို ေစာင့္ၾကည့္ခိုင္းထားတဲ့လူကို ကၽြန္ေတာ္တို႔ေခၚၿပီး စစ္ေဆးၾကည့္ေတာ့ ဒီလိုေတြ႕ခဲ့ရပါတယ္ : ကၽြန္ေတာ္တို႔ ၿမိဳ႕ေတာ္က ထြက္မလာခင္တုန္းက မင္းသားယြီရဲ့လူေတြ ပဥၥမမင္းသားဆီသြားၿပီး ဂါရဝျပဳရင္း ယာယီနန္းေတာ္ေရာက္တာနဲ႔ အေျပာအဆို၊ အျပဳအမူ သတိထားရမယ္လို႔ ေျပာခဲ့ၾကပါတယ္တဲ့။ မင္းႀကီးကို စိတ္မခ်မ္းေျမ့ေအာင္ မလုပ္ရဘူးဆိုၿပီးေတာ့။ မင္းသားယြီက ဒီအႀကံကို ေစတနာနဲ႔ အႀကံေပးတာလား၊ တစ္ခုခုကို ရည္ညႊန္းတာလား။ ေျပာဖို႔ခက္ပါတယ္။ ကၽြန္ေတာ္တို႔လိုလူေတြက တစ္ဆင့္စကားအေပၚ မလႈပ္ရွားဝံ့ပါဘူး။ မင္းႀကီး၊ ကၽြန္ေတာ္တို႔ ဆက္ၿပီးစစ္ေဆးသင့္လားဆိုတာကို အတိအလင္း မိန႔္ၾကားေပးပါ"

ခ်ဳံအန္းမင္းႀကီးက စကားတိတ္သြားသည္။ တေအာင့္ၾကာေအာင္ စဥ္းစားၿပီးေနာက္ သူကေျပာသည္။ "က်စ္႐ုန္ဘက္မွာေရာ ဘယ္လိုလဲ"

အေစာင့္က တန႔္သြားၿပီး ေျပာလိုက္သည္။ "မင္းသားငယ္ယြီနဲ႔ သခင္ေလးက်ဳံးတို႔က နန္းေဆာင္အေရွ႕ျခမ္းကို ျပန္သြားၾကပါတယ္။ အေစာင့္ေတြကို ေျပာင္းေပးဖို႔ အမိန႔္ေပးၿပီးေတာ့ သခင္ေလးက်ဳံးကို သူနဲ႔အတူ အနားယူဖို႔ ေခၚသြားပါတယ္။ သူတို႔မအိပ္ခင္... ျဖစ္ခဲ့တာေတြနဲ႔ ဘာမွမဆိုင္တဲ့ စကားနည္းနည္းပါးပါးကို ခုတင္ေပၚမွာ တီးတိုးေျပာခဲ့ၾကပါတယ္"

ခ်ဳံအန္းမင္းႀကီးမွာ စိတ္မရွည္ျဖစ္ေနသည္။ "သူတို႔က ဘာအေၾကာင္းေျပာၾကတာလဲ။ ဒီလိုျပႆနာႀကီး ျဖစ္ထားတာေတာင္ သူတို႔က နည္းနည္းေလးမွ မေဆြးေႏြးၾကဘူးေပါ့ေလ"

အေစာင့္မွာ ကူကယ္ရာမဲ့ေနသည္။ သူ႔ကိုယ္သူ စိတ္အားတင္းထားလ်က္သာ ေျပာလိုက္သည္။ "မင္းသားငယ္ယြီနဲ႔ သခင္ေလးက်ဳံးတို႔က စကားမ်ားေနခဲ့ၾကဟန္ပါပဲ။ စစကေတာ့ သူတို႔ တကယ္ကို တိုးတိုးေလး ေျပာေနခဲ့တာပါ။ ေနာက္က်ေတာ့ သေဘာတူဖို႔ ညႇိမရလို႔လားပဲ၊ သခင္ေလးက်ဳံးရဲ့အသံက ပိုက်ယ္လာၿပီး စကားတခ်ိဳ႕ကို သူလၽွိုက ၾကားလိုက္နိုင္ပါတယ္"

"သခင္ေလးက်ဳံးေျပာတာက မင္းသားငယ္ယြီ အိပ္မယ္ဆိုလည္း အိပ္။ ဘာလို႔သူ႔ကိုအနိုင္က်င့္ရတာလဲ။ သူ႔ရဲ့... သူ႔ရဲ့... ဟာကိုခ်ည္ၿပီးေတာ့ ဒီအတိုင္းႀကီး ပစ္ထားရတာလဲ။ ဘာလို႔ သူ႔ကို အသံမထြက္ေအာင္ ဆို႔ထားၿပီး ေတာင္းပန္ခ်င္ရင္ေတာင္ ေတာင္းပန္လို႔မရဘဲ က်ီစားခံေနရ႐ုံပဲ တတ္နိုင္ေအာင္ လုပ္ရတာပါလဲတဲ့"

"မင္းသားငယ္ယြီရဲ့အသံက အရမ္းတိုးလြန္းလွပါတယ္။ သူေျပာတာက သခင္ေလးက်ဳံးက အရမ္း... အရမ္း... အထိန္းအခ်ဳပ္ကို မရွိဘူးတဲ့။ အသံမထြက္ေအာင္ လုပ္ရတာက ပိုၿပီးၾကာၾကာ ေနာက္ေျပာင္လို႔ရေအာင္တဲ့။ သခင္ေလးက်ဳံးက ဒီစကားကိုၾကားေတာ့ အသံတိုးတိုးနဲ႔ ေမးပါတယ္ 'ငါ့ကိုထိန္းခ်ဳပ္လို႔မရေအာင္ မင္းပဲလုပ္တာ မဟုတ္ဘူးလား'တဲ့။ အဲ့ေနာက္မွာ မင္းသားငယ္ယြီကေျပာပါတယ္—"

"ေတာ္လိုက္ေတာ့" ခ်ဳံအန္းမင္းႀကီးက ေခါင္းကိုက္လ်က္ ေျပာလိုက္သည္။ "ငါ ဒါကိုဆက္မၾကားခ်င္ေတာ့ဘူး"

အေစာင့္၏ပုခုံးေပၚမွ ဝန္ထုပ္ဝန္ပိုးႀကီးမွာ ေလ်ာ့သြားခဲ့ရေလၿပီ။

ခ်ဳံအန္းမင္းႀကီးမွာ အသက္ရႉမမွန္ေတာ့သည္အထိ စိတ္တိုေနသည္။ "လုပ္ႀကံသူေတြက ယာယီနန္းေတာ္မွာ ေပၚလာခဲ့႐ုံရွိေသးတယ္။ ဒါေတာင္ ဒီႏွစ္ေယာက္က ဒီအေၾကာင္းေတြေျပာဖို႔ စိတ္ပါေနေသးတယ္။ ဒီ..."

မိန္းမစိုးက အသံတိုးတိုးျဖင့္ ေျပာဆိုသည္။ "မင္းႀကီး စိတ္မပူပါနဲ႔။ မင္းသားငယ္ယြီနဲ႔ သခင္ေလးက်ဳံးတို႔ ႏွစ္ေယာက္လုံးက ထက္ျမက္ၾကပါတယ္။ သူတို႔ကို ေခ်ာင္းနားေထာင္ေနတဲ့သူ ရွိေနမွာကို ခန႔္မွန္းမိၾကတဲ့ပုံပါပဲ။ အေရးႀကီးကိစၥေတြကို ေဆြးေႏြးရင္ေတာင္ သူလၽွိုေတြကိုၾကားခြင့္ေပးမွာ မဟုတ္ပါဘူး"

"ငါလည္း ဒါကိုေတာ့ သိတာေပါ့" ခ်ဳံအန္းမင္းႀကီးမွာ အလြန္ေဒါသထြက္ေနခဲ့ၿပီး ဤခံစားခ်က္ကို မည္သို႔ရွင္းထုတ္ပစ္ရမည္ကို မသိေပ။ "ငါက သူတို႔ စိတ္ထဲေပါ့ပါးေနလြန္းလို႔ကို စိတ္တိုတာ။ ဒီလိုေသေရးရွင္ေရး ျဖစ္ေနတဲ့အခ်ိန္မွာ သူတို႔က ဒီလိုအေတြးေတြ ေတြးေနေသးတယ္။ အသုံးမက်လိုက္တဲ့ဟာေတြ။ သူတို႔က မ်ိဳးရိုးအဆက္ဆက္ ေယာက္်ားေတြကို မျမင္ခဲ့ဖူးဘူးလား"

အေစာင့္မွာ သိပ္မေျပာရဲေပ။

"ေတာ္ၿပီ။ သူတို႔အားလုံးက အားကိုးလို႔ကို မရဘူး"

ခ်ဳံအန္းမင္းႀကီးသည္ မ်က္ခုံးႏွစ္ဖက္ၾကားကို ႏွိပ္နယ္ေနသည္။ "အမိန႔္ေပးလိုက္... မင္းသမီးႀကီးအန္းေကာက ဒဏ္ရာရထားလို႔ လႈပ္ရွားဖို႔ အဆင္မေျပဘူး။ ဒါေၾကာင့္ ခုရွိေနတဲ့သူေတြအားလုံး ေလာေလာဆယ္ ၿမိဳ႕ေတာ္ကို မျပန္ရေသးဘူး"

မိန္းမစိုးက အလ်င္အျမန္ေျပာသည္။ "ဘယ္လိုလုပ္ၿပီးေတာ့ ျဖစ္ပါ့မလဲ။ မင္းႀကီးရဲ့ခႏၶာေတာ္က ျမင့္ျမတ္ၿပီး အဖိုးတန္လွတာကို။ ဘယ္လိုလုပ္ၿပီး ဒီမွာဆက္ေနလို႔ ျဖစ္ပါ့မလဲ"

"ငါ အခုျပန္သြားရင္ မင္းသားယြီျပႆနာကို ဘယ္လိုလုပ္ၿပီး စစ္ေဆးရမလဲ" ခ်ဳံအန္းမင္းႀကီး၏အသံမွာ ခဲသြားေလာက္သည္အထိ ေအးစက္ေနခဲ့သည္။ "သူ႔ကို ေအးေအးေဆးေဆးနဲ႔ သဲလြန္စေတြအကုန္ ရွင္းပစ္လို႔ရေအာင္ အခ်ိန္ေပးထားရမွာလား"

ခ်ဳံအန္းမင္းႀကီး၏မ်က္ႏွာမွာ ေလးပင္မွိုင္းတိုင္းေနခဲ့သည္။ "က်စ္႐ုန္က သံသယဝင္ခံရမွာကို ေရွာင္မွျဖစ္မယ္။ ရႊမ္ခ်ဳံမွာလည္း တရားမၽွတေရး႐ုံးေတာ္မွာ လူေတြအမ်ားႀကီး ရွိတာမို႔ သံသယဝင္ခံရမွာကို ေရွာင္ရမယ္။ သြား... ဒီခရီးမွာလိုက္လာတဲ့ အမတ္ေတြကို လမ္းေၾကာင္းမွာ ရွိေနတဲ့လူေတြကို ရွင္းပစ္ဖို႔နည္းလမ္း ခ်က္ခ်င္း စဥ္းစားဖို႔ေျပာလိုက္။ ၿမိဳ႕ေတာ္က အမတ္ေတြကိုေတာ့ ဒီကိစၥအေၾကာင္းကို တစ္ခါတည္း စစ္ေဆးနိုင္မဲ့ လုပ္ရည္ကိုင္ရည္ရွိတဲ့ အဖြဲ႕တစ္ခုဖြဲ႕ဖို႔ အမိန႔္ေပးလိုက္"

မိန္းမစိုးက ဆိုလိုရင္းကို သေဘာေပါက္လ်က္ အမိန႔္ကို လက္ဆင့္ကမ္းရန္ ျမန္ျမန္ထြက္သြားေတာ့သည္။

ေကာင္းကင္၌ ေတာက္ပလာသည္ႏွင့္ ခ်ဳံအန္းမင္းႀကီးသည္ ယြီရွီကို ဆင့္ေခၚလိုက္ေတာ့သည္။ က်ဳံးဝမ္သည္ မိမိဘာသာမိမိ နိုးထလာခဲ့ၿပီး တစ္ေယာက္တည္း မနက္စာစားခဲ့ရသည္။ သူ သတင္းကို ေမၽွာ္ေနခဲ့သည္။

မ်ားမၾကာမီတြင္ ယြီရွီအား ယာယီနန္းေတာ္သို႔ လိုက္ပါခစားရေသာ မိန္းမစိုးက ေရာက္လာခဲ့သည္။ သူကေျပာသည္။ "အဲ့လုပ္ႀကံသူေတြအကုန္ ေသသြားပါၿပီ"

က်ဳံးဝမ္ ႀကိတ္ရယ္မိသည္။ ယြီရွီသည္ တကယ္မွန္ေအာင္ ခန႔္မွန္းနိုင္ခဲ့သည္။ သူေမးလိုက္သည္။ "တာ့လီခုံ႐ုံးက သံသယဝင္ခံရမွာကို ေရွာင္ရမယ္ဆိုေတာ့ ဒီကိစၥကို ဘယ္သူက စစ္ေဆးေနတာလဲ"

"မင္းႀကီးရဲ့လူယုံေတြပါ" မိန္းမစိုးက ခပ္တိုးတိုးသာ ေျပာသည္။ "အ႐ုဏ္မတက္ခင္မွာပဲ မင္းသားယြီကိုဆင့္ေခၚဖို႔ ၿမိဳ႕ေတာ္ဆီ လူတစ္ေယာက္သြားလိုက္ပါၿပီ"

က်ဳံးဝမ္ ဆြံ့အသြားေတာ့သည္။

ခ်ဳံအန္းမင္းႀကီးသည္ ရႈပ္ေထြးေနေသာ အေျခအေနတြင္ ျပတ္သားေသာ လုပ္ေဆာင္ခ်က္ကို လုပ္ခ်င္ေနသည္။ ယြီမုခ်န္သည္ ယခုအခ်ိန္တြင္ လႈပ္ရွားသင့္ေပၿပီ။

က်ဳံးဝမ္ေခါင္းညိတ္လိုက္သည္။ မိန္းမစိုးကို ထြက္သြားရန္ ခြင့္ေပးလိုက္ေတာ့သည္။

ယမန္ေန႔ညက သူႏွင့္ယြီရွီၾကားမွ 'တီးတိုးစကားမ်ား'ကို သူျပန္ေတြးၾကည့္မိသည္။ ယြီရွီ အေတာ္ၾကာသည္အထိ ျပန္မလာပုံေထာက္လၽွင္ မင္းႀကီး သူ႔ကို ယေန႔ ေျမာက္မ်ားလွစြာေသာ ဆုံးမဩဝါဒမ်ား ေႁခြေနပုံရွိသည္။ က်ဳံးဝမ္သည္ ၾကက္က ဘဲကိုစကားေျပာဟန္ရွိသည့္ ယြီရွီႏွင့္ ခ်ဳံအန္းမင္းႀကီးၾကားမွ စကားမ်ားကို ေတြးၾကည့္မိရန္ ေၾကာက္ေနမိသည္။

ပ်င္းရိစြာျဖင့္ သူ ရႊမ္က်င္းထံ လည္ပတ္ရန္ သြားခဲ့လိုက္သည္။

ရႊမ္က်င္းသည္ သူ႔ကို စိတ္တိုလ်က္ပင္ ရွိေနေသးၿပီး က်ဳံးဝမ္ကို ၾကည့္႐ုံႏွင့္ပင္ စိတ္ရႈပ္လာသည္။ "မင္း ဘာလို႔လာတာလဲ။ ငါ အလုပ္ရႈပ္လြန္းလို႔ မင္းနဲ႔ အလာပသလႅာပ စကားေျပာဖို႔ အခ်ိန္မရွိေသးဘူး"

က်ဳံးဝမ္သည္ ရႊမ္က်င္းႏွင့္ အလြန္တရာ ရင္းႏွီးေလဟန္ပုံဖမ္းကာ ထိုင္ခ်လိုက္ၿပီး သူ႔ကိုယ္သူ သူစိမ္းတစ္ေယာက္ကဲ့သို႔ ျပဳမူမေနေပ။ "အရွင့္သား၊ ဘာေၾကာင့္ အလုပ္ရႈပ္ေနတာပါလဲ။ ကၽြန္ေတာ့္ကိုေျပာျပပါလား"

"မင္း..." ရႊမ္က်င္းသည္ တစ္စုံတစ္ရာကို ေျပာခ်င္သည့္တိုင္ ခ်ီတုံခ်တုံျဖစ္ေနသည္။ သူ ယြီရွီကို တကယ္မႀကိဳက္ခဲ့ရာမွ ယခုအခ်ိန္တြင္ က်ဳံးဝမ္ကိုလည္း စတင္၍ မႀကိဳက္လာေတာ့ေပ။ "သြားစမ္းပါ။ အစကေတာ့ ငါ မင္းကို လင္စစ္ဘယ္သြားလဲဆိုၿပီးေမးဖို႔ အႀကိမ္ေရတခ်ိဳ႕ စကားေျပာခ်င္ခဲ့တယ္။ မင္းက ရက္စက္ၿပီး အသုံးမက်ျဖစ္ေနလိမ့္မယ္လို႔ မေတြးထားခဲ့ဘူး။ မင္းမသိတဲ့ကိစၥေတြကို ငါ မင္းဆီကေန ေမးလို႔မရနိုင္ဘူး။ ဒါေပမဲ့ မင္း တစ္ခုခုကို သိျပန္ေတာ့လည္း ငါ့ကို ေပးမသိဘူး။ မင္းကို ဘယ္သူကမ်ား အလုပ္ရႈပ္ခံၿပီး ေမးေနေတာ့မွာလဲ"

က်ဳံးဝမ္ အံ့ဩသြားသည္။ "ဒါ မမွန္ပါဘူး။ ကၽြန္ေတာ္ လင္စစ္ကို ေနာက္ဆုံးတစ္ေခါက္ေတြ႕တုန္းက မင္းသားဆီ သြားေတြ႕ဖို႔ သူ႔ကိုေသခ်ာေလး ေျပာလိုက္ပါတယ္။ သူလာမေတြ႕ဘူးလား"

ရႊမ္က်င္းက ေခတၱ တြန႔္ဆုတ္ေနသည္။ ထို႔ေနာက္ မေရမရာ ေျပာေလသည္။ "သူ ငါ့ဆီလာတယ္လို႔ေတာ့ ေျပာလို႔ရနိုင္မယ္ထင္တယ္"

က်ဳံးဝမ္ ရယ္ခ်လိုက္မိသည္။ "ေျပာလို႔ရနိုင္မယ္ ဟုတ္လား"

ရႊမ္က်င္း၏မ်က္ႏွာမွာ အလြန္တရာ မွိုင္းတိုင္းသြားခဲ့သည္။ သူ႔ထံမွ စကားတစ္ခြန္းပင္ ထြက္မလာေပ။ သို႔ေသာ္ က်ဳံးဝမ္က သူ႔ကို မရပ္မနား ေမးေနခဲ့ၿပီး ရႊမ္က်င္းခမ်ာ နားညီးမခံနိုင္ေတာ့ေပ။ ထို႔ေၾကာင့္ ခ်ီတုံခ်တုံျဖင့္သာ ေျပာလိုက္ေတာ့သည္။ "ဒီလအတြင္း ငါ ညမအိပ္ခင္တိုင္း ခုတင္ေခါင္းရင္းမွာ သစ္ၾကားသီးတစ္လုံး အျမဲထားအိပ္တယ္။ ၿပီးရင္ ငါ အျမဲ ထလိုက္တိုင္း ေနာက္ေန႔ေရာက္ရင္..."

ရႊမ္က်င္းက ေခါင္းငုံ႔သြားသည္။ "သစ္ၾကားသီးက မရွိေတာ့ဘူး"

က်ဳံးဝမ္ အံ့အားသင့္သြားသည္။ ထို႔ေနာက္ ယြီရွီေျပာျပေသာ 'သစ္ၾကားသီး'အေၾကာင္းကို သူ အမွတ္ရသြားမိသည္။ ၿပီးေနာက္ သူ႔ႏွလုံးသားမွာ နာက်င္သြားခဲ့ေတာ့သည္။

"အဲ့ေန႔က ငါ ေျပာခဲ့တာ သိပ္ၿပီးေတာ့ ၾကားရတာ အဆင္မေျပေပမဲ့ သူ ဒီေလာက္ထိလုပ္ဖို႔လိုလား" ရႊမ္က်င္းသည္ လင္စစ္ကို ေသေလာက္ေအာင္ မုန္းေနမိသည္။ "အသိမေပးဘဲနဲ႔ သူ လေတြၾကာေအာင္ ထြက္သြားတယ္။ သူျပန္လာတာ ေသခ်ာတာေတာင္ သူ႔သိုင္းပညာေပၚမွာ မွီခိုေနၿပီး ငါ အိပ္တဲ့အခ်ိန္မွ လာတယ္။ သူ ဘာကိုေၾကာက္ေနတာလဲ။ ငါ သူ႔ကို စိတ္တိုတိုနဲ႔ လုပ္လိုက္မွာကို ေၾကာက္ေနတာလား"

က်ဳံးဝမ္က ေတြးေနသည္။ "ကၽြန္ေတာ္ သူနဲ႔ ဒီအေၾကာင္း တစ္ေခါက္ေဆြးေႏြးဖူးပါတယ္။ လင္စစ္က ဘာျဖစ္တယ္ဆိုတာေတာ့ ေျပာမျပေပမဲ့ ကၽြန္ေတာ္ တခ်ိဳ႕ကိစၥေတြကို ခန႔္မွန္းမိပါတယ္။ ေနာင္တစ္ခ်ိန္က်ရင္ တစ္ခုခုျဖစ္သြားၿပီး သူေသသြားမွာကို ေၾကာက္ေနတာပါ။ သူက မင္းသားကို ဆြဲမထားခ်င္ပါဘူး"

"ဘာျဖစ္နိုင္မွာလဲ" ရႊမ္က်င္း ပါးစပ္ဟလိုက္လၽွင္ အျခားလူမ်ား ေဒါသထြက္၍ အသက္ထြက္သြားနိုင္သည္။ "တစ္ခုခုျဖစ္မယ္ဆိုရင္ေတာင္ ေသမွာက ယြီရွီနဲ႔မင္းပဲ။ သူနဲ႔ဘာဆိုင္လဲ"

က်ဳံးဝမ္သည္ လူမ်ား သူ႔ကိုေရွ႕တည့္တည့္၌ထားကာ ဆဲဆိုသည္ကို အက်င့္ျဖစ္ေနခဲ့ေလၿပီ။ သို႔ေသာ္ ယြီရွီေသမည္ဟု တစ္ေယာက္ေယာက္က ေျပာဆိုသံကိုၾကားေသာအခါ စိတ္မေပ်ာ္ျဖစ္သြားမိသည္။ က်ဳံးဝမ္က ရႊမ္က်င္းကို ေလးေလးနက္နက္ စိုက္ၾကည့္ေနေလသည္။ "အရွင့္သား လင္စစ္ကို ဖမ္းခ်င္ရင္ ကၽြန္ေတာ့္မွာ အႀကံရွိပါတယ္။ နားေထာင္ခ်င္ပါသလား"

ရႊမ္က်င္းက အလ်င္စလို ေျပာလိုက္သည္။ "ေျပာ"

"ႂကြက္ေထာင္ေခ်ာက္ကိုသုံးပါ" က်ဳံးဝမ္က အေလးအနက္ေျပာသည္။ "အရွင့္သား အရင္က ျမင္ဖူးပါသလား"

ရႊမ္က်င္းက ေတြးၾကည့္ေနၿပီးေနာက္ လက္ဟန္ျဖင့္ ေျပာေလသည္။ "ပ်ဥ္ျပားခ်ပ္နဲ႔ သူ႔အေပၚမွာ သတၱဳညႇပ္နဲ႔ဟာလား..."

"ဟုတ္ပါတယ္" က်ဳံးဝမ္သည္ ဤကိစၥကို အလြန္အေလးအနက္ထားသည့္ဟန္ေပါက္သည္။ "ပိုၿပီးႀကီးေအာင္ လုပ္လိုက္ပါ။ ခုတင္ကပ်ဥ္ျပားကို ႂကြက္ေထာင္ေခ်ာက္ပ်ဥ္ျပားလို လုပ္လိုက္။ အဲဒါကို ေစာင္ေတြေအာက္မွာထား။ အေပၚမွာ သစ္ၾကားသီးေတြ အမ်ားႀကီးတင္ထားလိုက္ပါ။ လင္စစ္ ညလယ္ေခါင္မွာ လာခဲ့ရင္ သူ သတိလက္လြတ္ျဖစ္တာနဲ႔—"

"ငါ႐ူးေနတယ္လို႔ မင္းထင္ေနလား" ရႊမ္က်င္းမွာ ထိတ္လန႔္သြားသည္။ "မင္း ႐ူးသြားၿပီလား။ သူ အဲ့ေလာက္ႀကီးတဲ့ ႂကြက္ေထာင္ေခ်ာက္ႀကီးကို တကယ္မျမင္ဘဲ ေနမွာလား"

က်ဳံးဝမ္က အတည္ေပါက္ျဖင့္ ေျပာသည္။ "ညလယ္ေခါင္ႀကီးမွာ သူ ဘာကိုမ်ား ရွင္းရွင္းလင္းလင္း ျမင္နိုင္မွာပါလဲ"

ေတြးၾကည့္ၿပီးေနာက္ ရႊမ္က်င္းကေျပာသည္။ "ျဖစ္နိုင္တယ္..."

"အရွင့္သား စိတ္ပူၿပီး တျခား အကာအကြယ္လုပ္ခ်င္တယ္ဆို တိရစၧာန္ေထာင္ေခ်ာက္တခ်ိဳ႕ဝယ္ၿပီး ျပတင္းေပါက္ေအာက္နဲ႔ ခုတင္ေျခရင္းမွာ ထားလိုက္ပါ။ ေထာင္ေခ်ာက္ေတြ အမ်ားႀကီး ခ်ထားပါ"

ရႊမ္က်င္းသည္ ေသခ်ာေတြးၾကည့္ၿပီးေနာက္ ေသြးေဆာင္စကားေနာက္ ေမ်ာပါသြားေတာ့သည္။

29.4.2022

Thanks for reading

Continue Reading

You'll Also Like

137K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
73K 8.1K 31
Total Chapters - 25 + Epilogue + Extra Original Author - Công Tử Như Lan,Gongzi Rulan, 公子如兰 Eng Translator - -iana- ⚠︎ ᴛʜɪs ɪs ᴛʜᴇ ғᴜɴ ᴛʀᴀsʟᴀᴛɪᴏɴ...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
733K 102K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~