Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြေ...
By xingliang_baobei
960K 173K 9.8K
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ ... More
Description
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 1 1 ]
[ 1 2 ]
[ 1 3 ]
[ 1 4 ]
[ 1 5 ]
[ 1 6 ]
[ 1 7 ]
[ 1 8 ]
[ 1 9 ]
[ 2 0 ]
[ 2 1 ]
[ 2 2 ]
[ 2 3 ]
[ 2 4 ]
[ 2 5 ]
[ 2 6 ]
[ 2 7 ]
[ 2 8 ]
[ 2 9 ]
[ 3 0 ]
[ 3 1 ]
[ 3 2 ]
[ 3 3 ]
[ 3 4 ]
[ 3 5 ]
[ 3 6 ]
[ 3 7 ]
[ 3 8 ]
[ 3 9 ]
[ 4 0 ]
[ 4 1 ]
[ 4 2 ]
[ 4 3 ]
[ 4 4 ]
[ 4 5 ]
[ 4 6 ]
[ 4 7 ]
[ 4 8 ]
[ 4 9 ]
[ 5 0 ]
[ 5 1 ]
[ 5 2 ]
[ 5 3 ]
[ 5 4 ]
[ 5 5 ]
[ 5 6 ]
[ 5 7 ]
[ 5 8 ]
[ 5 9 ]
[ 6 0 ]
[ 6 1 ]
[ 6 2 ]
[ 6 3 ]
[ 6 5 ]
[ 6 6 ]
[ 6 7 ]
[ 6 8 ]
[ 6 9 ]
[ 7 0 ]
[ 7 1 ]
[ 7 2 ]
[ 7 3 ]
[ 7 4 ]
[ 7 5 ]
[ 7 6 ]
[ 7 7 ]
[ 7 8 ]
[ 7 9 ]
[ 8 0 ]
[ 8 1 ]
[ 8 2 ]
[ 8 3 ]
[ 8 4 ]
[ 8 5 ]
[ 8 6 ]
ဝင်ဖတ်ပေးစေလိုပါတယ် updateက ပါဝင်ကူညီသူများရင် တင်ပေးမယ်ဗျာ
[ 8 7 ]
[ 8 8 ]
[ 8 9 ]
[ 9 0 ]
[ 9 1 ]
[ 9 2 ]
[ 9 3 ]
[ 9 4 ]
[ 9 5 ]
[ 9 6 ]
[ 9 7 ]
[ 9 8 ]
[ 9 9 ]
[ 1 0 0 ]
[ 1 0 1 ]
[ 1 0 2 ]
[ 1 0 3 ]
[ 1 0 4 ]
[ 1 0 5 ]
[ 1 0 6 ]
[ 1 0 7 ]
[ 1 0 8 ]
[ 1 0 9 ]
[ 1 1 0 ]
[ 1 1 1 ]
[ 1 1 2 ]
[ 1 1 3 ]
[ 1 1 4 ]
[ 1 1 5 ]
[ 1 1 6 ]
[ 1 1 7 ]
[ 1 1 8 ]
[ 1 1 9 ]
[ 1 2 0 ]
[ 1 2 1 ]
[ 6 4 ]
7.5K 1.4K 125
By xingliang_baobei
[Unicode]
ရုန်ချင်း ပေါက်ကွဲသွားတာကို မြင်တော့ ကုန်းစွင့်ဇီပိုင်မှာ အေးခဲသွားရ‌တယ်။
သူတို့က တူတူနေနေကြတာမဟုတ်ဘူးလား? ဒါ‌ဆို ရုန်ချင်းက ဘယ်လို....?
¶မားမားဇီပိုင်က ဒယ်ဒီနဲ့ ဝံပုလွေပေါက်ကို အတူနေချစ်သူတွေလို့ ထင်နေတာ¶
ရုန်ချင်းရဲ့မျက်နှာထားက တအားဆိုးရွားနေတယ်။ ငါ နောက်ဆုံးတော့ လူတိုင်းက အမေကြီးစတိုင်နဲ့ ပုဂ္ဂိုလ်တွေကို ဘာလို့မကြိုက်လည်းဆိုတာ အခုနားလည်သွားပြီ။
ဒါ မျိုးဆက်ကွာခြားမှုပဲ!
သောက်ရမ်းကြီးတဲ့ မျိုးဆက်ကွာခြားမှု!
ဒီလိုမျိုး ထုတ်ပြောလိုက်တော့ မင်း ငါ့ရဲ့ခံစားချက်တွေကို နည်းနည်းလေး ထည့်မတွက်မိဘူးလား?!
မင်း ဗီလိန်ကောင်!
"မဟုတ်တာ မင်း အတွေးလွန်နေပြီ။ ငါက ရှောင်းဇီချီ မရိုးသားဘူး‌ဆိုတာကို ရှာတွေ့လိုက်လို့လေ"
မင်း ဟိုလိုတွေးခွင့်မရှိဘူး ! မင်းအတွေးတွေကို အခုရပ်စမ်း!
"......?" ဇီပိုင်က ရုန်ချင်းကို အချိန်တစ်ခုကြာ သေသေချာချာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် သူ့အတွေးတွေကို ပြန်စုစည်းလိုက်တယ်။ သူက ကလေးကို ချော့နေတဲ့ မိဘတစ်ယောက်အပြုံးမျိုးကို ချက်ချင်း ပြုံးပြလိုက်ကာ "မင်းရဲ့ရွေးချယ်မှုက မဆိုးပါဘူးလို့ ငါ ပြောချင်တာပါ။ လင်းကျီက ရှောင်းဇီချီထက် အဆတစ်ရာလောက် ပိုကောင်းတယ်လေ။"
မင်းက အောက်ပုဂ္ဂိုလ်လေးဆိုတာကို ငါ တကယ် မသိရပါဘူး။
ရုန်ချင်းတစ်ယောက် လုံးဝစိတ်ပြေသွားတယ်လို့ မခံစားရပေ။ တကယ်တော့ ပိုလို့တောင် မကျေမနပ်ဖြစ်လာသေးတယ်။
ယုတ္တိရှိရှိ ပြောကြမယ်! ငါ အခုထိ ဝံပုလွေပေါက်လေးနဲ့ အိပ်ရသေးတာမဟုတ်ဘူး! ငါက အောက်ပုဂ္ဂိုလ်ဖြစ်နေရင်တောင် ဒီကိစ္စက တကယ်မှမဖြစ်သေးတာ! ဟုတ်ပြီလား?
တကယ်မဖြစ်သေးမှ ထည့်တွက်စရာမလိုဘူးပေါ့! ဒါကြောင့် ငါ လုံးဝဝန်ခံမှာမဟုတ်ဘူး!
သူ ပိုပိုတွေးလေလေ ပိုပိုဆီလျော်လာလေလေပဲ။ သူ့လည်ပင်းကို ချက်ချင်းမော့ကာ "မဟုတ်တာ မင်းတွေးနေတာတွေ လုံးဝမဟုတ်ဘူး။ မင်းအတွေးတွေ မှားနေပြီ!"
ငါလေးက အောက်ပုဂ္ဂိုလ်တဲ့လား? ဟုတ်မနေဘူး!
ဒီအချိန်မှာ ကုန်းစွင့်ဇီပိုင်တစ်ယောက် သူ့အိမ်က ကလေးတစ်သိုက်ကို မြင်နေရသလို ခံစားလိုက်ရတယ်။ သူတို့လေးတွေ ခေါင်းမာတဲ့အခါ ဒီပုံစံအတိုင်းပဲလေ။
နှလုံးသားလေး ‌နူးညံ့သွားသော ဇီပိုင်တစ်ယောက် ခပ်မြန်မြန် နှစ်သိမ့်ပေးလိုက်တယ် :: "ဟုတ်တာပေါ့ ငါ့အတွေးတွေ မှားနေတာ။ ငါ့အမှားပါ။ တောင်းပန်တယ်နော်" သူ တောင်းပန်တာထက် ပိုကောင်းတာထက် မရှိတော့ဘူး။
------
သေစမ်း! ငါ ဘာလို့ ပိုပြီးတော့တောင် မကျေမနပ်ဖြစ်လာရတာလဲ!?
ရုန်ချင်းက...တစ်ခုခုတော့ သိပ်ဟုတ်မနေဘူးလို့ ထူးထူးဆန်းဆန်း ခံစားနေရတယ်။
သူ့ရဲ့ခံစားချက်တွေကို ဂရုတစိုက် စစ်ဆေးလိုက်တယ်။
အများကြီး ဂရုစိုက်ပြီးတော့
ငလူး!
ဒါ လူကြီးတစ်ယောက်က ငိုနေတဲ့ကလေးကို သကြားလုံးတစ်လုံးနဲ့ ချော့တဲ့အခါ သုံးတဲ့လေသံမဟုတ်လား?!
ငါ ‌သေလောက်အောင် သွေးတက်သွားပြီ!
ငါလေးက မင်းတူမဟုတ်ဘူးဟ!
နှစ်သိမ့်မှု မအောင်မြင်တာကို ရိပ်မိတော့ ဇီပိုင် ချက်ချင်း သဘောပေါက်လိုက်တယ်။
အို ဟုတ်သား။ ရုန်ချင်းက သူ့အိမ်က ကလေးတွေလိုမှမဟုတ်တာ ဒါကြောင့်မို့လို့ ဒီအကြံအစည်ထဲ လွယ်လွယ်ပြုတ်ကျမှာမဟုတ်ဘူး။
ကုန်းစွင့်ဇီပိုင်က သူ့လေသံကို ချက်ချင်းပြောင်းလိုက်တယ် :: "ငါ အတွေးလွန်မိသွားတာပါ။ ငါ CEOရုန်ဆီကနေ အကြံလေးဘာလေး တကယ်တောင်းချင်တာပါ။ သိတဲ့အတိုင်း အိမ်ကကလေးက ငယ်သေးတယ်လေ။ နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်ရင် သူ ငါ့စကားကို နားမထောင်တော့မှာကို စိုးရိမ်လို့ပါကွာ"
ဒီစကားတွေက အမှန်တရားတစ်ဝက် အလိမ်အညာတစ်ဝက်။ ကုန်းစွင့်ပိုင်တစ်ယောက် ငယ်ငယ်လေးနဲ့ ရည်းစားထပ်ထားမှာကို စိုးရိမ်တာကတော့ အမှန်ပဲ။ အကြံဉာဏ်လေး တောင်းချင်တယ်ဆိုတာက လိမ်တာ။
ဇီပိုင်က ဒီနေ့ည လက်ချာအပေါ် တအားကွန့်ဖီးဒန့်ရှိတယ်။ သူ့တူလေးက နောက်နောင် သေချာပေါက် လိမ္မာသွားလိမ့်မယ်။
အင်း ဒီစကားတွေက ကြားရတာ ပိုကောင်းသွားပြီလို့တော့ ဒယ်ဒီထင်တယ်!
ရုန်ချင်းက ပျော်ရွှင်နေသော ကြောင်ကြီးသဖွယ် သူ့မျက်လုံးများကို စိတ်ကျေနပ်စွာ မှေးစင်းလိုက်တယ်။ မှေးစင်းထားရင်းမှ တစ်ခဏလောက် စဉ်းစားပြီးတဲ့အခါ ရုတ်တရက် အိုင်ဒီယာတစ်ခု ရသွားတယ်!
"တကယ်တော့လေ အကောင်းဆုံးပလန်ကတော့ သူ့လက်ထဲက ပိုက်ဆံတွေကို သိမ်းလိုက်တာပဲ!"
ကုန်းစွင့်ဇီပိုင်က တကယ် အကြံထွက်လာမယ်လို့ ထင်မထားပေ။ တွေးရင်း သူ တလေးတစား နားထောင်လိုက်တယ် :: "ဆက်ပြောပါအုံး"
ရုန်ချင်းကတော့ ငါးစာဟပ်မိသွားမှန်း သိတဲ့အခါ ချက်ချင်း ပြော‌လာတော့တယ် :: "တွေးကြည့်လေ။ အခုခေတ် လူငယ်လေးတွေ ဒိတ်တော့မယ်ဆို ဘာက အရေးကြီးဆုံးလဲ?"
ကုန်းစွင့်ဇီပိုင် :: "မင်း ဆိုလိုတာ...ပိုက်ဆံလား?"
"အမှန်ပဲ!" ရုန်ချင်းက သူ့ပေါင်ကို ရိုက်လိုက်တယ်။ အဲ့ဒီနောက် သူ စကြွားတော့တယ် :: "ငါ ပြောပြမယ်။ ငါ့မိသားစုဝင် လင်းကျီရဲ့ ‌အရင်ဇာတ်လမ်းတွဲမှာ ငါ သန်း၃၀ရင်းနှီးမြှုပ်နှံပေးခဲ့တယ်။ ဇာတ်လမ်းတွဲအသစ်မှာ ၁၀သန်းရင်းနှီးပေးထားတယ်။ အခြားဗာဟီရကိစ္စတွေ မပါသေးဘူးနော်။ အဲ့တာတွေပါ ပါရင် ကုန်တာတွေက ပိုတောင်များသွားအုံးမှာ။"
မြန်မြန်လေး! မင်း ကြားတယ်မလား? ဒယ်ဒီက ပိုက်ဆံရှိလူတန်းစားလေ! ဒါကြောင့်မို့လို့ ဒီအနေအထားမှာ လင်းကျီကသာ အောက်ပုဂ္ဂိုလ်ဖြစ်သင့်တာ!
ကုန်းစွင့်ဇီပိုင် နားထောင်ပြီးတဲ့အခါ သူ့မျက်နှာအမူအရာက သေးသေးလေး ထူးဆန်းသွားရတယ်။ သူ ရုန်ချင်းကို သနားမိတယ်။
ဒါဆိုရင်....ရုန်ချင်းက အောက်ပုဂ္ဂိုလ်လည်း ဖြစ်ရသေးတယ်၊ သူတို့နှစ်ယောက်ကြားမှာ စပွန်ဆာဆက်ဆံရေးပဲ ရှိတာတဲ့လား? သူ အစကထင်ထားတာ ရုန်ချင်းနဲ့လင်းကျီက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချစ်နေကြတယ်လို့လေ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဇီပိုင်က ဉာဏ်ပြေးသွားပါပြီ။ သူ ထောက်ခံလိုက်တယ် :: "မင်းပြောတာ ဆီလျော်တယ်။ ဒါဆို ငါ ဘာဆက်လုပ်သင့်လဲ?"
မှန်တယ်မလား? ဟီးဟီးဟီး ဒယ်ဒီက အမှန်တွေပဲ ပြောတတ်တယ်!
ရုန်ချင်းတစ်ယောက် ပျော်ရွှင်တက်ကြွစွာ ဆက်ပြောပြန်တယ် :: "ရိုးရှင်းတယ်! ဘာပဲဖြစ်ဖြစ် သူက မင်းကုမ္ပဏီမှာ ဝင်လုပ်ရမှာပဲလေ။ ဒီလိုဆို မင်း သူ့အတွက် projectတစ်ခု ရှာပေးပြီး မြှုပ်နှံခိုင်းလိုက်! ပိုက်ဆံမရှိရင် သူ သေချာပေါက် ဒိတ်လုပ်ဖို့ကို ‌စဉ်းစားမှာမဟုတ်တော့ဘူး!" တကယ်တော့ ပိုက်ဆံမရှိရင် ဘယ်သူကမှလည်း မင်းနဲ့ဒိတ်ချင်မှာ မဟုတ်ဘူးလေ!
ရုန်ချင်းက ကျယ်ပြောလှတဲ့ မြေအောက်မိုင်းကွင်းကြီးကို ဂရုမစိုက်စွာ ဖွင့်ချလိုက်တယ်။ ဒီစကားတွေ ပြောနေစဉ်မှာ သူ ဘယ်လောက်တောင် ရိုက်ချင်စရာကောင်းနေမှန်း လုံးဝ သတိမထားမိပေ။
ကုန်းစွင့်ဇီပိုင်က အချိန်တစ်ခုကြာ အသံတိတ်ကျသွားတယ်။
ဘယ်လိုပြောရမလဲ? ဒီအကြံက ရည်ရွယ်ချက်ရှိရှိ ကလိမ်ကကျစ်ဉာဏ်ဆင်ထားတာဆိုပေမဲ့ အတော်လေး အသုံးဝင်လောက်တယ်လို့ ထူးထူးဆန်းဆန်း ခံစားနေရတယ်။ ကုန်းစွင့်ပိုင်တစ်ယောက် လက်ဆောင်တွေ ရလိုက်တုန်းက သူမတူစွာ တုန့်ပြန်မှုကို ပြန်မြင်ယောင်မိတဲ့အခါ....
ကုန်းစွင့်ဇီပိုင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်တယ် :: "မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒီလိုပဲဖြစ်သင့်တယ်။"
ခဏကြာတာနဲ့ သူက အခြားသောအကြီးအကဲများကို မိသားစုအစည်းအဝေး ခေါ်လိမ့်မယ်။ မိသားစုထဲက အသက်၂၀မကျော်သေးတဲ့ ကလေးတိုင်းရဲ့ မုန့်ဖိုးတွေကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းပေးရမယ်။
တစ်နည်းပြောရရင်တော့ နှစ်သစ်ကူးမှာ မိဘတစ်ချို့က သူတို့ကလေးတွေရဲ့ ဟုန်ပေါင်းအိတ်လေးတွေကို လက်ဝါးကြီးအုပ်ပြီး အသက်ကြီးလာမှ ပြန်ပေးမယ်ဆိုတဲ့ သဘောမျိုးပါ။ ¶မုန့်ဖိုးအိတ်¶
ဒီနည်းလမ်းက ဆိုးတာတော့မဟုတ်ဘူး။
အောင်မြင်ပြီလား?
ရုန်ချင်းမျက်လုံးတစ်စုံက တလက်လက် တောက်ပလာတော့တယ်!
Nice !
ဒယ်ဒီရဲ့ ရေပန်းစားမှုကို ခိုးယူဖို့ကြိုးစားချင်နေတဲ့ ကုန်းစွင့်ပိုင်ဆိုတဲ့ ဂျပလွတ်လေး! ဒယ်ဒီက မင်းကောင်းဖို့အတွက် အကြံပေးလိုက်တာပါကွယ်။ စဉ်းစားကြည့်လေ။ ကြာပန်းဖြူကောင်ကို မင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာတဲ့လား?
အိုင်း!
နှစ်‌ယောက်သား စိတ်တူကိုယ်တူဖြင့် ရင်းနှီးဖော်ရွေလှသော သူငယ်ချင်းဆက်ဆံရေးမျိုးအထိ ရောက်ရှိပြီးတဲ့နောက် ကိုယ်စီ ဖုန်းချလိုက်တော့တယ်။ ကုန်းစွင့်ဇီပိုင်က နေ့လည်အစည်းအဝေးကို နောက်ဆုတ်ခိုင်းလိုက်တယ်။ သူ အိမ်တော်ကို ချက်ချင်းပြန်ပြီး အစည်းအဝေးထိုင်ရမယ်!
ရုန်ချင်းကလည်း အခြားသူများကို ပျော်ပျော်ရွှင်ရွှင် စတင်နှောင့်ယှက်ပါတော့တယ်။
[ နှလုံးသားမဲ့တဲ့ ပိုက်ဆံထုတ်စက်များတပ်စု ]
ကြီးမြတ်လှသော ရုန်ဘောစိကြီး :: [ဒီနေ့ ငါ ကုသိုလ်ကောင်းမှုတစ်ခု လုပ်ခဲ့တယ်။ ငါ့ရင်ဘတ်ရှေ့က အနီရောင်လည်စည်းလေးက ပိုပြီးတော့တောင် အရောင်တောက်လာပြီ!]
¶တရုတ်မှာက ကျောင်းသူကျောင်းသားအားလုံးက အနီရောင်လည်စည်းကို ဝတ်ဆင်ကြတယ်၊ ဆိုလိုတာက သူတို့လေးတွေက ကျောင်းသူကျောင်းသားကောင်းလေးတွေပါ။ ဒါကြောင့် ဒယ်ဒီက သူ့ကိုယ်သူ လူကောင်းလေးလို့ ရည်ညွှန်းနေတာပါ။¶
သနားစရာ စုန့်မင်းသားလေး :: [ဟမ်? ခင်ဗျား ဘယ်အချိန်ကစပြီး အနီရောင်လည်စည်း ဝတ်လိုက်တာတုန်း?]
အငိုလွယ်တဲ့ CEOလေးကောင်း :: [မင်းက တကယ်ကြီး ကုသိုလ်လုပ်လိုက်တယ်ပေါ့လေ? ဘာကုသိုလ်တွေများ လုပ်လိုက်တာတုန်း?]
ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ဆံပင်ကို ဆုပ်ထားတဲ့ ကောင်းကျားရွှမ်က ဖုန်းscreenကို စိုက်ကြည့်နေလေရဲ့။ သူ့မျက်နှာမှာတော့ သံသယအပြည့်ပါပဲ။
ရုန်ချင်း? ဒီကောင် လုပ်ခဲ့တဲ့ အကြီးဆုံးကုသိုလ်ကတော့ သူတို့နှစ်ယောက်ကို မယုံကြည်ရတဲ့ သင်္ဘောပေါ်ကို ခေါ်တင်ပေးသွားတာပဲ။ ဒီဟာကလွဲရင် သူက ဘာကုသိုလ်တွေများ လုပ်ထားလို့လဲ?
⟨⟨အငိုလွယ်တဲ့ CEOလေးကောင်းကို ဂရုမန်နေဂျာက တစ်လတိတိ muteလိုက်ပါပြီ⟩⟩
သနားစရာ စုန့်မင်းသားလေး :: [ဟားဟားဟား! CEOလေးကောင်း ခင်ဗျား စကားကို ဘယ်လိုပြောသင့်လည်းဆိုတာကို နားမလည်တာလား? ကြည့်ပါအုံး။ ခင်ဗျားက ရုန်ချင်းကို မပျော်မရွှင်ဖြစ်အောင် လုပ်လိုက်ပြီ]
သနားစရာ စုန့်မင်းသားလေး :: [ဟမ်? ကောင်းကျားရွှမ် ဘယ်ရောက်သွားပြီလဲ? တစ်ခုခု ထွက်ပြောအုံးလေ! ကောင်းကျားရွှမ်! CEOလေးကောင်းရေ ပြန်လာခဲ့ပါ! ဟားဟားဟား!]
ကောင်းကျားရွှမ်ကတော့ မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားရတယ်။
ဘာ‌ဖြစ်ကုန်တာလဲ? စုန့်ရှန်း ဒီကောင် ငါ့ကို တကယ်ကြီး လာပြောင်ရဲတယ်ပေါ့လေ!? ဘယ်တုန်းက ဒီလောက်ရဲရင့်သွားတာလဲ?
⟨⟨သနားစရာ စုန့်မင်းသားလေးကို ဂရုမန်နေဂျာက သုံးလတိတိ muteပစ်လိုက်ပါပြီ⟩⟩
"ဟားဟားဟားဟားဟား!" ကောင်းကျားရွှမ် အပျော်လွန်သွားပါပြီ။
စကားကို လက်လွတ်စပယ်ပြောတတ်တဲ့ စုန့်ရှန်း ခံရတာတောင် နည်းသေးတယ်။ ထိုက်တန်တယ်! သူ muteခံဘဝကနေ ပြန်လွတ်တဲ့အချိန်ထိ အဲ့ကောင်ကိုလည်း muteထားလိုက်ပါ!
ကြီးမြတ်လှသော ရုန်ဘောစိကြီး :: [အဖြစ်ကတော့ ဒီလိုကွာ။ အစကတော့ ငါ ဒီကိစ္စကို များများစားစား တွေးမထားပါဘူး။ ဒါပေမဲ့ ဒီလအတွက် water parkအကျိုးအမြတ်ကို စုန့်ရှန်းနဲ့အတူတူ သွားကြည့်တုန်းက ကုန်းစွင့်မိသားစုက ငယ်ငယ်လေးနဲ့ ရည်းစားထားနေတဲ့ ကလေးတစ်‌ယောက်နဲ့ အမှတ်မထင် ဆုံခဲ့တယ်လေ]
ရုန်ချင်းနဲ့ စုန့်ရှန်းက water parkကို အတူတူသွားပြီး အကျိုးအမြတ်သွားကြည့်တယ်? ကောင်းကျားရွှမ်တစ်ယောက် 'ကမ္ဘာကြီးက တယ်ထူးဆန်းပါပြီကော' လို့တောင် ခံစားလိုက်ရတယ်။ စုန့်ရှန်းက အဲ့ကိုသွားပြီး စိတ်ဓာတ်ကျမလာဘူးလား? အခု သူ လင်းကျီကိုမြင်တဲ့အခါ အနည်းငယ် မပျော်မရွှင် ဖြစ်သွားသလိုမျိုးလေ။
ဘာပဲဖြစ်ဖြစ် ထားပါတော့...။
ရုန်ချင်းက ကုန်းစွင့်မိသားစုက ငယ်ငယ်လေးနဲ့ရည်းစားထားနေတဲ့ ကလေးကို ဘာသွားလုပ်လိုက်တာလဲ?
ကောင်းကျားရွှမ် နားမလည်နိုင်ဖြစ်နေရတယ်။
ကြီးမြတ်လှသော ရုန်ဘောစိကြီး :: [ငါ ကုန်းစွင့်ဇီပိုင်ကို အကြံဉာဏ် ကူစဉ်းစားပေးလိုက်တယ်လေ။ အခုခေတ်မှာ ရေလျှံတဲ့ယောက်ျားတွေက ပျက်စီးလွယ်တယ်! ကလေးတွေလည်း အတူတူနဲ့အနူနူပဲ။ ဒါကြောင့် အုပ်ထိန်းသူကသာ သင့်တင့်လျောက်ပတ်အောင် ထိန်းချုပ်ပေးနေရင် ဒီပြဿနာကြီးကို အမြစ်ကနေ ဆွဲလှန်နိုင်လိမ့်မယ်!]
ရုန်ချင်းကတော့ သူ ပိုပိုပြောပြလေလေ ပိုပိုဆီလျော်တယ်လို့ ခံစားရလေလေပဲ။ မှန်တယ်! ဒီလိုပဲဖြစ်သင့်တာ!
-------
ကောင်းကျားရွှမ်ခေါင်းပေါ်က ဆံပင်တွေတောင် ကြောင်အသွားပါပြီ။ သူ ဖုန်းscreenကို စိုက်ကြည့်နေတဲ့ အကြည့်မှာ ကိုယ်ချင်းစာမှုတစ်ချို့တစ်လေ ပါဝင်နေတယ်။ သူ တစ်ခဏလောက် တွေးတောပြီးတဲ့နောက် သူ့ရင်ဘတ်ပေါ်မှာ ကြက်ခြေခတ်သဏ္ဌာန် ပြုလုပ်လိုက်တယ်။
ဝိုးး ဘယ်ကလေးက ဒီလောက်ကံဆိုးရတာလည်းဆိုတာကို သေချာမသိပေမဲ့....ကောင်းကျားရွှမ်တစ်ယောက် အဲ့ကောင်လေး ပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ သူ့မှာ ကုန်းစွင့်ဇီပိုင်လို ရှုရှုမျိုး ရှိနေရတာနဲ့တင် တအားကံဆိုးလွန်းနေပြီ။ အခုတော့ ကုန်းစွင့်ဇီပိုင်က ရုန်ချင်းနဲ့တောင် သိကျွမ်းသွားရှာပြီ။
ကံဆိုးရှာတယ်။ တကယ် ကံဆိုးလွန်းပါတယ်။
ရုန်ချင်းတစ်‌ယောက် ဂရုထဲမှာ လတ်လျားလတ်လျား အချိန်ဖြုန်းလို့အပြီးမှာ သူ ရုတ်တရက် ဟာတာတာ ဖြစ်သွားပြန်တယ်။
ရုန်ချင်းက လုံးဝပြောင်ရှင်း‌နေတဲ့ သူ့ရုံးခန်းစားပွဲကို လှမ်းကြည့်လိုက်တယ်။ အရင်တစ်ခေါက်က ဇွဲရှိရှိ အားကြိုးမာန်တက် အလုပ်ကြိုးစားမှုရဲ့ ရလဒ်ကြောင့် အခုချိန်မှာ သူ ဘာမှလုပ်စရာရှိမနေပေ။ ရုန်ချင်းက ဟယ်ချန်ကို အထဲသို့ လှမ်းခေါ်လိုက်တယ်။
"ဘာမှ လုပ်စရာမရှိဘူးလား?" ရုန်ချင်းက စားပွဲပေါ်ကို လက်ညှိုးထိုးပြလိုက်တယ်။
အဲ့လိုမဖြစ်ရဘူးလေ! ဒယ်ဒီလို ဘောစိကြီးတစ်ယောက်ရဲ့ဘဝဆိုတာ တစ်ချိန်လုံး သူ့ကို စောင့်မျှော်နေတဲ့ ဖိုင်ပေါင်းများစွာနဲ့ ပြည့်နှက်နေရမှာလေ?
ဟယ်ချန်က သူ့မေးခွန်းကြောင့် အင်မတန် ရှုပ်ထွေးသွားတယ် :: "နှစ်ကူးရောက်တော့မယ်လေ။ လူတိုင်းက နှစ်ချုပ်စာရင်းတွေ လုပ်နေကြပြီ။ ဒါကြောင့် boss လုပ်စရာမရှိဖြစ်နေတာပါ။"
သူ တစ်ခဏလောက် တွေးကြည့်ပြီး "အခုချိန်မှာ boss နှစ်ကူးပါတီပွဲကို တက်ရောက်ဖို့ပဲ လိုပါတော့တယ်။ အဲ့တာပြီးရင်တော့ bossက အခြားCEOတွေနဲ့အတူ နှစ်သစ်ကူးပွဲ ကျင်းပလို့ရပါပြီ။"
သူ ဘာတွေများ တာဝန်မကျေတာရှိလို့လဲ? ပုံမှန်ဆို ရုန်ချင်းက သူ့ဘာသာသူ သွားနေကျပါ။
.......? ဒါဆ်ို ဒယ်ဒီမှာ တကယ်ပဲ ဘာမှလုပ်စရာမရှိဘူးပေါ့လေ?
ရုန်ချင်း အံ့အားသင့်သွားရတယ်။
မဖြစ်နိုင်တာ။ ဘောစိကြီးတစ်ယောက်ရဲ့ဘဝက သူ စိတ်ကူးထားတာတွေနဲ့ အပုံကြီးကွာနေပါရောလား? ဒါဆို ဒီအားနေတဲ့အချိန်မှာ သူက ဘာသွားလုပ်နေရမှာလဲ?
ဟယ်ချန်က ရုန်ချင်းတစ်ယောက် အင်မတန် ပျင်းရိနေတာကို မြင်တော့ သူ့ကို အကြံပေးလိုက်တယ် :: "Boss အချိန်ရရင် မစ္စတာလင်းရဲ့ ရိုက်ကွင်းဆီ သွားလည်လို့ရတယ်လေ? မစ္စတာလင်းဆီ boss သွားမလည်တာ တော်တော်ကြာသွားပြီနော်။"
ပြီးတော့ ရုန်ချင်းက ရိုက်ကွင်းဆီ စားစရာသောက်စရာတစ်ခုခု ပို့ပေးဖို့တောင် မပြောတော့ဘူး။ ဟယ်ချန်လို ရဲရဲတင်းတင််း အကြံပေးရဲတဲ့သူ မဟုတ်ဘဲ အခြားသူသာဆို လင်းကျီတစ်ယောက် တောင်ပေါ်ကနေ ဇောက်ထိုးပြုတ်ကျတော့မှာ။
-----
သူ မသွားချင်ဘူး။
ရုန်ချင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားရတယ်။
သွားပြီး ဘာလုပ်ရမှာလဲ!
ရုန်ချင်းတစ်ယောက် စိတ်ထဲမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ဆဲဆိုနေပါပြီ။
ကျက်သတုံးချိတ်ပိတ်က အခုထိ ရှိ‌‌နေသေးတယ်လေ! အခုဆို အိပ်မက်တွေတောင် ကမောက်ကမဖြစ်ကုန်ပြီ! အိပ်မက်‌ဆိုတာ တကယ်ဖြစ်တာမှမဟုတ်တာ! ဝံပုလွေပေါက်ကလည်း တအားဉာဏ်ပြေးနေတာ! သူ အရင်တစ်ခေါက်က အရှက်ကွဲခဲ့ရတာကိုတောင် ပြန်အဖက်မဆယ်ရသေးဘူး!
သူ မသွားချင်ဘူးလို့ !
ဟယ်ချန်က ရုန်ချင်းရဲ့ ကလန်ကဆန် အမူအရာကို မြင်တော့ သူ့နောက်ကျောမှာ ဝှက်ထားတဲ့ စာအုပ်သေးသေးလေးကို စားပွဲပေါ်သို့ အလွန်သဘာဝကျစွာ တင်ပေးလိုက်တယ်။
"ဒီမှာ ကျွန်တော့်မှာ အကြံပြုချက်တစ်ချို့ ရှိပါတယ်။ Boss ဒါလေးကို အရင်ဆုံး တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချလည်း နောက်မကျသေးပါဘူး။ အခု ကျွန်တော် အလုပ်ပြန်လုပ်လိုက်ပါအုံးမယ်။ ကျွန်တော့်ရဲ့ အားလပ်ရက်ခရီးက နောက်တစ်ပတ်ပါ။ ကျေးဇူးပြုပြီး အမှတ်ရပေးပါအုံး Boss"
ပြောပြီးတာနဲ့ သူက တံခါးဖွင့်ကာထွက်သွားပြီး အမြော်အမြင်ကြီးစွာနဲ့ တံခါးပိတ်ပေးသွားတယ်။
ရုန်ချင်းက သူ ထွက်သွားတာကို ကြည့်နေပြီး စားပွဲပေါ်က စာအုပ်သေးသေးလေးကို မျက်လုံးထောင့်ကပ်ကာ တစ်ချက်လှမ်းကြည့်လိုက်တယ်။
ဟယ်ချန်က အရမ်းကြီးလျှို့ဝှက်နေရအောင် ဒါက ဘာစာအုပ်မို့လို့လဲ?
သူ ကြည့်သင့်ရဲ့လား?
လက်ချောင်းနှစ်ချောင်းကို စားပွဲပေါ် တတောက်တောက် ခေါက်‌နေရင်း ရုန်ချင်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလေရဲ့။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးမှပဲ ရုန်ချင်းက နှစ်ကြိမ်လောက် ချောင်းဟန့်ကာ စာအုပ်လေးကို လှမ်းယူလိုက်တယ်။
သူ သိချင်တယ်! ဘက်စုံသုံး လက်ထောက်ဟယ်ကိုယ်တိုင် recommend ပေးရတဲ့ထိ ကောင်းတယ်ဆိုတော့ ဘာတွေများ ပါနေလို့လဲ!
သူ စာအုပ်သေးသေးလေးကို ကောက်ယူလိုက်တယ်။ အဖုံးပေါ်မှာ ရေးထားတာက <<မစ္စတာလင်းနဲ့ ဖော်ရွေကြည်သာစွာ♂️နေထိုင်နိုင်ရန်>>
ရုန်ချင်း :: "........?"
ဟမ်? လက်ထောက်ဟယ်က ဒီ♂️ကို မတော်တဆ ထည့်လိုက်မိတာလား? ဘာလား? ဘာကိုဆိုလိုချင်တာတုန်း?
သူ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပထမစာမျက်နှာကို လှန်လိုက်တယ်။ ထိုစာမျက်နှာမှာ မဆန့်မပြဲ ကြီးမားလွန်းတဲ့ စာလုံးငါးလုံးကို မြင်လိုက်ရတယ်။
<< အရင်လက်ဦးပါ >>
?
? ? ?
ရုန်ချင်း အံ့အားသင့်သွားပြီ။ လက်ထောက်ဟယ် မင်းကို ဘယ်သူက လုပ်အားခပေးနေတာလဲ? မင်းက ဒယ်ဒီကို အရင်လက်ဦးဖို့ တကယ်ကြီး ပြောနေတာပေါ့လေ?
လက်ဦးပြီး ဘာဆက်လုပ်ရမှာလဲ? မင်းက ငါ့ကို အပေါ်တက်ထိုင်ခိုင်းပြီး ကိုယ့်ဘာသာကိုယ် လှုပ်စေချင်တာလား? ငါလည်း ရရင်လုပ်ချင်တာပေါ့ ဒါပေမဲ့ အဲ့ဒီသောက်ကျက်သတုံးချိတ်ပိတ်က ငါ့ကို လုပ်ခွင့်မပေးဘူးကွ!
ရုန်ချင်းက မျက်နှာသေဖြင့် နောက်တစ်မျက်နှာသို့ လှန်လိုက်တယ်။
စောနစာမျက်နှာက လုံးဝအလုပ်မဖြစ်ဘူး။ ဒါကြောင့် မင်းကို ဒယ်ဒီသတ်ပစ်လိုက်ပြီ။ မင်းက သေပြီးသွားပြီ။
ပထမစာမျက်နှာကို ပစ်ပယ်ပြီး ရုန်ချင်းက နောက်တစ်ရွက် ထပ်လှန်လိုက်တယ်။
<< topနဲ့ bottom များ နားလည်ရမယ့် တစ်ဆယ့်ရှစ်မျိုးသော စကေးများ...
အကြံပြုချင်တာကတော့
အကယ်၍ သင်ဟာ topဖြစ်မယ်ဆိုရင် နောက်တစ်ရွက်သို့ လှန်နိုင်ပါပြီ။
bottomဆိုရင်တော့ဖြင့် နောက်ဆုံးစာမျက်နှာသို့ တစ်ခါတည်း လှန်ချလိုက်ပါ >>
ရုန်ချင်းလည်း အညွှန်းအတိုင်း လှန်လိုက်ပါတယ်။ စာအုပ်တစ်အုပ်လုံးမှာ စာရွက်က စုစုပေါင်း၁၉ရွက်ပဲရှိတာ။
......‌ ¶Two Thousands Years Later ဘာညာဘာညာ¶
ရုန်ချင်း :: ဘောပဲ!
________
•မားမားဇီပိုင်နဲ့ တွေ့ရင် ဒယ်ဒီလည်း ဘေဘီဖြစ်သွားတော့တာပဲ 🌝
•bottom‌လေးတွေအတွက် နောက်ဆုံးစာမျက်နှာမှာ ဘာရေးထားမယ်ထင်လဲ? ဟဲဟဲ
----------
[Zawgyi]
မင်း ဗီလိန်ကောင်!
------
ငလူး!
အောင်မြင်ပြီလား?
Nice !
အိုင်း!
-------
.......? ဒါဆို ဒယ်ဒီမှာ တကယ်ပဲ ဘာမှလုပ်စရာမရှိဘူးပေါ့လေ?
-----
သူ မသွားချင်ဘူး။
သူ မသွားချင်ဘူးလို့ !
သူ ကြည့်သင့်ရဲ့လား?
ရုန်ချင်း :: "........?"
<< အရင်လက်ဦးပါ >>
?
? ? ?
အကြံပြုချင်တာကတော့
ရုန်ချင်း :: ဘောပဲ!
________
----------
Continue Reading
You'll Also Like
1.7M 70.2K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
267K 15.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
291K 12.4K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...