[Unicode]
<<ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကွာဟမှု>> ရဲ့ပွက်လောရိုက်မှုက အရာအားလုံးကို အထက်အောက် ပြောင်းသလန်သွားစေတော့တယ်။ နောက်ဆုံးမှာတော့ လူအများကြီးရဲ့ စိတ်ထဲမှာ ဟာသတစ်ခုဖြစ်လာတော့တယ်။ ပြန်လည် ထုတ်လွှင့်ပြသမည် ဆိုသောအခါ လူအများစုက လှောင်ပြောင်ရယ်မောဖို့အတွက် ပြင်ဆင်ထားကြတော့တယ်။
ဆွေးနွေးခန်းဖိုရမ်တစ်ချို့မှာ ရှောင်းဇီချီကို လျို့ဝှက်စွာ အရှက်ခွဲနေတဲ့ စာများက နွေဦးမိုးရွာပြီးနောက် မြက်ပင်စိမ်းစိမ်းများ နေရာအနှံ့ ပေါက်ရောက်လာသလိုပဲ။ ရှောင်းဇီချီက ဒီလိုပြင်မရနိုင်တော့တဲ့ အရှုပ်တော်ပုံတစ်ခု လုပ်ခဲ့တာကို အခြေခံ သရော်ရင်း အူနှိပ်မတတ် တသောသော ရယ်မောနေကြလေရဲ့။
ကြောင်တွေကို စားတဲ့ ငါးတစ်ကောင် :: ⟨⟨ဒီလောက်ဆိုးရွားတဲ့ ဟန်ပန်ရှိသူမျိုးကို တစ်ခါမှ မမြင်ဖူးတာပါကွယ်။ ဒါပေမဲ့ တကယ် တော်တော်ရယ်ရတာ။ ရှောင်းဇီချီတစ်ယောက် သူ့ဘဝက ဒီအပေါ် အမှီပြုသလို စိတ်လှုပ်တရှားနဲ့ ဟိုခုန်သည်ခုန် လုပ်နေလေရဲ့ , ဒါပေမဲ့ အဆုံးမှာတော့ သူ့ရဲ့သရုပ်ဆောင်စကေးက ခွေးဝဲစားအတိုင်းပဲ။ သူ လက်လျှော့လိုက်သင့်ပြီ⟩⟩
မှိုက သစ်သားမဟုတ် :: ⟨⟨ရှောင်းဇီချီက နာမည်ကြီးidolတစ်ယောက်လို့ ပြောကြတယ် မဟုတ်လား? အဲ့လိုပြောပြီးတော့ တကယ်လည်း ဒီအချိန်ရောက်ရော သူ့ရဲ့ supportအားက လင်းကျီကိုတောင် မကျော်နိုင်ပါလားနော်?⟩⟩
အပျော်အပြက်တစ်ခုအတွက် ထွက်လာတဲ့ ပြည့်တန်ဆာလေး :: ⟨⟨ဖြစ်နိုင်တာက ငမွှေထိုး လုပ်လိုက်တာပဲ။ ရှောင်းဇီချီက ဘာတွေများ တအားကောင်းနေလို့လဲ? သူက တစ်နေ့လုံး သူ့ကိုယ်သူ ဘယ်လိုကြွကြွရွရွ နေရမလည်းဆိုတာပဲ သိတာ။ မင်း သရုပ်ဆောင် စကေးကောင်းတွေကို ကြည့်ကြိုက်တာဆိုရင်တော့ သူ့မှာ ဗလာနတ္တိပဲ။ မင်းက ရုပ်ရည်ကိုပဲ ကြည့်ကြိုက်ချင်ရင်လည်း ကောင်းပြီလေ...သူ့အရပ်အမောင်းကိုပဲ တစ်ချက်ရှိုးလိုက်တော့ အူတက်နေမိပြီ⟩⟩
ရှောင်းဇီချီတစ်ယောက် ဒီကော့မန့်ကို ဖတ်ပြီးတဲ့အခါ ဒေါသတကြီး အသေအံကြိတ်ထားရလို့ သူ့သွားတွေ ကျိုးတော့မလိုပါပဲ။ ဒီလွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ သူ့ကျန်းမာရေးက အရမ်းကြီး ကောင်းနေတာ မဟုတ်ပေ။ သူ့မျက်နှာက သေလောက်အောင် ဖြူဖျော့နေကာ အလွန်တရာ အားနည်းပုံ ပေါက်စေတယ်။
အေးဂျမ့်ရဲ့ မျက်နှာကလည်း အလားတူ ကောင်းနေတာ မဟုတ်ပေ။ ဒါက သူတို့တွေ ဦးညွှတ်ပြီး တောင်းပန်ဖို့ ဖိအားပေးစေခိုင်းခံရတဲ့ ပထမဆုံးအကြိမ်ပဲ။ ခက်ခဲပျာယာပြီး အောင့်သက်သက် ခံစားချက်က တကယ် သည်းမခံနိုင်စရာပဲ။
သို့ပေမဲ့လည်း သူ ရှောင်းဇီချီကို ကြင်နာသော စကားများဖြင့် နှစ်သိမ့်ပေးလိုက်ပါသေးတယ် :: "စိတ်ထဲ မထားနဲ့နော်။ ဒီထိုးနှက်မှုတွေ ပြီးသွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ခဏလောက်လေး ကိုယ်ယောင်ဖျောက်နေကြစို့။ နောက်ဆို အွန်လိုင်းက ဒီလူတွေ ဒီအဖြစ်အပျက်ကို မှတ်မိမှာတောင် မဟုတ်တော့ဘူး။ မင်းလည်း အရင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။"
ရှောင်းဇီချီက မျက်မှောင်ကြုပ်လိုက်ပေမဲ့ ခေါင်းတော့ ညိတ်ပြလိုက်ပါတယ်။
အခုတော့ ဒီလိုပဲ ဆက်ဖြစ်နေရအုံးမယ်ပေါ့လေ။
သူ မပျော်ရွှင်သေးတာကို မြင်တော့ အေးဂျမ့်က တစ်ခဏလောက် စဉ်းစားကြည့်ပြီး အဲ့နောက် ရုတ်တရက် အကြံတစ်ခု ရလာခဲ့တယ် :: "အို ဟုတ်သား။ ငါ့မှာ ပလန်တစ်ခု ရပြီ...." သူ ရှောင်းဇီချီနား တိုးကပ်လာပြီး နားရွက်နားကပ်ကာ စကားတစ်ချို့ တိုးတိုးလေး ပြောလိုက်တယ်။
ရှောင်းဇီချီမျက်လုံးများက တဖြည်းဖြည်း တောက်ပလာခဲ့တယ်။ လူနှစ်ယောက် အချင်းချင်း စိုက်ကြည့်နေကြတယ်။ နောက်ထပ်စကားများ မလိုအပ်တော့ပြီ။
<<ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကွာဟမှု>> ဗားရှင်းအသစ်ကတော့ လျင်လျင်မြန်မြန်နဲ့ပဲ အသစ်တစ်ဖန် မွေးဖွားလာခဲ့ပြီ။ အသစ်တည်းဖြတ်ထားတဲ့ အပိုင်းများကို ထုတ်လွှင့်လိုက်ပြီ , အရင်အဟောင်းနဲ့ ယှဉ်ရင် ကောင်းကင်က တိမ်များနဲ့ မြေကြီးပေါ်က ဖုန်မှုန့်များကို နှိုင်းယှဉ်သကဲ့သို့ ဖြစ်နေလိမ့်မည်!
ကြုံရာကျပန်း လျှောက်ထည့်ထားတဲ့ အခန်းတွေမပါဘူး။ ပြသချိန်တစ်ချိန်လုံးမှာ ရှောင်းဇီချီကို ထည့်မတွက်ထားဘဲ ပြောရရင်တော့ ကြည့်ရှုသူများရဲ့ မျှော်မှန်းချက်များထက် ကျော်လွန်နေတယ်လို့တောင် ပြောနိုင်တယ်!
အထူးသဖြင့် ဒုတိယပိုင်းမှာပဲ မူလက အလွန်တရာမှ ဖြူစင်ရိုးသားလှတဲ့ ခေါင်းဆောင်မင်းသား လင်းကျီက သူ့ရဲ့ခြေလှမ်းတိုင်းမှာ မရေမတွက်နိုင်တဲ့ ခက်ခဲကြမ်းတမ်းမှုများကို ကြုံတွေ့ရတယ်။ ထိုအချိန်မှာ နောက်ဆုံးတော့ သူ နိုးထလာခဲ့တယ်!
ဒါရိုက်တာနျန်ရဲ့ အသင့်တော်ဆုံး ကင်မရာထောင့်ကို ရွေးချယ်နိုင်တဲ့ စွမ်းရည်ကောင်းကို လင်းကျီရဲ့ သရုပ်ဆောင်မှုနဲ့အတူ တွဲစပ်လိုက်တော့ ထိုမျက်ဝန်းတစ်စုံက စီးရီးရဲ့ နှလုံးသားကို တကယ်ပဲ ကွက်ကွက်ကွင်းကွင်းနဲ့ ပြောင်ပြောင်မြောက်မြောက် ပြသခဲ့တာ။
ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကွာဟမှု ။ ဘယ်အရာက ကောင်းကင်ဘုံလဲ? ဘယ်အရာက ကမ္ဘာမြေလဲ? ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေအစစ်က တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားထဲမှာ သိုလှောင်ထားမိလို့လေ! ပြီးတော့ ဒီကောင်းကင်ဘုံဆီ ကူးမယ်ဆိုရင် ဒီကမ္ဘာမြေကို အရင်ဆုံး နင်းခြေပစ်မှရမယ်! ကြီးစိုးအောင်မြင်ခြင်းက အသက်ရှုတစ်ရှိုက်စာမျှသာသာ!
အစက လှောင်ရယ်ရယ်ဖို့ ကြည့်ရှုကြတဲ့ လူများစွာက တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ အံ့အားသင့်မှုကို ဖော်ပြဖို့ ကောမန့်များ ချန်ထားကြတော့တယ်။
ဗိုလ်စားပဲကို မကြိုက်ဘူး မာတာမိခင်ရေ သမီးပြောတာလေး နားထောင်ပေးပါ :: ⟨⟨ငါ တကယ် သောက်ရမ်းရှော့ရသွားပြီ! ဒီ<<ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကွာဟမှု>>က လုံးလုံးကွဲပြားသွားတဲ့ အရာတစ်ခုအတိုင်းပဲ! ဒီတစ်ခုက တကယ်တကယ် တအားကောင်းတယ်လို့ !! အရင်တစ်ခုက <<ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကွာဟမှု>>တောင် မဖြစ်နိုင်တော့ဘူး!⟩⟩
ဟာသမလုပ်ဘူး :: ⟨⟨အမှန်တရားတွေပဲ။ လင်းကျီနဲ့ ရှောင်းဇီချီကြား ခြားနားချက်က တကယ်ကြီးမားတာပဲ။ အဆုံးမှာတော့ idol တစ်ယောက်က idolတစ်ယောက်ပဲဖြစ်မှာ။ ရှောင်းဇီချီ သရုပ်ဆောင်တာက တော်တော်တောင့်တင်းနေတာ။ ဆန့်ကျင်ဖက်အနေနဲ့ ကလေးသရုပ်ဆောင် လင်းကျီကတော့ ငါတို့ရဲ့ မျှော်လင့်ချက်တွေကို လုံးဝအချည်းနှီးမဖြစ်စေဘူး။ သူ့ရဲ့သရုပ်ဆောင်စကေးက ရှောင်းဇီချီကို လုံးလုံးနင်းခြေပစ်လိုက်ပြီ⟩⟩
ဖူဝန်ကြီးက သူ့ဇနီးလေးကို ဒီနေ့ အလိုလိုက်ရဲ့လား :: ⟨⟨အခုချိန်မှာ ငါ မေးခွန်းတစ်ခုပဲ မေးစရာရှိတယ်။ လင်းကျီရဲ့ သရုပ်ဆောင်စကေးက ရှောင်းဇီချီကို ၁၀ဆင့်လောက် နင်းခြေနိုင်တယ်ဆိုတော့ အရင်တစ်ခေါက်က ဒါရိုက်တာရဲ့ခေါင်းထဲ ရေတွေပြည့်နေလို့လား? ငါတို့တွေကို လာရှုပ်ဖို့ အဲ့ဒီအမှိုက်ဗီဒီယိုနှစ်ပိုင်းကို ထုတ်လွှင့်လိုက်တာလား?⟩⟩
Frozen အသည်းကွဲနေပြီ :: ⟨⟨ဘာပဲဖြစ်ဖြစ် ငါ ဒါကို ကြည့်မိတာ တော်သေးလို့ပေါ့။ မဟုတ်ရင် သောက်ငမွှေထိုး ထုတ်လုပ်ရေးအဖွဲ့ကြောင့် ငါလေး ဇာတ်လမ်းကောင်းတစ်ခု လွတ်သွားတော့မလို့!⟩⟩
အွန်လိုင်းပေါ်က လူတိုင်းက လင်းကျီကို အဆက်မပြတ် ချီးမွမ်းခန်း ဖွင့်နေကြပါတယ်, လင်းကျီရဲ့ဖန်လေးတွေဆို ပြောနေစရာကို မလိုတော့ဘူး! နေ့တိုင်းနေ့တိုင်း သူ့ရဲ့ဖန်လေးတွေက <<အသံတိတ် အစီရင်ခံစာ>>ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဆီ ချစ်ခြင်းမေတ္တာတွေ ပို့သကြတယ်။
သို့ပေမဲ့လည်း ဒီအဖြစ်အပျက်က လင်းကျီအတွက် အနည်းငယ် ပဋိပက္ခများစေပါတယ်။ ဘာလို့ဆို အချိန်တိုင်းမှာ သူက ရုန်ချင်းတစ်ခုခု ပို့ပေးတယ်လို့သာ မှားထင်နေတာ, ဒါပေမဲ့ ရှာတွေ့တော့ ရုန်ချင်း ဟုတ်မနေခဲ့ဘူး။
တစ်ခါနှစ်ခါဆို တော်သေးတယ်,ဒါပေမဲ့ ဒီလိုမျိုး တစ်ပတ်လုံးလုံး ဖြစ်နေခဲ့တာ။ လင်းကျီတစ်ယောက် သည်းမခံနိုင်တော့ပါဘူး။
ရုန်ချင်း....သူ တစ်ခုခုများ ဖြစ်နေလို့လား?
"ဟတ်ချိုး ! ဘယ်သူ ငါ့အကြောင်း တွေးနေတာပါလိမ့်?" ရုန်ချင်းက နှာချေလိုက်ပြီး မျက်နှာသေဖြင့် တစ်ခဏလောက် တတွတ်တွတ် ရေရွတ်နေပြီးမှ အလုပ်ပုံထဲ ပြန်ခေါင်းစိုက်သွားခဲ့တယ်။
စားပွဲပေါ်မှာ သူ စစ်ဆေးတာ ခံယူဖို့ စောင့်မျှော်နေကြတဲ့ စာရွက်စာတမ်းအစုအပုံက တောင်ငယ်လေးတစ်လုံးအလား။ သူ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကို သေသေချာချာ အလုပ်လုပ်ခြင်းဖြင့် တကယ်ကုန်ဆုံးခဲ့တာပါ။
အကြောင်းရင်းလား အခြားမရှိနိုင်ပါဘူး။
သူ လတ်တလော ပိုက်ဆံတွေ သောက်ရမ်းဖြုန်းထားမိလို့လေ!
သူ လေလံပွဲမှာလည်း ပိုက်ဆံတွေ အလွန်အကျွံ ဖြုန်းခဲ့တယ်! အဲ့ဒီနောက် လင်းကျီရဲ့ သတင်းတွေကို ဖျက်ချပစ်ဖို့ ပိုက်ဆံတွေ ပေါပေါသီသီ ဖြုန်းပေးလိုက်ရသေးတယ်လေ။
ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ!
အားလုံး ပိုက်ဆံကြောင့်ပဲ!
ရုန်ချင်းတစ်ယောက် သူ့ကဒ်ထဲမှ ပိုက်ဆံတွေ ရေကဲ့သို့ ဘယ်လိုတောင် ခုန်ထွက်သွားတယ်ဆိုတာကို တွေးမိလိုက်တာနဲ့ သူ့ခမျာ နုန့်နဲ့ပြီး ရင့်နင့်ဖွယ် ကူကယ်ရာမဲ့နေရတော့တယ်။ ဖြစ်နိုင်မယ်ဆိုရင် ပိုက်ဆံကိုပဲ တစ်ချိန်လုံး သုံးဖြုန်းနိုင်ပြီး မနက်ဖြန်အတွက် စဉ်းစားစရာ မလိုတဲ့ဘဝကို ဘယ်သူက မရချင်မှာလဲ?
ဒါပေမဲ့ သူ မလုပ်နိုင်ဘူးလေ။ သူ့ကို ဘယ်သူက ဘောစိကြီး ဖြစ်ခိုင်းလိုက်တာလဲ။
"ဒီဖိုင်၊ ဒီဖိုင်ရယ် ပြီးတော့ ဒီဖိုင်နှစ်ဖိုင်ရယ်ပါ။ ဒီဖိုင်တွေအားလုံးကို ဒီနေ့ အပြီးကြည့်ရမှာပါ။" ဟယ်ချန် အခန်းထဲဝင်လာပြီး စားပွဲပေါ်က စာရွက်စာတမ်းအပုံကြီးပေါ် နောက်ထပ်ဖိုင်လေးဖိုင်ကို ပြုံးပြုံးလေး ထပ်တင်လိုက်တယ်။
ဒါ....ဒါ များသွားပြီနော် !!!
ရုန်ချင်းရဲ့ သူငယ်အိမ်တစ်စုံမှာ ပြင်းပြင်းထန်ထန် စတင်တုန်ရီနေပြီ။ သူ့ဘေးဖက်က တောင်ပုံရာပုံ စာရွက်စာတမ်းများအား စိတ်ဓာတ်ကျစွာ လှည့်ကြည့်လိုက်တယ်။ ရုန်ချင်းက သူ့ရဲ့ သေဆုံးခြင်းပြစ်ဒဏ်ကို မြင်နေရသလို စိုက်ကြည့်နေတာ။
"အို တစ်ခုကျန်သေးလို့ " ဟယ်ချန်က အပြုံးတစ်ပွင့်နဲ့ အထဲသို့ ပြန်ဝင်လာခဲ့တယ်။
ဘာကျန်သေးတာလဲ?
ဘာကျန်သေးလို့လဲ?
ရုန်ချင်းက ခိုင်ခိုင်မာမာ ခေါင်းမော့ပြီး ဟယ်ချန်ကို ခေါင်းမာစွာ စိုက်ကြည့်လိုက်တယ်။
မုန်တိုင်းများ တစ်ခါတည်း အကုန်လာပစ်လိုက်စမ်း!
ရုန်ချင်း ဒီလိုဖြစ်ပျက်နေတာကို မြင်ရတဲ့အခါ ဟယ်ချန်တစ်ယောက် သိပ်ကိုအားရပျော်ရွှင်နေမိတယ်။ နောက်ဆုံးတော့ တောင်လိုပုံနေတဲ့ အလုပ်တွေကို လုပ်ရအုံးမယ်ဆိုတဲ့ ခံစားချက်ကို ရုန်ချင်းတစ်ယောက် ပြန်ခံစားကြည့်ရတော့မယ့်အချိန် ရောက်ပြီလေ။
စိတ်တွင်းထဲက ရက်စက်ယုတ်မာမှုလေး အနည်းငယ် ပြူထွက်လာပေမဲ့ ဟယ်ချန်တစ်ယောက် ဖြည်းဖြည်းချင်း ပြန်ဖိနှိပ်ထားလိုက်တယ်။
"နှစ်ကုန်ရောက်တော့မယ်လေ။ ဒီနှစ် ကျွန်တော့်ရဲ့ အလုပ်ပမာဏက ရံဖန်ရံခါဆို အဆများစွာ များပြားလာတတ်လို့ ကြိုတင်ပြီး အားလပ်ရက် တောင်းထားချင်လို့ပါ။" ဟယ်ချန်က ပြုံးပြုံးလေး ပြောလိုက်တယ်။
ဘယ်လို? မင်းက အားလပ်ချက်ခွင့်ယူမလို့? ဘာအားလပ်ရက်လဲ? မင်း ဘယ်လိုတောင် အားလပ်ရက် ယူနိုင်ရတာလဲ?
ရုန်ချင်းတစ်ယောက် ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရလေတယ်။
မဖြစ်နိုင်တာ! သူက တစ်နှစ်မှာ ၃၆၅ရက်လုံးလုံး အလုပ်ကြိုးစားတဲ့ ဘက်စုံသုံး စူပါလက်ထောက်လေး မဟုတ်ဘူးလား? ဘုရားရေ သူ မှတ်ဉာဏ်တွေကို ခပ်မြန်မြန် ရှာဖွေကြည့်လိုက်တော့ ဟယ်ချန်က အဲ့ဒီလိုလက်ထောက်မျိုး တကယ်မဟုတ်မှန်း ရုန်ချင်း သိရှိလိုက်ရတော့တယ်။
ဟယ်ချန်က ရုန်ချင်းရဲ့ဘက်စုံသုံးလက်ထောက်ဖြစ်နေတဲ့ အကြောင်းရင်းက သူကိုယ်တိုင်က ဦးဆောင်ဦးရွက် ပြုဖို့ စိတ်မဝင်စားလို့။ သူက အရာရာစွမ်းတဲ့ လက်ထောက်ခေါင်းဆောင် typeမျိုးကိုပဲ ကြိုက်တာ။
တကယ်တော့ ဟယ်ချန်မှာ ပိုင်ဆိုင်မှု၊ ပိုက်ဆံတွေ အများကြီးရှိတယ်။ ဒါကြောင့် နှစ်ကုန်ရောက်တိုင်း ကြိုတင်အားလပ်ရက်ခွင့်ယူပြီး ပဲချိုလေးကို ခေါ်ကာ တစ်ကမ္ဘာလုံးမှ နေရာဒေသမျိုးစုံကို လျှောက်လည်လေ့ရှိတယ်။ သူက အလုပ်ကြိုးစားပြီး ပျော်လည်းပျော်ပါးတတ်တဲ့ typeမျိုး။
ပြီးတော့ ရှိသေးတယ်!
သူ့မှာ ကြောင်တစ်ကောင်ရှိတယ်! သူက ထိုကြောင်လေးကို တောင်တန်းတွေ သမုဒ္ဒရာတွေ မြက်ခင်းပြင်စိမ်းစိမ်းတွေဆီ ရှုစားဖို့ ခေါ်သွားနိုင်တယ်, ပြီးတော့ တိရစ္ဆာန်ဘဝကိုတောင် ခေါ်သွားနိုင်သေးတယ်! သူ အလည်ခရီးကနေ ပြန်လာချိန်တိုင်း လူတိုင်း မနာလိုအားကျရအောင် gp chatထဲမှာ ဓာတ်ပုံများ မရေမတွက်နိုင်အောင် တင်ကြွားပါလိမ့်မယ်!
.......
ငါယိုးတဲ့မှ !
ဒါကို ခံစားကြည့်စမ်း! သေသေချာချာလေး ခံစားကြည့်!
ဒါက ဘယ်လိုဘဝမျိုးပါလိမ့်?
ဆန့်ကျင်ဖက်အနေနဲ့ ဘောစိကြီးရဲ့ မှတ်ဉာဏ်ထဲမှာတော့ နှစ်ကုန်ရောက်တာနဲ့ အမျိုးမျိုးသော မီတင်းမျိုးစုံ တက်ရမယ်, နှစ်ပတ်လည် ဆွေးနွေးပွဲတွေ, နှစ်ကူးမှာ သွားလည်ရမယ့်လူတွေ။
ရုန်ချင်း မေ့လဲချင်သွားပြီ။
ဒါ ဘောစိကြီးတစ်ဦးရဲ့ ဘဝမျိုး မဖြစ်သင့်ဘူးလေ!
ငါ ပြိုလဲတော့မယ်!
ရုန်ချင်းက နောက်ဆုံးသော မျှော်လင့်ချက်ကြိုးမျှင်လေးကို ဆုပ်ကိုင်ရင်း မေးလိုက်တယ် :: "မင်းရဲ့ ပလန်တွေက ဘာလဲ?" အကြာကြီးတော့ မသွားနဲ့နော် ! ချဲ့ဘာရ် ! ¶please¶
ဟယ်ချန်က ခပ်သဲ့သဲ့ ပြုံးလိုက်တယ်။
"နွေဦးပွဲတော် မတိုင်ခင်တစ်ပတ်မှာ ဟိုတယ်ခန်းတစ်ခန်း ကြိုမှာပြီးပါပြီ။ မီးပုံးပွဲတော် ပြီးတာနဲ့ ကျွန်တော် ပြန်လာမှာပါ။ စိတ်မပူပါနဲ့ဗျ" သူ ရပ်သွားပြီးမှ :: "ပြီးတော့ CEOရုန်ရဲ့ private jetကို ကျွန်တော်သုံးဖို့ ငှားပေးနိုင်မလားဗျ?"
ရုန်ချင်းက သူ့လက်ချောင်းများနဲ့ တွက်ချက်နေလေရဲ့။
သုံးပတ်ကြာမယ်။ အိုကေ! ဒယ်ဒီ ကိုင်တွယ်နိုင်မှာပါ!
private jetအတွက်ကတော့
"မင်းဘာသာပဲ သွားစီစဉ်လိုက်တော့။ မင်း မသွားခင် ပဲချိုလေးကို ကုမ္ပဏီခေါ်လာခဲ့။ အဲ့အခါ ငါ နှစ်ပတ်လည်ပွဲတစ်ပွဲ စီစဉ်ပေးမယ်။" ရုန်ချင်းတစ်ယောက် သူ့ကိုယ်သူ အသက်ဝင်တက်ကြွနေအောင်လို့ အတင်းကြိုးစားနေရတယ်။
ဟယ်ချန်က မျက်ခုံးပင့်သွားပြီး "Bossက ပဲချိုလေးကို နှစ်ပတ်လည်ပွဲဆီ ထပ်ခေါ်လာစေချင်တာလား?"
"နှစ်တိုင်းလည်း ဒီလိုပဲ မဟုတ်ဘူးလား? သူတို့အားလုံးက ပဲချိုလေးကို သဘောကျကြတယ်လေ။" ရုန်ချင်းလေသံမှာ ညည်းညူရိပ်တွေ ပါဝင်တယ်။
ဒီလူတွေ ကြောင်တွေကို ချစ်ပုံက ကြောက်မက်ဖွယ်ရာပဲ! သူ မသိဘူးလို့ မထင်နဲ့ ။ အဲ့ဒီမိန်းမအုပ်စုတွေကလေ လက်ထောက်ဟယ်×ပဲချိုလေးCP ဆိုပြီး ကြိတ်ရှစ်ပေးနေကြသေးတာ! ညစ်ညမ်းလိုက်တဲ့ မိန်းမများ! ကြောင်လေးတွေက တအားချစ်စရာကောင်းတယ်ကွ! မင်းတို့တွေ ဘာလို့များ ဒီလိုကြီး လုပ်ရက်ကြတာလဲလို့ !
ဟယ်ချန်က တစ်ခဏလောက် တွေးတောပြီး များများစားစား စိတ်ထဲမထားတော့ပေ။
ပဲချိုလေးက အိမ်မှာပဲ အမြဲနေနေရတာ။ ဒါက သူ့ကို လွယ်လွယ်ကူကူ စိတ်ဓာတ်ကျလာစေနိုင်တယ်။ တစ်ကြိမ်လောက် အပြင်ထွက်စေပြီး ပျော်ပါးပေးတာက အကြံဉာဏ်ကောင်းတစ်ခုပဲ။
ပြီးတော့ အရင်တုန်းက နှစ်ပတ်လည်မီတင်းတွေမှာ အတော်လေး အောင်မြင်တယ်။ ပဲချိုလေးလည်း နှစ်ပတ်လည်ပွဲက ဝယ်သူစိတ်ကြိုက် ဖန်တီးပေးထားတဲ့ ကြောင်တာဝါလေးကို နှစ်သက်တယ်လေ။
"အရမ်းကောင်းပါတယ်။ နှစ်ပတ်လည်ပွဲအတွက် အချိန်သတ်မှတ်ပြီးတဲ့အခါ ကျွန်တော် ပဲချိုလေးကို ခေါ်လာပါ့မယ်။" ဟယ်ချန် သဘောတူလိုက်ပြီ။
"အိုကေလေ။ ငါ ရက်သတ်မှတ်လိုက်မယ်။" ရုန်ချင်း ခေါင်းညိတ်ပြလိုက်တယ်။ သူ ပြောပြီးတာနဲ့ စာရွက်စာတမ်း တောင်ပုံလေးကို တစ်ချက်ကြည့်ကာ အလုပ်သံသရာထဲ ခေါင်းပြန်စိုက်လေသတည်း။
'ပိုက်ဆံဖြုန်းတာက ပျော်ရွှင်မှုကို ယူဆောင်ပေးတယ်' လို့ ပြောကြတယ်။ ဆက်တိုက်ပိုက်ဆံဖြုန်းရင် ဆက်တိုက်ပျော်ရွှင်မှု ရမယ်။ အလုပ်လုပ်ရတာက ပင်ပန်းစေတယ်။ ဆက်တိုက်အလုပ်လုပ်ရင် စိတ်ဖောက်ပြန်သွားလိမ့်မယ်။
သုံးရက်ကြာ မရပ်မနား ဆက်တိုက်အလုပ်လုပ်ပြီးတဲ့နောက် ရုန်ချင်းလေး ပေါက်ကွဲထွက်သွားပါပြီ။ သူ ရုံးစားပွဲပေါ် ပစ်လှဲချပြီး သေချင်ယောင်ဆောင်နေပါတော့တယ်။ အလုပ်လုပ်လွန်ပြီး သူ သေသွားပါပြီ! သူ့ကို ငြိမ်ငြိမ်လေး သေခွင့်ပြုနော်! ကျေးဇူး!
ဟယ်ချန်တစ်ယောက် တံခါးတွန်းဖွင့်ဝင်လာတဲ့အခါ စားပွဲခုံပေါ်မှာ ပိုးလိုးပက်လက် လဲပြိုနေတဲ့ ဒီလူပျင်းကို မြင်လိုက်ရတယ်။ သူ မျက်ခုံးပင့်သွားတယ်, ထို့နောက် ခုံပေါ်က စာရွက်စာတမ်းအပုံကြီးကို လုံးလုံးဖြေရှင်းပြီးတာ မြင်တော့ ကျေနပ်အားရသွားတယ်။
ကြည့်စမ်း! ဖိအားပေးလိုက်တာနဲ့ bossက တကယ်လုပ်နိုင်ပါတယ်။
"Boss" ဟယ်ချန်က စားပွဲရှေ့ လျှောက်လာပြီး ခုံမျက်နှာပြင်ကို ဖွဖွခေါက်လိုက်တယ်။
ရုန်ချင်းက သူ့ကို ဘေးတစ်ခြမ်းစောင်းမျက်နှာနဲ့ တစ်ချက်မော့ကြည့်ကာ ပင်ပန်းအားနည်းစွာဖြင့် :: "ငါ အလုပ်ထပ်မလုပ်နိုင်တော့ဘူး။ မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် ငါ မလှုပ်နိုင်တော့ဘူး" သူ့ခေါင်းတစ်ခုလုံး အနားမှာ ယင်ကောင်တစ်ရာ ပျံသန်းနေသလို ကျယ်လောင်စွာ တဝှီဝှီမြည်နေလေရဲ့!
"အလုပ်အားလုံးက အခုချိန်မှာ ပြီးဆုံးသွားပါပြီ။ အခြားကိစ္စပါ။ အောက်ထပ်ဧည့်ကြိုမှ ဖုန်းဆက်လာတယ်။ သူတို့ပြောတာ မစ္စတာလင်း ရောက်လာပါတယ်တဲ့"
"ဘယ်သူ?" ရုန်ချင်းတစ်ယောက် ချက်ချင်း မတ်မတ်ထထိုင်လိုက်တယ်။
အခုနက သူ သွေးလေချောက်ချားသွားတာများလား? ဟယ်ချန် ဘယ်သူလို့ ပြောလိုက်တာ ???
"မစ္စတာလင်းပါ။ သူ အခု အောက်ထပ်မှာ စောင့်နေပါတယ်။ Boss သူ့ကို ဒီခေါ်ချင်လား ဒါမှမဟုတ် သူ့ကို သွားဆင်းတွေ့ချင်လားခင်ဗျ?" ဟယ်ချန် ရပ်သွားပြီး သူ့ကို သတိပေးလာတယ်:: "သုံးနာရီမှာ အစည်းအဝေးတစ်ခုရှိပါတယ်။"
များပြားလိုက်တဲ့ အစည်းအဝေးတွေ! သူတော့ သွားပြီ!
"ဘမ်း!" သူ့ခေါင်းက စားပွဲခုံပေါ်သို့ ပြန်ကျသွားတော့တယ်။ ရုန်ချင်းက အားနည်းစွာ ပြောခဲ့တယ် :: "သူ့ကို ဒီကိုသာ လာခိုင်းလိုက်ပါတော့" ဒီဒယ်ဒီ မလှုပ်ချင်တော့ဘူး။ လက်ချောင်းတစ်ချောင်းတောင် မမြှောက်နိုင်တော့ဘူး။
အမ်? မစ္စတာလင်းတောင် bossကို ပုံမှန်တက်ကြွဖျတ်လတ်မှု ပြန်ရအောင် မလုပ်နိုင်ဘူးတဲ့လား?
ဒီတစ်ကြိမ်မှာ ဟယ်ချန်တစ်ယောက် အကြမ်းဖျင်း ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်တယ်။ ငါ တကယ်ပဲ သူ့ကို အလုပ်အများကြီးနဲ့ ဖိနှိပ်မိသွားတာလား? ဒါပေမဲ့ ငါလည်း ပုံမှန်ဆို ဒီလောက်များတဲ့ အလုပ်တွေကို နေ့တိုင်း လုပ်နေရတာမဟုတ်လား? ဘက်စုံသုံး လက်ထောက်ဟယ်မှာ အကြံအိုက်နေရတော့တယ်။
CEOရုန်ကို စိုးရိမ် အထူးသဖြင့် သူ့ရဲ့နှစ်ကုန်အလည်ခရီးလေး မျက်နှာကြောင့် ဟယ်ချန်တစ်ယောက် အောက်ထပ်သို့ဆင်းကာ လင်းကျီကို သွားခေါ်ခဲ့တယ် :: "အခုလတ်တလော အလုပ်တွေ အရမ်းများနေတာ။ Boss ကောင်းကောင်းမအိပ်ရတာ သုံးရက်ရှိပြီ။"
သူ့နောက်မှ လိုက်လာနေတဲ့ လင်းကျီက သူ့ခြေလှမ်းများကို ရပ်တန့်လိုက်တယ်။ ဟယ်ချန်က အပြုံးတစ်ပွင့်နဲ့ သူ့ကို မျှော်လင့်ကြီးစွာ ကြည့်လာခဲ့တယ်။
ရုန်ချင်းက ဒီလောက်ပင်ပန်းနေတာလား? သူ့ကို အခုလတ်တလော လာမတွေ့တာ မဆန်းတော့ပါဘူး။
လင်းကျီက တစ်ခဏလောက် တွေးဆကြည့်ပြီးမှ "သူ အချိန်တစ်ခုလောက် အနားယူပြီးတဲ့ထိ စောင့်သင့်တယ်ထင်တယ်, ပြီးတော့မှ ပြန်လာလိုက်မယ်လေ?" သူ ပြောပြီး လှည့်ထွက်ဖို့ ခေါင်းလှည့်တော့တယ်။
ဟယ်ချန်ရဲ့ အပြုံးတစ်ပွင့်က အေးခဲသွားရကာ လင်းကျီကို လှမ်းတားလိုက်ရတယ်။ သူ တစ်ခဏလောက် တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လာခဲ့တယ် :: "Bossက မစ္စတာလင်း လာတယ်ဆိုတာလည်း ကြားရော အရမ်းပျော်ရွှင်သွားပြီး မျှော်လင့်တကြီး စောင့်စားနေပါတယ်။"
ဒီလူနှစ်ယောက်ကတော့ သူတို့ရဲ့ အပြုအမူတွေက သူမှန်းထားတာနဲ့ ဘာကိစ္စ တလွဲစီတွေ ဖြစ်နေရတာလဲ?
----------------
[Zawgyi]
<<ေကာင္းကင္ဘံုနဲ႔ ကမ႓ာေျမကြာဟမႈ>> ရဲ့ပြက္ေလာရိုက္မႈက အရာအားလံုးကို အထက္ေအာက္ ေျပာင္းသလန္သြားေစေတာ့တယ္။ ေနာက္ဆံုးမွာေတာ့ လူအမ်ားႀကီးရဲ့ စိတ္ထဲမွာ ဟာသတစ္ခုျဖစ္လာေတာ့တယ္။ ျပန္လည္ ထုတ္လႊင့္ျပသမည္ ဆိုေသာအခါ လူအမ်ားစုက ေလွာင္ေျပာင္ရယ္ေမာဖို႔အတြက္ ျပင္ဆင္ထားၾကေတာ့တယ္။
ေဆြးေနြးခန္းဖိုရမ္တစ္ခ်ိဳ႕မွာ ေရွာင္းဇီခ်ီကို လ်ိဳ႕ဝွက္စြာ အရွက္ခြဲေနတဲ့ စာမ်ားက ေနြဦးမိုးရြာၿပီးေနာက္ ျမက္ပင္စိမ္းစိမ္းမ်ား ေနရာအႏွံ႔ ေပါက္ေရာက္လာသလိုပဲ။ ေရွာင္းဇီခ်ီက ဒီလိုျပင္မရႏိုင္ေတာ့တဲ့ အရႈပ္ေတာ္ပံုတစ္ခု လုပ္ခဲ့တာကို အေျခခံ သေရာ္ရင္း အူႏိွပ္မတတ္ တေသာေသာ ရယ္ေမာေနၾကေလရဲ့။
ေၾကာင္ေတြကို စားတဲ့ ငါးတစ္ေကာင္ :: ⟨⟨ဒီေလာက္ဆိုးရြားတဲ့ ဟန္ပန္ရိွသူမ်ိဳးကို တစ္ခါမွ မျမင္ဖူးတာပါကြယ္။ ဒါေပမဲ့ တကယ္ ေတာ္ေတာ္ရယ္ရတာ။ ေရွာင္းဇီခ်ီတစ္ေယာက္ သူ႔ဘဝက ဒီအေပၚ အမွီျပဳသလို စိတ္လႈပ္တရွားနဲ႔ ဟိုခုန္သည္ခုန္ လုပ္ေနေလရဲ့ , ဒါေပမဲ့ အဆံုးမွာေတာ့ သူ႔ရဲ့သရုပ္ေဆာင္စေကးက ေခြးဝဲစားအတိုင္းပဲ။ သူ လက္ေလ်ွာ့လိုက္သင့္ၿပီ⟩⟩
မိႈက သစ္သားမဟုတ္ :: ⟨⟨ေရွာင္းဇီခ်ီက နာမည္ႀကီးidolတစ္ေယာက္လို႔ ေျပာၾကတယ္ မဟုတ္လား? အဲ့လိုေျပာၿပီးေတာ့ တကယ္လည္း ဒီအခ်ိန္ေရာက္ေရာ သူ႔ရဲ့ supportအားက လင္းက်ီကိုေတာင္ မေက်ာ္ႏိုင္ပါလားေနာ္?⟩⟩
အေပ်ာ္အျပက္တစ္ခုအတြက္ ထြက္လာတဲ့ ျပၫ့္တန္ဆာေလး :: ⟨⟨ျဖစ္ႏိုင္တာက ငေမႊထိုး လုပ္လိုက္တာပဲ။ ေရွာင္းဇီခ်ီက ဘာေတြမ်ား တအားေကာင္းေနလို႔လဲ? သူက တစ္ေန့လံုး သူ႔ကိုယ္သူ ဘယ္လိုႂကြၾကြရြရြ ေနရမလည္းဆိုတာပဲ သိတာ။ မင္း သရုပ္ေဆာင္ စေကးေကာင္းေတြကို ၾကၫ့္ႀကိဳက္တာဆိုရင္ေတာ့ သူ႔မွာ ဗလာနတၲိပဲ။ မင္းက ရုပ္ရည္ကိုပဲ ၾကၫ့္ႀကိဳက္ခ်င္ရင္လည္း ေကာင္းၿပီေလ...သူ႔အရပ္အေမာင္းကိုပဲ တစ္ခ်က္ရိႈးလိုက္ေတာ့ အူတက္ေနမိၿပီ⟩⟩
ေရွာင္းဇီခ်ီတစ္ေယာက္ ဒီေကာ့မန႔္ကို ဖတ္ၿပီးတဲ့အခါ ေဒါသတႀကီး အေသအံႀကိတ္ထားရလို႔ သူ႔သြားေတြ က်ိဳးေတာ့မလိုပါပဲ။ ဒီလြန္ခဲ့တဲ့ ရက္အနည္းငယ္မွာ သူ႔က်န္းမာေရးက အရမ္းႀကီး ေကာင္းေနတာ မဟုတ္ေပ။ သူ႔မ်က္ႏွာက ေသေလာက္ေအာင္ ျဖဴေဖ်ာ့ေနကာ အလြန္တရာ အားနည္းပံု ေပါက္ေစတယ္။
ေအးဂ်မ့္ရဲ့ မ်က္ႏွာကလည္း အလားတူ ေကာင္းေနတာ မဟုတ္ေပ။ ဒါက သူတို႔ေတြ ဦးၫႊတ္ၿပီး ေတာင္းပန္ဖို႔ ဖိအားေပးေစခိုင္းခံရတဲ့ ပထမဆံုးအႀကိမ္ပဲ။ ခက္ခဲပ်ာယာၿပီး ေအာင့္သက္သက္ ခံစားခ်က္က တကယ္ သည္းမခံႏိုင္စရာပဲ။
သို႔ေပမဲ့လည္း သူ ေရွာင္းဇီခ်ီကို ၾကင္နာေသာ စကားမ်ားျဖင့္ ႏွစ္သိမ့္ေပးလိုက္ပါေသးတယ္ :: "စိတ္ထဲ မထားနဲ႔ေနာ္။ ဒီထိုးႏွက္မႈေတြ ၿပီးသြားရင္ အရာအားလံုး အဆင္ေျပသြားလိမ့္မယ္။ ခဏေလာက္ေလး ကိုယ္ေယာင္ေဖ်ာက္ေနၾကစို႔။ ေနာက္ဆို အြန္လိုင္းက ဒီလူေတြ ဒီအျဖစ္အပ်က္ကို မွတ္မိမွာေတာင္ မဟုတ္ေတာ့ဘူး။ မင္းလည္း အရင္က ပံုမွန္အတိုင္း ျပန္ျဖစ္သြားလိမ့္မယ္။"
ေရွာင္းဇီခ်ီက မ်က္ေမွာင္ၾကဳပ္လိုက္ေပမဲ့ ေခါင္းေတာ့ ညိတ္ျပလိုက္ပါတယ္။
အခုေတာ့ ဒီလိုပဲ ဆက္ျဖစ္ေနရအံုးမယ္ေပါ့ေလ။
သူ မေပ်ာ္ရႊင္ေသးတာကို ျမင္ေတာ့ ေအးဂ်မ့္က တစ္ခဏေလာက္ စဉ္းစားၾကၫ့္ၿပီး အဲ့ေနာက္ ရုတ္တရက္ အႀကံတစ္ခု ရလာခဲ့တယ္ :: "အို ဟုတ္သား။ ငါ့မွာ ပလန္တစ္ခု ရၿပီ...." သူ ေရွာင္းဇီခ်ီနား တိုးကပ္လာၿပီး နားရြက္နားကပ္ကာ စကားတစ္ခ်ိဳ႕ တိုးတိုးေလး ေျပာလိုက္တယ္။
ေရွာင္းဇီခ်ီမ်က္လံုးမ်ားက တျဖည္းျဖည္း ေတာက္ပလာခဲ့တယ္။ လူႏွစ္ေယာက္ အခ်င္းခ်င္း စိုက္ၾကၫ့္ေနၾကတယ္။ ေနာက္ထပ္စကားမ်ား မလိုအပ္ေတာ့ၿပီ။
<<ေကာင္းကင္ဘံုနဲ႔ ကမ႓ာေျမကြာဟမႈ>> ဗားရွင္းအသစ္ကေတာ့ လ်င္လ်င္ျမန္ျမန္နဲ႔ပဲ အသစ္တစ္ဖန္ ေမြးဖြားလာခဲ့ၿပီ။ အသစ္တည္းျဖတ္ထားတဲ့ အပိုင္းမ်ားကို ထုတ္လႊင့္လိုက္ၿပီ , အရင္အေဟာင္းနဲ႔ ယွဉ္ရင္ ေကာင္းကင္က တိမ္မ်ားနဲ႔ ေျမၾကီးေပၚက ဖုန္မႈန႔္မ်ားကို ႏိႈင္းယွဉ္သကဲ့သို႔ ျဖစ္ေနလိမ့္မည္!
ႀကံဳရာက်ပန္း ေလ်ွာက္ထၫ့္ထားတဲ့ အခန္းေတြမပါဘူး။ ျပသခ်ိန္တစ္ခ်ိန္လံုးမွာ ေရွာင္းဇီခ်ီကို ထၫ့္မတြက္ထားဘဲ ေျပာရရင္ေတာ့ ၾကၫ့္ရႈသူမ်ားရဲ့ ေမ်ွာ္မွန္းခ်က္မ်ားထက္ ေက်ာ္လြန္ေနတယ္လို႔ေတာင္ ေျပာႏိုင္တယ္!
အထူးသျဖင့္ ဒုတိယပိုင္းမွာပဲ မူလက အလြန္တရာမွ ျဖဴစင္ရိုးသားလွတဲ့ ေခါင္းေဆာင္မင္းသား လင္းက်ီက သူ႔ရဲ့ေျခလွမ္းတိုင္းမွာ မေရမတြက္ႏိုင္တဲ့ ခက္ခဲၾကမ္းတမ္းမႈမ်ားကို ႀကံဳေတြ့ရတယ္။ ထိုအခ်ိန္မွာ ေနာက္ဆံုးေတာ့ သူ ႏိုးထလာခဲ့တယ္!
ဒါရိုက္တာန်န္ရဲ့ အသင့္ေတာ္ဆံုး ကင္မရာေထာင့္ကို ေရြးခ်ယ္ႏိုင္တဲ့ စြမ္းရည္ေကာင္းကို လင္းက်ီရဲ့ သရုပ္ေဆာင္မႈနဲ႔အတူ တြဲစပ္လိုက္ေတာ့ ထိုမ်က္ဝန္းတစ္စံုက စီးရီးရဲ့ ႏွလံုးသားကို တကယ္ပဲ ကြက္ကြက္ကြင္းကြင္းနဲ႔ ေျပာင္ေျပာင္ေျမာက္ေျမာက္ ျပသခဲ့တာ။
ေကာင္းကင္ဘံုနဲ႔ ကမ႓ာေျမကြာဟမႈ ။ ဘယ္အရာက ေကာင္းကင္ဘံုလဲ? ဘယ္အရာက ကမ႓ာေျမလဲ? ေကာင္းကင္ဘံုနဲ႔ ကမ႓ာေျမအစစ္က တစ္ဦးတစ္ေယာက္ရဲ့ ႏွလံုးသားထဲမွာ သိုေလွာင္ထားမိလို႔ေလ! ၿပီးေတာ့ ဒီေကာင္းကင္ဘံုဆီ ကူးမယ္ဆိုရင္ ဒီကမ႓ာေျမကို အရင္ဆံုး နင္းေျခပစ္မွရမယ္! ႀကီးစိုးေအာင္ျမင္ျခင္းက အသက္ရႈတစ္ရိႈက္စာမ်ွသာသာ!
အစက ေလွာင္ရယ္ရယ္ဖို႔ ၾကၫ့္ရႈၾကတဲ့ လူမ်ားစြာက တစ္ေယာက္ၿပီးတစ္ေယာက္ သူတို႔ရဲ့ အံ့အားသင့္မႈကို ေဖာ္ျပဖို႔ ေကာမန႔္မ်ား ခ်န္ထားၾကေတာ့တယ္။
ဗိုလ္စားပဲကို မႀကိဳက္ဘူး မာတာမိခင္ေရ သမီးေျပာတာေလး နားေထာင္ေပးပါ :: ⟨⟨ငါ တကယ္ ေသာက္ရမ္းေရွာ့ရသြားၿပီ! ဒီ<<ေကာင္းကင္ဘံုနဲ႔ ကမ႓ာေျမကြာဟမႈ>>က လံုးလံုးကြဲျပားသြားတဲ့ အရာတစ္ခုအတိုင္းပဲ! ဒီတစ္ခုက တကယ္တကယ္ တအားေကာင္းတယ္လို႔ !! အရင္တစ္ခုက <<ေကာင္းကင္ဘံုနဲ႔ ကမ႓ာေျမကြာဟမႈ>>ေတာင္ မျဖစ္ႏိုင္ေတာ့ဘူး!⟩⟩
ဟာသမလုပ္ဘူး :: ⟨⟨အမွန္တရားေတြပဲ။ လင္းက်ီနဲ႔ ေရွာင္းဇီခ်ီၾကား ျခားနားခ်က္က တကယ္ႀကီးမားတာပဲ။ အဆံုးမွာေတာ့ idol တစ္ေယာက္က idolတစ္ေယာက္ပဲျဖစ္မွာ။ ေရွာင္းဇီခ်ီ သရုပ္ေဆာင္တာက ေတာ္ေတာ္ေတာင့္တင္းေနတာ။ ဆန႔္က်င္ဖက္အေနနဲ႔ ကေလးသရုပ္ေဆာင္ လင္းက်ီကေတာ့ ငါတို႔ရဲ့ ေမ်ွာ္လင့္ခ်က္ေတြကို လံုးဝအခ်ည္းႏွီးမျဖစ္ေစဘူး။ သူ႔ရဲ့သရုပ္ေဆာင္စေကးက ေရွာင္းဇီခ်ီကို လံုးလံုးနင္းေျခပစ္လိုက္ၿပီ⟩⟩
ဖူဝန္ႀကီးက သူ႔ဇနီးေလးကို ဒီေန့ အလိုလိုက္ရဲ့လား :: ⟨⟨အခုခ်ိန္မွာ ငါ ေမးခြန္းတစ္ခုပဲ ေမးစရာရိွတယ္။ လင္းက်ီရဲ့ သရုပ္ေဆာင္စေကးက ေရွာင္းဇီခ်ီကို ၁၀ဆင့္ေလာက္ နင္းေျခႏိုင္တယ္ဆိုေတာ့ အရင္တစ္ေခါက္က ဒါရိုက္တာရဲ့ေခါင္းထဲ ေရေတျြပၫ့္ေနလို႔လား? ငါတို႔ေတြကို လာရႈပ္ဖို႔ အဲ့ဒီအမိႈက္ဗီဒီယိုႏွစ္ပိုင္းကို ထုတ္လႊင့္လိုက္တာလား?⟩⟩
Frozen အသည္းကြဲေနၿပီ :: ⟨⟨ဘာပဲျဖစ္ျဖစ္ ငါ ဒါကို ၾကၫ့္မိတာ ေတာ္ေသးလို႔ေပါ့။ မဟုတ္ရင္ ေသာက္ငေမႊထိုး ထုတ္လုပ္ေရးအဖြဲ႔ေၾကာင့္ ငါေလး ဇာတ္လမ္းေကာင္းတစ္ခု လြတ္သြားေတာ့မလို႔!⟩⟩
အြန္လိုင္းေပၚက လူတိုင္းက လင္းက်ီကို အဆက္မျပတ္ ခ်ီးမြမ္းခန္း ဖြင့္ေနၾကပါတယ္, လင္းက်ီရဲ့ဖန္ေလးေတြဆို ေျပာေနစရာကို မလိုေတာ့ဘူး! ေန့တိုင္းေန့တိုင္း သူ႔ရဲ့ဖန္ေလးေတြက <<အသံတိတ္ အစီရင္ခံစာ>>ရဲ့ ထုတ္လုပ္ေရးအဖြဲ႔ဆီ ခ်စ္ျခင္းေမတၲာေတြ ပို႔သၾကတယ္။
သို႔ေပမဲ့လည္း ဒီအျဖစ္အပ်က္က လင္းက်ီအတြက္ အနည္းငယ္ ပဋိပကၡမ်ားေစပါတယ္။ ဘာလို႔ဆို အခ်ိန္တိုင္းမွာ သူက ရုန္ခ်င္းတစ္ခုခု ပို႔ေပးတယ္လို႔သာ မွားထင္ေနတာ, ဒါေပမဲ့ ရွာေတြ့ေတာ့ ရုန္ခ်င္း ဟုတ္မေနခဲ့ဘူး။
တစ္ခါႏွစ္ခါဆို ေတာ္ေသးတယ္,ဒါေပမဲ့ ဒီလိုမ်ိဳး တစ္ပတ္လံုးလံုး ျဖစ္ေနခဲ့တာ။ လင္းက်ီတစ္ေယာက္ သည္းမခံႏိုင္ေတာ့ပါဘူး။
ရုန္ခ်င္း....သူ တစ္ခုခုမ်ား ျဖစ္ေနလို႔လား?
"ဟတ္ခ်ိဳး ! ဘယ္သူ ငါ့အေၾကာင္း ေတြးေနတာပါလိမ့္?" ရုန္ခ်င္းက ႏွာေခ်လိုက္ၿပီး မ်က္ႏွာေသျဖင့္ တစ္ခဏေလာက္ တတြတ္တြတ္ ေရရြတ္ေနၿပီးမွ အလုပ္ပံုထဲ ျပန္ေခါင္းစိုက္သြားခဲ့တယ္။
စားပြဲေပၚမွာ သူ စစ္ေဆးတာ ခံယူဖို႔ ေစာင့္ေမ်ွာ္ေနၾကတဲ့ စာရြက္စာတမ္းအစုအပံုက ေတာင္ငယ္ေလးတစ္လံုးအလား။ သူ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကို ေသေသခ်ာခ်ာ အလုပ္လုပ္ျခင္းျဖင့္ တကယ္ကုန္ဆံုးခဲ့တာပါ။
အေၾကာင္းရင္းလား အျခားမရိွႏိုင္ပါဘူး။
သူ လတ္တေလာ ပိုက္ဆံေတြ ေသာက္ရမ္းျဖဳန္းထားမိလို႔ေလ!
သူ ေလလံပြဲမွာလည္း ပိုက္ဆံေတြ အလြန္အကြၽံ ျဖဳန္းခဲ့တယ္! အဲ့ဒီေနာက္ လင္းက်ီရဲ့ သတင္းေတြကို ဖ်က္ခ်ပစ္ဖို႔ ပိုက္ဆံေတြ ေပါေပါသီသီ ျဖဳန္းေပးလိုက္ရေသးတယ္ေလ။
ပိုက္ဆံ ပိုက္ဆံ ပိုက္ဆံ!
အားလံုး ပိုက္ဆံေၾကာင့္ပဲ!
ရုန္ခ်င္းတစ္ေယာက္ သူ႔ကဒ္ထဲမွ ပိုက္ဆံေတြ ေရကဲ့သို႔ ဘယ္လိုေတာင္ ခုန္ထြက္သြားတယ္ဆိုတာကို ေတြးမိလိုက္တာနဲ႔ သူ႔ခမ်ာ ႏုန႔္နဲ႔ၿပီး ရင့္နင့္ဖြယ္ ကူကယ္ရာမဲ့ေနရေတာ့တယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ ပိုက္ဆံကိုပဲ တစ္ခ်ိန္လံုး သံုးျဖဳန္းႏိုင္ၿပီး မနက္ျဖန္အတြက္ စဉ္းစားစရာ မလိုတဲ့ဘဝကို ဘယ္သူက မရခ်င္မွာလဲ?
ဒါေပမဲ့ သူ မလုပ္ႏိုင္ဘူးေလ။ သူ႔ကို ဘယ္သူက ေဘာစိႀကီး ျဖစ္ခိုင္းလိုက္တာလဲ။
"ဒီဖိုင္၊ ဒီဖိုင္ရယ္ ၿပီးေတာ့ ဒီဖိုင္ႏွစ္ဖိုင္ရယ္ပါ။ ဒီဖိုင္ေတြအားလံုးကို ဒီေန့ အၿပီးၾကၫ့္ရမွာပါ။" ဟယ္ခ်န္ အခန္းထဲဝင္လာၿပီး စားပြဲေပၚက စာရြက္စာတမ္းအပံုႀကီးေပၚ ေနာက္ထပ္ဖိုင္ေလးဖိုင္ကို ၿပံဳးၿပံဳးေလး ထပ္တင္လိုက္တယ္။
ဒါ....ဒါ မ်ားသြားၿပီေနာ္ !!!
ရုန္ခ်င္းရဲ့ သူငယ္အိမ္တစ္စံုမွာ ျပင္းျပင္းထန္ထန္ စတင္တုန္ရီေနၿပီ။ သူ႔ေဘးဖက္က ေတာင္ပံုရာပံု စာရြက္စာတမ္းမ်ားအား စိတ္ဓာတ္က်စြာ လွၫ့္ၾကၫ့္လိုက္တယ္။ ရုန္ခ်င္းက သူ႔ရဲ့ ေသဆံုးျခင္းျပစ္ဒဏ္ကို ျမင္ေနရသလို စိုက္ၾကၫ့္ေနတာ။
"အို တစ္ခုက်န္ေသးလို႔ " ဟယ္ခ်န္က အၿပံဳးတစ္ပြင့္နဲ႔ အထဲသို႔ ျပန္ဝင္လာခဲ့တယ္။
ဘာက်န္ေသးတာလဲ?
ဘာက်န္ေသးလို႔လဲ?
ရုန္ခ်င္းက ခိုင္ခိုင္မာမာ ေခါင္းေမာ့ၿပီး ဟယ္ခ်န္ကို ေခါင္းမာစြာ စိုက္ၾကၫ့္လိုက္တယ္။
မုန္တိုင္းမ်ား တစ္ခါတည္း အကုန္လာပစ္လိုက္စမ္း!
ရုန္ခ်င္း ဒီလိုျဖစ္ပ်က္ေနတာကို ျမင္ရတဲ့အခါ ဟယ္ခ်န္တစ္ေယာက္ သိပ္ကိုအားရေပ်ာ္ရႊင္ေနမိတယ္။ ေနာက္ဆံုးေတာ့ ေတာင္လိုပံုေနတဲ့ အလုပ္ေတြကို လုပ္ရအံုးမယ္ဆိုတဲ့ ခံစားခ်က္ကို ရုန္ခ်င္းတစ္ေယာက္ ျပန္ခံစားၾကၫ့္ရေတာ့မယ့္အခ်ိန္ ေရာက္ၿပီေလ။
စိတ္တြင္းထဲက ရက္စက္ယုတ္မာမႈေလး အနည္းငယ္ ျပဴထြက္လာေပမဲ့ ဟယ္ခ်န္တစ္ေယာက္ ျဖည္းျဖည္းခ်င္း ျပန္ဖိႏိွပ္ထားလိုက္တယ္။
"ႏွစ္ကုန္ေရာက္ေတာ့မယ္ေလ။ ဒီႏွစ္ ကြၽန္ေတာ့္ရဲ့ အလုပ္ပမာဏက ရံဖန္ရံခါဆို အဆမ်ားစြာ မ်ားျပားလာတတ္လို႔ ႀကိဳတင္ၿပီး အားလပ္ရက္ ေတာင္းထားခ်င္လို႔ပါ။" ဟယ္ခ်န္က ၿပံဳးၿပံဳးေလး ေျပာလိုက္တယ္။
ဘယ္လို? မင္းက အားလပ္ခ်က္ခြင့္ယူမလို႔? ဘာအားလပ္ရက္လဲ? မင္း ဘယ္လိုေတာင္ အားလပ္ရက္ ယူႏိုင္ရတာလဲ?
ရုန္ခ်င္းတစ္ေယာက္ ေကာင္းကင္ႀကီး ၿပိဳက်လာသလို ခံစားလိုက္ရေလတယ္။
မျဖစ္ႏိုင္တာ! သူက တစ္ႏွစ္မွာ ၃၆၅ရက္လံုးလံုး အလုပ္ႀကိဳးစားတဲ့ ဘက္စံုသံုး စူပါလက္ေထာက္ေလး မဟုတ္ဘူးလား? ဘုရားေရ သူ မွတ္ဉာဏ္ေတြကို ခပ္ျမန္ျမန္ ရွာေဖြၾကၫ့္လိုက္ေတာ့ ဟယ္ခ်န္က အဲ့ဒီလိုလက္ေထာက္မ်ိဳး တကယ္မဟုတ္မွန္း ရုန္ခ်င္း သိရိွလိုက္ရေတာ့တယ္။
ဟယ္ခ်န္က ရုန္ခ်င္းရဲ့ဘက္စံုသံုးလက္ေထာက္ျဖစ္ေနတဲ့ အေၾကာင္းရင္းက သူကိုယ္တိုင္က ဦးေဆာင္ဦးရြက္ ျပဳဖို႔ စိတ္မဝင္စားလို႔။ သူက အရာရာစြမ္းတဲ့ လက္ေထာက္ေခါင္းေဆာင္ typeမ်ိဳးကိုပဲ ႀကိဳက္တာ။
တကယ္ေတာ့ ဟယ္ခ်န္မွာ ပိုင္ဆိုင္မႈ၊ ပိုက္ဆံေတြ အမ်ားႀကီးရိွတယ္။ ဒါေၾကာင့္ ႏွစ္ကုန္ေရာက္တိုင္း ႀကိဳတင္အားလပ္ရက္ခြင့္ယူၿပီး ပဲခ်ိဳေလးကို ေခၚကာ တစ္ကမ႓ာလံုးမွ ေနရာေဒသမ်ိဳးစံုကို ေလ်ွာက္လည္ေလ့ရိွတယ္။ သူက အလုပ္ႀကိဳးစားၿပီး ေပ်ာ္လည္းေပ်ာ္ပါးတတ္တဲ့ typeမ်ိဳး။
ၿပီးေတာ့ ရိွေသးတယ္!
သူ႔မွာ ေၾကာင္တစ္ေကာင္ရိွတယ္! သူက ထိုေၾကာင္ေလးကို ေတာင္တန္းေတြ သမုဒၵရာေတြ ျမက္ခင္းျပင္စိမ္းစိမ္းေတြဆီ ရႈစားဖို႔ ေခၚသြားႏိုင္တယ္, ၿပီးေတာ့ တိရစၧာန္ဘဝကိုေတာင္ ေခၚသြားႏိုင္ေသးတယ္! သူ အလည္ခရီးကေန ျပန္လာခ်ိန္တိုင္း လူတိုင္း မနာလိုအားက်ရေအာင္ gp chatထဲမွာ ဓာတ္ပံုမ်ား မေရမတြက္ႏိုင္ေအာင္ တင္ႂကြားပါလိမ့္မယ္!
.......
ငါယိုးတဲ့မွ !
ဒါကို ခံစားၾကၫ့္စမ္း! ေသေသခ်ာခ်ာေလး ခံစားၾကၫ့္!
ဒါက ဘယ္လိုဘဝမ်ိဳးပါလိမ့္?
ဆန႔္က်င္ဖက္အေနနဲ႔ ေဘာစိႀကီးရဲ့ မွတ္ဉာဏ္ထဲမွာေတာ့ ႏွစ္ကုန္ေရာက္တာနဲ႔ အမ်ိဳးမ်ိဳးေသာ မီတင္းမ်ိဳးစံု တက္ရမယ္, ႏွစ္ပတ္လည္ ေဆြးေနြးပြဲေတြ, ႏွစ္ကူးမွာ သြားလည္ရမယ့္လူေတြ။
ရုန္ခ်င္း ေမ့လဲခ်င္သြားၿပီ။
ဒါ ေဘာစိႀကီးတစ္ဦးရဲ့ ဘဝမ်ိဳး မျဖစ္သင့္ဘူးေလ!
ငါ ၿပိဳလဲေတာ့မယ္!
ရုန္ခ်င္းက ေနာက္ဆံုးေသာ ေမ်ွာ္လင့္ခ်က္ႀကိဳးမ်ွင္ေလးကို ဆုပ္ကိုင္ရင္း ေမးလိုက္တယ္ :: "မင္းရဲ့ ပလန္ေတြက ဘာလဲ?" အၾကာႀကီးေတာ့ မသြားနဲ႔ေနာ္ ! ခ်ဲ့ဘာရ္ ! ¶please¶
ဟယ္ခ်န္က ခပ္သဲ့သဲ့ ၿပံဳးလိုက္တယ္။
"ေနြဦးပြဲေတာ္ မတိုင္ခင္တစ္ပတ္မွာ ဟိုတယ္ခန္းတစ္ခန္း ႀကိဳမွာၿပီးပါၿပီ။ မီးပံုးပြဲေတာ္ ၿပီးတာနဲ႔ ကြၽန္ေတာ္ ျပန္လာမွာပါ။ စိတ္မပူပါနဲ႔ဗ်" သူ ရပ္သြားၿပီးမွ :: "ၿပီးေတာ့ CEOရုန္ရဲ့ private jetကို ကြၽန္ေတာ္သံုးဖို႔ ငွားေပးႏိုင္မလားဗ်?"
ရုန္ခ်င္းက သူ႔လက္ေခ်ာင္းမ်ားနဲ႔ တြက္ခ်က္ေနေလရဲ့။
သံုးပတ္ၾကာမယ္။ အိုေက! ဒယ္ဒီ ကိုင္တြယ္ႏိုင္မွာပါ!
private jetအတြက္ကေတာ့
"မင္းဘာသာပဲ သြားစီစဉ္လိုက္ေတာ့။ မင္း မသြားခင္ ပဲခ်ိဳေလးကို ကုမၸဏီေခၚလာခဲ့။ အဲ့အခါ ငါ ႏွစ္ပတ္လည္ပြဲတစ္ပြဲ စီစဉ္ေပးမယ္။" ရုန္ခ်င္းတစ္ေယာက္ သူ႔ကိုယ္သူ အသက္ဝင္တက္ႂကြေနေအာင္လို႔ အတင္းႀကိဳးစားေနရတယ္။
ဟယ္ခ်န္က မ်က္ခံုးပင့္သြားၿပီး "Bossက ပဲခ်ိဳေလးကို ႏွစ္ပတ္လည္ပြဲဆီ ထပ္ေခၚလာေစခ်င္တာလား?"
"ႏွစ္တိုင္းလည္း ဒီလိုပဲ မဟုတ္ဘူးလား? သူတို႔အားလံုးက ပဲခ်ိဳေလးကို သေဘာက်ၾကတယ္ေလ။" ရုန္ခ်င္းေလသံမွာ ညည္းၫူရိပ္ေတြ ပါဝင္တယ္။
ဒီလူေတြ ေၾကာင္ေတြကို ခ်စ္ပံုက ေၾကာက္မက္ဖြယ္ရာပဲ! သူ မသိဘူးလို႔ မထင္နဲ႔ ။ အဲ့ဒီမိန္းမအုပ္စုေတြကေလ လက္ေထာက္ဟယ္×ပဲခ်ိဳေလးCP ဆိုၿပီး ႀကိတ္ရွစ္ေပးေနၾကေသးတာ! ညစ္ညမ္းလိုက္တဲ့ မိန္းမမ်ား! ေၾကာင္ေလးေတြက တအားခ်စ္စရာေကာင္းတယ္ကြ! မင္းတို႔ေတြ ဘာလို႔မ်ား ဒီလိုႀကီး လုပ္ရက္ၾကတာလဲလို႔ !
ဟယ္ခ်န္က တစ္ခဏေလာက္ ေတြးေတာၿပီး မ်ားမ်ားစားစား စိတ္ထဲမထားေတာ့ေပ။
ပဲခ်ိဳေလးက အိမ္မွာပဲ အၿမဲေနေနရတာ။ ဒါက သူ႔ကို လြယ္လြယ္ကူကူ စိတ္ဓာတ္က်လာေစႏိုင္တယ္။ တစ္ႀကိမ္ေလာက္ အျပင္ထြက္ေစၿပီး ေပ်ာ္ပါးေပးတာက အႀကံဉာဏ္ေကာင္းတစ္ခုပဲ။
ၿပီးေတာ့ အရင္တုန္းက ႏွစ္ပတ္လည္မီတင္းေတြမွာ အေတာ္ေလး ေအာင္ျမင္တယ္။ ပဲခ်ိဳေလးလည္း ႏွစ္ပတ္လည္ပြဲက ဝယ္သူစိတ္ႀကိဳက္ ဖန္တီးေပးထားတဲ့ ေၾကာင္တာဝါေလးကို ႏွစ္သက္တယ္ေလ။
"အရမ္းေကာင္းပါတယ္။ ႏွစ္ပတ္လည္ပြဲအတြက္ အခ်ိန္သတ္မွတ္ၿပီးတဲ့အခါ ကြၽန္ေတာ္ ပဲခ်ိဳေလးကို ေခၚလာပါ့မယ္။" ဟယ္ခ်န္ သေဘာတူလိုက္ၿပီ။
"အိုေကေလ။ ငါ ရက္သတ္မွတ္လိုက္မယ္။" ရုန္ခ်င္း ေခါင္းညိတ္ျပလိုက္တယ္။ သူ ေျပာၿပီးတာနဲ႔ စာရြက္စာတမ္း ေတာင္ပံုေလးကို တစ္ခ်က္ၾကၫ့္ကာ အလုပ္သံသရာထဲ ေခါင္းျပန္စိုက္ေလသတည္း။
'ပိုက္ဆံျဖဳန္းတာက ေပ်ာ္ရႊင္မႈကို ယူေဆာင္ေပးတယ္' လို႔ ေျပာၾကတယ္။ ဆက္တိုက္ပိုက္ဆံျဖဳန္းရင္ ဆက္တိုက္ေပ်ာ္ရႊင္မႈ ရမယ္။ အလုပ္လုပ္ရတာက ပင္ပန္းေစတယ္။ ဆက္တိုက္အလုပ္လုပ္ရင္ စိတ္ေဖာက္ျပန္သြားလိမ့္မယ္။
သံုးရက္ၾကာ မရပ္မနား ဆက္တိုက္အလုပ္လုပ္ၿပီးတဲ့ေနာက္ ရုန္ခ်င္းေလး ေပါက္ကြဲထြက္သြားပါၿပီ။ သူ ရံုးစားပြဲေပၚ ပစ္လွဲခ်ၿပီး ေသခ်င္ေယာင္ေဆာင္ေနပါေတာ့တယ္။ အလုပ္လုပ္လြန္ၿပီး သူ ေသသြားပါၿပီ! သူ႔ကို ၿငိမ္ၿငိမ္ေလး ေသခြင့္ျပဳေနာ္! ေက်းဇူး!
ဟယ္ခ်န္တစ္ေယာက္ တံခါးတြန္းဖြင့္ဝင္လာတဲ့အခါ စားပြဲခံုေပၚမွာ ပိုးလိုးပက္လက္ လဲၿပိဳေနတဲ့ ဒီလူပ်င္းကို ျမင္လိုက္ရတယ္။ သူ မ်က္ခံုးပင့္သြားတယ္, ထို႔ေနာက္ ခံုေပၚက စာရြက္စာတမ္းအပံုႀကီးကို လံုးလံုးေျဖရွင္းၿပီးတာ ျမင္ေတာ့ ေက်နပ္အားရသြားတယ္။
ၾကၫ့္စမ္း! ဖိအားေပးလိုက္တာနဲ႔ bossက တကယ္လုပ္ႏိုင္ပါတယ္။
"Boss" ဟယ္ခ်န္က စားပြဲေရ႔ွ ေလ်ွာက္လာၿပီး ခံုမ်က္ႏွာျပင္ကို ဖြဖြေခါက္လိုက္တယ္။
ရုန္ခ်င္းက သူ႔ကို ေဘးတစ္ျခမ္းေစာင္းမ်က္ႏွာနဲ႔ တစ္ခ်က္ေမာ့ၾကၫ့္ကာ ပင္ပန္းအားနည္းစြာျဖင့္ :: "ငါ အလုပ္ထပ္မလုပ္ႏိုင္ေတာ့ဘူး။ မင္း ငါ့ကို သတ္မယ္ဆိုရင္ေတာင္ ငါ မလႈပ္ႏိုင္ေတာ့ဘူး" သူ႔ေခါင္းတစ္ခုလံုး အနားမွာ ယင္ေကာင္တစ္ရာ ပ်ံသန္းေနသလို က်ယ္ေလာင္စြာ တဝွီဝွီျမည္ေနေလရဲ့!
"အလုပ္အားလံုးက အခုခ်ိန္မွာ ၿပီးဆံုးသြားပါၿပီ။ အျခားကိစၥပါ။ ေအာက္ထပ္ဧၫ့္ႀကိဳမွ ဖုန္းဆက္လာတယ္။ သူတို႔ေျပာတာ မစၥတာလင္း ေရာက္လာပါတယ္တဲ့"
"ဘယ္သူ?" ရုန္ခ်င္းတစ္ေယာက္ ခ်က္ခ်င္း မတ္မတ္ထထိုင္လိုက္တယ္။
အခုနက သူ ေသြးေလေခ်ာက္ခ်ားသြားတာမ်ားလား? ဟယ္ခ်န္ ဘယ္သူလို႔ ေျပာလိုက္တာ ???
"မစၥတာလင္းပါ။ သူ အခု ေအာက္ထပ္မွာ ေစာင့္ေနပါတယ္။ Boss သူ႔ကို ဒီေခၚခ်င္လား ဒါမွမဟုတ္ သူ႔ကို သြားဆင္းေတြ့ခ်င္လားခင္ဗ်?" ဟယ္ခ်န္ ရပ္သြားၿပီး သူ႔ကို သတိေပးလာတယ္:: "သံုးနာရီမွာ အစည္းအေဝးတစ္ခုရိွပါတယ္။"
မ်ားျပားလိုက္တဲ့ အစည္းအေဝးေတြ! သူေတာ့ သြားၿပီ!
"ဘမ္း!" သူ႔ေခါင္းက စားပြဲခံုေပၚသို႔ ျပန္က်သြားေတာ့တယ္။ ရုန္ခ်င္းက အားနည္းစြာ ေျပာခဲ့တယ္ :: "သူ႔ကို ဒီကိုသာ လာခိုင္းလိုက္ပါေတာ့" ဒီဒယ္ဒီ မလႈပ္ခ်င္ေတာ့ဘူး။ လက္ေခ်ာင္းတစ္ေခ်ာင္းေတာင္ မေျမႇာက္ႏိုင္ေတာ့ဘူး။
အမ္? မစၥတာလင္းေတာင္ bossကို ပံုမွန္တက္ႂကြဖ်တ္လတ္မႈ ျပန္ရေအာင္ မလုပ္ႏိုင္ဘူးတဲ့လား?
ဒီတစ္ႀကိမ္မွာ ဟယ္ခ်န္တစ္ေယာက္ အၾကမ္းဖ်င္း ကိုယ့္ကိုယ္ကို ဆန္းစစ္လိုက္တယ္။ ငါ တကယ္ပဲ သူ႔ကို အလုပ္အမ်ားႀကီးနဲ႔ ဖိႏိွပ္မိသြားတာလား? ဒါေပမဲ့ ငါလည္း ပံုမွန္ဆို ဒီေလာက္မ်ားတဲ့ အလုပ္ေတြကို ေန့တိုင္း လုပ္ေနရတာမဟုတ္လား? ဘက္စံုသံုး လက္ေထာက္ဟယ္မွာ အႀကံအိုက္ေနရေတာ့တယ္။
CEOရုန္ကို စိုးရိမ္ အထူးသျဖင့္ သူ႔ရဲ့ႏွစ္ကုန္အလည္ခရီးေလး မ်က္ႏွာေၾကာင့္ ဟယ္ခ်န္တစ္ေယာက္ ေအာက္ထပ္သို႔ဆင္းကာ လင္းက်ီကို သြားေခၚခဲ့တယ္ :: "အခုလတ္တေလာ အလုပ္ေတြ အရမ္းမ်ားေနတာ။ Boss ေကာင္းေကာင္းမအိပ္ရတာ သံုးရက္ရိွၿပီ။"
သူ႔ေနာက္မွ လိုက္လာေနတဲ့ လင္းက်ီက သူ႔ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္တယ္။ ဟယ္ခ်န္က အၿပံဳးတစ္ပြင့္နဲ႔ သူ႔ကို ေမ်ွာ္လင့္ႀကီးစြာ ၾကၫ့္လာခဲ့တယ္။
ရုန္ခ်င္းက ဒီေလာက္ပင္ပန္းေနတာလား? သူ႔ကို အခုလတ္တေလာ လာမေတြ့တာ မဆန္းေတာ့ပါဘူး။
လင္းက်ီက တစ္ခဏေလာက္ ေတြးဆၾကၫ့္ၿပီးမွ "သူ အခ်ိန္တစ္ခုေလာက္ အနားယူၿပီးတဲ့ထိ ေစာင့္သင့္တယ္ထင္တယ္, ၿပီးေတာ့မွ ျပန္လာလိုက္မယ္ေလ?" သူ ေျပာၿပီး လွၫ့္ထြက္ဖို႔ ေခါင္းလွၫ့္ေတာ့တယ္။
ဟယ္ခ်န္ရဲ့ အၿပံဳးတစ္ပြင့္က ေအးခဲသြားရကာ လင္းက်ီကို လွမ္းတားလိုက္ရတယ္။ သူ တစ္ခဏေလာက္ တိတ္ဆိတ္ေနၿပီးမွ ျဖည္းျဖည္းခ်င္း ပါးစပ္ဖြင့္လာခဲ့တယ္ :: "Bossက မစၥတာလင္း လာတယ္ဆိုတာလည္း ၾကားေရာ အရမ္းေပ်ာ္ရႊင္သြားၿပီး ေမ်ွာ္လင့္တႀကီး ေစာင့္စားေနပါတယ္။"
ဒီလူႏွစ္ေယာက္ကေတာ့ သူတို႔ရဲ့ အျပဳအမူေတြက သူမွန္းထားတာနဲ႔ ဘာကိစၥ တလြဲစီေတြ ျဖစ္ေနရတာလဲ?
----------------