Unicode
အချိန်နှင့်အမျှ ယွီရှီမှာ အတွေးတွင်သာ နစ်မြောနေသည်။ သူ့ဆုံးဖြတ်ချက်ကိုမူ ထုတ်မပြောပေ။ စိုးရိမ်ကြောင့်ကြစွာ အိမ်တော်ထိန်းဖုန်က မေးသည်။ "ဆက်ခံသူက သခင်လေးကျုံးနဲ့ အတူတူ အသက်ကြီးမသွားချင်ဘူးလား"
ယွီရှီက ရေရွတ်သည်။ "အတူတူအသက်ကြီးသွားမှာ၊ အတူတူအသက်ကြီးသွားမှာ..."
အကြောင်းအရင်းတချို့ကြောင့် ဤစကားလုံးများသည် ယွီရှီ၏နှလုံးသားကို ရိုက်ခတ်သွားခဲ့သည်။ သူ့မျက်နှာထက်တွင် မတိုင်မီကရှိနေခဲ့သော နွေးထွေးမှုသည် ပျောက်ကွယ်သွားပြီး အကြည့်များမှာ လုံးဝအေးစက်သွားခဲ့သည်။
ထို့နောက်တွင် သူ့နှုတ်ခမ်းများမှာ အနည်းငယ်တွန့်ကွေးသွားပြီး အပြုံးတစ်ခုပေါ်လာသည်။ "ကျွန်တော်ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မယ်ဆိုတာမသိဘူး။ ဘယ်လိုလုပ်ပြီး တခြားတစ်ယောက်နဲ့ အတူတူအသက်ကြီးသွားမလဲ"
အိမ်တော်ထိန်းဖုန်အကြောက်ဆုံးမှာ ထိုသို့သောစကားမျိုးကို ယွီရှီထံမှ ကြားရမည်ကိုဖြစ်သည်။ သူက လျင်မြန်စွာပဲ ပြောလိုက်သည်။ "ဘာလို့ ဆက်ခံသူက အဲ့လိုတွေးနေရတာပါလဲ။ ဆက်ခံသူက ကျန်းမာတာပဲ။ လူတွေကို ထိတ်လန့်စေမဲ့ တစ်ခုခုမလုပ်မချင်း ဘာလို့အသက်ရာကျော် မနေနိုင်ရမှာလဲ"
မထူးခြားသောလေသံဖြင့် ယွီရှီကပြောသည်။ "ဒါပေမဲ့ ကျွန်တော်က လူတွေကို ထိတ်လန့်စေမဲ့ အရာတွေလုပ်ရတာ သဘောကျတယ်။ ပြီးတော့ ဆင်းရဲဒုက္ခတွေကိုလည်း နှစ်တစ်ရာလောက် ခံစားမနေချင်ဘူး"
အိမ်တော်ထိန်းဖုန်သည် နေရာတွင်မတ်တပ်ရပ်လျက်ပင် စိတ်ရှုပ်နေရသည်။
"ခင်ဗျားဘာသာဆုံးဖြတ်ပြီး ကျွန်တော့်နောက်ကွယ်မှာ မလိုအပ်တာတွေ မလုပ်နဲ့" ယွီရှီက မျက်လွှာချလိုက်သည်။ "ပြီးတော့ သူ့နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်ဖို့ မစဉ်းစားနဲ့။ ခင်ဗျား သူ့ကိုမနိုင်ဘူး"
အိမ်တော်ထိန်းဖုန်သည် အရိုးထဲထိတိုင် ပင်ပန်းနွမ်းနယ်သွားသည်။ ယွီရှီ။ ဤပုဂ္ဂိုလ်ကို အနုနည်းရော၊ အကြမ်းနည်းရောဖြင့် ဆွဲဆောင်၍မရနိုင်ပေ။ ထို့အပြင် သူသည် သာမန်လူများနှင့်လည်း ကွဲပြားနေသေးသည်။ တစ်ယောက်ယောက်က စကားတစ်လုံးအမှားပြောမိလျှင်ပင် ယွီရှီမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်တတ်သေးသည်။ ဤအရာမှာ အခြားသူများအနေဖြင့် သူ့အားမည်ကဲ့သို့ ဆွဲဆောင်ရမည်ကို ဝေခွဲမရနိုင်ဖြစ်စေသည်။ အိမ်တော်ထိန်းဖုန်၏အမြင်တွင် ကျုံးဝမ်သည် ဤကိစ္စကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးသူဖြစ်သည်။ ခဏကြာစဉ်းစားနေပြီးနောက်တွင် သူကပြောသည်။ "ဒါဆို... ဆက်ခံသူအနေနဲ့ သခင်လေးကျုံးအပေါ်မှာ နည်းနည်းပိုပြီးကောင်းပေးလို့ ရမလား"
အကယ်၍ ယွီရှီသာ ကျုံးဝမ်ကို ကောင်းကောင်းဆက်ဆံနိုင်လျှင် ဤအခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်လိမ့်မည်ဟု အိမ်တော်ထိန်းဖုန် တွက်ဆထားသည်။
ယွီရှီ မျက်မှောင်ကြုတ်လိုက်သည်။ "သူ့ကိုပိုကောင်းပေးရမယ်၊ ဟုတ်လား။ ခင်ဗျား ဘာဆိုလိုချင်တာလဲ"
ကူကယ်ရာမဲ့စွာ အိမ်တော်ထိန်းဖုန်က ဖြေသည်။ "ဆက်ခံသူ အရင်က သူ့ကို ညင်ညင်သာသာ ဆက်ဆံခဲ့တုန်းကရဲ့ နည်းနည်းလောက် ညင်သာရင်ကို လုံလောက်ပါပြီ"
"ခင်ဗျားက သူ့ကိုနေခဲ့ဖို့ ဆွဲထားချင်တာလား" ယွီရှီက သူ့ရည်ရွယ်ချက်၏ အရင်းအမြစ်ကို မေးလိုက်သည်။ "အရင်က ကျွန်တော် သူ့ကိုတော်တော် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲမလား။ ပြီးတော့ သူကလည်း ဘာမှမပြောဘဲ ထွက်သွားခဲ့တာပဲ မဟုတ်ဘူးလား"
အိမ်တော်ထိန်းဖုန်သည် မည်သည့်အကြောင်းပြချက်ကိုမှ မပေးနိုင်တော့ပေ။ "မင်းသားနင်က သခင်လေးကျုံးကို ငယ်ငယ်တည်းက ကျွေးမွေးစောင့်ရှောက်လာတာ။ သခင်လေးကျုံးအပေါ်မှာ သူ့ရဲ့ကျေးဇူးက ကြီးမားလွန်းတယ်။ အဲ့လိုအခြေအနေမျိုးမှာ သူထွက်သွားဖို့ပဲ ရှိခဲ့တာ။ ပြီးတော့လည်း..."
သူသည် အခြားတစ်ခုကို ပြောချင်သော်လည်း မဝံ့ရဲပေ။ သူ့အသံသည် အလွန်အမင်းတိုးညင်းသွားသည်။ "အဲ့ရက်တွေတုန်းက ဆက်ခံသူက အစောင့်တွေအားလုံးကို အရံခြံဝန်းကနေ ဖယ်ခိုင်းပြီးတော့ ထင်သာမြင်သာတဲ့နေရာတွေမှာ ငွေစက္ကူတွေ ထားခိုင်းခဲ့တယ်မဟုတ်လား။ ဒါက သူ့ကိုလွတ်မြောက်စေချင်လို့ဆိုတာ သိသာနေတာပဲ"
အတိတ်ကအကြောင်းများကို သတိရသွားသော ယွီရှီ၏မျက်နှာသွင်ပြင်မှာ ပို၍ပင် ကြည့်ရှုမကောင်းဖြစ်လာသည်။ သူက ကုလားထိုင်နောက်ကျောကိုမှီလိုက်ပြီး မျက်နှာမှာလည်း သုန်မှုန်လျက်ရှိသည်။ "သွားတော့"
အိမ်တော်ထိန်းဖုန်မှာ ထိတ်လန့်သွားသည်။ သို့တိုင်အောင် သတ္တိမွေးကာ မေးလိုက်သေးသည်။ "တကယ်လို့ သခင်လေးကျုံးက သူ့စိတ်နဲ့သူ နေခဲ့ချင်တာဆိုရင်ရော"
ယွီရှီသည် တဒင်္ဂလေးပင် စဉ်းစားမနေပေ။ "မဖြစ်နိုင်ဘူး"
သို့သော် အိမ်တော်ထိန်းဖုန်သည်လည်း လက်လျော့လိမ့်မည်မဟုတ်ပေ။ "တကယ်လို့ သခင်လေးကျုံးက ချန်အန်းမင်းသားအိမ်တော်က လူတွေနဲ့ပြန်လိုက်မသွားဘဲ ကျွန်တော်တို့အိမ်တော်မှာပဲ နေချင်တယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီအစေခံအိုကြီးက သူ့ကိုမောင်းထုတ်ဖို့မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မို့လား"
ယွီရှီသည် အိမ်တော်ထိန်းဖုန်ကို ကြောင်တက်စွာ စိုက်ကြည့်နေသည်။
အိမ်တော်ထိန်းဖုန်သည် စိတ်ကိုတင်းတင်းထားကာ ပြောလိုက်သည်။ "အဲ့အချိန်ကျ သခင်လေးကျုံးက သူ့ပစ္စည်းတွေသယ်လာပြီး ဆက်ခံသူရဲ့အတွင်းဆောင်ထဲကို ပြောင်းဖို့ အခိုင်အမာပြောနေတယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ ဆက်ခံသူအနေနဲ့ ဒီအစေခံအိုကြီးကို ဖြေပေးလို့ရမလား။ သူ့ကိုအဲ့လိုနေဖို့တောင် ခွင့်မပြုဘူးဆို ဒီအစေခံအနေနဲ့ အိမ်တော်တပ်သားတွေကို ခေါ်ပြီးတော့ သူ့ပစ္စည်းတွေကို မီးရှို့၊ သူ့ကိုလည်း ကောင်းကောင်းရိုက်နှက်ပြီးတော့ အဝေးကိုနှင်ထုတ်ရပါလိမ့်မယ်"
ယွီရှီသည် ခေတ္တမျှ တွေဝေနေသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ခင်ဗျားက ကျွန်တော်နဲ့နေတာကြာလို့ ကျွန်တော့်လို ရူးသွားတာလား"
အိမ်တော်ထိန်းဖုန်သည်လည်း အလျှော့မပေးပေ။ "ဒီအစေခံအိုကြီးက ဆက်ခံသူဆီက အဖြေကိုပဲ မျှော်လင့်ပါတယ်"
ယွီရှီ၏မျက်လုံးများမှာ မကြည်မလင်ဖြစ်ကာ မတည်ငြိမ်မှုကို သက်သေထူနေသည်။ သူက အိမ်တော်ထိန်းဖုန်ကို ကြည့်၍ မတ်တပ်ထရပ်ကာ ထွက်သွားတော့သည်။
ဤအကြိမ်တွင်တော့ ယွီရှီသည် ငြင်းပယ်ခြင်းမရှိခဲ့ပေ။ အိမ်တော်ထိန်းဖုန်သည် သက်ပြင်းချလိုက်နိုင်သည်။ မျှော်လင့်ချက်အမျှင်တန်းလေးတော့ ရှိနေသေးသည်။ အနည်းငယ်တွေးပြီးနောက်တွင် အိမ်တော်ထိန်းဖုန်သည် စာတစ်စောင်ကို ခပ်သွက်သွက်ကောက်ရေးလိုက်သည်။ မနက်ဖြန်တွင် ယွီရှီအားရှောင်ပြီး ထိုစာကို ချန်အန်းမင်းသားအိမ်တော်သို့ ပို့ပေးရန် တစ်စုံတစ်ယောက်အား ခိုင်းစေလိုက်သည်။ ကျုံးဝမ်၏လက်ထဲသို့ ပို့ပေးရန်ဖြစ်သည်။
နောက်တစ်နေ့တွင် ချန်အန်းမင်းသားအိမ်တော်၌ ကျုံးဝမ်သည် ထိုစာကိုဖတ်ပြီး အချိန်ကြာသည့်တိုင် စကားမဆိုခဲ့ပေ။
အိမ်တော်ထိန်းဖုန်ရေးထားသည်မှာ မြို့တော်တွင် နေခဲ့မည့်အစီအစဉ်ရှိလျှင် ယွီရှီအားကြိုမပြောရန်နှင့် ချန်အန်းမင်းသားအိမ်တော်မှလူများကို ပြန်ပို့ပြီးလျှင် မင်းသားယွီအိမ်တော်၏အရံခြံဝန်းသို့ ပစ္စည်းများနှင့်အတူ တစ်ခါတည်း ပြောင်းလာရန်ဖြစ်သည်။ ယွီရှီ၏အတွင်းဆောင်ထဲသို့ရွှေ့ပြီး အတူတူနေနိုင်လျှင် ကောင်းမည်ဟုရေးထားသည်။
ကျုံးဝမ်သည် တကယ်တမ်းတွင် စိုးရိမ်တုန်လှုပ်နေမိသည်။
သူမနေ့က မည်မျှပင် ရှက်နေခဲ့သည်ကို အိမ်တော်ထိန်းဖုန် သိလိမ့်မည်လား။
ယွီရှီ သူ့ကိုဖက်ရုံမျှသာ ဖက်ရသေးသည့်နောက်တွင် သူ...
ထိုမျှသာမကသေး၊ ယွီရှီနှင့် 'အတူတူနေရန်'ဆိုသည်မှာ။ စရိတ်စကမကုန်ဘဲ အကျိုးအမြတ်ရရန်အတွက် သူရူးသွားပြီဟု ယွီရှီထင်လိမ့်မည် မဟုတ်ပါလား။
ဤမျှသာမဟုတ်သေး။ အိမ်တော်ထိန်းဖုန်သည် စာတစ်ကြောင်းကို သေချာထည့်ထားသေးသည်။ ကျုံးဝမ်အနေနှင့် ပူပန်နေစရာမလိုဘဲ ယွီရှီအနားကပ်နေသရွေ့ လုံလောက်ပြီဟု။
ယွီရှီနား ကပ်နေရမည်၊ ဟုတ်စ။
မည်ကဲ့သို့နည်း။
ညသန်းခေါင်တွင် ယွီရှီရဲ့စောင်ကိုဖယ်၍ သူ့အင်္ကျီကို ချွတ်ရမည်လား။
ယွီရှီ သူ့ကို ဓားနဲ့ထထိုးမည် မဟုတ်ပါလား။
ကျုံးဝမ်သည် သူ့လက်ထဲရှိ စာကိုဆုတ်ချေလိုက်သည်။ သူ့နှလုံးသားမှာမူ အချိန်တော်တော်ကြာ မတည်ငြိမ်နိုင်ဖြစ်နေသည်။
ဒါက တော်တော့်ကို စိတ်မချမ်းမြေ့စရာပင်။
သူစာရွက်ကို မီးရှို့ပြီး ရေရွတ်လိုက်သည်။ "မြို့တော်မှာ နေဖို့က ဒီလောက်တောင် ခက်ခဲလား..."
သူရေရွတ်နေစဉ်မှာပင် အစေခံတစ်ဦးက အပြင်မှတံခါးခေါက်ကာ ထုပ်ပိုးပြီးပြီလားဟု မေးလာသည်။
ကျုံးဝမ်သည် သူ့အတွေးများမှ ရုန်းထွက်၍ ခေါင်းညိတ်ကာဖြေလိုက်သည်။ "အင်း"
ယနေ့ သူနန်းတွင်းသို့ ဝင်ရမည်။
ရွှမ်ရွေ့၏နာမကျန်းမှုသည် တဖြည်းဖြည်းနှင့် ပိုပို၍ ဆိုးလာသည်။ ထို့ကြောင့် ချုံအန်းမင်းကြီးသည် တစ်စုံတစ်ယောက်အားခေါ်၍ အကြောင်းအရင်းကို မေးလိုသည်။ ချန်အန်းမင်းသားအိမ်တော်တွင် ကျုံးဝမ်တစ်ယောက်သာ သွားနိုင်သည်။
ရွှမ်စုန်ရှန်းသည် ခန်းမဆောင်ကြီးထဲတွင် စောင့်နေသည်။ ကျုံးဝမ်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် မတ်တပ်ထရပ်ကာ အလွန်အမင်း နေမထိထိုင်မသာဖြစ်နေပုံနှင့် အသံတိုးတိုးဖြင့် မေးသည်။ "ဘာလို့ ခက်ခဲနေရတာလဲ။ ဘာလို့ တော်ဝင်သမားတော်တွေကိုပဲ မမေးတာလဲ"
"မင်းကြီးအနေနဲ့ ကျွန်တော့်ကို မေးချင်တာက ကောင်းပါတယ်" ကျုံးဝမ်က ပြုံးလျက်ပြောသည်။ "မင်းကြီးသာ မမေးရင် ချန်အန်းကိုပြန်ချင်တဲ့အကြောင်း ကျွန်တော် ဘယ်လိုခွင့်တောင်းရမှာလဲ"
ရွှမ်စုန်ရှင်းသည် လွန်ခဲ့သည့်တစ်ခေါက်က နန်းတွင်းသို့ဝင်ခဲ့ချိန်ကို ပြန်တွေးကာ မှိုင်တွေသွားသည်။ "အရင်တစ်ခေါက်က မင်းကြီးက ကျုံးဝမ်ကို တွေ့ဖို့ ရုတ်တရက်ကြီး ခေါ်တယ်။ ကျုံးဝမ်ကို ဆင့်ခေါ်ပြီးတာနဲ့ အကြာကြီးနေမှ ကျုံးဝမ်ပြန်ထွက်လာတာ။ ကျွန်မမှာ နန်းတော်တံခါးမှာ စိုးရိမ်ရင်းစောင့်နေရတယ်။ အထဲကို ဝင်ပြီးတော့တောင် ကျုံးဝမ်ကို သွားရှာတော့မလို့ပဲ"
ငေးကြည့်နေသည့် ကျုံးဝမ်သည် ထိုအကြောင်းကို ပြန်တွေးနေမိသည်။
ရွှမ်စုန်ရှင်းကို နန်းတော်သို့ ခေါ်သွားပေးသည့် အချိန်ကို သူတွေးနေသည်။ ယွီရှီသူ့ကို စာကြည့်တိုက်ထဲသို့ အတင်းဆွဲခေါ်ထားပြီးနောက်တွင်...
သူသည် အိမ်တော်ထိန်းဖုန်၏စာထဲမှ စကားလုံးများကို သတိမရဘဲမနေနိုင်ပေ။
အိမ်တော်ထိန်းဖုန်သည် မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း။
ရွှမ်ရွေ့တို့ကိုပို့ပြီးလျှင် မင်းသားယွီအိမ်တော်၏ အရံခြံဝန်းထဲသို့ ချက်ချင်းပြောင်းလာရမည်လား။
ဤကဲ့သို့ပင် တစ်ခါထဲ... သွားနေရမည်လား။
သူ့ထံတွင် ယူစရာပစ္စည်းများများစားစား မရှိလှပေ။ မြင်းလှည်းငှားရန်ပင် မလိုအပ်။
သို့ဆိုလျှင် အိမ်တော်ထိန်းဖုန်သည် ထိုအိမ်တော်တွင် သူ့အတွက် အကုန်အဆင်သင့် ပြင်ဆင်ပေးထားပြီလား။
ပြီးနောက်။ သူ ယွီရှီကို နေရာတိုင်းမှာ လိုက်တွယ်ကပ်နေရမည်။
ညဘက်တွင်ပင် ယွီရှီအား စောင်နှင့်ပတ်ထားရမည်လား။
မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။
ယွီရှီ သူ့ကိုဓားနှင့်ထိုးခြင်းမှ ကာကွယ်ရန် ကြိုတင်ကာ ကြိုးနှင့်တုပ်ထားသင့်သည်လား။
မည်သို့ပင်ဖြစ်စေ ကျုံးဝမ်သည် ရန်ဖြစ်ရာတွင် ယွီရှီကို အဘယ်နည်းနှင့်မျှ နိုင်နိုင်မည်မဟုတ်။
စောစီးစွာ ယွီရှီအား ဆေးခတ်သင့်သည်လား။
ကျုံးဝမ်သည် ယခင်က ယွီရှီအား ဆေးခတ်မိသည်ကိုပင် အပြစ်မကင်းဖြစ်ခဲ့သည်။ သူ ဆေးစက်နည်းနည်းမျှပင် ခတ်ရသေးသည်။ ယွီရှီငယ်လေးမှာ ဘာကိုမှမသိရလောက်အောင် ဝက်တစ်ကောင်ကဲ့သို့ အိပ်ပျော်သွားခဲ့သည်။
ယခင်ကတည်းကပင် ယွီရှီမှာ ခန့်ညားလှချေပြီ။ ယခုအချိန်နှင့်ယှဉ်လျှင် သူ့မျက်ဝန်းများမှာ ပို၍နူးညံ့ခဲ့သည်။ သို့သော် သူအိပ်ချိန်တွင် မျက်နှာမှာ အေးစက်စက်နိုင်လှသည်။ ထိုအချိန်က ကျုံးဝမ်မှာ အိပ်ပျော်နေသော ယွီရှီကိုကြည့်ရင်း သူ့လက်ကိုကိုင်ကာ ပါးမှာလည်း ရှက်ရွံ့မှုကြောင့် နီးဆွေးနေခဲ့သည်။
ယခုယွီရှီမှာတော့...
ကျုံးဝမ် တံတွေးမြိုချမိသည်။ သူ့အနေနှင့် သိပ်မဝံ့ရဲလှချေ။
ယခုယွီရှီကို ဆေးခတ်လျှင်ပင် သူ့ပုံစံသည် ကြောက်ဖို့ကောင်းနေဦးမည် ဖြစ်သည်။
"ကျုံးဝမ်၊ ကျုံးဝမ်"
ကျုံးဝမ်သည် သူ၏တွေးတောမှုအာရုံထဲမှ ရုန်းထွက်လိုက်သည်။ "ဟင်၊ ဘာလဲ"
ရွှမ်စုန်ရှင်းသည် ဆောက်တည်ရာမရဖြစ်နေသည်။ သူက ကျုံးဝမ်အား လက်ကိုင်မီးလင်းဖိုလေးပေးလိုက်သည်။ "စောစောသွားပြီး စောစောပြန်လာခဲ့။ မင်းကြီးက ကျွန်မတို့ကို သွားခွင့်ပြုရင်တော့ အကောင်းဆုံးပေါ့။ အဲ့လိုမှမဟုတ်ရင်... ကျွန်မတို့ တခြားအစီအစဉ်တစ်ခု စဉ်းစားကြတာပေါ့။ မင်းကြီးရဲ့ဒေါသကို မဆွခဲ့နဲ့"
ကျုံးဝမ်ပြုံးလိုက်သည်။ "သေချာတာပေါ့။ စိတ်မပူပါနဲ့။ ကျွန်တော် အလွန်ဆုံးလေးနာရီအတွင်း ပြန်လာပါ့မယ်"
လက်ကိုင်မီးလင်းဖိုလေးကို ယူလိုက်ပြီးနောက်တွင် ကျုံးဝမ်လှည့်ထွက်ခဲ့တော့သည်။
သူ့မျှော်မှန်းချက်မှာ များများစားစားမရှိလှပေ။ ချုံအန်းမင်းကြီးသည် ရွှမ်ရွေ့သေသည် ရှင်သည်ကို ဂရုစိုက်မည့်ပုံမရှိ။ သူတို့အားမြို့တော်တွင် ဆက်နေစေလိုသည်မှာလည်း သူ၏ဂုဏ်သိက္ခာအတွက်သာဖြစ်သည်။ ကျုံးဝမ်မှာ မင်းကြီးကသောဇာတ်တွင် အလိုက်သင့်မျောပါနေရမည်ဖြစ်သည်။ ဤတစ်ခေါက်တွင် သူမအောင်မြင်စေကာမူ မြို့တော်တွင် ရက်အနည်းငယ်ခန့် ဆက်နေရဦးမည်ပင်။ သို့တိုင်အောင် မင်းကြီးသည် နောက်ဆုံးတွင်တော့ သူ့တို့အား ထွက်သွားခွင့်ပြုမည်မှာ မလွဲပေ။
သူတို့အနေဖြင့် တတိယမင်းသားရွှမ်ကျင်းမသေဆုံးခင် မြို့တော်မှ ထွက်သွားရန်သာ လိုအပ်သည်။
ချန်အန်းမင်းသားအိမ်တော်တွင် ယွီရှီ၏သူလျှိုပေါင်းများစွာရှိသည်။ ကျုံးဝမ် အိမ်တော်မှ ထွက်လာချိန်တွင် ယွီရှီသည်လည်း သတင်းရပြီးဖြစ်သည်။
အသံတိုးတိုးဖြင့် ယွီရှီကပြောသည်။ "အဝတ်လဲဖို့ကူညီပေး။ နန်းတွင်းထဲဝင်မယ်"
ယွီရှီအားခစားနေသော အစေခံသည် ချက်ချင်းပင် အဝတ်အစားသွားယူသည်။
ယွီရှီ၏အဆင့်အတန်းသည် အခြားလူများနှင့် ကွဲပြားလှသည်။ ငယ်စဉ်ကတည်းက နန်းတွင်ထဲဝင်ရန်ထွက်ရန် မည်သူ့ကိုမှ အသိပေးစရာမလိုခဲ့။ တော်ဝင်မင်းသားများပင်လျှင် သူနှင့်မနှိုင်းယှဉ်နိုင်ပေ။
သို့သော် နန်းတွင်းသို့ရောက်သည်နှင့် ယွီရှီသည် ကျုံးဝမ်ကို သွားရှာသည် မဟုတ်ပေ။
အဘယ်ကြောင့် နန်းတော်သို့ လာခဲ့သည်ကို ယွီရှီကိုယ်တိုင်ပင် မသေချာလှပေ။
အိမ်တော်ထိန်းဖုန်၏စကားများသည် သူ့စိတ်ကိုဝေဝါးစေသည်။ ထိုစကားများသည် ယခင်ကထက်ပင် သူ့စိတ်အားရှုပ်ထွေးစေသည်။
သူ့အနေနှင့် ကျုံးဝမ်အား မြို့တော်တွင် ကျန်မနေစေချင်။ သို့ရာတွင် ငယ်စဉ်ကကဲ့သို့ ကျုံးဝမ်နှင့် အတူတူနေနိုင်မည့်အရေးကို စဉ်းစားမိလျှင် ယွီရှီ၏စိတ်များ ယိမ်းယိုင်လာရသည်။
မည်သို့ပင်ဆိုဆို ထိုအချိန်က ကျုံးဝမ်ထွက်သွားခဲ့သည် မဟုတ်ပါလား။
အိမ်တော်ထိန်းဖုန်သည် အဘယ်ကြောင့် ဤကိစ္စကို လက်မလွှတ်နိုင်ရသနည်း။ အကြောင်းအရင်းကို ယွီရှီအသေချာသိပါသည်။
ခေါင်းကိုငုံ့လျက် သူပြုံးလိုက်သည်။ ဘာအကြောင်းအရင်းဖြစ်ဖြစ် လူတိုင်းက သူ့ကိုမသေစေချင်သည်မှာ ထူးဆန်းပါသည်။
သတိမထားမိခင်မှာပင် ယွီရှီသည် ပိပေါရေကန်နားရှိ ကွမ်းကျင်းနားနေဇရပ်သို့ လျှောက်သွားမိသည်။ ခြောက်သွေ့နေသော ကြာပန်းများကို သူငေးကြည့်နေသည်။
နန်းတွင်းထဲတွင် နွေးနွေးထွေးထွေးရှိသည်။ နန်းတော်ထဲရှိ ရေကန်အချို့သည် ရေခဲမသွားပေ။
ယွီရှီသည် စိမ်းပုပ်သောကန်ရေကို ကြည့်နေသည်။ ကွမ်းကျင်းနားနေဇရပ်မှ သူလှည့်ထွက်လာပြီး ရေကန်၏အစွန်းသို့ သွားလိုက်သည်။ အတိုင်းအတာမသိအောင် နက်ရှိုင်းသော ရေကန်ကို သူခံစားချက်မဲ့စွာ ငေးကြည့်နေမိပြန်သည်။
အကယ်၍ သူသာ ရေကန်ထဲခုန်ချကာ သေသွားလျှင် မည်မျှပင်ကောင်းမည်နည်း။
လူတိုင်းသည်လည်း လွတ်လပ်ပေါ့ပါးသွားပေမည်။
ဇရပ်ဆောင်အတွင်းမှ ခြေသံများကို သူကြားလိုက်ရသည်။ ယွီရှီ မဲ့ပြုံးပြုံးလိုက်သည်။
ဤကဲ့သို့အချိန်မျိုးတွင် တစ်ယောက်ယောက်ပေါ်လာမြဲဖြစ်သည်။
"သူဘာလို့ နန်းတွင်းဝင်လာတာလဲ"
ဇရပ်ဆောင်တွင် ပဉ္စမမင်းသားရွှမ်ချုံသည် လက်ရန်းကိုကိုင်ကာ စိတ်မရှည်သောလေသံဖြင့် ပြောနေသည်။ "ပြီးတော့ သူ့ကိုတောင် စောင့်ခိုင်းလိုက်သေးတယ်။ ဘယ်လိုစည်းမျဉ်းမျိုးလဲ"
"ဒါပေါ့။ လုံးဝမသင့်လျော်ဘူး" သူ့အစေခံကပြောလိုက်သည်။ "ဒါပေမဲ့ မင်းကြီးက ကျုံးဝမ်ကို မျက်နှာသာပေးနေတာတော့ မဟုတ်ပါဘူး။ အခုက ချန်အန်းမင်းသားရဲ့ အခြေအနေကို မေးနေတာ"
"စိတ်ရှုပ်စရာကောင်းလိုက်တာ" ကျုံးဝမ်အကြောင်းပြောလိုက်သည်နှင့် ရွှမ်ချုံ၏ရင်ထဲတွင် မပျော်ရွှင်မှုကြီးတစ်ခု စိုးမိုးလာသည်။ "ဖခမည်းတော်က ဝမ်းကွဲအစ်ကိုတော်ကို မျက်နှာသာပေးတယ်ဆိုတာ အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူက ကျုံးဝမ်ကိုလည်း အရေးတယူဆက်ဆံတယ်။ အရင်က ငါတို့ စာအတူသင်ရတုန်းက..." သူသက်ပြင်းချလိုက်သည်။ "စာတော်တဲ့ကျောင်းသားကျုံးက အရမ်းမောက်မာတယ်။ ရွှမ်ရွေ့ကလွဲရင် ဘယ်သူ့ကိုမှ စကားမပြောဘူး။ သူက အိမ်ရှေ့စံနဲ့တောင် စာသင်ဖို့ အဖော်လုပ်ပေးရသေးတယ်။ သူ့မှာပဲ အဲ့လိုဂုဏ်ရှိတယ်"
အစေခံက ပြုံးလိုက်သည်။ "သူဘယ်လိုမောက်မာမောက်မာ အခုအချိန်မှာ သူက အစေခံပဲမဟုတ်လား။ အဲ့အချိန်က မင်းသားက သဘောကောင်းနေလို့သာ။ မဟုတ်လို့ကတော့ သူ့ကိုဝယ်ပြီးတော့ စိတ်ကြိုက်ရိုက်နှက်ပြီး သတ်ပစ်လို့ရတယ်။ နှမြောစရာပဲ... မင်းသားငယ်ယွီက သူ့ကို ဝယ်သွားတာ"
"ဘာမင်းသားငယ်ယွီလဲ။ သူအဲ့အဆင့်အတန်းကို မရသေးဘူး" ရွှမ်ချုံမှာ ဒေါသထွက်သွားသည်။ "သူ အဲ့အဆင့်အတန်းကို စောစောဆက်ခံရရင် ကောင်းမယ်... အခုအချိန်မှာ သူက အဆင့်အတန်းမြင့်တာလည်းမဟုတ်၊ နိမ့်တာလည်းမဟုတ်နဲ့။ ငါ့ကို စိတ်ကသိကအောက်ဖြစ်စေတယ်"
ယွီရှီ၏နောက်ကြောင်းနှင့် မွေးဖွားမှုမှာ ပဟေဠိတစ်ခုဖြစ်သည်။ အစောပိုင်းကတည်းကပင် ရွှမ်ချုံသည် သံသယများစွာရှိခဲ့သည်။ ယွီရှီမှာ ချုံအန်းမင်းကြီး၏ တရားမဝင်သားဖြစ်သည်ဟု မတွေးဖူးသော တစ်နေ့ပင် သူ့ထံတွင်မရှိခဲ့။ နောက်ပိုင်းတွင့် သူ့ရှေ့ရေးအား နှောင့်ယှက်မည်ကိုလည်း စိုးရိမ်နေရသည်။ သူ့အစေခံသည်လည်း နားလည်သဘောပေါက်စွာ အသံကိုနှိမ့်လျက် ပြောသည်။ "နံရံတွေမှာ နားရှိပါတယ်"
"အခု ဒီနားမှာ ဘယ်သူမှမရှိဘူး မဟုတ်ဘူလား" ရွှမ်ချုံသည် ထိုကဲ့သို့ပြောသော်လည်း ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ စကားမဆက်တော့ပေ။ သူပြုံးပြီးပြောလိုက်သည်။ "မင်းမနေ့က ကြားလိုက်လား။ ဝမ်းကွဲအစ်ကိုတော်က ချန်အန်းမင်းသားအိမ်တော်ကို သွားတယ်တဲ့။ ဟား... သူကျုံးဝမ်ကို သွားတွေ့တာပဲ နေမှာပေါ့"
အစေခံသည်လည်း ခပ်ဖွဖွရယ်လိုက်သည်။
"ကျုံးဝမ်က အာရုံကိုဖမ်းစားနိုင်တာတော့ အမှန်ပဲ။ ငါ သူ့ကိုအဝေးက လှမ်းမြင်လိုက်တယ်။ သူက အရင်ကထက်တောင် ပိုချောလာသေးတယ်။ ဒါပေမဲ့..." ရွှမ်ချုံ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက နေရာယူသွားသည်။ "ရွံစရာပဲ"
လေသံဖျဖျဖြင့် အစေခံကပြောသည်။ "သူ့ကိုအရင်က မင်းသားငယ်ယွီ ပိုင်တာမဟုတ်ဘူးလား။ အခု သူ့သခင်ဟောင်းနဲ့ ပြန်တွေ့ပြီပဲ။ မျက်နှာကောင်းရဖို့ ကျွန်တော်တို့ကွယ်ရာမှာ ဘာတွေလုပ်မယ်ဆိုတာ ဘယ်သူသိမလဲ"
"ပြောရရင် ငါလည်း အဲ့နှစ်က သူ့ကို ဝယ်ချင်ခဲ့တာ။ ဒါပေမဲ့ မယ်တော်က ခွင့်မပြုဘူး။ ဦးရီးတော်ကလည်း မလိုလားဘူး" ရွှမ်ချုံက သရော်ပြုံးပြုံးသည်။ "တကယ်စိတ်ဝင်စားစရာပဲ။ အဲ့အချိန်က ဦးရီးတော်က ငါ့ကိုတင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာ။ ပြီးတော့ မင်းသားနင်နဲ့သက်ဆိုင်သမျှကို လိုက်မပတ်သတ်ဖို့လည်း ပြောသေးတယ်။ ဒါတောင်မှ သူ့သားကိုတော့ မထိန်းချုပ်နိုင်ဘူး။ ကျုံးဝမ်ကိုဝယ်ဖို့ ယွီကျစ်ရုန်ကို ခွင့်ပြုလိုက်သေးတယ်"
"အာလား။ မင်းသားငယ်ယွီကို ဘယ်သူကများ ထိန်းချုပ်နိုင်လို့လဲ" အစေခံကပြုံးလိုက်သည်။ "ပြီးတော့လည်း... ပိုချစ်လေ ပိုစည်းကမ်းတင်းကြပ်လေပဲလေ။ မင်းသားယွီက မင်းသားကို ဒီလောက်ချစ်တာ။ ဒါကြောင့်မို့လည်း မင်းသားကို ပိုပြီးတော့ ကြပ်မတ်နေတာပေါ့။ မင်းသားငယ်ယွီကတော့... သူကတော့ ဒီအတိုင်း ဟန်ပြသက်သက် ရှိနေရုံပဲ"
"ဒါပေါ့..." ရွှမ်ချုံ ဘာကိုတွေးလိုက်သည်ဆိုသည်မှာ မသေချာပေ။ သို့သော် သူရုတ်တရက်ပြုံးလိုက်သည်။ သူ့အစေခံဘက်သို့လှည့်ပြီး တီးတိုးပြောပြီးနောက်တွင် သူတို့နှစ်ဦးကြားတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။ ရွှမ်ချုံက အမိန့်ပေးလိုက်သည်။ "သူ့လမ်းကိုတားလိုက်။ သူ့သွားမဲ့လမ်းကို သေချာပေါက် တားရမယ်။ နန်းတော်ပြင်ကို ရောက်တာနဲ့ သူက အစေခံပဲ"
ရွှမ်ချုံ၏အစေခံမှာ အချိန်တော်တော်ကြာ တုန့်ဆိုင်းနေပြီးနောက် အကြံပေးလိုက်သည်။ "ထားလိုက်ပါတော့လား။ ကျုံးဝမ်က ကောင်းတဲ့ဟာ မဟုတ်ဘူး"
"ဘာလို့မကောင်းရမှာလဲ။ မင်း..." ရွှမ်ချုံက ခပ်တိုးတိုး ရယ်လိုက်သည်။ "တကယ်လို့ ဝမ်းကွဲအစ်ကိုတော်က သူ့ကိုလာတွေ့ရင် သေချာပေါက် ဝမ်းကွဲအစ်ကိုတော်ကို သူထွက်တွေ့မှာပဲ"
အစေခံသည် နားချချင်နေသေးသည်။ သို့သော် ရွှမ်ချုံက နောက်တစ်ကြိမ် ပြုံးလိုက်သည်။ "အဲ့တော့ ဘာဖြစ်လဲ။ ငါက ကျုံးဝမ်နဲ့ အရင်ကအကြောင်းတွေ ပြန်ဆွေးနွေးချင်ရုံတင်ပါ။ ဟားဟား... နောက်ပိုင်းမှာ ငါတို့ စကားများကြရင်တောင် ဦးရီးတော်က ငါ့ကိုကာကွယ်မယ်ထင်လား၊ ဝမ်းကွဲအစ်ကိုတော်ကို ကာကွယ်မယ်ထင်လား။ အား... ဦးရီးတော်က ငါ ဝမ်းကွဲအစ်ကိုတော်မျက်နှာပျက်အောင်လုပ်တာကို ပိုတောင်လိုချင်ဦးမယ်"
အစေခံ၏နှုတ်မှ ခြောက်ကပ်ကပ်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ "ဒါကတော့ သေချာပါတယ်။ မင်းသားငယ်ယွီကို ရှေ့မှာမျက်နှာသာပေးပြီးတော့ နောက်ကွယ်မှာတော့ မကြိုက်ကြတဲ့သူတွေကြီးပဲ"
ဤအကြောင်းကို ရွှမ်ချုံစဉ်းစားလေ စကားလုံးများမှာ သင့်လျော်သည်ဟု ပိုခံစားလာရလေဖြစ်သည်။ "ဟားဟား... ခနနေ ကျုံးဝမ်ငါ့ကိုတွေ့ရင် သူ့မျက်နှာက ဟားဟားဟားဟား..."
ကွမ်းကျင်းနားနေဇရပ်အောက်တွင် ယွီရှီမှာ အသက်မပါစွာ နားထောင်နေသည်။
ရေကန်ထဲသို့ ခုန်ချချင်ဆဲ၊ ကန်ကြမ်းပြင်သို့ နစ်မြုပ်ပြီး ထာဝရအနေနှင့် ပြီးဆုံးသွားချင်ဆဲ စိတ်များဖြင့် ခေါင်းကိုငုံ့ကာ ကန်ရေပြင်ကို ကြည့်နေသည်။
သူသေသွားခဲ့လျှင် ထိုလူများကို နောက်တစ်ဖန်တွေ့ရန် မလိုတော့သကဲ့သို့ ထိုစကားလုံးများကိုလည်း နောက်တစ်ကြိမ်နားထောင်ရန် မလိုတော့ပေ။
ယွီရှီ ရေထဲသို့ ခြေနှစ်လှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကွမ်းကျင်းနားနေဇရပ်ပေါ်မှ ရွှမ်ချုံနှင့်သူ့အစေခံတို့သည် တခြားတစ်ဖက်မှ ထွက်သွားကြသည်။
"ငါ့နောက်မလိုက်ခဲ့နဲ့။ အရင်သွားပြီးတော့ ပြင်ဆင်ထားလိုက်" ရွှမ်ချုံက ရယ်ချင်စိတ်ကိုထိန်းကာ ပြောသည်။ "မင်း ယုံချင်စရာကောင်းအောင်လုပ်ရမယ်။ ဟုတ်သားပဲ။ ဝမ်းကွဲအစ်ကိုတော်က ဒီနေ့နန်းတွင်းထဲဝင်တယ်မလား။ ဟား... ဘယ်လောက်အဆင်သင့်လိုက်လဲ။ သူ့အစေခံလို သွားဝတ်ခဲ့။ ကျုံးဝမ်က သေချာပေါက် ကွဲကွဲပြားပြားသိမှာမဟုတ်ဘူး။ အဲ့အချိန်ရောက်ရင်..."
ရုတ်ချည်းဆိုသလို ရွှမ်ချုံသွားနေရာမှ ရပ်တန့်သွားသည်။ ထိတ်ထိတ်လန့်လန့်ဖြင့် ထစ်အစွာစကားဆိုသည်။ "ဝမ်း-ဝမ်းကွဲအစ်ကိုတော်..."
ယွီရှီသည် လူသွားစင်္ကြန်တွင် မျက်နှာသုန်မှုန်လျက် ရပ်နေသည်။
ယွီရှီမည်မျှအထိကြားသွားသည်ကို ရွှမ်ချုံမသိပေ။ စိတ်များရှုပ်ထွေးလျက် သူအသက်မပါစွာ ရယ်လိုက်သည်။ "ဝမ်းကွဲအစ်ကိုတော်က ဘာလို့ဒီကိုရောက်နေတာလဲ"
ယွီရှီ၏မျက်လုံးများမှာ နီရဲလျက် နှုတ်ခမ်းများမှာ ဖြူဖျော့နေသည်။ ကနဦးကတည်းကပင် ရွှမ်ချုံမှာ သူ့အားကြောက်ရသည်။ ယခုအချိန်တွင်မတော့ သူ့စိတ်မှာ ဆိုဖွယ်ရာမရှိပြီ။ စိုးရိမ်ပူပန်စွာဖြင့် သူကမေးသည်။ "ဘာ-ဘာလို့..."
ယွီရှီသည် သူ့မျက်နှာတည့်တည့်ကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူကပြောသည်။ "မင်းက ငါသေဖို့မျှော်လင့်နေတာမလား၊ ဟုတ်တယ်မလား"
ရွှမ်ချုံက အပြုံးတစ်ခုကို လုပ်ယူလိုက်သည်။ "ဘာ... ဘာလို့ဒီလိုပြောတာလဲ"
"ငါစောစောသေသွားရင် ရွှမ်ကျင်းကိုပြိုင်ဖို့ ဘက်မညီဖြစ်သွားမှာကို မင်းကြောက်နေတာပဲ" ယွီရှီက ပြောသည်။ "ဒါပေမဲ့ မင်းစိတ်ထဲမှာ ငါမတော်တဆတစ်ခုခုဖြစ်သွားဖို့ကိုလည်း မျှော်လင့်နေတယ်မလား"
ရွှမ်ချုံမှာ ကြောက်ရွံ့လွန်းသဖြင့် ယွီရှီ၏စကားကို ဆက်နားမထောင်နိုင်တော့ပေ။ ယွီရှီ၏ယခုပုံစံမှာ ကြောက်ဖို့ကောင်းနေသည်ကိုသာ သူသိသည်။ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်ဖြင့် ရှင်းပြရန်ကြိုးစားသော်လည်း နောက်ဆုံးတွင်တော့ စကားတစ်ခွန်းပင် မဆိုနိုင်ပေ။
ယွီရှီက ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ပြီး ရေကန်ကို ကြည့်လိုက်သည်။ "ငါအခုခုန်ချလိုက်မယ်ဆို မင်းပျော်မှာလား"
ရွှမ်ချုံမှာ တစ်ကိုယ်လုံးတုန်ယင်လာသည်။ "ခု-ခုန်ချမယ်"
"ငါကိုယ့်ကိုယ်ကိုသတ်သေဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားဖူးတယ်..." ယွီရှီက ရွှမ်ချုံအားငုံ့ကြည့်ကာ အက်ရှရှအသံဖြင့် ပြောသည်။ "ဒါက ဘာများထူးဆန်းနေလို့လဲ"
သူတို့ပြောစကားများကို ယွီရှီကြားလိုက်ကြောင်း ကောက်ချက်ချမိသော ရွှမ်ချုံ၏အစေခံမှာ မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်ယူနေရသည်။ "မ-မင်းသားငယ်ယွီ... ကျွန်တော်တို့မင်းသားက ခုနကနောက်ပြောင်နေတာပါ။ ကျွန်တော်တို့ ကျုံးဝမ်ကို တကယ်ဘာမှမလုပ်ချင်ပါဘူး"
"ကျုံးဝမ်..." ယွီရှီမှာ ခေါင်းထိုးကိုက်လာရသည်။ ခေါင်းကိုငုံ့ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ကျုံးဝမ်က ချန်အန်းမှာ..."
ယွီရှီ၏စိတ်လွတ်နေပုံကို မြင်တွေ့ရသည်မှာ ရွှမ်ချုံအတွက် ပထမဦးဆုံးအကြိမ်မဟုတ်တော့ပေ။ သူက အတတ်နိုင်ဆုံး သူ့စိတ်သူငြိမ်အောင် ထိန်းလိုက်သည်။ ထစ်ငေါ့စွာဖြင့် သူကပြောသည်။ "ဟုတ်တယ်။ ကျွန်တော်တို့က ဒီအတိုင်း... စနောက်နေကြတာ။ ကျုံးဝမ်ကို တစ်ခုခုလုပ်ချင်တယ်လို့ ကျွန်တော်မပြောဘူး။ ဒီအတိုင်း... ဒီအတိုင်း သူ့ကိုလာဖို့ပြောပြီးတော့ ကျီစားချင်ရုံပဲ"
"ကျုံးဝမ်..." ယွီရှီ ညင်းပျောင်းစွာရယ်လိုက်သည်။ "ငါသေသွားရင်အကောင်းဆုံးပဲ... ဒါဆို ကျုံးဝမ်ကို မင်းပိုင်သွားပြီမလား"
"ငါသေသွားရင် အားလုံးအတွက် အကောင်းဆုံးပဲ။ ဒါဆို အားလုံးလွတ်လွတ်လပ်လပ် ဖြစ်သွားမှာ..."
ထပ်မံ၍ ယွီရှီက ရေကန်ကို လှည့်ကြည့်လိုက်သည်။ သူရေရွတ်သည်။ "ငါသေဖို့ကို လူတိုင်းက မျှော်လင့်ကြတယ်..."
ရွှမ်ချုံမှာ ယွီရှီကြောင့် သေလုမတတ် ကြောက်ရွံ့လာမိသည်။ သူနှင့်သူ့အစေခံ ပြောခဲ့သောစကားများကို ယွီရှီပြန်ဖြန့်မည်ကို သူစိုးရိမ်သည်။ စိုးရိမ်လွန်းလှ၍ သူ့နှလုံးသားမှာ မီးမြှိုက်ထားသကဲ့သို့ပင်။ သူက စိတ်ကိုတင်းတင်းထားကာ ပြောသည်။ "တကယ်တော့... သေသွားရင် ကျန်တဲ့လူတိုင်းကို လွတ်လပ်စေမှာပဲ"
ယွီရှီ၏အကြည့်မှာ ရေကန်တွင်သာ ရှိနေသည်။ နက်ရှိုင်းသောရေကန်မှာ သူ့ကိုလွတ်ငြိမ်းစေချင်၍ ဆွဲဆောင်နေပုံပေါ်သည်။
"လွတ်လပ်မှာတော့အမှန်ပဲ၊ ဒါပေမဲ့..." ယွီရှီ၏မျက်လုံးတွင် ဒေါသရိပ်များပေါ်လာသည်။ သူက ရုတ်ချည်းဆိုသလို ရွှမ်ချုံဘက်သို့ လှည့်လိုက်သည်။ "ငါကဘာလို့ မင်းတို့တွေကို လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် လုပ်ပေးရမှာလဲ"
ရွှမ်ချုံမှာ ကြောက်ရွံ့လွန်းသဖြင့် ဒူးထောက်ကျမတတ်ပင်။ တစ်ချက်တည်းဖြင့် ယွီရှီက သူ့အင်္ကျီလည်ပင်းစကို ဆွဲလိုက်သည်။ အထင်သေးစွာ သူရယ်လိုက်သည်။ "မင်းလည်း သူ့ကိုလိုချင်တယ်မလား။ မင်းရဲ့ဦးရီးတော်ရောပဲလေ။ ငါစောစောသေသွားဖို့ကို မင်းတို့အားလုံးမျှော်လင့်နေကြတယ်မလား"
မရေမတွက်နိုင်လောက်သော ပုံရိပ်ပေါင်းများစွာသည် ယွီရှီ၏အာရုံထဲတွင် ပေါ်လာသည်။ သူ့ခေါင်းမှာလည်း ပေါက်ကွဲတော့လုမတတ် ကိုက်ခဲနေသည်။ ယွီရှီ၏အသံမှာလည်း တုန်ယင်နေသည်။ "ငါရေကန်ထဲခုန်ချဖို့ကို မင်းမျှော်လင့်နေတာ။ ငါအဲ့ထဲဆင်းသွားမယ်လို့ မင်းမျှော်လင့်နေတာ..."
ယွီရှီသည် ရွှမ်ချုံ၏လည်ပင်းစကို ဆုတ်ကိုင်လိုက်ပြီးချိန်တွင် မနေ့ကလည်း ကျုံးဝမ်ကို ဤကဲ့သို့ ဆုတ်ကိုင်ဖူးသည်ကို ရုတ်တရက်သတိရသွားသည်။
ကျုံးဝမ်သည် ရာဂစိတ်နိုးကြွသကဲ့သို့ သူ့ရင်ဘတ်ကို မှီထားခဲ့သည်။
နောက်တစ်ဖန်ထပ်၍ ရယ်သံများ ယွီရှီထံမှထွက်ပေါ်လာပြန်သည်။ "ဒါပေမဲ့ အခုအချိန်မှာ ချက်ချင်းကြီးကို ငါသေချင်တယ်လို့ မခံစားရတော့ဘူး"
ရွှမ်ချုံမှာ ကြောက်ရွံ့လွန်းသဖြင့် ကြို့ထိုးလာသည်။ ယွီရှီသည် ခေါင်းငုံ့လျက် ကြောက်ရွံ့မှုကြောင့် ဖြူရော်နေသော ရွှမ်ချုံ၏မျက်နှာကို ငုံ့ကြည့်လိုက်သည်။ ထိုအချိန်မှာပင် သူစက်ဆုပ်ရွံရှာလာမိသည်။
"မင်းက သူ့ကိုလိုက်အတုခိုးချင်တာလား" မနှစ်မြို့စွာပင် ယွီရှီသည် ရွှမ်ချုံအား ရေကန်ထဲသို့ တွန်းချလိုက်သည်။ အေးစက်ကာ ဒေါသစွက်သောအသံဖြင့် သူကပြောသည်။ "မင်းတစ်ယောက်ယောက်ကို သေစေချင်ရင် မင်းအရင်သေလိုက်"
ရွှမ်ချုံတစ်ယောက် ရေနှင့်ထိသည်နှင့်တစ်ပြိုင်နက် သားသတ်ရုံသို့ ပို့ခံရသည့် ဝက်တစ်ကောင်နှယ် စူးရှစွာအော်ဟစ်လေသည်။ သူသည် အစကတည်းကပင် ရေမကူးတတ်ချေ။ ရုတ်ခနဲ အေးခဲနေသောရေကန်ထဲသို့ ပစ်ချခံလိုက်ရသည့်အခါ ကန်ကြမ်းပြင်သို့ နစ်မြုပ်သွားတော့သည်။
ရွှမ်ချုံ၏အစေခံမှာ ထိတ်လန့်စိုးရိမ်နေတော့သည်။ သူ့သခင်မှာ ရုတ်တရက် ရေကန်ထဲသို့ပြုတ်ကျမည်ဟု ဘယ်အချိန်ကမှ သူမျှော်လင့်မထားခဲ့။ အစေခံမှာ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသည်။ ချက်ချင်းပင် အစောင့်များ ရောက်လာခဲ့သည်။
ဘေးနားတွင်ရပ်လျက် ယွီရှီမှာ နားအူမတတ်ဆူညံနေသော အသံများကို လျစ်လျူရှုကာ အင်္ကျီလက်နားစကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်နေသည်။ ယခုအချိန်တွင် ပို၍သက်သောင့်သက်သာရှိသည်ဟု သူခံစားနေရသည်။ သူ့စိတ်မှာလည်း ရှုပ်ထွေးမနေတော့ပေ။
သူ အသက်ကိုတဝကြီးရှူသွင်းလိုက်သည်။ ထို့နောက် ပုံမှန်သွင်ပြင်ဖြင့်သာ ပြန်ထွက်သွားသည်။
ရွှမ်ချုံ မကြာသေးခင်က မည်သို့ပြောသနည်း။
ယခု နန်းတွင်းကထွက်လျှင် သူ ကျုံးဝမ်ကို အမှီလိုက်နိုင်မည်တဲ့လား။
3.7.2021
Thanks for reading
ကြာသွားတဲ့အတွက် sorry ပါ။ (*╯-╰)ノ ခုကစပြီး update မှန်အောင်ကြိုးစားပါ့မယ်။ စောင့်ပေးနေတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
Zawgyi
အခ်ိန္ႏွင့္အမွ် ယြီရွီမွာ အေတြးတြင္သာ နစ္ေျမာေနသည္။ သူ႔ဆုံးျဖတ္ခ်က္ကိုမူ ထုတ္မေျပာေပ။ စိုးရိမ္ေၾကာင့္ၾကစြာ အိမ္ေတာ္ထိန္းဖုန္က ေမးသည္။ "ဆက္ခံသူက သခင္ေလးက်ဳံးနဲ႔ အတူတူ အသက္ႀကီးမသြားခ်င္ဘူးလား"
ယြီရွီက ေရ႐ြတ္သည္။ "အတူတူအသက္ႀကီးသြားမွာ၊ အတူတူအသက္ႀကီးသြားမွာ..."
အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ ဤစကားလုံးမ်ားသည္ ယြီရွီ၏ႏွလုံးသားကို ႐ိုက္ခတ္သြားခဲ့သည္။ သူ႔မ်က္ႏွာထက္တြင္ မတိုင္မီကရွိေနခဲ့ေသာ ေႏြးေထြးမႈသည္ ေပ်ာက္ကြယ္သြားၿပီး အၾကည့္မ်ားမွာ လုံးဝေအးစက္သြားခဲ့သည္။
ထို႔ေနာက္တြင္ သူ႔ႏႈတ္ခမ္းမ်ားမွာ အနည္းငယ္တြန႔္ေကြးသြားၿပီး အၿပဳံးတစ္ခုေပၚလာသည္။ "ကြၽန္ေတာ္ဘယ္ေလာက္ၾကာၾကာ အသက္ရွင္ေနႏိုင္မယ္ဆိုတာမသိဘူး။ ဘယ္လိုလုပ္ၿပီး တျခားတစ္ေယာက္နဲ႔ အတူတူအသက္ႀကီးသြားမလဲ"
အိမ္ေတာ္ထိန္းဖုန္အေၾကာက္ဆုံးမွာ ထိုသို႔ေသာစကားမ်ိဳးကို ယြီရွီထံမွ ၾကားရမည္ကိုျဖစ္သည္။ သူက လ်င္ျမန္စြာပဲ ေျပာလိုက္သည္။ "ဘာလို႔ ဆက္ခံသူက အဲ့လိုေတြးေနရတာပါလဲ။ ဆက္ခံသူက က်န္းမာတာပဲ။ လူေတြကို ထိတ္လန႔္ေစမဲ့ တစ္ခုခုမလုပ္မခ်င္း ဘာလို႔အသက္ရာေက်ာ္ မေနႏိုင္ရမွာလဲ"
မထူးျခားေသာေလသံျဖင့္ ယြီရွီကေျပာသည္။ "ဒါေပမဲ့ ကြၽန္ေတာ္က လူေတြကို ထိတ္လန႔္ေစမဲ့ အရာေတြလုပ္ရတာ သေဘာက်တယ္။ ၿပီးေတာ့ ဆင္းရဲဒုကၡေတြကိုလည္း ႏွစ္တစ္ရာေလာက္ ခံစားမေနခ်င္ဘူး"
အိမ္ေတာ္ထိန္းဖုန္သည္ ေနရာတြင္မတ္တပ္ရပ္လ်က္ပင္ စိတ္ရႈပ္ေနရသည္။
"ခင္ဗ်ားဘာသာဆုံးျဖတ္ၿပီး ကြၽန္ေတာ့္ေနာက္ကြယ္မွာ မလိုအပ္တာေတြ မလုပ္နဲ႔" ယြီရွီက မ်က္လႊာခ်လိုက္သည္။ "ၿပီးေတာ့ သူ႔ေနာက္ကြယ္မွာ လွ်ိဳ႕ဝွက္ႀကံစည္ဖို႔ မစဥ္းစားနဲ႔။ ခင္ဗ်ား သူ႔ကိုမႏိုင္ဘူး"
အိမ္ေတာ္ထိန္းဖုန္သည္ အ႐ိုးထဲထိတိုင္ ပင္ပန္းႏြမ္းနယ္သြားသည္။ ယြီရွီ။ ဤပုဂၢိဳလ္ကို အႏုနည္းေရာ၊ အၾကမ္းနည္းေရာျဖင့္ ဆြဲေဆာင္၍မရႏိုင္ေပ။ ထို႔အျပင္ သူသည္ သာမန္လူမ်ားႏွင့္လည္း ကြဲျပားေနေသးသည္။ တစ္ေယာက္ေယာက္က စကားတစ္လုံးအမွားေျပာမိလွ်င္ပင္ ယြီရွီမွာ ထိန္းခ်ဳပ္မရႏိုင္ေအာင္ ျဖစ္တတ္ေသးသည္။ ဤအရာမွာ အျခားသူမ်ားအေနျဖင့္ သူ႔အားမည္ကဲ့သို႔ ဆြဲေဆာင္ရမည္ကို ေဝခြဲမရႏိုင္ျဖစ္ေစသည္။ အိမ္ေတာ္ထိန္းဖုန္၏အျမင္တြင္ က်ဳံးဝမ္သည္ ဤကိစၥကို ေျဖရွင္းႏိုင္မည့္ အေကာင္းဆုံးသူျဖစ္သည္။ ခဏၾကာစဥ္းစားေနၿပီးေနာက္တြင္ သူကေျပာသည္။ "ဒါဆို... ဆက္ခံသူအေနနဲ႔ သခင္ေလးက်ဳံးအေပၚမွာ နည္းနည္းပိုၿပီးေကာင္းေပးလို႔ ရမလား"
အကယ္၍ ယြီရွီသာ က်ဳံးဝမ္ကို ေကာင္းေကာင္းဆက္ဆံႏိုင္လွ်င္ ဤအေျခအေနကို ေကာင္းမြန္စြာ ထိန္းခ်ဳပ္ႏိုင္လိမ့္မည္ဟု အိမ္ေတာ္ထိန္းဖုန္ တြက္ဆထားသည္။
ယြီရွီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "သူ႔ကိုပိုေကာင္းေပးရမယ္၊ ဟုတ္လား။ ခင္ဗ်ား ဘာဆိုလိုခ်င္တာလဲ"
ကူကယ္ရာမဲ့စြာ အိမ္ေတာ္ထိန္းဖုန္က ေျဖသည္။ "ဆက္ခံသူ အရင္က သူ႔ကို ညင္ညင္သာသာ ဆက္ဆံခဲ့တုန္းကရဲ႕ နည္းနည္းေလာက္ ညင္သာရင္ကို လုံေလာက္ပါၿပီ"
"ခင္ဗ်ားက သူ႔ကိုေနခဲ့ဖို႔ ဆြဲထားခ်င္တာလား" ယြီရွီက သူ႔ရည္႐ြယ္ခ်က္၏ အရင္းအျမစ္ကို ေမးလိုက္သည္။ "အရင္က ကြၽန္ေတာ္ သူ႔ကိုေတာ္ေတာ္ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့တာပဲမလား။ ၿပီးေတာ့ သူကလည္း ဘာမွမေျပာဘဲ ထြက္သြားခဲ့တာပဲ မဟုတ္ဘူးလား"
အိမ္ေတာ္ထိန္းဖုန္သည္ မည္သည့္အေၾကာင္းျပခ်က္ကိုမွ မေပးႏိုင္ေတာ့ေပ။ "မင္းသားနင္က သခင္ေလးက်ဳံးကို ငယ္ငယ္တည္းက ေကြၽးေမြးေစာင့္ေရွာက္လာတာ။ သခင္ေလးက်ဳံးအေပၚမွာ သူ႔ရဲ႕ေက်းဇူးက ႀကီးမားလြန္းတယ္။ အဲ့လိုအေျခအေနမ်ိဳးမွာ သူထြက္သြားဖို႔ပဲ ရွိခဲ့တာ။ ၿပီးေတာ့လည္း..."
သူသည္ အျခားတစ္ခုကို ေျပာခ်င္ေသာ္လည္း မဝံ့ရဲေပ။ သူ႔အသံသည္ အလြန္အမင္းတိုးညင္းသြားသည္။ "အဲ့ရက္ေတြတုန္းက ဆက္ခံသူက အေစာင့္ေတြအားလုံးကို အရံၿခံဝန္းကေန ဖယ္ခိုင္းၿပီးေတာ့ ထင္သာျမင္သာတဲ့ေနရာေတြမွာ ေငြစကၠဴေတြ ထားခိုင္းခဲ့တယ္မဟုတ္လား။ ဒါက သူ႔ကိုလြတ္ေျမာက္ေစခ်င္လို႔ဆိုတာ သိသာေနတာပဲ"
အတိတ္ကအေၾကာင္းမ်ားကို သတိရသြားေသာ ယြီရွီ၏မ်က္ႏွာသြင္ျပင္မွာ ပို၍ပင္ ၾကည့္ရႈမေကာင္းျဖစ္လာသည္။ သူက ကုလားထိုင္ေနာက္ေက်ာကိုမွီလိုက္ၿပီး မ်က္ႏွာမွာလည္း သုန္မႈန္လ်က္ရွိသည္။ "သြားေတာ့"
အိမ္ေတာ္ထိန္းဖုန္မွာ ထိတ္လန႔္သြားသည္။ သို႔တိုင္ေအာင္ သတၱိေမြးကာ ေမးလိုက္ေသးသည္။ "တကယ္လို႔ သခင္ေလးက်ဳံးက သူ႔စိတ္နဲ႔သူ ေနခဲ့ခ်င္တာဆိုရင္ေရာ"
ယြီရွီသည္ တဒဂၤေလးပင္ စဥ္းစားမေနေပ။ "မျဖစ္ႏိုင္ဘူး"
သို႔ေသာ္ အိမ္ေတာ္ထိန္းဖုန္သည္လည္း လက္ေလ်ာ့လိမ့္မည္မဟုတ္ေပ။ "တကယ္လို႔ သခင္ေလးက်ဳံးက ခ်န္အန္းမင္းသားအိမ္ေတာ္က လူေတြနဲ႔ျပန္လိုက္မသြားဘဲ ကြၽန္ေတာ္တို႔အိမ္ေတာ္မွာပဲ ေနခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ။ ဒီအေစခံအိုႀကီးက သူ႔ကိုေမာင္းထုတ္ဖို႔မျဖစ္ႏိုင္ပါဘူး။ ဟုတ္တယ္မို႔လား"
ယြီရွီသည္ အိမ္ေတာ္ထိန္းဖုန္ကို ေၾကာင္တက္စြာ စိုက္ၾကည့္ေနသည္။
အိမ္ေတာ္ထိန္းဖုန္သည္ စိတ္ကိုတင္းတင္းထားကာ ေျပာလိုက္သည္။ "အဲ့အခ်ိန္က် သခင္ေလးက်ဳံးက သူ႔ပစၥည္းေတြသယ္လာၿပီး ဆက္ခံသူရဲ႕အတြင္းေဆာင္ထဲကို ေျပာင္းဖို႔ အခိုင္အမာေျပာေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ။ ဆက္ခံသူအေနနဲ႔ ဒီအေစခံအိုႀကီးကို ေျဖေပးလို႔ရမလား။ သူ႔ကိုအဲ့လိုေနဖို႔ေတာင္ ခြင့္မျပဳဘူးဆို ဒီအေစခံအေနနဲ႔ အိမ္ေတာ္တပ္သားေတြကို ေခၚၿပီးေတာ့ သူ႔ပစၥည္းေတြကို မီးရႈိ႕၊ သူ႔ကိုလည္း ေကာင္းေကာင္း႐ိုက္ႏွက္ၿပီးေတာ့ အေဝးကိုႏွင္ထုတ္ရပါလိမ့္မယ္"
ယြီရွီသည္ ေခတၱမွ် ေတြေဝေနသည္။ ထို႔ေနာက္ မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။ "ခင္ဗ်ားက ကြၽန္ေတာ္နဲ႔ေနတာၾကာလို႔ ကြၽန္ေတာ့္လို ႐ူးသြားတာလား"
အိမ္ေတာ္ထိန္းဖုန္သည္လည္း အေလွ်ာ့မေပးေပ။ "ဒီအေစခံအိုႀကီးက ဆက္ခံသူဆီက အေျဖကိုပဲ ေမွ်ာ္လင့္ပါတယ္"
ယြီရွီ၏မ်က္လုံးမ်ားမွာ မၾကည္မလင္ျဖစ္ကာ မတည္ၿငိမ္မႈကို သက္ေသထူေနသည္။ သူက အိမ္ေတာ္ထိန္းဖုန္ကို ၾကည့္၍ မတ္တပ္ထရပ္ကာ ထြက္သြားေတာ့သည္။
ဤအႀကိမ္တြင္ေတာ့ ယြီရွီသည္ ျငင္းပယ္ျခင္းမရွိခဲ့ေပ။ အိမ္ေတာ္ထိန္းဖုန္သည္ သက္ျပင္းခ်လိုက္ႏိုင္သည္။ ေမွ်ာ္လင့္ခ်က္အမွ်င္တန္းေလးေတာ့ ရွိေနေသးသည္။ အနည္းငယ္ေတြးၿပီးေနာက္တြင္ အိမ္ေတာ္ထိန္းဖုန္သည္ စာတစ္ေစာင္ကို ခပ္သြက္သြက္ေကာက္ေရးလိုက္သည္။ မနက္ျဖန္တြင္ ယြီရွီအားေရွာင္ၿပီး ထိုစာကို ခ်န္အန္းမင္းသားအိမ္ေတာ္သို႔ ပို႔ေပးရန္ တစ္စုံတစ္ေယာက္အား ခိုင္းေစလိုက္သည္။ က်ဳံးဝမ္၏လက္ထဲသို႔ ပို႔ေပးရန္ျဖစ္သည္။
ေနာက္တစ္ေန႔တြင္ ခ်န္အန္းမင္းသားအိမ္ေတာ္၌ က်ဳံးဝမ္သည္ ထိုစာကိုဖတ္ၿပီး အခ်ိန္ၾကာသည့္တိုင္ စကားမဆိုခဲ့ေပ။
အိမ္ေတာ္ထိန္းဖုန္ေရးထားသည္မွာ ၿမိဳ႕ေတာ္တြင္ ေနခဲ့မည့္အစီအစဥ္ရွိလွ်င္ ယြီရွီအားႀကိဳမေျပာရန္ႏွင့္ ခ်န္အန္းမင္းသားအိမ္ေတာ္မွလူမ်ားကို ျပန္ပို႔ၿပီးလွ်င္ မင္းသားယြီအိမ္ေတာ္၏အရံၿခံဝန္းသို႔ ပစၥည္းမ်ားႏွင့္အတူ တစ္ခါတည္း ေျပာင္းလာရန္ျဖစ္သည္။ ယြီရွီ၏အတြင္းေဆာင္ထဲသို႔ေ႐ႊ႕ၿပီး အတူတူေနႏိုင္လွ်င္ ေကာင္းမည္ဟုေရးထားသည္။
က်ဳံးဝမ္သည္ တကယ္တမ္းတြင္ စိုးရိမ္တုန္လႈပ္ေနမိသည္။
သူမေန႔က မည္မွ်ပင္ ရွက္ေနခဲ့သည္ကို အိမ္ေတာ္ထိန္းဖုန္ သိလိမ့္မည္လား။
ယြီရွီ သူ႔ကိုဖက္႐ုံမွ်သာ ဖက္ရေသးသည့္ေနာက္တြင္ သူ...
ထိုမွ်သာမကေသး၊ ယြီရွီႏွင့္ 'အတူတူေနရန္'ဆိုသည္မွာ။ စရိတ္စကမကုန္ဘဲ အက်ိဳးအျမတ္ရရန္အတြက္ သူ႐ူးသြားၿပီဟု ယြီရွီထင္လိမ့္မည္ မဟုတ္ပါလား။
ဤမွ်သာမဟုတ္ေသး။ အိမ္ေတာ္ထိန္းဖုန္သည္ စာတစ္ေၾကာင္းကို ေသခ်ာထည့္ထားေသးသည္။ က်ဳံးဝမ္အေနႏွင့္ ပူပန္ေနစရာမလိုဘဲ ယြီရွီအနားကပ္ေနသေ႐ြ႕ လုံေလာက္ၿပီဟု။
ယြီရွီနား ကပ္ေနရမည္၊ ဟုတ္စ။
မည္ကဲ့သို႔နည္း။
ညသန္းေခါင္တြင္ ယြီရွီရဲ႕ေစာင္ကိုဖယ္၍ သူ႔အက်ႌကို ခြၽတ္ရမည္လား။
ယြီရွီ သူ႔ကို ဓားနဲ႔ထထိုးမည္ မဟုတ္ပါလား။
က်ဳံးဝမ္သည္ သူ႔လက္ထဲရွိ စာကိုဆုတ္ေခ်လိုက္သည္။ သူ႔ႏွလုံးသားမွာမူ အခ်ိန္ေတာ္ေတာ္ၾကာ မတည္ၿငိမ္ႏိုင္ျဖစ္ေနသည္။
ဒါက ေတာ္ေတာ့္ကို စိတ္မခ်မ္းေျမ့စရာပင္။
သူစာ႐ြက္ကို မီးရႈိ႕ၿပီး ေရ႐ြတ္လိုက္သည္။ "ၿမိဳ႕ေတာ္မွာ ေနဖို႔က ဒီေလာက္ေတာင္ ခက္ခဲလား..."
သူေရ႐ြတ္ေနစဥ္မွာပင္ အေစခံတစ္ဦးက အျပင္မွတံခါးေခါက္ကာ ထုပ္ပိုးၿပီးၿပီလားဟု ေမးလာသည္။
က်ဳံးဝမ္သည္ သူ႔အေတြးမ်ားမွ ႐ုန္းထြက္၍ ေခါင္းညိတ္ကာေျဖလိုက္သည္။ "အင္း"
ယေန႔ သူနန္းတြင္းသို႔ ဝင္ရမည္။
႐ႊမ္ေ႐ြ႕၏နာမက်န္းမႈသည္ တျဖည္းျဖည္းႏွင့္ ပိုပို၍ ဆိုးလာသည္။ ထို႔ေၾကာင့္ ခ်ဳံအန္းမင္းႀကီးသည္ တစ္စုံတစ္ေယာက္အားေခၚ၍ အေၾကာင္းအရင္းကို ေမးလိုသည္။ ခ်န္အန္းမင္းသားအိမ္ေတာ္တြင္ က်ဳံးဝမ္တစ္ေယာက္သာ သြားႏိုင္သည္။
႐ႊမ္စုန္ရွန္းသည္ ခန္းမေဆာင္ႀကီးထဲတြင္ ေစာင့္ေနသည္။ က်ဳံးဝမ္ေရာက္လာသည္ကို ျမင္လိုက္ရခ်ိန္တြင္ မတ္တပ္ထရပ္ကာ အလြန္အမင္း ေနမထိထိုင္မသာျဖစ္ေနပုံႏွင့္ အသံတိုးတိုးျဖင့္ ေမးသည္။ "ဘာလို႔ ခက္ခဲေနရတာလဲ။ ဘာလို႔ ေတာ္ဝင္သမားေတာ္ေတြကိုပဲ မေမးတာလဲ"
"မင္းႀကီးအေနနဲ႔ ကြၽန္ေတာ့္ကို ေမးခ်င္တာက ေကာင္းပါတယ္" က်ဳံးဝမ္က ၿပဳံးလ်က္ေျပာသည္။ "မင္းႀကီးသာ မေမးရင္ ခ်န္အန္းကိုျပန္ခ်င္တဲ့အေၾကာင္း ကြၽန္ေတာ္ ဘယ္လိုခြင့္ေတာင္းရမွာလဲ"
႐ႊမ္စုန္ရွင္းသည္ လြန္ခဲ့သည့္တစ္ေခါက္က နန္းတြင္းသို႔ဝင္ခဲ့ခ်ိန္ကို ျပန္ေတြးကာ မႈိင္ေတြသြားသည္။ "အရင္တစ္ေခါက္က မင္းႀကီးက က်ဳံးဝမ္ကို ေတြ႕ဖို႔ ႐ုတ္တရက္ႀကီး ေခၚတယ္။ က်ဳံးဝမ္ကို ဆင့္ေခၚၿပီးတာနဲ႔ အၾကာႀကီးေနမွ က်ဳံးဝမ္ျပန္ထြက္လာတာ။ ကြၽန္မမွာ နန္းေတာ္တံခါးမွာ စိုးရိမ္ရင္းေစာင့္ေနရတယ္။ အထဲကို ဝင္ၿပီးေတာ့ေတာင္ က်ဳံးဝမ္ကို သြားရွာေတာ့မလို႔ပဲ"
ေငးၾကည့္ေနသည့္ က်ဳံးဝမ္သည္ ထိုအေၾကာင္းကို ျပန္ေတြးေနမိသည္။
႐ႊမ္စုန္ရွင္းကို နန္းေတာ္သို႔ ေခၚသြားေပးသည့္ အခ်ိန္ကို သူေတြးေနသည္။ ယြီရွီသူ႔ကို စာၾကည့္တိုက္ထဲသို႔ အတင္းဆြဲေခၚထားၿပီးေနာက္တြင္...
သူသည္ အိမ္ေတာ္ထိန္းဖုန္၏စာထဲမွ စကားလုံးမ်ားကို သတိမရဘဲမေနႏိုင္ေပ။
အိမ္ေတာ္ထိန္းဖုန္သည္ မည္သည့္အဓိပၸာယ္ကို ဆိုလိုသနည္း။
႐ႊမ္ေ႐ြ႕တို႔ကိုပို႔ၿပီးလွ်င္ မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္းထဲသို႔ ခ်က္ခ်င္းေျပာင္းလာရမည္လား။
ဤကဲ့သို႔ပင္ တစ္ခါထဲ... သြားေနရမည္လား။
သူ႔ထံတြင္ ယူစရာပစၥည္းမ်ားမ်ားစားစား မရွိလွေပ။ ျမင္းလွည္းငွားရန္ပင္ မလိုအပ္။
သို႔ဆိုလွ်င္ အိမ္ေတာ္ထိန္းဖုန္သည္ ထိုအိမ္ေတာ္တြင္ သူ႔အတြက္ အကုန္အဆင္သင့္ ျပင္ဆင္ေပးထားၿပီလား။
ၿပီးေနာက္။ သူ ယြီရွီကို ေနရာတိုင္းမွာ လိုက္တြယ္ကပ္ေနရမည္။
ညဘက္တြင္ပင္ ယြီရွီအား ေစာင္ႏွင့္ပတ္ထားရမည္လား။
မည္ကဲ့သို႔ျဖစ္ႏိုင္မည္နည္း။
ယြီရွီ သူ႔ကိုဓားႏွင့္ထိုးျခင္းမွ ကာကြယ္ရန္ ႀကိဳတင္ကာ ႀကိဳးႏွင့္တုပ္ထားသင့္သည္လား။
မည္သို႔ပင္ျဖစ္ေစ က်ဳံးဝမ္သည္ ရန္ျဖစ္ရာတြင္ ယြီရွီကို အဘယ္နည္းႏွင့္မွ် ႏိုင္ႏိုင္မည္မဟုတ္။
ေစာစီးစြာ ယြီရွီအား ေဆးခတ္သင့္သည္လား။
က်ဳံးဝမ္သည္ ယခင္က ယြီရွီအား ေဆးခတ္မိသည္ကိုပင္ အျပစ္မကင္းျဖစ္ခဲ့သည္။ သူ ေဆးစက္နည္းနည္းမွ်ပင္ ခတ္ရေသးသည္။ ယြီရွီငယ္ေလးမွာ ဘာကိုမွမသိရေလာက္ေအာင္ ဝက္တစ္ေကာင္ကဲ့သို႔ အိပ္ေပ်ာ္သြားခဲ့သည္။
ယခင္ကတည္းကပင္ ယြီရွီမွာ ခန႔္ညားလွေခ်ၿပီ။ ယခုအခ်ိန္ႏွင့္ယွဥ္လွ်င္ သူ႔မ်က္ဝန္းမ်ားမွာ ပို၍ႏူးညံ့ခဲ့သည္။ သို႔ေသာ္ သူအိပ္ခ်ိန္တြင္ မ်က္ႏွာမွာ ေအးစက္စက္ႏိုင္လွသည္။ ထိုအခ်ိန္က က်ဳံးဝမ္မွာ အိပ္ေပ်ာ္ေနေသာ ယြီရွီကိုၾကည့္ရင္း သူ႔လက္ကိုကိုင္ကာ ပါးမွာလည္း ရွက္႐ြံ႕မႈေၾကာင့္ နီးေဆြးေနခဲ့သည္။
ယခုယြီရွီမွာေတာ့...
က်ဳံးဝမ္ တံေတြးၿမိဳခ်မိသည္။ သူ႔အေနႏွင့္ သိပ္မဝံ့ရဲလွေခ်။
ယခုယြီရွီကို ေဆးခတ္လွ်င္ပင္ သူ႔ပုံစံသည္ ေၾကာက္ဖို႔ေကာင္းေနဦးမည္ ျဖစ္သည္။
"က်ဳံးဝမ္၊ က်ဳံးဝမ္"
က်ဳံးဝမ္သည္ သူ၏ေတြးေတာမႈအာ႐ုံထဲမွ ႐ုန္းထြက္လိုက္သည္။ "ဟင္၊ ဘာလဲ"
႐ႊမ္စုန္ရွင္းသည္ ေဆာက္တည္ရာမရျဖစ္ေနသည္။ သူက က်ဳံးဝမ္အား လက္ကိုင္မီးလင္းဖိုေလးေပးလိုက္သည္။ "ေစာေစာသြားၿပီး ေစာေစာျပန္လာခဲ့။ မင္းႀကီးက ကြၽန္မတို႔ကို သြားခြင့္ျပဳရင္ေတာ့ အေကာင္းဆုံးေပါ့။ အဲ့လိုမွမဟုတ္ရင္... ကြၽန္မတို႔ တျခားအစီအစဥ္တစ္ခု စဥ္းစားၾကတာေပါ့။ မင္းႀကီးရဲ႕ေဒါသကို မဆြခဲ့နဲ႔"
က်ဳံးဝမ္ၿပဳံးလိုက္သည္။ "ေသခ်ာတာေပါ့။ စိတ္မပူပါနဲ႔။ ကြၽန္ေတာ္ အလြန္ဆုံးေလးနာရီအတြင္း ျပန္လာပါ့မယ္"
လက္ကိုင္မီးလင္းဖိုေလးကို ယူလိုက္ၿပီးေနာက္တြင္ က်ဳံးဝမ္လွည့္ထြက္ခဲ့ေတာ့သည္။
သူ႔ေမွ်ာ္မွန္းခ်က္မွာ မ်ားမ်ားစားစားမရွိလွေပ။ ခ်ဳံအန္းမင္းႀကီးသည္ ႐ႊမ္ေ႐ြ႕ေသသည္ ရွင္သည္ကို ဂ႐ုစိုက္မည့္ပုံမရွိ။ သူတို႔အားၿမိဳ႕ေတာ္တြင္ ဆက္ေနေစလိုသည္မွာလည္း သူ၏ဂုဏ္သိကၡာအတြက္သာျဖစ္သည္။ က်ဳံးဝမ္မွာ မင္းႀကီးကေသာဇာတ္တြင္ အလိုက္သင့္ေမ်ာပါေနရမည္ျဖစ္သည္။ ဤတစ္ေခါက္တြင္ သူမေအာင္ျမင္ေစကာမူ ၿမိဳ႕ေတာ္တြင္ ရက္အနည္းငယ္ခန႔္ ဆက္ေနရဦးမည္ပင္။ သို႔တိုင္ေအာင္ မင္းႀကီးသည္ ေနာက္ဆုံးတြင္ေတာ့ သူ႔တို႔အား ထြက္သြားခြင့္ျပဳမည္မွာ မလြဲေပ။
သူတို႔အေနျဖင့္ တတိယမင္းသား႐ႊမ္က်င္းမေသဆုံးခင္ ၿမိဳ႕ေတာ္မွ ထြက္သြားရန္သာ လိုအပ္သည္။
ခ်န္အန္းမင္းသားအိမ္ေတာ္တြင္ ယြီရွီ၏သူလွ်ိဳေပါင္းမ်ားစြာရွိသည္။ က်ဳံးဝမ္ အိမ္ေတာ္မွ ထြက္လာခ်ိန္တြင္ ယြီရွီသည္လည္း သတင္းရၿပီးျဖစ္သည္။
အသံတိုးတိုးျဖင့္ ယြီရွီကေျပာသည္။ "အဝတ္လဲဖို႔ကူညီေပး။ နန္းတြင္းထဲဝင္မယ္"
ယြီရွီအားခစားေနေသာ အေစခံသည္ ခ်က္ခ်င္းပင္ အဝတ္အစားသြားယူသည္။
ယြီရွီ၏အဆင့္အတန္းသည္ အျခားလူမ်ားႏွင့္ ကြဲျပားလွသည္။ ငယ္စဥ္ကတည္းက နန္းတြင္ထဲဝင္ရန္ထြက္ရန္ မည္သူ႔ကိုမွ အသိေပးစရာမလိုခဲ့။ ေတာ္ဝင္မင္းသားမ်ားပင္လွ်င္ သူႏွင့္မႏႈိင္းယွဥ္ႏိုင္ေပ။
သို႔ေသာ္ နန္းတြင္းသို႔ေရာက္သည္ႏွင့္ ယြီရွီသည္ က်ဳံးဝမ္ကို သြားရွာသည္ မဟုတ္ေပ။
အဘယ္ေၾကာင့္ နန္းေတာ္သို႔ လာခဲ့သည္ကို ယြီရွီကိုယ္တိုင္ပင္ မေသခ်ာလွေပ။
အိမ္ေတာ္ထိန္းဖုန္၏စကားမ်ားသည္ သူ႔စိတ္ကိုေဝဝါးေစသည္။ ထိုစကားမ်ားသည္ ယခင္ကထက္ပင္ သူ႔စိတ္အားရႈပ္ေထြးေစသည္။
သူ႔အေနႏွင့္ က်ဳံးဝမ္အား ၿမိဳ႕ေတာ္တြင္ က်န္မေနေစခ်င္။ သို႔ရာတြင္ ငယ္စဥ္ကကဲ့သို႔ က်ဳံးဝမ္ႏွင့္ အတူတူေနႏိုင္မည့္အေရးကို စဥ္းစားမိလွ်င္ ယြီရွီ၏စိတ္မ်ား ယိမ္းယိုင္လာရသည္။
မည္သို႔ပင္ဆိုဆို ထိုအခ်ိန္က က်ဳံးဝမ္ထြက္သြားခဲ့သည္ မဟုတ္ပါလား။
အိမ္ေတာ္ထိန္းဖုန္သည္ အဘယ္ေၾကာင့္ ဤကိစၥကို လက္မလႊတ္ႏိုင္ရသနည္း။ အေၾကာင္းအရင္းကို ယြီရွီအေသခ်ာသိပါသည္။
ေခါင္းကိုငုံ႔လ်က္ သူၿပဳံးလိုက္သည္။ ဘာအေၾကာင္းအရင္းျဖစ္ျဖစ္ လူတိုင္းက သူ႔ကိုမေသေစခ်င္သည္မွာ ထူးဆန္းပါသည္။
သတိမထားမိခင္မွာပင္ ယြီရွီသည္ ပိေပါေရကန္နားရွိ ကြမ္းက်င္းနားေနဇရပ္သို႔ ေလွ်ာက္သြားမိသည္။ ေျခာက္ေသြ႕ေနေသာ ၾကာပန္းမ်ားကို သူေငးၾကည့္ေနသည္။
နန္းတြင္းထဲတြင္ ေႏြးေႏြးေထြးေထြးရွိသည္။ နန္းေတာ္ထဲရွိ ေရကန္အခ်ိဳ႕သည္ ေရခဲမသြားေပ။
ယြီရွီသည္ စိမ္းပုပ္ေသာကန္ေရကို ၾကည့္ေနသည္။ ကြမ္းက်င္းနားေနဇရပ္မွ သူလွည့္ထြက္လာၿပီး ေရကန္၏အစြန္းသို႔ သြားလိုက္သည္။ အတိုင္းအတာမသိေအာင္ နက္ရႈိင္းေသာ ေရကန္ကို သူခံစားခ်က္မဲ့စြာ ေငးၾကည့္ေနမိျပန္သည္။
အကယ္၍ သူသာ ေရကန္ထဲခုန္ခ်ကာ ေသသြားလွ်င္ မည္မွ်ပင္ေကာင္းမည္နည္း။
လူတိုင္းသည္လည္း လြတ္လပ္ေပါ့ပါးသြားေပမည္။
ဇရပ္ေဆာင္အတြင္းမွ ေျခသံမ်ားကို သူၾကားလိုက္ရသည္။ ယြီရွီ မဲ့ၿပဳံးၿပဳံးလိုက္သည္။
ဤကဲ့သို႔အခ်ိန္မ်ိဳးတြင္ တစ္ေယာက္ေယာက္ေပၚလာၿမဲျဖစ္သည္။
"သူဘာလို႔ နန္းတြင္းဝင္လာတာလဲ"
ဇရပ္ေဆာင္တြင္ ပၪၥမမင္းသား႐ႊမ္ခ်ဳံသည္ လက္ရန္းကိုကိုင္ကာ စိတ္မရွည္ေသာေလသံျဖင့္ ေျပာေနသည္။ "ၿပီးေတာ့ သူ႔ကိုေတာင္ ေစာင့္ခိုင္းလိုက္ေသးတယ္။ ဘယ္လိုစည္းမ်ဥ္းမ်ိဳးလဲ"
"ဒါေပါ့။ လုံးဝမသင့္ေလ်ာ္ဘူး" သူ႔အေစခံကေျပာလိုက္သည္။ "ဒါေပမဲ့ မင္းႀကီးက က်ဳံးဝမ္ကို မ်က္ႏွာသာေပးေနတာေတာ့ မဟုတ္ပါဘူး။ အခုက ခ်န္အန္းမင္းသားရဲ႕ အေျခအေနကို ေမးေနတာ"
"စိတ္ရႈပ္စရာေကာင္းလိုက္တာ" က်ဳံးဝမ္အေၾကာင္းေျပာလိုက္သည္ႏွင့္ ႐ႊမ္ခ်ဳံ၏ရင္ထဲတြင္ မေပ်ာ္႐ႊင္မႈႀကီးတစ္ခု စိုးမိုးလာသည္။ "ဖခမည္းေတာ္က ဝမ္းကြဲအစ္ကိုေတာ္ကို မ်က္ႏွာသာေပးတယ္ဆိုတာ အဆင္ေျပေသးတယ္။ ဒါေပမဲ့ သူက က်ဳံးဝမ္ကိုလည္း အေရးတယူဆက္ဆံတယ္။ အရင္က ငါတို႔ စာအတူသင္ရတုန္းက..." သူသက္ျပင္းခ်လိုက္သည္။ "စာေတာ္တဲ့ေက်ာင္းသားက်ဳံးက အရမ္းေမာက္မာတယ္။ ႐ႊမ္ေ႐ြ႕ကလြဲရင္ ဘယ္သူ႔ကိုမွ စကားမေျပာဘူး။ သူက အိမ္ေရွ႕စံနဲ႔ေတာင္ စာသင္ဖို႔ အေဖာ္လုပ္ေပးရေသးတယ္။ သူ႔မွာပဲ အဲ့လိုဂုဏ္ရွိတယ္"
အေစခံက ၿပဳံးလိုက္သည္။ "သူဘယ္လိုေမာက္မာေမာက္မာ အခုအခ်ိန္မွာ သူက အေစခံပဲမဟုတ္လား။ အဲ့အခ်ိန္က မင္းသားက သေဘာေကာင္းေနလို႔သာ။ မဟုတ္လို႔ကေတာ့ သူ႔ကိုဝယ္ၿပီးေတာ့ စိတ္ႀကိဳက္႐ိုက္ႏွက္ၿပီး သတ္ပစ္လို႔ရတယ္။ ႏွေျမာစရာပဲ... မင္းသားငယ္ယြီက သူ႔ကို ဝယ္သြားတာ"
"ဘာမင္းသားငယ္ယြီလဲ။ သူအဲ့အဆင့္အတန္းကို မရေသးဘူး" ႐ႊမ္ခ်ဳံမွာ ေဒါသထြက္သြားသည္။ "သူ အဲ့အဆင့္အတန္းကို ေစာေစာဆက္ခံရရင္ ေကာင္းမယ္... အခုအခ်ိန္မွာ သူက အဆင့္အတန္းျမင့္တာလည္းမဟုတ္၊ နိမ့္တာလည္းမဟုတ္နဲ႔။ ငါ့ကို စိတ္ကသိကေအာက္ျဖစ္ေစတယ္"
ယြီရွီ၏ေနာက္ေၾကာင္းႏွင့္ ေမြးဖြားမႈမွာ ပေဟဠိတစ္ခုျဖစ္သည္။ အေစာပိုင္းကတည္းကပင္ ႐ႊမ္ခ်ဳံသည္ သံသယမ်ားစြာရွိခဲ့သည္။ ယြီရွီမွာ ခ်ဳံအန္းမင္းႀကီး၏ တရားမဝင္သားျဖစ္သည္ဟု မေတြးဖူးေသာ တစ္ေန႔ပင္ သူ႔ထံတြင္မရွိခဲ့။ ေနာက္ပိုင္းတြင့္ သူ႔ေရွ႕ေရးအား ေႏွာင့္ယွက္မည္ကိုလည္း စိုးရိမ္ေနရသည္။ သူ႔အေစခံသည္လည္း နားလည္သေဘာေပါက္စြာ အသံကိုႏွိမ့္လ်က္ ေျပာသည္။ "နံရံေတြမွာ နားရွိပါတယ္"
"အခု ဒီနားမွာ ဘယ္သူမွမရွိဘူး မဟုတ္ဘူလား" ႐ႊမ္ခ်ဳံသည္ ထိုကဲ့သို႔ေျပာေသာ္လည္း ဤအေၾကာင္းအရာႏွင့္စပ္လ်ဥ္း၍ စကားမဆက္ေတာ့ေပ။ သူၿပဳံးၿပီးေျပာလိုက္သည္။ "မင္းမေန႔က ၾကားလိုက္လား။ ဝမ္းကြဲအစ္ကိုေတာ္က ခ်န္အန္းမင္းသားအိမ္ေတာ္ကို သြားတယ္တဲ့။ ဟား... သူက်ဳံးဝမ္ကို သြားေတြ႕တာပဲ ေနမွာေပါ့"
အေစခံသည္လည္း ခပ္ဖြဖြရယ္လိုက္သည္။
"က်ဳံးဝမ္က အာ႐ုံကိုဖမ္းစားႏိုင္တာေတာ့ အမွန္ပဲ။ ငါ သူ႔ကိုအေဝးက လွမ္းျမင္လိုက္တယ္။ သူက အရင္ကထက္ေတာင္ ပိုေခ်ာလာေသးတယ္။ ဒါေပမဲ့..." ႐ႊမ္ခ်ဳံ၏ႏႈတ္ခမ္းထက္တြင္ အၿပဳံးတစ္ခုက ေနရာယူသြားသည္။ "႐ြံစရာပဲ"
ေလသံဖ်ဖ်ျဖင့္ အေစခံကေျပာသည္။ "သူ႔ကိုအရင္က မင္းသားငယ္ယြီ ပိုင္တာမဟုတ္ဘူးလား။ အခု သူ႔သခင္ေဟာင္းနဲ႔ ျပန္ေတြ႕ၿပီပဲ။ မ်က္ႏွာေကာင္းရဖို႔ ကြၽန္ေတာ္တို႔ကြယ္ရာမွာ ဘာေတြလုပ္မယ္ဆိုတာ ဘယ္သူသိမလဲ"
"ေျပာရရင္ ငါလည္း အဲ့ႏွစ္က သူ႔ကို ဝယ္ခ်င္ခဲ့တာ။ ဒါေပမဲ့ မယ္ေတာ္က ခြင့္မျပဳဘူး။ ဦးရီးေတာ္ကလည္း မလိုလားဘူး" ႐ႊမ္ခ်ဳံက သေရာ္ၿပဳံးၿပဳံးသည္။ "တကယ္စိတ္ဝင္စားစရာပဲ။ အဲ့အခ်ိန္က ဦးရီးေတာ္က ငါ့ကိုတင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ေနတာ။ ၿပီးေတာ့ မင္းသားနင္နဲ႔သက္ဆိုင္သမွ်ကို လိုက္မပတ္သတ္ဖို႔လည္း ေျပာေသးတယ္။ ဒါေတာင္မွ သူ႔သားကိုေတာ့ မထိန္းခ်ဳပ္ႏိုင္ဘူး။ က်ဳံးဝမ္ကိုဝယ္ဖို႔ ယြီက်စ္႐ုန္ကို ခြင့္ျပဳလိုက္ေသးတယ္"
"အာလား။ မင္းသားငယ္ယြီကို ဘယ္သူကမ်ား ထိန္းခ်ဳပ္ႏိုင္လို႔လဲ" အေစခံကၿပဳံးလိုက္သည္။ "ၿပီးေတာ့လည္း... ပိုခ်စ္ေလ ပိုစည္းကမ္းတင္းၾကပ္ေလပဲေလ။ မင္းသားယြီက မင္းသားကို ဒီေလာက္ခ်စ္တာ။ ဒါေၾကာင့္မို႔လည္း မင္းသားကို ပိုၿပီးေတာ့ ၾကပ္မတ္ေနတာေပါ့။ မင္းသားငယ္ယြီကေတာ့... သူကေတာ့ ဒီအတိုင္း ဟန္ျပသက္သက္ ရွိေန႐ုံပဲ"
"ဒါေပါ့..." ႐ႊမ္ခ်ဳံ ဘာကိုေတြးလိုက္သည္ဆိုသည္မွာ မေသခ်ာေပ။ သို႔ေသာ္ သူ႐ုတ္တရက္ၿပဳံးလိုက္သည္။ သူ႔အေစခံဘက္သို႔လွည့္ၿပီး တီးတိုးေျပာၿပီးေနာက္တြင္ သူတို႔ႏွစ္ဦးၾကားတြင္ ရယ္ေမာသံမ်ား ထြက္ေပၚလာသည္။ ႐ႊမ္ခ်ဳံက အမိန႔္ေပးလိုက္သည္။ "သူ႔လမ္းကိုတားလိုက္။ သူ႔သြားမဲ့လမ္းကို ေသခ်ာေပါက္ တားရမယ္။ နန္းေတာ္ျပင္ကို ေရာက္တာနဲ႔ သူက အေစခံပဲ"
႐ႊမ္ခ်ဳံ၏အေစခံမွာ အခ်ိန္ေတာ္ေတာ္ၾကာ တုန႔္ဆိုင္းေနၿပီးေနာက္ အႀကံေပးလိုက္သည္။ "ထားလိုက္ပါေတာ့လား။ က်ဳံးဝမ္က ေကာင္းတဲ့ဟာ မဟုတ္ဘူး"
"ဘာလို႔မေကာင္းရမွာလဲ။ မင္း..." ႐ႊမ္ခ်ဳံက ခပ္တိုးတိုး ရယ္လိုက္သည္။ "တကယ္လို႔ ဝမ္းကြဲအစ္ကိုေတာ္က သူ႔ကိုလာေတြ႕ရင္ ေသခ်ာေပါက္ ဝမ္းကြဲအစ္ကိုေတာ္ကို သူထြက္ေတြ႕မွာပဲ"
အေစခံသည္ နားခ်ခ်င္ေနေသးသည္။ သို႔ေသာ္ ႐ႊမ္ခ်ဳံက ေနာက္တစ္ႀကိမ္ ၿပဳံးလိုက္သည္။ "အဲ့ေတာ့ ဘာျဖစ္လဲ။ ငါက က်ဳံးဝမ္နဲ႔ အရင္ကအေၾကာင္းေတြ ျပန္ေဆြးေႏြးခ်င္႐ုံတင္ပါ။ ဟားဟား... ေနာက္ပိုင္းမွာ ငါတို႔ စကားမ်ားၾကရင္ေတာင္ ဦးရီးေတာ္က ငါ့ကိုကာကြယ္မယ္ထင္လား၊ ဝမ္းကြဲအစ္ကိုေတာ္ကို ကာကြယ္မယ္ထင္လား။ အား... ဦးရီးေတာ္က ငါ ဝမ္းကြဲအစ္ကိုေတာ္မ်က္ႏွာပ်က္ေအာင္လုပ္တာကို ပိုေတာင္လိုခ်င္ဦးမယ္"
အေစခံ၏ႏႈတ္မွ ေျခာက္ကပ္ကပ္ရယ္သံတစ္ခု ထြက္ေပၚလာသည္။ "ဒါကေတာ့ ေသခ်ာပါတယ္။ မင္းသားငယ္ယြီကို ေရွ႕မွာမ်က္ႏွာသာေပးၿပီးေတာ့ ေနာက္ကြယ္မွာေတာ့ မႀကိဳက္ၾကတဲ့သူေတြႀကီးပဲ"
ဤအေၾကာင္းကို ႐ႊမ္ခ်ဳံစဥ္းစားေလ စကားလုံးမ်ားမွာ သင့္ေလ်ာ္သည္ဟု ပိုခံစားလာရေလျဖစ္သည္။ "ဟားဟား... ခနေန က်ဳံးဝမ္ငါ့ကိုေတြ႕ရင္ သူ႔မ်က္ႏွာက ဟားဟားဟားဟား..."
ကြမ္းက်င္းနားေနဇရပ္ေအာက္တြင္ ယြီရွီမွာ အသက္မပါစြာ နားေထာင္ေနသည္။
ေရကန္ထဲသို႔ ခုန္ခ်ခ်င္ဆဲ၊ ကန္ၾကမ္းျပင္သို႔ နစ္ျမဳပ္ၿပီး ထာဝရအေနႏွင့္ ၿပီးဆုံးသြားခ်င္ဆဲ စိတ္မ်ားျဖင့္ ေခါင္းကိုငုံ႔ကာ ကန္ေရျပင္ကို ၾကည့္ေနသည္။
သူေသသြားခဲ့လွ်င္ ထိုလူမ်ားကို ေနာက္တစ္ဖန္ေတြ႕ရန္ မလိုေတာ့သကဲ့သို႔ ထိုစကားလုံးမ်ားကိုလည္း ေနာက္တစ္ႀကိမ္နားေထာင္ရန္ မလိုေတာ့ေပ။
ယြီရွီ ေရထဲသို႔ ေျခႏွစ္လွမ္းလွမ္းလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ကြမ္းက်င္းနားေနဇရပ္ေပၚမွ ႐ႊမ္ခ်ဳံႏွင့္သူ႔အေစခံတို႔သည္ တျခားတစ္ဖက္မွ ထြက္သြားၾကသည္။
"ငါ့ေနာက္မလိုက္ခဲ့နဲ႔။ အရင္သြားၿပီးေတာ့ ျပင္ဆင္ထားလိုက္" ႐ႊမ္ခ်ဳံက ရယ္ခ်င္စိတ္ကိုထိန္းကာ ေျပာသည္။ "မင္း ယုံခ်င္စရာေကာင္းေအာင္လုပ္ရမယ္။ ဟုတ္သားပဲ။ ဝမ္းကြဲအစ္ကိုေတာ္က ဒီေန႔နန္းတြင္းထဲဝင္တယ္မလား။ ဟား... ဘယ္ေလာက္အဆင္သင့္လိုက္လဲ။ သူ႔အေစခံလို သြားဝတ္ခဲ့။ က်ဳံးဝမ္က ေသခ်ာေပါက္ ကြဲကြဲျပားျပားသိမွာမဟုတ္ဘူး။ အဲ့အခ်ိန္ေရာက္ရင္..."
႐ုတ္ခ်ည္းဆိုသလို ႐ႊမ္ခ်ဳံသြားေနရာမွ ရပ္တန႔္သြားသည္။ ထိတ္ထိတ္လန႔္လန႔္ျဖင့္ ထစ္အစြာစကားဆိုသည္။ "ဝမ္း-ဝမ္းကြဲအစ္ကိုေတာ္..."
ယြီရွီသည္ လူသြားစၾကၤန္တြင္ မ်က္ႏွာသုန္မႈန္လ်က္ ရပ္ေနသည္။
ယြီရွီမည္မွ်အထိၾကားသြားသည္ကို ႐ႊမ္ခ်ဳံမသိေပ။ စိတ္မ်ားရႈပ္ေထြးလ်က္ သူအသက္မပါစြာ ရယ္လိုက္သည္။ "ဝမ္းကြဲအစ္ကိုေတာ္က ဘာလို႔ဒီကိုေရာက္ေနတာလဲ"
ယြီရွီ၏မ်က္လုံးမ်ားမွာ နီရဲလ်က္ ႏႈတ္ခမ္းမ်ားမွာ ျဖဴေဖ်ာ့ေနသည္။ ကနဦးကတည္းကပင္ ႐ႊမ္ခ်ဳံမွာ သူ႔အားေၾကာက္ရသည္။ ယခုအခ်ိန္တြင္မေတာ့ သူ႔စိတ္မွာ ဆိုဖြယ္ရာမရွိၿပီ။ စိုးရိမ္ပူပန္စြာျဖင့္ သူကေမးသည္။ "ဘာ-ဘာလို႔..."
ယြီရွီသည္ သူ႔မ်က္ႏွာတည့္တည့္ကို စိုက္ၾကည့္ေနသည္။ ႐ုတ္တရက္ သူကေျပာသည္။ "မင္းက ငါေသဖို႔ေမွ်ာ္လင့္ေနတာမလား၊ ဟုတ္တယ္မလား"
႐ႊမ္ခ်ဳံက အၿပဳံးတစ္ခုကို လုပ္ယူလိုက္သည္။ "ဘာ... ဘာလို႔ဒီလိုေျပာတာလဲ"
"ငါေစာေစာေသသြားရင္ ႐ႊမ္က်င္းကိုၿပိဳင္ဖို႔ ဘက္မညီျဖစ္သြားမွာကို မင္းေၾကာက္ေနတာပဲ" ယြီရွီက ေျပာသည္။ "ဒါေပမဲ့ မင္းစိတ္ထဲမွာ ငါမေတာ္တဆတစ္ခုခုျဖစ္သြားဖို႔ကိုလည္း ေမွ်ာ္လင့္ေနတယ္မလား"
႐ႊမ္ခ်ဳံမွာ ေၾကာက္႐ြံ႕လြန္းသျဖင့္ ယြီရွီ၏စကားကို ဆက္နားမေထာင္ႏိုင္ေတာ့ေပ။ ယြီရွီ၏ယခုပုံစံမွာ ေၾကာက္ဖို႔ေကာင္းေနသည္ကိုသာ သူသိသည္။ ပါးစပ္ကိုဖြင့္လိုက္ပိတ္လိုက္ျဖင့္ ရွင္းျပရန္ႀကိဳးစားေသာ္လည္း ေနာက္ဆုံးတြင္ေတာ့ စကားတစ္ခြန္းပင္ မဆိုႏိုင္ေပ။
ယြီရွီက ေခါင္းကိုတစ္ဖက္သို႔လွည့္လိုက္ၿပီး ေရကန္ကို ၾကည့္လိုက္သည္။ "ငါအခုခုန္ခ်လိုက္မယ္ဆို မင္းေပ်ာ္မွာလား"
႐ႊမ္ခ်ဳံမွာ တစ္ကိုယ္လုံးတုန္ယင္လာသည္။ "ခု-ခုန္ခ်မယ္"
"ငါကိုယ့္ကိုယ္ကိုသတ္ေသဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားဖူးတယ္..." ယြီရွီက ႐ႊမ္ခ်ဳံအားငုံ႔ၾကည့္ကာ အက္ရွရွအသံျဖင့္ ေျပာသည္။ "ဒါက ဘာမ်ားထူးဆန္းေနလို႔လဲ"
သူတို႔ေျပာစကားမ်ားကို ယြီရွီၾကားလိုက္ေၾကာင္း ေကာက္ခ်က္ခ်မိေသာ ႐ႊမ္ခ်ဳံ၏အေစခံမွာ မိမိကိုယ္ကို တည္ၿငိမ္ေအာင္ လုပ္ယူေနရသည္။ "မ-မင္းသားငယ္ယြီ... ကြၽန္ေတာ္တို႔မင္းသားက ခုနကေနာက္ေျပာင္ေနတာပါ။ ကြၽန္ေတာ္တို႔ က်ဳံးဝမ္ကို တကယ္ဘာမွမလုပ္ခ်င္ပါဘူး"
"က်ဳံးဝမ္..." ယြီရွီမွာ ေခါင္းထိုးကိုက္လာရသည္။ ေခါင္းကိုငုံ႔ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "က်ဳံးဝမ္က ခ်န္အန္းမွာ..."
ယြီရွီ၏စိတ္လြတ္ေနပုံကို ျမင္ေတြ႕ရသည္မွာ ႐ႊမ္ခ်ဳံအတြက္ ပထမဦးဆုံးအႀကိမ္မဟုတ္ေတာ့ေပ။ သူက အတတ္ႏိုင္ဆုံး သူ႔စိတ္သူၿငိမ္ေအာင္ ထိန္းလိုက္သည္။ ထစ္ေငါ့စြာျဖင့္ သူကေျပာသည္။ "ဟုတ္တယ္။ ကြၽန္ေတာ္တို႔က ဒီအတိုင္း... စေနာက္ေနၾကတာ။ က်ဳံးဝမ္ကို တစ္ခုခုလုပ္ခ်င္တယ္လို႔ ကြၽန္ေတာ္မေျပာဘူး။ ဒီအတိုင္း... ဒီအတိုင္း သူ႔ကိုလာဖို႔ေျပာၿပီးေတာ့ က်ီစားခ်င္႐ုံပဲ"
"က်ဳံးဝမ္..." ယြီရွီ ညင္းေပ်ာင္းစြာရယ္လိုက္သည္။ "ငါေသသြားရင္အေကာင္းဆုံးပဲ... ဒါဆို က်ဳံးဝမ္ကို မင္းပိုင္သြားၿပီမလား"
"ငါေသသြားရင္ အားလုံးအတြက္ အေကာင္းဆုံးပဲ။ ဒါဆို အားလုံးလြတ္လြတ္လပ္လပ္ ျဖစ္သြားမွာ..."
ထပ္မံ၍ ယြီရွီက ေရကန္ကို လွည့္ၾကည့္လိုက္သည္။ သူေရ႐ြတ္သည္။ "ငါေသဖို႔ကို လူတိုင္းက ေမွ်ာ္လင့္ၾကတယ္..."
႐ႊမ္ခ်ဳံမွာ ယြီရွီေၾကာင့္ ေသလုမတတ္ ေၾကာက္႐ြံ႕လာမိသည္။ သူႏွင့္သူ႔အေစခံ ေျပာခဲ့ေသာစကားမ်ားကို ယြီရွီျပန္ျဖန႔္မည္ကို သူစိုးရိမ္သည္။ စိုးရိမ္လြန္းလွ၍ သူ႔ႏွလုံးသားမွာ မီးျမႇိဳက္ထားသကဲ့သို႔ပင္။ သူက စိတ္ကိုတင္းတင္းထားကာ ေျပာသည္။ "တကယ္ေတာ့... ေသသြားရင္ က်န္တဲ့လူတိုင္းကို လြတ္လပ္ေစမွာပဲ"
ယြီရွီ၏အၾကည့္မွာ ေရကန္တြင္သာ ရွိေနသည္။ နက္ရႈိင္းေသာေရကန္မွာ သူ႔ကိုလြတ္ၿငိမ္းေစခ်င္၍ ဆြဲေဆာင္ေနပုံေပၚသည္။
"လြတ္လပ္မွာေတာ့အမွန္ပဲ၊ ဒါေပမဲ့..." ယြီရွီ၏မ်က္လုံးတြင္ ေဒါသရိပ္မ်ားေပၚလာသည္။ သူက ႐ုတ္ခ်ည္းဆိုသလို ႐ႊမ္ခ်ဳံဘက္သို႔ လွည့္လိုက္သည္။ "ငါကဘာလို႔ မင္းတို႔ေတြကို လြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္ေအာင္ လုပ္ေပးရမွာလဲ"
႐ႊမ္ခ်ဳံမွာ ေၾကာက္႐ြံ႕လြန္းသျဖင့္ ဒူးေထာက္က်မတတ္ပင္။ တစ္ခ်က္တည္းျဖင့္ ယြီရွီက သူ႔အက်ႌလည္ပင္းစကို ဆြဲလိုက္သည္။ အထင္ေသးစြာ သူရယ္လိုက္သည္။ "မင္းလည္း သူ႔ကိုလိုခ်င္တယ္မလား။ မင္းရဲ႕ဦးရီးေတာ္ေရာပဲေလ။ ငါေစာေစာေသသြားဖို႔ကို မင္းတို႔အားလုံးေမွ်ာ္လင့္ေနၾကတယ္မလား"
မေရမတြက္ႏိုင္ေလာက္ေသာ ပုံရိပ္ေပါင္းမ်ားစြာသည္ ယြီရွီ၏အာ႐ုံထဲတြင္ ေပၚလာသည္။ သူ႔ေခါင္းမွာလည္း ေပါက္ကြဲေတာ့လုမတတ္ ကိုက္ခဲေနသည္။ ယြီရွီ၏အသံမွာလည္း တုန္ယင္ေနသည္။ "ငါေရကန္ထဲခုန္ခ်ဖို႔ကို မင္းေမွ်ာ္လင့္ေနတာ။ ငါအဲ့ထဲဆင္းသြားမယ္လို႔ မင္းေမွ်ာ္လင့္ေနတာ..."
ယြီရွီသည္ ႐ႊမ္ခ်ဳံ၏လည္ပင္းစကို ဆုတ္ကိုင္လိုက္ၿပီးခ်ိန္တြင္ မေန႔ကလည္း က်ဳံးဝမ္ကို ဤကဲ့သို႔ ဆုတ္ကိုင္ဖူးသည္ကို ႐ုတ္တရက္သတိရသြားသည္။
က်ဳံးဝမ္သည္ ရာဂစိတ္ႏိုးႂကြသကဲ့သို႔ သူ႔ရင္ဘတ္ကို မွီထားခဲ့သည္။
ေနာက္တစ္ဖန္ထပ္၍ ရယ္သံမ်ား ယြီရွီထံမွထြက္ေပၚလာျပန္သည္။ "ဒါေပမဲ့ အခုအခ်ိန္မွာ ခ်က္ခ်င္းႀကီးကို ငါေသခ်င္တယ္လို႔ မခံစားရေတာ့ဘူး"
႐ႊမ္ခ်ဳံမွာ ေၾကာက္႐ြံ႕လြန္းသျဖင့္ ႀကိဳ႕ထိုးလာသည္။ ယြီရွီသည္ ေခါင္းငုံ႔လ်က္ ေၾကာက္႐ြံ႕မႈေၾကာင့္ ျဖဴေရာ္ေနေသာ ႐ႊမ္ခ်ဳံ၏မ်က္ႏွာကို ငုံ႔ၾကည့္လိုက္သည္။ ထိုအခ်ိန္မွာပင္ သူစက္ဆုပ္႐ြံရွာလာမိသည္။
"မင္းက သူ႔ကိုလိုက္အတုခိုးခ်င္တာလား" မႏွစ္ၿမိဳ႕စြာပင္ ယြီရွီသည္ ႐ႊမ္ခ်ဳံအား ေရကန္ထဲသို႔ တြန္းခ်လိုက္သည္။ ေအးစက္ကာ ေဒါသစြက္ေသာအသံျဖင့္ သူကေျပာသည္။ "မင္းတစ္ေယာက္ေယာက္ကို ေသေစခ်င္ရင္ မင္းအရင္ေသလိုက္"
႐ႊမ္ခ်ဳံတစ္ေယာက္ ေရႏွင့္ထိသည္ႏွင့္တစ္ၿပိဳင္နက္ သားသတ္႐ုံသို႔ ပို႔ခံရသည့္ ဝက္တစ္ေကာင္ႏွယ္ စူးရွစြာေအာ္ဟစ္ေလသည္။ သူသည္ အစကတည္းကပင္ ေရမကူးတတ္ေခ်။ ႐ုတ္ခနဲ ေအးခဲေနေသာေရကန္ထဲသို႔ ပစ္ခ်ခံလိုက္ရသည့္အခါ ကန္ၾကမ္းျပင္သို႔ နစ္ျမဳပ္သြားေတာ့သည္။
႐ႊမ္ခ်ဳံ၏အေစခံမွာ ထိတ္လန႔္စိုးရိမ္ေနေတာ့သည္။ သူ႔သခင္မွာ ႐ုတ္တရက္ ေရကန္ထဲသို႔ျပဳတ္က်မည္ဟု ဘယ္အခ်ိန္ကမွ သူေမွ်ာ္လင့္မထားခဲ့။ အေစခံမွာ အ႐ူးတစ္ေယာက္ကဲ့သို႔ ေအာ္ဟစ္ေနသည္။ ခ်က္ခ်င္းပင္ အေစာင့္မ်ား ေရာက္လာခဲ့သည္။
ေဘးနားတြင္ရပ္လ်က္ ယြီရွီမွာ နားအူမတတ္ဆူညံေနေသာ အသံမ်ားကို လ်စ္လ်ဴရႈကာ အက်ႌလက္နားစကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပင္ေနသည္။ ယခုအခ်ိန္တြင္ ပို၍သက္ေသာင့္သက္သာရွိသည္ဟု သူခံစားေနရသည္။ သူ႔စိတ္မွာလည္း ရႈပ္ေထြးမေနေတာ့ေပ။
သူ အသက္ကိုတဝႀကီးရႉသြင္းလိုက္သည္။ ထို႔ေနာက္ ပုံမွန္သြင္ျပင္ျဖင့္သာ ျပန္ထြက္သြားသည္။
႐ႊမ္ခ်ဳံ မၾကာေသးခင္က မည္သို႔ေျပာသနည္း။
ယခု နန္းတြင္းကထြက္လွ်င္ သူ က်ဳံးဝမ္ကို အမွီလိုက္ႏိုင္မည္တဲ့လား။
3.7.2021
Thanks for reading
ၾကာသြားတဲ့အတြက္ sorry ပါ။ (*╯-╰)ノ ခုကစၿပီး update မွန္ေအာင္ႀကိဳးစားပါ့မယ္။ ေစာင့္ေပးေနတဲ့အတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။