အခန်း2

220 29 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-
Palace of novels

အပိုင်း ၂၀၂ (ဗဟိုခေတ်ရဲ့ အချိန်တစ်ချို့)

ဂြိုလ်၂၅ ရဲ့ ဝိဉာဉ်သတ္တုတွင်းကြောင့် စစ်တပ်ထဲမှ ရာထူးကြီး ပုဂ္ဂိုလ်တွေအားလုံးက ဒီဂြိုလ်ကို ရောက်ရှိနေကြကာ သူတို့နေရာမှာ အစားထိုးမယ့် တပ်သားသစ်တွေ မရောက်မချင်း နေပေးကြမှာဖြစ်သည်။

နန်ကုန်းကျင်းနဲ့ အခြားသူတွေအားလုံးကလည်း ဓါးနတ်ဆိုးတွေ လာရောက်တိုက်ခိုက်မှာကို ကာကွယ်ပေးတဲ့အနေနဲ့ ဒီမွာ နေပေးမှာဖြစ်သည်။

အဖိုးကြီး ဘာရီက ဝိဉာဉ်သတ္တုတွင်းနားတွင် ရှိသည့် ကြေးခွံနက်သားရဲတွေကို ကိုင်တွယ်ဖို့အတွက် အထူးအဖွဲ့တစ်ဖွဲ့ကိုတောင်မှ စေလွှတ်ပေးသေးသည်။
ဒီထက်ပိုလိုအပ်ပါကလည်း ပမာဏများများရှိနေသေးသည်ပေ။

ထိုအထူးအဖွဲ့ကို ဗဟိုအစိုးရတက္ကသိုလ်နဲ့ မွေးရာပါ စစ်တပ်ဘက်မှ စီနီယာအချို့နဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။

ထိုထဲတွင် ဝမ်ဝမ့်စီနဲ့ အခြားသူတွေလည်း ပါဝင်နေပေရာ ထိုသူတွေက ဒီစ်ာပနပြဲကို မတက်ရောက်ကြပေ။

ဈာပနပွဲပြီးသွားပြီးနောက် စစ်တပ်ဘက်မှ ရာထူးကြီးပုဂ္ဂိုလ်တွေက စီစဉ်မှုအချို့ကို ဆွေးနွေးကာ စီစဉ်ကြသည်။ လုဇွီနဲ့ အခြားသူတွေကတော့ တပ်သားသစ်တွေဖြစ်သည်မို့ ဒီထဲတွင် ပါဝင်ခွင့်မရှိပေ။ ဒါကြောင့် သူတို့ အဆောင်သို့ ပြန်ခဲ့ကြသည်။

သူတို့အဆောင်ပြန်ရောက်တာနဲ့ ယဲ့မူက အလန့်တကြားထအော်သည်။

သတင်းတွေ ထွက်လာပြီ

လူတိုင်း စပ်စုသလိုကြည့်လိုက်ကြသည်။

ဘာသတင်းလဲ

တပ်ကြပ်လင်း ရှင်းပြခဲ့တယ် မဟုတ္ဘူးလား ။အရိပ်တစ်ထောင် လူငယ်မှူးမတ် လုစ်န္က ဂျီကာစနစ်တိုက်ပွဲနယ်မြေမှာသေခဲ့တယ် ။အခု သူ့သတင်းလာနေတယ်

လူတိုင်း စိတ်ဝင်တစားဖြစ်သွားကြသည်။ လုဇြီက ဆို၏။

ပရိုဂ်က္တာကို ဖွင့်လိုက် ကြည့်ရအောင်

အနာဂတ်ခရီးသည် ဒုတိယတြဲTahanan ng mga kuwento. Tumuklas ngayon