အခန်း228

186 27 0
                                    

အပိုင်း ၂၂၈ ငါ့လို လေများတာ လျှော့စမ်းပါ

အခြားသူတွေ အကြောင်း အတွေးများနေတဲ့ လုဇြီက နန်ကုန်းကျင်း ခေါ်လာတော့မှသာ မျက်လုံး၀င့်လာလေတော့သည်။ အကယ္ဒမီအမွတ္လား။ အိုး သူဆုရဦးမှာပေါ့။ စိတ်လှုပ်၇ှားစရာပဲ။

လုဇွီရဲ့စိတ်လှုပ်၇ှားနေတဲ့ ပုံကို မြင်တော့ နန်ကုန်းကျင်းက ရယ်သည်။
ကျောင်းသားလုဇွီရဲ့ လူသစ်စစ်ဆေးပွဲမှာ လုပ်ဆောင်ခဲ့တာတွေက တကယ် ပြောင်မြောက်တယ်။ အစကတည်းက သူက လေ့ကျင့်ပွဲမှာ စစ်ဘက်ပိုင်းက မွေးရာပါ ပါရမီရှင်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ်။ နောက်တော့ ဂြိုလ်၂၅က အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် ဓားနတ္ဆိုး တစ်ကောင်ကို အရှင် ဖမ်းပေးတယ်။ အဲ့ဒိကိစ္စကြောင့်သာ ဂြိုလ်ပေါ် ဓားနတ်ဆိုးတွေ ကျူးကျော်လာတာကို ငါတို့သိခဲ့ရတယ်။ သူက နောက်ထပ် အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် ဓားနတ်ဆိုးနှစ်ကောင်ကို သတ်ပြီး ဝိဉာဉ်ရွှေတွင်းကို ရှာပေးခဲ့တယ်

နန်ကုန်းကျင်းက ဆက်ပြောသည်။
တိုက်ပွဲနယ်မြေက ပိုပြီး စိတ်လှုပ်၇ှားစရာ ကောင်းခဲ့သလို ထူးခြားလာခဲ့ရတယ်။ လုဇြီရွိတဲ့ နယ်မြေက အသေအပျောက်နည်းတယ်။ သမိုင်းတစ်လျှောက်လုံးမှာ အနည်းဆုံးလို့တောင် ပြောရမယ်။ ဒါ့အပြင် ဓားနတ်ဆိုးမျိုးစိတ်ရဲ့ အခြေစိုက်စခန်းကိုလည်း ဖျက်ဆီးပေးခဲ့သေးတယ်။ ဒါကြောင့်သာ ဝိဉာဉ်ရွှေတွင်းရမယ့် ငါတို့ဘက္က အေလးသာခဲ့တာပဲ

နန်ကုန်းကျင်းရဲ့ စကားတစ်ခွန်းဆုံးတိုင်း အောက်ဘက်၇ှိ လူတိုင်းရဲ့ အမူအယာက ပြောင်းလဲကုန်လေသည်။ အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်း အဆင့်နား ကပ်နေတဲ့ဓားနတ်ဆိုး မွေးရာပါ ပါရမီရှင်ကို ဖမ်းပေးတယ် ဟုတ္လား။ နောက်ထပ် အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် ဓားနတ်ဆိုးနှစ်ကောင်ကိုတောင် သတ်သေးတယ်ပေါ့။ အခြေစိုက်စခန်း တစ်ခုလုံးကိုတောင် ဖျက်ဆီးသေးတာလား။ အိုး။

ထိုကြေငြာချက်တွေကို ဘယ္သူကမွ မယုံနိုင်သလို ဖြစ်နေကြပေသည်။ သူတို့ အိပ်မက်မက်နေတာလား။ လုဇြီက တကယ် ပထမနှစ်ရော ဟုတ်ရဲ့လား။ဒီကောင်က စတုတၳနှစ်တော့ မဟုတ္ဘူးမလား။ တမင် အသက်လိမ်တဲ့ သိုင်းတွေများ သုံးထားတာလား။ ပထမနှစ်ကို ဖယ္ထားဦး၊ ဒုတိယနှစ်နဲ့ တတိယနှစ်တောင် အဲ့လိုမလုပ်နိုင်ဘူး ဟုတ်ပြီလား။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now