အခန်း300

124 19 1
                                    

အပိုင်း ၃၀၀ ဒါက သိပ္မဟုတ္သလိုပဲ

လုဇြီ၏ အနီရောင် အလင်းလုံးသည် တစ်ခန်းလုံးအား လင်းထိန်သွားစေခဲ့သည်။ လင်းလင်နှင့် နန်ကုန်းကျင်းတို့သည် ထိုအလင်းလုံးအား စူးစမ်းချင်စိတ်ဖြင့် ကြည့်နေကြလေသည်။သိုင်းအမြုတေအဆင့် အလင်းလုံးသည် အလွန် ထင်းတောက်စေသည့်အပြင် အပူမီးပင် ဖြာထွက်နေခဲ့သေး၏။သူတို့နှစ်ယောက်သည် ထိုအလင်းလုံးအား အာရုံခံကြည့် လိုက်ကြသည်။ ထိုအခါ သန့်စင်သည့် စွမ်းအင်ကိုသာ အာရုံခံမိကြကာ မည်သည့် ထူးဆန်းသည့် စွမ်းအားကိုမှ မခံစားမိကြပါချေ။

ထိုအလင်းလုံးသည် သုံးစွဲကြည့်မှသာ စွမ်းအား၏ ထူးခြားချက်ကို သိနိုင်ပါမည်လော။ သို့သော် လုဇွီတွင် နတ်စွမ်းအင်မှ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်ကြောင်း သူတို့ သိကြသဖြင့် မေးမြန်းခြင်းမျိုး မလုပ်ကြတော့ချေ။

လုဇြီ၏ လက်ထဲတွင် ထိုအနီရောင် အလင်းလုံး ပေါ်လာသည်နှင့် ယင်ယင့်အား သိုင်းခြုံထားခဲ့သည့် ကြယ်အလင်းတို့မှ စွမ်းအားမျှင်တို့ ထွက်လာလေတော့သည်။
လင်းလင်နှင့် နန်ကုန်းကျင်းတို့ ပျော်သွားကြသည်။

နန်ကုန်းကျင်း: ယင်ယင်က တုန့်ပြန်တယ်

လုဇြီ လေးနက်စွာ အကဲခတ်ကြည့်သည့်အခါ ယင်ယင်၏ ပါးစပ်မှ ကျနေသည့် သားရည်တို့က ပမာဏ များပြားလာကြောင်း တွေ့လိုက်ရတော့သည်။ သူက အလင်းလုံးကို ယင်ယင်၏ ကြယ်အလင်းတို့နှင့် နီးကပ်သည့် အေနအထားအထိ တိုးကာ ကိုင်ထားလိုက်သည်။ကြယ်အလင်းတို့ အလင်းလုံးအား ထိတွေ့လိုက်မိသည်နှင့် တစ္ခုလုံးအား ဖုံးအုပ်သွားခဲ့လေတော့သည်။

ကြယ်အလင်းတို့ထဲ အလင်းလုံးဟာ ချက်ချင်း မြုပ်လို့သွားသည်။ ထို့နောက် ထိုအလင်းလုံးအား ယင်ယင့်ကိုယ်ထဲ ဆြဲယူသြားခဲ့၏။ ယင်ယင်လေးသည် စိတ်ကျေနပ်စွာဖြင့် ပါးစပ် တသပ်သပ် လုပ်လို့နေသည်။ အရသာရှိသည့် တစ်စုံတစ်ရာအား စားလိုက်ရသည့်အလား အလွန် နှစ်ခြိုက်နေဟန်ရသည်။နန်ကုန်းကျင်း လုဇြီကို ပခုံးပုတ္ကာ ပြောသည်။

မဆိုးဘူး ကောင်လေး နင် ကောင်းကောင်း လုပ္လိုက္တာပဲ၊ ငါ ဒါကို အမှတ်အဖြစ် မှတ်ထားပေးမယ်။ နင် တစ္ခုခုလိုတဲ့အခါ ငါ့ကို လာရွာ

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now