အခန်း260

224 22 0
                                    

Share 20ကျော်ရင် အပိုလက်ဆောင်တစ်ပိုင်းပေးပါ့မယ် အားပေးသူတစ်ယောက်ခြင်းစီတိုင်းကိုကျေးဇူးပါ

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၀ ငါ့နာမည်က ယင် အော့ထျန်း

အားလုံးက အောက်ထပ်ကို ဆင်းလာကြတဲ့အခါ ယင်ယင်က ကာတွန်းကား ကြည့်နေဆဲဆိုတာကို တွေ့လိုက်ရသည်။ သူမေလးက သူတို့ ဘာလုပ်နေခဲ့လဲဆိုတာကိုတောင်မှ သတိထားမိပုံ မပေါ်ပါပေ။ လေထုက တစ္ဖန္တိတ္ဆိတ္သြား၏။ သူတို့လေးယောက်လုံးက ယင်ယင့်ရဲ့အနားတွင် ပြန်ထိုင်လိုက်သည်။

သူတို့ သူမကို ပြောဖို့ရာ အမျိုးမျိုး တွေးတော နေခဲ့ရ၏။
သမီးက အကြာကြီး အိပ်လိုက်တော့ သမီးရဲ့သူငယ်ချင်းက သေသွားပြီပေါ့ လို့ ပြောသင့်လားဆိုတာကို သူတို့ စဉ်းစား ကြည့်သည်။

မည်သို့ပင်ဆိုစေ အစိုးရိမ်ရဆုံး ကိစ္စတစ်ခုကတော့ ဒီဖြစ်ရပ်က လူသားမျိုးနွယ်တစ်ခုလုံးနဲ့ ပတ်သတ်နိုင်နေသောကြောင့် ဖြစ်သည်။ သူတို့ကြိုတင် ပြင်ဆင်ဖို့ အချိန်လည်း လိုအပ်ပေသည်။ တစ္ခဏ ကြာပြီးသည့်နောက် လင်းလင်က ပြောလိုက်သည်။

စကားမစပ် ယင်ယင် ထင်ထင်ကို ရှာမတွေ့ဘူးဆိုရင် သမီး ဘယ္လိုလုပ္မလဲ။ ဒါပေမဲ့ လုဇြီက သမီးကို အရသာရွိတဲ့ စားစရာတွေ နေ့တိုင်း ကျေွးမှာလေ။ ပြီးတော့ နေ့တိုင်းလည်း ကာတွန်းကားတွေ ကြည့်ခိုင်းဦးမှာတဲ့

ယင်ယင်က ခေါင်းခါသည်။
သမီး ထင်ထင်ကို ရှာချင်တယ်။ ထင်ထင်နဲ့ ကျောင်းအတူတူ တက်မယ်လို့ သဘောတူထားတယ်

တကယ္လို့ ထင်ထင်က အရွယ်ရောက်လာပြီး ကျောင်း မသွားတော့ဘူးဆိုရင်ရော

အရွယ်ရောက်လာရင် ကျောင်း မသြားရေတာ့ဘူးလား
ယင်ယင်က နားလည်ပုံမရပေ။

မမတို့ကလည်း အရွယ်ရောက်နေကြပြီလေ။ ပြီးတော့ ကလေးတွေလည်း ဟုတ်မှ မဟုတ်တော့တာ။ ဒါဆိုရင်ကျောင်းသွားဖို့ မလိုဘူးလား

ယင်ယင်က ထပ်ပြောလာသည်။
ထင်ထင်က ကေလး မဟုတ်တော့တာလား

လင်းလင်ရဲ့စကားတွေက ယင်ယင့်ကို ခြောက်ခြားသွားစေသည်။ ထို့နောက် သူမက ပြောပြန်၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now