အခန်း215

192 30 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၅ အလင်းရောင်

လုဇြီ ပြတင်းဘက် ကြည့်ရင်း အတွေးနက်ဘနေတော့သည်။ တခဏကြာတဲ့အခါ သိုင်းဆိုက်ကို ပြန်ကြည့်လိုက်သည်။ ထိုထဲတွင် အစိုးရကေပးတဲ့ မစ်၇ှင်းတွေလည်းရှိသလို အပြင် မစ်ရှင်းတွေလည်း ရှိပေသည်။ တစ်ယောက်ချင်းဆီနဲ့ အဖွဲ့လိုက် လုပ်ဆောင်ရတာမျိုးတွေ ရှိပေသည်။ အမ်ားစုကေတာ့ ကာကွယ်ရေးအမှတ်တွေနဲ့ ဖြစ်ပြီး တစ်ယောက်နဲ့ အများလုပ်ဆောင်ရရာတွင် ဆုကေတာ့ ကွဲပြားသွားပေသည်။

လုဇြီ တစ်ချက်လောက် လိုက်ဖတ်ကြည့်လိုက်သည်။
နက္ခတ်တာရာ ဝိဉာဉ်ကော်ပိုရေးရှင်းမှ ကိုယ်ရံတော်ဌားနေပါတယ်။ ဌားရမ်းသူကတော့ စီအီးအိုရဲ့ သမီးပါ။

နောက်ထပ်
သေမျိုးဆင့်ကဲ ပြောင်းလဲခြင်း အဆင့်က မီးလောင်နေတဲ့ နေကြာပန်းကို ရှာဖွေရန်။

ဘာလဲဟ.. လုဇြီ စိတ်ပျက်သွားသည်။

နောက်ထပ် မစ်ရှင်းကတော့ အစိုးရက ပေးထားခြင်း ဖြစ်ကာ အလို၇ှိစာရင်း၊၀ရမ်းဖြစ်သည်။ အလင်း၀င်ပေါက်ဖွင့်လှစ်ခြင်းအဆင့် သက်လတ်ပိုင်းလူဖြစ်ကာ ထိုသူက အလင်း၀င်ပေါက် အခု၆၀ ဖွင့်ထားနိုင်ခဲ့သည်။

လုဇြီ စိတ်မ၀င်စားပေ။ ထိုသူက သူ့ထက် စွမ်းအားကြီးနေတာကိုး။

မစ်ရှင်းတွေကတော့ အတော်များပေသည်။ မင်းသာ မစ်ရှင်း တစ္ခုကို လက်ခံလိုက်ရင် မင်းနဲ့ ပက်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို မစ်၇ှင်းပေးခဲ့ သူဆီ ရောက်သွားမည် ဖြစ်သည်။ ထိုအခါ ထိုသူတွေက မင်းကို ဌားသင့် မဌားသင့် ဆုံးဖြတ်ကြပေလိမ့်မည်။

လုဇြီ မစ်ရှင်းဆက်၇ှင်ကိုလည်း ပိတ်လိုက်သည်။
သူက အိပ်ကျူထဲ နေနေရတော့ ဘာမစ်၇ှင်းမှ လုပ္ဖို့ မဖြစ်နိုင်ဘူး။ သူ ၀င်ခွင့်စစ်ဆေးခြင်း စာမေးပွဲ ပြီးသွားရင် ကျောင်းကို သွားရမယ်။

ကျောင်းက ဘယ္လို ကျောင်းမှန်း သူ မသိသေးပေ။ ထို့ကြောင့် မစ်၇ှင်းကို လက်ခံလို့ မဖြစ်နိုင်သေးပေ။
ဖြစ်နိုင်ရင်တော့ မစ်၇ှင်း နည်းနည်း လက်ခံပြီး ၁.၂သန်းတန် လေတောင်ပံလေး ၀ယ်ရမယ်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now