အခန်း233

181 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၃ နောက်က လိုက်မီချင်တယ်ဆိုလည်း စည်းမျဉ်းကိုတော့ လိုက်နာဦးလေ ဟုတ်ပြီလား

လုဇြီ ပြောလိုက်သည်။
ဒါဆို ကျွန်တော် သွားတော့မယ်

သူ နတ်သိုင်းလည်း ရပြီလေ။ ပြန်ဖို့ အချိန်ကျပြီပေါ့။ ဒီ ပြင်းထန်ရိုင်းစိုင်းတဲ့ အမူးသမားနဲ့ ဝေးဝေးနေနိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် သူ ထပ် အရိုက်ခံရနိုင်တယ်။

အာ ကောင်းပြီ။ ငါ့ကို အရက်ပုလင်းတွေ လွှင့်ပစ်ပေးသွားဦး
နန်ကုန်းကျင်းက တစ်စုံတစ်ရာကို သတိရသြားပုံရကာ သူ့အား ပုလင်းပုံဘက် လက်ညိုးညွှန်ပြရင်း ပြောလာပေသည်။

လုဇြီ:.

သူ့မျက်၀န်းထဲ အစိမ်းရောင်အလင်းတွေ လက္လာခဲ့ကာ လေနတ်စွမ်းအင်ကို သုံးပြီး ထို ပုလင်းတွေကို သူ့ဆီ ရောက်လာစေလိုက်သည်။ ထို့နောက် နန်ကုန်းကျင်းက မျက်နှာသေနဲ့ ကြည့်လိုက်သည်။

အျခား လွှင့်ပစ်စရာ ရှိသေးလား

နန်ကုန်းကျင်းက ခေါင်းခါကာ လက်ရမ်းပြသည်။
မရွိဘူး

သူမက မျက်နှာသေနဲ့ ပြောပြန်ကာ ဝိုင်တစ်ငုံ ထပ်သောက်လေသည်။ လုဇြီက အခန်းအပြင် ထြက္လာလိုက္ကာ ကော်ရစ်တာရှိ အမွိုက္ပုံးထဲ ပုလင်းတွေ ထည့်လိုက်သည်။ ထို့နောက် အဆောင်သို့ ပျော်ရွှင်စွာ ပြန်လာလိုက်၏။ သူ နတ်သိုင်းရလာပြီ။ နောက်ထပ် ကျင့်ကြံစရာ ရှိပြီကွ။

သူက အိပ်ယာပေါ်  ထိုင်ချလိုက်ကာ နန်ကုန်းကျင်း သူ့ဆီ ပို့ထားတဲ့ မေးကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ စာလုံးပေါင်း သုံးသန်းကျော်ပါသည့် စာဖိုင်ကို တွေ့ရသည်။ သူ့မျက်နှာ မဲ့သွားရပြီ။ သူ့ကိုယ်သူ မနည်း ဖိအားပေးကာ ထိုစာဖိုင် ဖတ်ကြည့်ဖို့ ကြိုးစားရတော့သည်။

အစပိုင်းတွင်တော့ လေနတ်စွမ်းအင်ရဲ့ ရိုးရှင်းတဲ့ အသုံးပြုပုံတွေကို ဖော်ပြထားသည်။ လေနတ်စွမ်းအင်ဆိုတာကို ဘာမွ မသိသူဆိုရင်တော့ တော်တော်လေးကို စိတ်ရှုပ်သွားနိုင်သည်။ သို့သော် လုဇြီကေတာ့ လေနတ်စွမ်းအင်ကို သေချာ နားလည် သဘောပေါက်ထားသူဖြစ်သည်။ ထို့ကြောင့် နားလည်နေပေ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now