အခန်း295

125 21 0
                                    

အပိုင်း၂၉၅ ကံကောင်းတာက ငါ သရုပ်ဆောင် ပညာ သင်ခဲ့မိတာပဲ

သူ့အခန်းထဲတွင် လုဇြီက ဖူရွုယာကို မင်သက်စွာ ကြည့်နေခဲ့လေသည်။ လုလီက သူနဲ့စကားပြောစဉ်ကတော့ အတော်လေး တက်တက်ကြွကြွ ရှိနေခဲ့ပေသည်။ ဖူရွုယာက တခဏလောက် တိတ်ဆိတ်သွားသည်။ ထို့နောက် စိတ်ရှုပ်ထွေးနေတဲ့ အကြည့်တွေနဲ့ ပြောလာခဲ့၏။

ဒီလ အနည်းငယ်အတွင်းမှာ အဲ့ဒိကောင်မလေးက ကျင့်ကြံတာကိုပဲ အသားကုန် လုပ်လာတယ်။ လုံး၀ကို အနားမယူတော့ဘူး။ အစကေတာ့ သူမ ကြိုးစားတာ ကောင်းတယ်လို့ ထင်ခဲ့တာ၊ဒါပေမယ့် ဒီလောက်အထိကတော့ မကောင်းတော့ဘူးလေ

တခဏလောက် ရပ်တန့်ပြီး သူမက ဆက်ပြောသည်။
လုလီက ဖိအားအောက် ရောက်နေတာ ဖြစ်မယ်။ ဘာမှန်းတော့ အမေလည်း သေချာ မသိဘူး၊ ဦးလေးမာလင်နဲ့ အဲလစ်လည်း မကူညီနိုင်ဘူး။ မဟုတ်ရင် သူမက အခုလို ဖြစ်နေပါ့မလား။အမေကြောက်တာက ဒါက ဆိုးလာမွာကိုပဲ။ သားမွာ အခွင့်အရေးရှိရင် မေးကြည့်လိုက်ပါဦး

လုဇြီ မျက်မှောင်ကြုတ်လိုက်သည်။
ဖိအား ရှိနေတာလား

ဒါပေမယ့် ဘာဖိအားက ၇ှိနေတာလဲ၊ သူမရဲ့ပါရမီနဲ့ သူ ပေးထားတဲ့ အလင်းလုံးတွေနဲ့ပါဆို ကျောင်းမှာ လုလီကို ယှဉ်နိုင်တာ အဲလစ်ပဲ ရှိတော့မှာလေ။ ဗဟိုအစိုးရ တက္ကသိုလ်ကို ၀င်မှာက သေချာနေတာကို၊ ဘာဖိအားက ရှိနေတာလဲ။

ရုတ်တရက် လုဇြီ တွေးတောမိသွားသည်။ တွေးကြည့်ရအောင်။တခဏလောက်ကြာတော့ လုဇြီရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။ အဲလစ်နဲ့ အျမဲ အတူ ရှိနေလို့များလား။အဲလစ်က သူမထက် ပို စွမ်းအားကြီးတယ်လို့ ခံစားနေရလို့များလား။

အဲလစ်ရဲ့ မီးတောက် အရင်းအမြစ်က စကြာ၀ဌာတစ်ခုလုံးက ထိပ်တန်း နတ်စွမ်းအင် ဖြစ်ပေသည်။ သို့ရာတွင် လုလီတွင်လည်း နတ်စွမ်းအင် ရှိနေခဲ့သည်ပဲ။ အဲလစ်ရဲ့ မီးတောက် အရင်းအမြစ်က ပြည့်ပြည့်စုံစုံ မနိုးထသေးပေ။ ကွာခြားချက်က ကြီးမားနေမည်သာ ဖြစ်ပေသည်။

လုဇြီ မတွေးတောတတ်တော့ပေ။
အေမ သား မေးကြည့်လိုက်ပါ့မယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now