အခန်း313

109 20 0
                                    

အပိုင်း ၃၁၃ သူတို့တွင် အပြစ်ကျူးလွန်ရန် အခွင့်အရေး ရှိမနေခဲ့ချေ

ခြိမ်း

ခြိမ်း

ခြိမ်း

လင်းလင်သည် နေရာလပ် သားရဲနှင့် တစ်နာရီကျော် တိုက်ခိုက်နေခဲ့သည်။ သူမ၏ သံချပ်ကာကြောင့် တိုက်ပွဲစွမ်းအားအား အချိန်အကြာကြီး ထုတ်သုံးနိုင်ပေသည်။ သို့သော် အချိန်ကြာလာသဖြင့် သူမ၏ နတ်စွမ်းအင်သည် မတည်ငြိမ်တော့သည့်အပြင် တိုက်ပွဲစွမ်းအားပင် တုန်ခါလာရသည်။

အခြားတစ်ဘက်ရှိ သားရဲသည် စွမ်းအားတွေ တည်ငြိမ်ဆဲ ရှိသေးပေသည်။ သို့ရာတွင် လင်းလင်သည် ထိုသားရဲထက် စွမ်းအားကြီးနေခဲ့သည်။ ထိုသားရဲ၏ တစ္ကိုယ္လုံး ဒဏ်ရာတို့ဖြင့် ပြည့်နေခဲ့တော့သည်။ အနက်ရောင် သွေးတို့သည်လည်း တစ်ချိန်လုံး စီးကျနေခဲ့၏။

လက်၇ှိတွင် ထိုသားရဲ၏ ချီတို့သည် မတည်ငြိမ်တော့ပါပေ။ တိုက္ပြဲ၏ အဆုံးအဖြတ်အား သတ်မှတ်ရတော့မည့် အချိန်ရောက်လာသည်။ လင်းလင်နှင့် ထိုသားရဲတို့သည် အချင်းချင်း စူးရဲစြာ ကြည့်နေကြတော့သည်။ ရုတ်တရက် လင်းလင်က ထအော်ကာ မာန်သွင်းသည်။ သူမ၏ ချီစွမ်းအင်တို့ ထိုးတက္လာ၏။

ဟ့

ထို့နောက် လင်းလင်သည် နေရာမှ ပျောက်ကွယ်သွားခဲ့ကာ နေရာလပ် သားရဲ၏ ခေါင်းပေါ်တွင် သွားပေါ်သည်။ သူမ၏ လှံသည် ငွေရောင်အလင်းတွေလက်ကာ ရန္သူ၏ မ်က္လုံးအား ထိုးဖောက်သွားတော့သည်။

ဝေါင်း

သားရဲ၏ ကိုယ်မှ အနက်ရောင် ဝိဉာဉ်အလင်းတို့ ထိုးထွက်လာသည်။ သားရဲကြီးသည် ပါးစပ်ကြီး ဟလိုက်၏။

ခြိမ်း

သားရဲ၏ ပါးစပ်မှ အနက်ရောင် အလင်းလုံး ထွက်လာပြန်သည်။ ထိုအလင်းလုံးသည် အချင်း မီတာတစ်ရာကျော် ရှည်ပေသည်။

လင်းလင်သည် တဖက်၏ လားရာဘက်အား ကြိုမြင်ကာ ေ၇ှာင်လိုက်တော့သည်။ သူမသည် ရန္သူ၏ အားနည်းသည့် နေရာအား ရွေးချယ်ကာ တိုက်ခိုက်သည်။

ဆွစ်

လင်းလင်၏ ထက်၇ှသည့် လှံအလင်းတို့သည် နေရာလပ်သားရဲ၏ ဖရိုဖရဲဖြစ်နေသည့် စွမ်းအင်အား စုတ်ဖြဲကာ ပါးစပ်ထဲ ထိုးဖောက် ၀င်ရောက်သွားတော့သည်။ လွံမွ အလင်းတို့သည် သူ့ကိုယ်ထဲသို့ ၀င်ရောက်သွားခဲ့ကာ အဆက်မပြတ် စုတ်ဖြဲတော့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now