အခန်း312

109 22 0
                                    

အပိုင်း ၃၁၂ ဒီကောင်လေးက လူငယ်မှူးမတ်လား

ဝေါင်း

နောက်ထပ် တစ်ကြိမ် ထွက်လာသည့် ဟိန်းဟောက်သံသည် အံံ့အားသင့်ဖွယ် အားလှိုင်းတို့အား သယ်ဆောင်လာခဲ့သည်။ လုဇြီ၏ မျက်၀န်းထဲ အစိမ်းရောင် အလင်းတွေ လက္လာခဲ့ကာ သိပ္ပံပညာရှင်တို့နှင့် ကုလာပြည်သူတို့အား အကာအကွယ်လွှာက ဖုံးလွှမ်းသွားခဲ့တော့သည်။

ကျန်း၀မ်နှင့် သိပ္ပံပညာရှင်တို့သည် လင်းလင်အား စိုးရိမ်တကြီး ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေ လင်းလင်သည် ဗဟိုအစိုးရ တက္ကသိုလ်မှ ကျောင်းသူသစ်သာ ဖြစ်သည်။ သူမသည် မွေးရာပါ ပါရမီရှင်တစ်ယောက် ဖြစ်သည်။

လင်းလင်သည် လူငယ်မှူးမတ်တောင် ဖြစ်နေနိုင်သေး၏။ သူမ ရင်ဆိုင်နေရသည့် သားရဲသည့် အလင်း၀င်ပေါက် ၅၀၀၀န်းကျင် စွမ်းအားပိုင်ဆိုင်ထားသည့် သားရဲဖြစ်သည်။

ထို့အပြင် လုဇွီသည် သားရဲ ထုတ်လွှတ်သည့် ပြင်းထန်သည့် အားလှိုင်းတို့အား အသာအယာ ကာလိုက်သည်ကို မြင်ကြရသည်။ သူတို့တွေ လင်းလင်အား ယုံကြည်ရန် ေ၇ွးချယ်လိုက်တော့၏။ ဖြစ်နိုင်သည်မှာ ဗဟိုအစိုးရတွင် စွမ်းအားကြီးလွန်းလှသည့် မွေးရာပါ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခြင်း ဖြစ်ရပေမည်။

စစ်နှင့် အဓိက မတော်တဆမှုများသည် လူငယ်မှူးမတ်တွေကို မွေးထုတ်ပေးနိုင်သည်။ လူငယ်မှူးမတ်တိုင်းသည် ဗဟိုအစိုးရ တစ္ခုလုံးရွိ လူငယ်တိုင်း၏ အိုင်ဒေါတွေပင် ဖြစ်ကြသည်။ သူတို့တွေ ယခုနေရာမှ ပြန်သွားသည့်အခါ လုဇွီနှင့် လင်းလင်အကြောင်း စုံစမ်းရပေမည်။ ထိုနှစ်ယောက်၏ သတင်းတို့အား သူတို့ သိထားသင့်သည်။

ထိုအခိုက် နေရာလပ် သားရဲသည် သူတို့အနားသို့  ရောက်လာ၏။ သူတို့ကြား၇ှိ အကွာအဝေးသည် ၁၀ကီလိုမီတာလောက်သာ ရှိတော့သည်။

ထိုသားရဲတို့သည် ကြမ်းတမ်းသည့် အာကာသပြင်ကျယ်ထဲ နေကြသည်။ သူတို့၏ သာမန်အကြည့်ကပင် ကြောက်လန့်ဖွယ် အတိ ဖြစ်သည်။ ထိုသားရဲသည် မီတာ တစ်ထောင်ကျော် ရှည်သည်။ ခေါင်းတွင် ချွန်ထက်သည့် အဖြူရောင် ဆူးချွန်တွေ ရှိသည့်အပြင် သွေးလွှမ်းသည့် မျက်လုံးတို့သည်လည်း ကြောက်မက်ဖွယ် အလင်းတို့ဖြင့် လက်နေခဲ့သည်။ သူ၏ ပါးစပ်မှ ထက်၇ှလွန်းသည့် သွားစွယ်သည်လည်း ငေါထွက်လို့နေသေးသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now