အခန်း289

119 20 0
                                    

အပိုင်း ၂၈၉ မင်းနဲ့ ငါ့ကြားက ကွာခြားချက်

ထိုတောအုပ်က တိတ်ဆိတ်နေခဲ့သည်။ သွေးည ဓားမြသငေ်္ဘာတွေကြောင့် ပတ်၀န်းကျင်၇ှိ သားရဲကောင်တွေက ထွက်ပြေးသွားတာ ဖြစ်နိုင်ပေသည်။ လုဇွီနဲ့ လင်းလင်တို့က သငေ်္ဘာတွေ အနား ဆင်းသွားလိုက်ကာ ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။ သငေ်္ဘာ နှစ်စင်းလုံးကား မီတာ ထောင်ကျော်၇ှည်ကာ ဘေးဘက်တွေတွင် အစွန်းတွေ ပါနေခဲ့ပေသည်။ ထိုအရာတွေက စွမ်းအားမြင့် လက်နက်တွေ ဖြစ်ပေ၏။

လက်၇ှိတွင် ထိုနေရာတွေက အပေါက်တွေ ဖြစ်နေခဲ့ပေသည်။ စွမ်းအားမြင့် အမြှောက် တစ်ခုခုနဲ့ အပစ်ခံထားရပုံပေါ်၏။ မီးခိုးမည်းတွေတောင်မှ ထွက်နေခဲ့သေးပေသည်။

တောထဲတွင် ယာဉ် ပ်က္က်ထားသလို လမ်းကြောင်း ပုံစံ မြောင်းလေးတွေကို မြင်ရသည်။ ထိုလမ်းကြောင်း မြောင်းလေးတွေက လက်၇ှိ သငေ်္ဘာတွေရှိရာ နေရာမှ ကီလိုမီတာ အနည်းငယ် ကွာဝေးတဲ့ နေရာလောက်အထိ ရှိနေခဲ့ပေသည်။ လုဇြီက အထဲက လူတွေကို လှမ်းမြင်နေရပေသည်။ ထိုသူတွေက ပုန်းနေကြ၏။

ထိုအခိုက် သငေ်္ဘာထဲမှ လူ နှစ်ရာကျော်ခန့် ထွက်လာခဲ့လေသည်။ ထိုသူတွေ အားလုံးက သိုင်းအမြုတေ အဆင့်တွေ ဖြစ်ကြ၏။ သူတို့က လုဇွီနဲ့ လင်းလင်ကို ၀န်းရံလိုက်ကာ သတ်ဖြတ်ခြင်း အ၇ှိန်အဝါကို ထုတ်ဖော်လာတော့သည်။

လုဇြီ မျက်ခုံးပင့်သည်။
လင်းလင် ဒီလူတွေက ခုခံချင်နေတယ်လို့ ထင်လား

လင်းလင်က မ်က္လုံး လှန်ပြသည်။
နင်က မမြင်ရနေလို့လား ဟမ်

ထို့နောက် သူမက မျက်မှောင်ကြုတ်သည်။
ဒီဓားမြတွေက သေရမှာကို ကြောက်နေသင့်တာလေ၊ ဘာလို့ မကြောက်နေကြတာလဲ

သူတို့တွေက သေရမှာကိုသာ မကြောက်ရင် ဓားမြတွေဖြစ်နေလိမ့်မည် မဟုတ်ပေ။ အရင်းအမြစ်တွေကို လုယူကာ ဓားမြဖြစ်လာတဲ့သူတွေက သေရမှာကို ကြောက်လို့သာ တိုက်ပွဲနယ်မြေကို မသြားဘဲ ဒီနည်းလမ်းကို ရွေးခြင်းဖြစ်ပေသည်။

လုဇြီ လည်ပင်း ပင့်လိုက်သည်။
သူတို့မှာမြင့်မြတ်တဲ့ ရည်မှန်းချက်တွေများ ရှိနေသလား မသိဘူး၊ ဥပမာအနေနဲ့ကွာ အမှောင်ထုကို ဖြတ်ကျော်ပြီး ရဲရဲ၀င့်၀င့် တိုက်ခိုက်ရင်း ထာ၀ရရှင်သန်နိုင်စွမ်းကို ရရှိမယ်ဆိုတာမျိုးလေ

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now