အခန်း270

167 25 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-ဖြိုးသူဝင်း

အပိုင်း ၂၇၀ ဆုံးဖြတ်ချက်
နန်ကုန်းကျင်းက ထိုသို့ပြောလာလေတော့ လုဇြီက ပြန်ဖြေလိုက်သည်။
ကျွန်တော်အခု တိုက်ခိုက်ရေး နတ်သိုင်းတွေ လိုအပ်နေတာပါ
နန်ကုန်းကျင်းက တစ်ခဏလောက် စဉ်းစားပြီးမှ ပြောလာသည်။
နင့်ရဲ့ ခွန်အားကို အသုံးပြုနိုင်စွမ်းနဲ့ အခြားနတ်စွမ်းအင်ကို အသုံးပြုနိုင်စွမ်းက တော်တော်လေးကို ကောင်းပါတယ်၊ဒါပေမယ့် နင့်ရဲ့နတ်စွမ်းအင်တွေက တစ်ခုနဲ့တစ်ခု မတူဘူး ။ငါက နင့်ကို ခွန်အားနတ်စွမ်းအင်ကိုပဲ သင်ပေးနိုင်မယ်
လုဇြီ့ စပ်စုလိုက်၏။
ဆရာမ နန်ကုန်း ဆရာမနန်ကုန်းရဲ့ ခွန်အားနတ်စွမ်းအင်က ဘယ်လောက်အထိ စွမ်းအားကြီးလဲ
နန်ကုန်းကျင်းက ပြုံးသည်။
၂၃ဆအထိ ငါ မြှင့်တင်လို့ ရတယ်
လုဇြီ
ဒီလောက် စွမ်းအားကြီးတာလား။ သူ နန်ကုန်းကျင်းကို မယုံနိုင်သလို ကြည့်လိုက်တော့သည်။ သူ့ရဲ့တစ်ကိုယ်လုံးပေါ် ကြီးမားလှတဲ့ ဖိအားကြီး ပစ္က်လာသလို ခံစားလိုက်ရတော့၏။ သူ့ရဲ့မျက်နှာ အမူအရာက ပြောင်းလဲသွားတော့သည်။ သူမက တကယ္ကို အမျိုးသမီး အမြှောက်ပဲ။ သူမရဲ့ခန္ဓာကိုယ်က သူ့ထက်တောင်မှ သန်မာနေသေးတယ်။
နန်ကုန်းကျင်းက ရှင်းပြသည်။
ငါ့ရဲ့တိုက်ပွဲဝင် သွေးနတ်စွမ်းအင်က အရမ်းကို စွမ်းအားကြီးတဲ့ ခွန်အား နတ်စွမ်းအင်ပဲလေ ၊ဒါက ခန္ဓာကိုယ်ကို သန့်စင်လို့ရတယ်။ ဒါကြောင့် ငါ့ရဲ့ခန္ဓာကိုယ်က အားမနည်းဘူးပေါ့
လုဇြီက ဒီလိုဖြစ်နေမယ်လို့ လုံးဝ မထင်ထားခဲ့မိပေ။ နတ်စွမ်းအင်ကို ၂၃ဆအထိ မြှင့်တင်နိုင်တာက တကယ္ကို ရှားပါးလွန်းပေသည်။
နန်ကုန်းကျင်းက ဆက်ပြောသည်။
နတ်စွမ်းအင်က အမျိုးမျိုး အစားစား ရှိတာပဲလေ ခွန်အား နတ်စွမ်းအင်တွေကတော့ အရမ်းကို စွမ်းအားကြီးပြီး ပြင်းထန်တဲ့ နတ်စွမ်းအင်မျိုးပေါ့ ၊ဒါပေမယ့် အားနည်းချက်လည်း ရှိသေးတယ်။ မြေစွမ်းအင်၊ နတ်စွမ်းအင်မျိုးဆိုရင်တော့ တန်ပြန်ဒဏ်တွေ သက်ရောက်မှာမျိုးကို နင် စိုးရိမ္စရာမလိုဘူး ။ပြီးတော့ အဲ့ဒီစွမ်းအားတွေက လုံလောက်အောင် ကျင့်ကြံနိုင်ရင် ကျွမ်းကျင်အဆင့် ဖြစ်သွားရင်ပေါ့ ခွန်အား နတ်စွမ်းအင်နဲ့ ကွာခြားတဲ့ အဆင့်တစ်ခုအထိ ရောက်သွားနိုင်လိမ့်မယ်။ ခွန်အား နတ်စွမ်းအင်ကတော့ နင့်ရဲ့ ခန္ဓာကိုယ် စွမ်းအားက လာတာ၊ နင့်ရဲ့ ခန္ဓာကိုယ်ကသာ မသန်မာဘူးဆိုရင် နင်အဆင့်မြင့်အထိ ရောက်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ စွမ်းအားအများကြီး ထုတ်သုံးဖို့လိုတယ်။ ဒါပေမယ့် နင် ခွန်အား နတ်စွမ်းအင်နဲ့ဆိုရင် နင့်မှာ ခွန်အား နတ်စွမ်းအင်ရှိနေမှ နတ်သိုင်းတွေကို အသုံးပြုပြီး ဒီလိုမျိုးအဆင့်မြှင့် တင်နိုင်လိမ့်မယ်။ အဲ့လိုမွပဲ နင် ပိုပြီးသက်ရောက်မှုရှိအောင် လုပ်နိုင်မှာပဲ
အချို့ခန္ဓာကိုယ် နတ်စွမ်းအင် နတ်သိုင်းတွေက ခွန်အား နတ်စွမ်းအင်ကို မူတည်ပြီး သုံးရတာမျိုးတွေ ရှိတယ် ၊ဥပမာပေါ့ ငါ့ရဲ့ ကြယ်လက်သီးဆိုရင် ဒီအတိုင်း ခွန်အား နတ်စွမ်းအင်မျိုးပဲ ။ဒါပေမယ့် အခြားသူတွေ သုံးနေတဲ့ ခွန်အား နတ်စွမ်းအင်ကို အသုံးပြုတဲ့ ပုံစံမျိုးထက်တော့ အားနည်းသယောင်ထင်ရတယ်၊ သူက ကျွမ်းကျင်အဆင့် ရောက်သွားမှ  စွမ်းအားတွေ ပေါက်ကွဲထွက်အောင် အသုံးပြုနိုင်စွမ်းရှိတာ
လုဇြီက တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့သည်။
နတ်စွမ်းအင်တွေကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်အောင် လုပ္ဖို့က နတ်သိုင်းတွေကို ကျင့်ကြံတဲ့နေရာမှာ ကွာခြားတယ်။ဒါက အရေးကြီးဆုံးပဲ၊ နင်က နင့်ရဲ့နတ်စွမ်းအင်ကို ကျွမ်းကျင်တဲ့ အဆင့်အထိ ရောက်အောင် လေ့လာထားတာတွေ မလုပ်ရသေးဘူးဆိုရင်တော့ နတ်သိုင်းတွေကို ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် သန်မာနိုင်မှာ မဟုတ္ဘူး
ပြီးတော့ နင့်ရဲ့လေတောင်ပံ နတ်သိုင်းအကြောင်းပြောရမယ်၊ နင့်ရဲ့လေတောင်ပံ နတ်သိုင်းကို နင်က ပြီးပြည့်စုံအောင် ကျွမ်းကျင်တဲ့အထိ လုပ်နိုင်ခဲ့ပြီဆိုရင် အဲ့ဒါက နင့်ရဲ့အရှိန် စွမ်းအားကို နှစ်ဆလောက်အထိ မြှင့်တင်နိုင်သွားလိမ့်မယ် ။ဒါပေမယ့် နင်က နင့်ရဲ့လေနတ်စွမ်းအင်ကို ကျွမ်းကျင်တဲ့ အဆင့်အထိ မတတ်မြောက်သေးဘူးဆိုရင်တော့ အဲ့ဒီအဆင့်ကိုရောက်နိုင်မှာ မဟုတ္ဘူး
လုဇြီ ခေါင်းငြိမ့်လိုက်သည်။
လေတောင်ပံ နတ်သိုင်းကတော့ ဟုတ်တယ်၊ ကျွန်တော့်ရဲ့ စွမ်းအင်က အခုဆို နှစ်ဆဖြစ်သွားပြီ။ ဒါပေမယ့် အကန့်အသတ်ကို ရောက်ဖို့ကတော့ တော်တော်လေး လိုပါသေးတယ်
သူ လေတောင်ပံ နတ်သိုင်းကို ကျင့်ကြံလေလေ အရှိန်တွေ တိုးတဲ့နှုန်းက နည်းလာလေလေ ဖြစ်ပေသည်။
နန်ကုန်းကျင်းက ပြုံးသည်။
အားနည်းတာတွေ အားသာတာတွေ ရပ် နတ်သိုင်းကတော့ အမျိုးမျိုးရှိတာပဲ။ နတ်သိုင်းတိုင်းကတော့ တိက်တဲ့ ပုံစံမရွိဘူး၊ အချို့ တိုက်ခိုက်ရေး နတ်သိုင်းတွေက ငါ့ရဲ့ကြယ်လက်သီးလိုပေါ့ အဲ့ဒါတွေက ဆယ်ဆလောက်အထိ အဆင့်ကို မြှင့်တင်နိုင်တယ် ။ထိပ်တန်းနတ်သိုင်းတွေထဲမှာတော့ တစ္ခု အပါအဝင်ပဲလေ
ဒါပေမယ့် နင့်ရဲ့လေနတ်စွမ်းအင်အပေါ် ဆရာက်မွုကို ကြည့်ရရင်တော့ လေတောင်ပံ နတ်သိုင်းက အကန့်အသတ်ကို ကျော်နေပြီဆိုတာကို ငါ ပြောရဲတယ်။ နင့်ရဲ့လေနဲ့ လျှပ်စီးနတ်သိုင်းပေါ်ပဲ အာရုံစိုက်ထားလိုက်ပါ
လုဇြီ ခေါင်းငြိမ့်လိုက်သည်။
အဲ့လိုဆိုမွ နင့်ရဲ့ ဘယ်စွမ်းအင်အပေါ်  မူတည်ပြီး  ဘယ်နတ်သိုင်းကို ရွေးချင်လဲဆိုတာကိုလည်း စဉ်းစားရသေးတယ်နော် ၊ခန္ဓာကိုယ် နတ်သိုင်းဆိုရင်တော့ နင့်ရဲ့ခန္ဓာကိုယ်စွမ်းအားကို အရင်ဆုံး ဆန်းစစ်ပြီးတော့မှ ရွေးသင့်တယ်။ တကယ္လို့ အျခား နတ်သိုင်းတွေဆိုရင်တော့ နင် ကိုယ်တိုင်ပဲ သိလိမ့်မယ်
ထိုစကားကြားတော့ လုဇြီ အနည်းငယ် တွေးတောသွားခဲ့သည်။ သူက မီးမုန်တိုင်းကို ဝယ်ချင်နေတာ ဖြစ်သည်။ သို့သော် နန်ကုန်းကျင်းရဲ့စကားကို နားထောင်ရသလောက် ဒါက ကောင်းမယ်လို့ မထင်တော့ပေ။
မီးမုန်တိုင်းက သန်မာသည်။ သို့သော် သူ့ရဲ့ မီးနတ်စွမ်းအင်က အားအနည်းဆုံး ဖြစ်နေခဲ့၏။ ထို့ကြောင့် ထုတ္သုံးပါက စွမ်းအားက သက်ရောက်မှု ရှိလိမ့်မည်မထင်ပေ။ သူ့ရဲ့လျှပ်စီး နတ်စွမ်းအင်တောင်မှ မီးနတ်စွမ်းအင်ထက် သာလွန်နေခဲ့သည် မဟုတ္လား။
သူ့ရဲ့လျှပ်စီး နတ်စွမ်းအင်က လေ နတ်စွမ်းအင်ကိုတောင်မှ လိုက်မှီမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့ရဲ့ အသန္မာဆုံး နတ်စွမ်းအင်ကတော့ ပထမအဆင့်ခန္ဓာကိုယ် နတ်စွမ်းအင် ဖြစ်သည်။ သူ ဒါကို ကျားနက်ခေါင်းဆောင်ဆီက ရခဲ့ခြင်း ဖြစ်ပေသည်။
လုဇြီက သူ မနေ့က ရခဲ့သေးတဲ့ စွမ်းအင် အလင်းလုံးတွေကို သတိရလိုက်သည်။ တစ္ခုက လေ၊ တစ္ခုက လျှပ်စီးနဲ့ ပထမအဆင့် ခန္ဓာကိုယ် နတ်စွမ်းအင်အလင်းလုံး၊ ပြန်လည်ကုစားခြင်း နတ်စွမ်းအင်အလင်းလုံးတွေ ဖြစ်သည်။
သူ ဒါတွေကိုသာ အကုန္လုံး စုပ်ယူနိုင်ခဲ့မယ်ဆိုရင် ပြန်လည် ကုစားခြင်း နတ်စွမ်းအင်က အစွမ်းထက်ဆုံးဖြစ်သွားမှာ သေချာတယ်။ ပထမအဆင့် နတ်စွမ်းအင်က ပြန်လည် ကုစားခြင်းဖြစ်ကာ၊ ပထမအဆင့် ခွန်အား နတ်စွမ်းအင်နဲ့  ခွန်အား နတ်စွမ်းအင်ကတော့ ဒုတိယနဲ့ တတိယ ဖြစ်လိမ့်မယ်။ လေနဲ့လျှပ်စီးကတော့ ဆနာက္က အစဉ်လိုက်ပဲ။ ဒါပေမယ့် အားအနည်းဆုံးကတော့ မီးပဲ။
ပြန်လည်ကုစားခြင်း နတ်စွမ်းအင်က သူ့ရဲ့ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေကို အဆတစ္ခုအထိ မြှင့်တင်ပေးနိုင်သလို ပြန်လည်လည်း ကုစားပေးနိုင်သေးတယ်။ ခန္ဓာကိုယ်နဲ့ ခွန်အားနတ်စွမ်းအင် ကေတာ့ အရမ်းစွမ်းအား ကြီးပေယ်။ ထို့ကြောင့် လုဇြီက လေနဲ့လျှပ်စီးသိုင်း တစ္ခုနီး ကြယ်လက်သီးကိုသာ ရွေးလိုက်တော့သည်။
အချိန်တိုအတွင်း သူ့ရဲ့ရွေးချယ်မှုကို နန်ကုန်းကျင်း မအံ့သြပေ။ ဒီကောင့်တွင် နတ်စွမ်းအင် အမျိုးအစားပေါင်းများစွာ ရှိနေခဲ့သည်။ ဒါ့အပြင် ဒါတွေအားလုံးကလည်း အားနည်းနေခဲ့သည် မဟုတ်ပေ။ သူမက ပြုံးလိုက်၏။
ကောင်းပြီ နင့်မှာ အကယ်ဒမီအမှတ် လုံလုံလောက်လောက်ရှိနေတာပဲ
ထို့နောက် လုဇြီက ဆည်းဆာချိန် နက်ဝေါ့ထဲကို ဝင်လိုက်ကာ အသေးစိတ် အချက်အလက်တွေကို ရှာဖွေလိုက်တော့သည်။ သူ့ရဲ့တံဆိပ်က အဆင့်၂ကို ရောက်သွားခဲ့တဲ့အပြင်  သူ့တွင် ၂၀ရာခိုင်နှုန်း ဒစ်စကောင့်ကတ်ကလည်း ရှိနေသေးသည်။
လုဇြီက ပျော်ရွှင်စွာနဲ့ ထိုအချက်အလက်တွေကို ကြည့်နေလေသည့် အချိန်တွင်တော့ နန်ကုန်းကျင်းက သူ့အား စူးရဲစြာ ကြည့်နေခဲ့၏။ ရှင်းလင်းစွာပင် သူမတွင် ထိုသို့အခွင့်အရေး မရှိသေးပေ။ ဒါက လုဇြီကို ပိုလို့တောင် ခံစားချက် ကောင်းနေစေ၏။
သူက နတ်သိုင်း ကဏ္႑ကို ဖွင့်လိုက်ကာ ကြယ်လက်သီးကို ဝယ်လိုက်သည်။ ဒါက သန်းခြောက်ဆယ်ကုန်၏။ ၂၀ရာခိုင်နှုန်း ဒစ်စကောင့်ရှိတဲ့အတွက်ကြောင့် သူ ၄၈ သန်းသာ ကုန်ပေသည်။ ထို့နောက် လုဇြီက ဒီအဘိုးကြီး နန်ကုန်းကို သွားတွေ့တာက ဘယ်လောက်တောင် တန္ဖိုးရွိလဲဆိုတာကို သိလိုက်ရတော့သည်။ ထို့နောက် သူ မီးမုန်တိုင်းကို ကြည့်လိုက်သည်။
သို့သော် သူ့ရဲ့မီးစွမ်းအင်က အားနည်းသေးတာမို့လို့ သူ ဒါကို လိုချင်နေရင်တောင်မှ စွမ်းအားကြီးအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူက အကြည့်လွှဲလိုက်ကာ သူ့ရဲ့အကယ်ဒမီ အမွတ္ကိုသာ ကြည့်လိုက်တော့သည်။အရမ်းကို ပိုက်ဆံတွေ ပေါနေရင်တော့ ဒါ ဝယ်မယ်။ ထို့နောက် လုဇြီက လေနတ်သိုင်း တစ္ခု ဖြစ်တဲ့ ကျောက်စိမ်း ဟက်တက် ကွဲခြင်းဆိုတာကို ရွေးချယ်လိုက်တော့သည်။
ကျောက်စိမ်း ဟက်တက်ကွဲခြင်းက ကြယ်လက်သီးထက် အားနည်းပေမယ့် အမြင့်ဆုံး ၈ဆအထိ မြင့်နိုင်စွမ်း ရှိသည်။ ဒါက လုဇြီရဲ့ လက်ရှိ အခြေအနေနဲ့ လုံလောက်ပေသည်။
ကျောက်စိမ်း ဟက်တက်ကွဲခြင်းက အကယ္ဒမီ အမှတ် ၅၃သန်း ဖြစ်သည်။ ဒစ်စကောင့်ဘလျှော့လိုက်ပြီးတဲ့ အခါ ၄၂.၄သန်း ဖြစ်သွား၏။ လက်ရှိ လုဇွီတွင် အကယ်ဒမီအမှတ် ဆယ်သန်းဝန်းကျင် လောက်သာ ကျန်တော့သည်။
လုဇြီက သူ့ရဲ့အကယ်ဒမီအမှတ်တွေ အကုန် မြန်တာကို မြင်တော့ ဒီလောက် ပမာဏက နည်းတယ်လို့ ခံစား လာရပြန်သည်။ ထိုအချိန်တွင် သငေ်္ဘာက နတ်သမီးဂြိုလ်သို့ ပြန်ရောက်လာခဲ့သည်။
နတ်သမီးဂြိုလ်ရဲ့နန်ကုန်းကျင်းရဲ့အိမ်တွင် ဆင်းသက်လိုက်၏။ လုဇြီက ပြန်တော့မယ့် အချိန်တွင် နန်ကုန်းကျင်းက တားလိုက်သည်။
နန်ကုန်းကျင်းက ပြုံးသည်။
နောက်နှစ်ရက်နေရင် နင်နဲ့ လင်းလင်တို့ လာခဲ့ကြအုံး နင်တို့ရဲ့ကျင့်ကြံခြင်း လမ်းကြောင်းမှာ ပြဿနာတွေရှိနေရင် နင်တို့ကို သင်ပေးမယ်
လူအိုကြီးက သူမကို လုဇြီ တစ်ယောက်တည်းကို သင်ပေးစေချင်နေပေမယ့် သူမကေတာ့ ထိုသို့လုပ်လိမ့်မည် မဟုတ်ပေ။ လင်းလင်ကိုပါ ဆွဲခေါ်ရမည်ဖြစ်သည်။
နန်ကုန်းကျင်းရဲ့ စိတ်လှုပ်ရှားနေတဲ့ပုံစံကို မြင်တော့ လုဇြီ မျက်နှာမဲ့လိုက်တော့သည်။ အာ သူမ သေချာပေါက် သူ့ကိုရိုက်ဖို့ တွေးနေတာပဲ ဖြစ်ရမယ်။
သူ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို ဒီအမူးသမားကို ပြမှ ဖြစ်တော့မယ်။ သူက ခေါင်းငြိမ့်ရင်းပြောလိုက်သည်။
ဟုတ်ကဲ့
ထိုနာခံနေတာကို မြင်တော့ နန်ကုန်းကျင်းက ကျေနပ်သွားသည်။
အခုက နေ့လည်ပဲ ငါတို့တွေ စပြီး ကျင့်ကြံသင့်ပြီ
ခဏေလး ခဏေလး ကျွန်တော် နေ့လည်စာ မစားရသေးဘူးလေ
နင် ခ်က္တတ္လို့လား
မ ခ်က္တတ္ဘူး
ကောင်းတယ် ငါလည်း မခ်က္တတ္ဘူး။ ငါတို့ ဘာမှည်း စားစရာ မရှိဘူးလေ၊ ဒီတော့ မစားဘဲ နေကြတာပေါ့
သူမကေတာ့ သူမမှန်တယ် ထင်နေသည်။
လုဇြီကေတာ့ ဆြံ့အေနရ၏။ ထိုအခိုက် နန်ကုန်းကျင်းက ပြောလာသည်။
အရက်သောက်ရင်ရော ဘယ္လိုလဲ
မဲမှောင်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ရင်း လုဇြီ သူ့ခေါင်းသူ ပွတ်လိုက်သည်။ ထို့နောက် သူ့ရဲ့အဆောင်သို့သာ အသက်မဲ့စွာ ပြန်လာခဲ့လိုက်တော့၏။ ဒီနေ့လည်တော့ သူ နေ့လည်စာ ငတ်ပြီ ထင်ပါတယ်။
နာကျင်မှုတွေကို ခံစားနေရပေမဲ့ သူ အကျိုးအမြတ်တော်တော် ရလိုက်တယ် ဆိုတာကေတာ့ သေချာနေပေသည်။ ကျင့်ကြံခြင်း လမ်းကြောင်းအတွက် လိုအပ်တဲ့ အကြောင်းအရာ တော်တော်များများကို သူသိခဲ့ရသည်။ ဒါ့အပြင် ခွန်အား နတ်စွမ်းအင်နဲ့ ပက်သတ်သည့် အကြောင်းအရာ တော်တော်များများလည်း သူ သိခဲ့ရပါ၏။
လက်ရှိတွင် သူ့ရဲ့ခန္ဓာကိုယ်က မတန္မဆ အဆင့်တွေတိုးမြင့်လိုက်လို့ အက်ကွဲသွားတာမျိုး မကြုံနိုင်ရလောက်တော့ပေ။ သူ့ရဲ့ဒီစွမ်းအင်တွေကိုပဲ အာရုံစိုက်ထားဖို့ လိုအပ်တော့ပေသည်။ သူ ဒီထက်ပိုပြီးဟလေ့ကျင့်ဖို့ လိုတယ်။
လုဇြီ သူ့အဆောင်သို့ ပြန်လာတဲ့အခါ ယင်ယင်လေးက ဝါးတောလေးထဲတွင် စောင့်ကြောင့်လေး ထိုင်နေတာကို တွေ့ရသည်။ သူ စပ္စုကာ သိချင်လာပြီး သွားကြည့်လိုက်တော့ ယင်ယင်က အနီးဆုံးနေရာရှိ ဝါးပင်ကိုကိုက်လိုက်တာကို မြင်လိုက်ရ၏။
ထိုဝါးပင်က ထက်ခြမ်း ခြမ်းသွားကာ ချက်ချင်းပင်ပြုတ်ကျသွားတော့သည်။ တစ်ခြမ်းက လုဇွီဆီသို့တောင် ပြုတ်ကျလာမလို ဖြစ်လာခဲ့၏။
လုဇြီ
ဘာလုပ်နေတာလဲဟ။ သူမက ပန်ဒါလား ဘာလား။
လုဇြီက မေးလိုက်သည်။
ယင်ယင် ယင်ယင် ဘာတွေ လုပ်နေတာလဲ
ယင်ယင်လေးက လုဇြီကို တစ်ဖျက်ဖျက် တောက်ပနေတဲ့ မျက်လုံးနဲ့ လှည့်ကြည့်လာသည်။
လုဇြီ သမီး ဗိုက်ဆာတယ်
သူမက လုဇြီကို ကြည့်နေခဲ့သည်မှာ သူမရဲ့မုန့်လက်မှတ်အလား ထင်ရစေသည်။ တော်တော်လေးကိုပျော်သွားပုံရ၏။
လုဇြီ
သူမက ဘယ်တုန်းကမှ ဘာမွ မစားခဲ့ပါဘူးနော်။ ဟုတ္တယ္မလား။ ဘာလို့ ရုတ်တရက်ကြီး ဗိုက္ဆာလာရတာလဲ။
လုဇြီက ယင်ယင်ရဲ့ခေါင်းလေးကို လက်ညိုးလေးနဲ့အသာတို့ကာ ပြောလိုက်သည်။
လင်းလင်ကရော ဘယ်မှာလဲ
အမကြီး လင်းလင်က အခန်းထဲမှာ။ အခန်းထဲကိုစွမ်းအားတွေ ဝင်သွားတာ တွေ့တယ်။အမကြီးလင်းလင်က စွမ်းအားတွေ စားနေတာ မ်ားလား
သူမက ကျင့်ကြံသည့် အကြောင်းကို မသိပေ။ သူမအနေနဲ့ အိပ်ရုံနဲ့စွမ်းအားတိုးတာ ဖြစ်ပေသည်။ ထို့ကြောင့် ကျင့်ကြံရန် မလိုအပ်ပါပေ။ သူ သူမကို မနာလို ဖြစ်လာပြီ။
လုဇြီ ပြုံးလိုက်၏။
ဒါဆိုလည်း ငါတို့စားစရာ မှာစားရအောင်
စားစရာမှာတယ် ဟုတ္လား
အင်း အရသာရှိတာတွေ မွာစားမွာ
ဝိုး ကောင်းလိုက်တာ စားမယ် စားမယ်
လုဇြီ ပြုံးလိုက်သည်။ နန်ကုန်းကျင်းနဲ့ တစ်နေ့လုံး လေ့ကျင့်ခဲ့ကာ သင်ကြား ပြသခြင်းခံခဲ့ရတော့ သူ အတော်လေးကို မောပန်း နွမ်းနွယ်နေခဲ့သည်။ အခုတော့ စားချိန်ရောက်ပြီ။
စားစရာတွေကို အော်ဒါမှာရတာက ဈေးပေါပေသည်။ ဒါမှမဟုတ် သူ့ရဲ့အကယ်ဒမီ အမှတ်တွေက အရမ်းကို ပေါများနေတာလည်း ဖြစ်နိုင်သည်ပဲ။
သူက အကယ္ဒမီ အမှတ် ငါးရာလောက်ကို သုံးပြီး စားပွဲအပြည့် အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့် ဝိဉာဉ်စွမ်းအင် စားစရာတွေကို အော်ဒါ မှာလိုက်နိုင်သည်။
စားစရာတွေကို ချက်ချင်းပင် လာပို့ပေးလေ၏။ နာရီဝက်လောက် ကြာပြီးသည့်နောက် တစ်စုံတစ်ယောက်က တံခါးခေါက်လာသည်။
လုဇြီ တံခါးဖွင့်လိုက်တော့ တစ်ဖက်တွင် ရပ်နေခဲ့သည့် ကျောင်းသားတစ်ယောက်ကို မြင်လိုက်သည်။ ထိုသူက ပြုံးလိုက်၏။
လုဇြီ မင်းရဲ့စားစရာတွေက ဒီမွာပါ။ ငါ အထဲမှာဝင်ထားပေးဖို့ လိုသေးလား
လုဇြီက ပြုံးသည်။
ကျေးဇူးပါပဲ။ ငါ ဒီတိုင်းပဲ ယူသွားလိုက်မယ်
ထိုကျောင်းသားက ခေါင်းငြိမ့်၏။
သေချာတာပေါ့
ထို့နောက် သူက ချစ်စဖွယ် ဗူးလေးတွေကို သူ့ရဲ့သိုလှောင်လက်စွပ်ထဲက ထုတ်ပေးသည်။ အားလုံးပေါင်း ဆယ့်တစ်ဗူးတောင် ရွိ၏။
လုဇြီက လေနတ်စွမ်းအင်ကို သုံးပြီး ယူလိုက္တာကို မြင်တော့ ထိုကျောင်းသား အားကျသွားသည်။ထို့ကြောင့် အမြန် နှုတ်ဆတ်ကာ ပြန်သွား၏။
ယင်ယင် စားရအောင်
လုဇွီပင် ဘာမှမပြောရသေး ယင်ယင်လေးက ထိုင်ခုံတွင် ထိုင်နေပြီဖြစ်ကာ စစားနေပြီ ဖြစ်သည်။ လုဇွီလည်း ပြုံးလိုက်သည်။ ဒီကေလးမေလးက အတွေ့အကြုံရှိနေပြီဆိုတော့ အရင်လို ငနုံလေးမဟုတ်တော့ဘူးပေါ့။ လူလို သူလိုတောင် စားတတ်နေပြီပဲ။
စားစရာတွေက ခဏချင်းပင် အရှင်းခံလိုက်ရသည်။ သေချာတာပေါ့။ လုဇြီကေတာ့ အနည်းငယ်သာ စားလိုက်ရပေသည်။ ယင်ယင်စားတာရဲ့ငါးပုံတစ်ပုံသာသူ စားလိုက်ရခြင်း ဖြစ်ပေ၏။
ဘာမှမရှိတော့တဲ့ ပန်းကန်တွေကို မြင်ရသည်။ ယင်ယင်ရဲ့ကျေနပ်နေတဲ့ မျက်နှာလေးကိုမြင်တော့ လုဇြီက သူ့ရဲ့ဘဝကိုတောင်မှ သံသယ ဝင်လာရသည်။ အာ သူ ဒီကေလးကို မနိုင်ဘူးပဲ။
သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။ ယင်ယင်လေးရဲ့ဆီတွေ ပေနေတဲ့ နှုတ်ခမ်းကို သုတ်ပေးရင်း စားပြဲကို သူ စသုတ်ပေးရတော့သည်။
သူ ယင်ယင်ကို ပြုံးပြလိုက်တော့သည်။
ညီမေလးက မအိပ်တတ်ဘူးဆိုတော့ ကာတွန်းကားပဲကြည့်နေနော်။ ဒီကိုကိုက သွားပြီးတော့ ကျင့်ကြံလိုက်ဦးမယ်
ယင်ယင်လေးက နားလည်သည်။ အတော်လေးလဲလိမ္မာတဲ့ ကေလး ဖြစ်၏။ လင်းလင်နဲ့ လုဇြီတို့က ကျင့်ကြံစရာတွေ ရွိတယ္ဆိုတာကို သူမ သိသည်။ သူမက ဒီနေ့အတန်းလည်း လိုက်သွားခဲ့သည်မို့ ဒီအကြောင်းအရာတွေကို သူမ နားလည်ပါ၏။ ထို့ကြောင့် သူမေလးက ငြိမ်ငြိမ်လေးသာ ကာတွန်းကား ကြည့်နေတော့သည်။
ဒါကိုမြင်တော့ လုဇြီက ပြုံးလိုက်ကာ အခန်းထဲ ဝင်ခဲ့လိုက်တော့၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now