အခန်း256

160 22 0
                                    

ဒါလေးက share ချဲလင့်မှာ အယောက်20ပြည့်လို့တစ်ပိုင်းလက်ဆောင်ပါ ပေ့ကိုလဲ like and follow လေးလဲလုပ်ပေးကြပါဦး ဥဥတို့ အားပေးသူတစ်ယောက်ခြင်းဆီတိုင်းကိုကျေးဇူးအထူးပါ

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၅၆ အစား သရဲကြီးနဲ့ အစား သရဲလေး

လုဇွီရဲ့နှလုံးသားက လေးလံနေ၏။ သူ ဝင်မပြောလို့ မရတော့ပေ။ ဒီနှစ်ယောက်က အခုအချိန်မှာတောင် တစ်ယောက်ကိုတစ်ယောက် ခက်ခဲအောင် လုပ်နေတုန်းလား ။ ဘာလို့ တွေ့တာနဲ့ ကိုက္ဖို့ ပြင်နေကြတာလဲ။ အခုအချိန်က ဒီရှေ့က ကေလးကို ဂရုစိုက်ရမှာ မဟုတ္ဘူးလား။ သူတို့ကြည့်ရတာ အခု ချက်ချင်းတောင် ထပြီး တိုက်ခိုက်ချင်နေတဲ့ပုံပဲ။

ဒါက ယင်ယင်ရဲ့ ကြီးထွားမှုအတွက် မကောင်းဘူးလေ။ ယင်ယင်က သန့်စင်တဲ့ လိမ္မာတဲ့ ကလေးလေးပဲ ရှိသေးတယ်။ တကယ္လို့ ဒီနှစ်ယောက်ဆီက သင်ယူတာ မှားပြီး ဂြိုလ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရင် ဘယ္လိုလုပ္မလဲ။ ဒါဆိုရင် သူတို့ စွန့်ပစ်ခံလိုက်ရမှာပေါ့။

လုဇွီပြောတာကို ကြားတော့ ထိုနှစ်ယောက်က ယင်ယင် ဒီနေရာမှာ ရှိသေးတယ်ဆိုတာကို သတိရလိုက်သည်။ ဒါက အန္တရာယ်များလွန်းတဲ့ မစ်ရှင်းဖြစ်ပေရာ သူတို့ သေချာဂရုစိုက်ဖို့ လိုအပ်ပေ၏။ တကယ့် ပြဿနာကတော့ ယင်ယင်က ကေလးမေလး ဖြစ်နေခြင်း ဖြစ်ပေသည်။ သူမက အန္တရာယ်ရှိပုံလည်း ရမနေပါချေ။ ထို့ကြောင့် သူမကို မေ့သွားခြင်း ဖြစ်၏။

ယင်ယင်က စပ်စုသလိုနဲ့ သူမတို့ကို လိုက်ကြည့်နေသည်။ သို့သော် လုဇွီပြောတာကို ကြားတော့ မျက်တောင်တစ်ချက်ခတ်ကာ လုဇြီကို စိတ်ရှုပ်သလိုကြည့်သည်။

ဗိုက်ဆာတယ်ဟုတ်လား ဗိုက္ဆာတာက ဘာလဲ စားတယ် စားတာကေရာဘာလဲ

လုဇြီ

သူ စိတ်ရှုပ်စွာနဲ့ ယင်ယင်ကို မယုံနိုင်သလို ကြည့်လိုက်တော့သည်။ ဒီကေလးမေလးက တစ်ခါမှ မစားဖူးဘူးလား။ သနားစရာ ကောင်းလိုက်တာ။ စားသောက်ရတဲ့အခါ ရရွိတဲ့ ပျော်ရွှင်မှုကို နားမလည်ရင် အသက်ရှင်ရတာက ငြီးငွေ့စရာ ကောင်းနေမှာပေါ့။ တော်တော်ကို ကံဆိုးတာပဲ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now