အခန်း227

187 22 0
                                    

အပိုင်း ၂၂၇

ထိုနှစ်မျိုးက အကယ္ဒမီ အမှတ်တွေထက် တန်ဖိုးကြီးနေတာကို သူ မအံ့သြတော့ပါပေ။ တစ်ချို့အရာတွေက ချမ်းသာမှုနဲ့ ဝယ်ယူလို့မှ ရမေနခဲ့ဘဲ။

မည်သို့ပင်ဆိုစေ လူသားတွေက စွမ်းအားမကြီးကြပေ။ လူသားမျိုးနွယ်က နဂါးငွေ့တန်းထဲတွင် အရှင်သခင်အဖြစ် ရပ်တည်နိုင်စွမ်း မရှိကြသေးပါချေ။ လူသားမျိုးနွယ်က စကြာဝဠာထဲတွင်တောင်မှ ပညာရှင်တွေအဖြစ် ရပ်တည်နိုင်စွမ်း မရှိကြသေးချေ။ လုဇြီက ထိုတာအိုဉာဏ်အလင်းပွင့် ကျောက်တုံးဆိုတဲ့အကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးခဲ့။

လူသားမျိုးနွယ်တွေက ကံကောင်းပြီး နတ်သူငယ်မျိုးနွယ်တွေရဲ့ အဖိုးတန်ရတနာကို ရရှိခဲ့ပုံရပေသည်။ နတ်သူငယ်မျိုးနွယ်တွေက လူသားမျိုးနွယ်တွေနဲ့ ပုံသဏ္႑ာန်တူသည်။

မျိုးနွယ်ကိုကာကွယ်တဲ့ အဆင့်မြင့်အဆင့်ကျင့်ကြံသူတွေသာမရှိရင် မျိုးနွယ်က ဖယ်ထုတ် ရှင်းပစ်ခံရမည်မှာ သေချာပေသည်။ သူတို့တွေ စကြာဝဠာထဲသို့ တစ်ကိုယ်တည်း ခြေချလိုက်တာနဲ့ ပျက်စီးသွားကြမှာသေချာနေပေသည်။

လူသားမျိုးနွယ်က နောက်ပိုင်းမှသာ စွမ်းအားကြီးလာကြပြီး စကြာဝဠာထဲ ခြေချရဲခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် စကြာဝဠာထဲတွင် နှစ်သန်းပေါင်းများစွာ ကြာတဲ့အထိ အုပ်စိုးလာသူတွေနဲ့တော့ ယှဉ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ လုဇြီ ခေါင်းခါလိုက်သည်။ ထိုအကြောင်းအရာတွေက သူနဲ့ဝေးကွာလွန်း၏။

ထိုအခိုက် ယဲ့မူက မာဂရက္ကို လေးစားစွာကြည့်ရင်း ပြောသည်။
ဒီစီနီယာအစ္မက ချက်ချင်းကို ချမ်းသာတဲ့ အမျိုးသမီးဖြစ်သွားပြီ။ ငါ လိုက်ရင် ကောင်းမလား

မာဂရက္က လွပကာ ကိုယ်ကျင့်တရားလည်း ကောင်းသည်။ သူက သူ့မရဲ့အရုပ်ကလေးဖြစ်ရင် သိပ်ကြိုးစားဖို့လိုတော့မည် မထင်ပေ။

လူတိုင်းက ယဲ့မူကို ထူးဆန်းသလို ကြည့်ကြသည်။

ရွှမ်းယွီချီက ပြော၏။
စီနီယာအစ္မ မာဂရက်နဲ့ နင် ဆွေးနွေးလို့ရအောင် ငါ ခေါ်ပေးရမလား

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now