အခန်း261

162 23 0
                                    

Share 40ကျော်လို့ ကတိအတိုင်း 2ပိုင်းလက်ဆောင်ပါ အားပေးသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးပါ ကျန်းမာချမ်းသာကြပါစေ

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၁ အံ့သြစရာ လူငယ်

ချိုးယွဲ့ဟော်၇ှားက ယင်ယင့်ကို ညင်သာစွာ ကြည့်သည်။
ယင်ယင် သမီး မြင်လိုက်တယ် မဟုတ္လား။ ထင်ထင်က သမီးရဲ့ ဥယျာဉ်လေးကို ကာကွယ်ပေးခဲ့တယ်လေ။ထင်ထင်ရဲ့ ဘဝေလးက ပျော်ရွှင်စရာ ကောင်းခဲ့တာပဲ။ ထင်ထင်က သမီးကိုလည်း ပျော်ပျော်နေစေချင်မှာ

သူမက ထိုအခ်က္ကို ထောက်ပြဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပေသည်။
ယင်ယင်က ပုံတွေကို ကြည့်ကာ တခဏေတာ့ တိတ်ဆိတ်သွားခဲ့ပေသည်။ တခဏကြာတော့ သူမတို့ကို လှည့်ကြည့်လာသည်။

တကယ်လားဟင်

အားလုံး ခေါင်းငြိမ့်လိုက်ကြသည်။

တကယ်ပေါ့

"ထင်ထင်က အဆုံးထိ ဥယျာဉ်လေးကို ဂရုစိုက်ခဲ့တာပဲ၊ ဒါကြောင့် သေချာပေါက် ယင်ယင်က ထင်ထင့်အတွက် အရေးကြီးတာပေါ့။"

ထိုစကားကိုကြားတော့ ယင်ယင်က ခေါင်းလေး စောင်းကာ ပြောသည်။

ကြယ်တွေက ပြောတယ်။ သေခြင်း ရှင်းခြင်းဆိုတာက စက်ဝိုင်းလိုပဲတဲ့။ ဒါက စကြာ၀ဌာကြီးရဲ့ နိယာမတဲ့။ ထင်ထင်က စကြာ၀ဌာကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီး သမီးရဲ့ ဘေးမှာ ရှိနေတယ်လို့ ပြောတယ်။ အဲ့ဒါ မှန်လားဟင်

အခန်းထဲရှိ လူတိုင်း မင်သက်သွားကြသည်။ ကြယ်တွေက စကားပြောတတ်တယ်လားမဖြစ်နိုင်တာ။ ကြယ်တွေက တကယ္မ်ား သိစိတ်ရှိနေတာလား။ ဒါမှမဟုတ် ယင်ယင်တို့ မျိုးနွယ်ရဲ့ စွမ်းအားကြောင့်များလား။
မည်သို့ပင်ဆိုစေ လုဇြီတို့ကေတာ့ ချက်ချင်း ခေါင်းငြိမ့်လိုက်ကြသည်။

ဒါပေါ့ ကြယ်တွေ ပြောတာ အမှန်ပဲ

မင်းဘာသာ ဘယ်မျိုးစိတ်ဖြစ်ဖြစ် လောလောဆယ် အားလုံးက စကြာ၀ဌာကြီးထဲ ရှိနေကြတာလေ။ သူတို့ မရောက်နိုင်တဲ့ အဆင့်အထိ ရောက်နေကြသည့် အစွမ်းထက် ဖြစ်တည်မှုတွေဟာလည်း လောကထဲ ရှိနေသေးပေသည်။ ဒါ့အပြင် လုဇွိတို့အနေနဲ့ ထိုသူတွေရဲ့ အကြောင်းကိုလည်း မသိနိုင်ပါပေ။ ကြယ်ရောင်တွေက ယင်ယင့်ကို လွှမ်းခြုံထားဆဲ ဖြစ်သည်။ သို့သော် ယင်ယင်လေးကတော့ စိတ်ငြိမ်လာပုံရ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now